ဉာဏစူးစမ်းလိုစိတ်ဆိုတာဘာလဲ ဉာဏစူးစမ်းလိုစိတ်ဆိုတာက အသစ်သောအရာများကို သင်ယူလိုစိတ်နဲ့ကိစ္စရပ်တခုခုကို နက်နဲစွာ တူးဆွတာပဲဖြစ်ပါတယ်။ ဉာဏစူးစမ်းလိုစိတ်ကတာဝန်တခု ဒါမှမဟုတ် အလုပ်ကိစ္စတခုအစား သင်ယူမှုကို ပိုမိုသဘာဝကျတဲ့လုပ်ငန်းစဉ်ကိုဖြစ်စေပါတယ်။ဉာဏသိချင်စိတ်ကို ပိုင်ဆိုင်ထားသူတွေက သဘာဝကျကျမေးခွန်းများကို မေးပြီးနားလည်ရန်ကြိုးစားတတ်ကြပါတယ်။ဉာဏ်ရည်ထက်မြက်တဲ့ စူးစမ်းလိုသူများအနေနဲ့ဘုံလုပ်ငန်းစဉ်များနောက်ကွယ်က ကျိုးကြောင်းဆင်ခြင်မှုကိုအပြည့်အဝနားလည်ဖို့အတွက် နက်နဲစွာတူးဖော်တတ်ကြပါတယ်။ ဒါ့အပြင်ဘာသာရပ်အသစ်များကိုလည်း သူတို့ရဲ့အသိပညာကိုဆက်လက်ချဲ့ထွင်ဖို့အတွက်လေ့လာကြပါတယ်။ အသက်မွေးဝမ်းကြောင်းမှာ ဉာဏစူးစမ်းချင်စိတ်ကဘာကြောင့်အရေးကြီးတာလဲ ဉာဏ်ရည်ထက်မြက်သူက ပြဿနာဖြေရှင်းနိုင်စွမ်း ပိုကောင်းတာကိုသိပြီးဖြစ်ပါလိမ့်မယ်။ ဒါကြောင့် […]