ဖောက်ထွက်ခြင်းရဲ့ အကျိုးကျေးဇူး (၃)ခု

July 29, 2024 Aung Khant Mon 0

Brainstorming လို့ခေါ်ကြတဲ့ ဖောက်ထွက်ခြင်းအတွက် အကျိုးကျေးဇူးတွေကို မဖော်ပြခင်မှာဖောက်ထွက်ခြင်းဆိုတာဘာလဲဆိုတာကို အတိုချုပ်ပြောပြချင်ပါတယ်။ ဒီဖောက်ထွက်ခြင်းကိုကျောင်းနေကလေးကနေ အမှုဆောင်အထိ လူတိုင်းအသုံးပြုနေတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ဒီဖောက်ထွက်ခြင်းက ပြဿနာဖြေရှင်းတဲ့လုပ်ငန်းစဉ်ကနေ လှုံ့ဆော်မှုနဲ့စိတ်ကူးစိတ်သန်းများကိုထုတ်ပေးပါတယ်။ ဖောက်ထွက်ခြင်းက လုပ်ငန်းခွင်မှာ စည်းမျဉ်းစည်းကမ်းများကိုကျော်လွန်ပြီး တွေးခေါ်စေနိုင်ပြီးထူးခြားတဲ့ ဖန်တီးနိုင်စွမ်းကို ထိထိရောက်ရောက်အသုံးချနိုင်စေပါတယ်။ Brainstorming လုပ်တာက တစ်ဦးချင်းနဲ့ အဖွဲ့အတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။ဒီအထဲက တချို့ကိုမျှဝေပေးသွားချင်ပါတယ်။ အဖွဲ့လိုက်လုပ်ဆောင်မှုကို […]

ဖွင့်မပြောပေမဲ့ တစုံတယောက်က သင့်ကိုသဘောကျနေတယ်ဆိုတာ သိနိုင်တဲ့အချက် (၄) ချက်

July 29, 2024 Aung Khant Mon 0

တစ်ယောက်ယောက်က မင်းကို စိတ်ဝင်စားပေမယ့် စကားစမြည်ပြောဖို့ အရမ်းရှက်နေသလား။တခါတလေ ကိုယ့်ကိုသဘောကျနေတာလားလို့ စိတ်ထဲက သိနေသယောင်ထင်နေမိသလား။စိတ်မပူပါနဲ့။ စကားတခွန်းမှမပြောဘဲ သူတို့ရဲ့ခံစားချက်တွေကို ပုံဖော်ဖို့နည်းလမ်းတွေရှိပါတယ်။ ရှုပ်ထွေးတဲ့ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံရေးကို နားလည်နိုင်ဖို့ဒီအချက်တွေက ကူညီပေးနိုင်ပါလိမ့်မယ်။ Body Language Body Language က ဖွင့်မပြောပေမဲ့ သိပါတယ်ဆိုတာမျိုးဖြစ်နေတတ်ပါတယ်။သင်တို့ကိုချစ်နေတဲ့သူတွေက သင့်ပတ်ဝန်းကျင်မှာရှိနေတဲ့အခါမှာ ဒီခန္ဓာဗေဒဘာသာစကားကိုဂရုပြုကြည့်ပါ။ သင်ပြောနေတာကို […]

အကောင်းမြင်နိုင်ဆုံး ထိပ်တန်းရာသီခွင် (၃)ခု

July 29, 2024 Aung Khant Mon 0

ဘယ်ရာသီခွင်နိမိတ်တွေက အကောင်းမြင်စိတ်အရှိဆုံးဆိုတာ သင်သိပါသလား။ သူတို့မှာတက်ကြွတဲ့ စွမ်းအင်နဲ့ စိတ်နေသဘောထားကြောင့် အကောင်းမြင်နိုင်ဆုံး ရာသီခွင်တွေအဖြစ်ထိပ်ဆုံးက‌နေ ရပ်တည်နေကြပါတယ်။ Sagittarius Sagittarians များက သူတို့ရဲ့အကန့်အသတ်မရှိတဲ့စိတ်အားထက်သန်မှုနဲ့ စွန့်စားခန်းတွေကြောင့်ကျော်ကြားတာ အားလုံးသိပြိးသားပါ။ သူတို့က အကောင်းမြင်စိတ်ရှိကြပြီးစူးစမ်းရတာကိုနှစ်သက်ကြပါတယ်။ သူတို့က ခရီးစဉ်အသစ်၊ စွန့်စားခန်းအသစ်ကိုစဖို့အမြဲအဆင် သင့်ဖြစ်နေတတ်ပါတယ်။ သူတို့က မတူကွဲပြားတဲ့အလှကိုလက်ခံပြီး သဘာဝရဲ့ဖြစ်နိုင်ချေများကို လက်ခံယုံကြည်ဖို့ […]

အမျိုးသားတဦးရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှု စွပ်စွဲပြောဆိုချက်တွေကို ငြင်းဆိုထားတဲ့ Yoo Ah In

July 29, 2024 Aung Khant Mon 0

အမျိုးသားတဦးက လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ခံတယ်လို့ ရဲကိုတိုင်ကြားပြီးတဲ့နောက်မှာဒီစွပ်စွဲချက်တွေကို မင်းသား Yoo Ah In ရဲ့ရှေ့နေက ငြင်းဆိုလိုက်ပါတယ်။ Yoo Ah In ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရဲတွေကစတင်စစ်ဆေးနေချိန်မှာတော့ သူ့ရဲ့ရှေ့နေက မင်းသားအပေါ် စွပ်စွဲချက်တွေကိုငြင်းဆိုထားပါတယ်။ဆိုးလ်ယောင်ဆန်းရဲစခန်းကနေ မင်းသားကို လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲချက်နဲ့ အသက် […]

ပြဿနာဖြေရှင်းခြင်းအတွက် အဆင့် (၅) ဆင့်

July 29, 2024 Aung Khant Mon 0

သင်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်တဲ့ ပြဿနာတစ်ခု ရှိနေနိုင်ပါတယ်။ ဒါမှမဟုတ်နောက်တကြိမ်ကြုံလာရတဲ့အခါမှာ အဆင်သင့်ဖြစ်နေချင်လား။ ဘာပဲဖြစ်ဖြစ်ပြဿနာဖြေရှင်းတာနဲ့ပတ်သက်ပြီး ဒီအဆင့်ငါးဆင့်နဲ့ အကျွမ်းတဝင်ရှိနေတာကောင်းပါတယ်။ ပြဿနာကိုဖော်ထုတ်ပါ ပထမအဆင့်မှာ ပြဿနာက ဘယ်ဟာလဲဆိုတာ သိနိုင်ဖို့ဖြစ်ပါတယ်။ တခါတလေမှာလည်းပြဿနာရဲ့အရင်းအမြစ်ကိုဖော်ထုတ်မှသာ ပြဿနာကဘာလဲဆိုတာကိုသေသေချာချာသိနိုင်ပြီး ဖြေရှင်းဖို့နည်းလမ်းရှာရတာမဟုတ်လား။ ဒါကြောင့်ပထမဆုံးအချက်ကတော့ ပြဿနာရဲ့မူလဇစ်မြစ်ကို ရှာဖွေဖို့လိုအပ်ပါတယ်။အကောင်းဆုံးလုပ်ဆောင်မှုကတော့ အချက်အလက်များကိုတတ်နိုင်သမျှစုဆောင်းဖို့ပဲဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူများနဲ့ ဆွေးနွေးရန်နဲ့အချက်အလက်များ ထင်မြင်ယူဆက်ချက်များကို ခွဲထုတ်ဖို့ဖြစ်ပါတယ်။ […]

ပြီးပြည့်စုံတဲ့ အမျိုးသား ရာသီခွင် (၄)ခု

July 29, 2024 Aung Khant Mon 0

အိပ်မက်ထဲက လူတယောက်ကိုရှာဖွေဖို့ ကြိုးစားနေသလား။မင်းရဲ့နှလုံးသားတွေကိုတုန်လှုပ်စေပြီး မင်းရဲ့စိတ်ဝိညာဉ်ကိုနိုးထစေမယ့်သူတယောက်ဆိုရင်တော့ အခုရာသီခွင်တွေပဲဖြစ်ပါတယ်။ သူတို့တွေကဘယ်သူမဆိုလိုချင်တဲ့ ချစ်သူပုံစံဖြစ်ပါတယ်။ Aries Aries အမျိုးသားများက စွန့်စားတတ်တာ၊ အကန့်အသတ်မရှိတဲ့စွမ်းအင်တွေကြောင့်လူသိများပါတယ်။ သူတို့က စိတ်လှုပ်ရှားတက်ကြွပြီး စိန်ခေါ်မှုတခုအတွက် အမြဲတမ်းတက်ကြွနေတတ်ပါတယ်။ ယုံကြည်မှုရှိပြီး ရင်ခုန်စရာကောင်းတဲ့ စွန့်စားခန်းတွေနဲ့အတူလိုက်ပါနိုင်မယ့် လက်တွဲဖော်ကိုရှာနေတယ်ဆိုရင် Aries အမျိုးသားတွေက သင့်အတွက် ပြီးပြည့်စုံတဲ့လိုက်ဖက်မှုပါပဲ။ Leo […]

ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်နေတာကြောင့် အိမ်ထဲမှာပဲနေကြဖို့ မင်းသမီး Shu Qi ပြော

July 26, 2024 Aung Khant Mon 0

ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်နေတာကြောင့် အိမ်ထဲကအိမ်ပြင်မထွက်ကြဖို့ မင်းသမီး Shu Qi က ဇူလိုင်လ ၂၄ရက်နေ့က လူမှုမီဒီယာမှာ တရုတ်ဘာသာနဲ့ရေးသားခဲ့ပါတယ်။“အပြင်မှာလေပြင်းတွေတိုက်ပြီး မိုးရွာနေတယ်..အိမ်ထဲမှာပဲနေကြပါ။ အနီးအနားကိုပြေးထွက်တာမျိုးတွေ မလုပ်ကြပါနဲ့” လို့ ပြောခဲ့ပါတယ်။နောက်ပြီးသူမက အစားအသောက်နဲ့ပတ်သက်ပြီးလည်းပြောခဲ့ပါသေးတယ်။ “အရမ်းကိုထူးဆန်းပါတယ်။ ပုံမှန်ဆို ကျမကအစားအသောက်ကိုပြင်းပြင်းထန်ထန်မက်မောတာ မျိုးမရှိပေမဲ့ takeaway foodတွေကိုတောင့်တနေတယ်” လို့ပြောခဲ့ပါတယ်။ထိုင်ဝမ်မင်းသမီး Shu […]

အချစ်ရေးမှာ စိတ်ကူးယဉ်ဆန်တဲ့ ရာသီခွင် (၅)ခု

July 26, 2024 Aung Khant Mon 0

အချစ်ရေးမှာ စိတ်ကူးယဉ်ဆန်တဲ့ ရာသီခွင်ထဲမှာ သင်ပါနေသလား။ အချစ်ရေးမှာထိပ်တန်းကအရောက်ဆုံးနဲ့ အချစ်တတ်ဆုံးရာသီခွင်တွေအကြောင်းကို ပြောပြချင်ပါတယ်။ Pisces ဖေဖော်ဝါရီ ၁၉ ကနေ မတ်လ ၂၀ အတွင်းမွေးဖွားတဲ့ Pisces တွေက နက်ရှိုင်းတဲ့ စိတ်ခံစားမှုနဲ့သူတို့ရဲ့ချစ်တတ်မှုကြောင့်ကျော်ကြားပါတယ်။ သူတို့က အချစ်ရေးမှာစိတ်ကူးယဉ်ဆန်ပြီးနှလုံးသားထဲက စကားလုံးများနဲ့ အချစ်ကိုဖော်ပြလေ့ရှိကြပါတယ်။ သူတို့တွေကအချစ်တတ်ဆုံးနဲ့ romance အဖြစ်ဆုံး […]

စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ဉာဏ်သွေး (EQ) ရှိသူတွေမှာတွေ့ရတဲ့ အချက် (၅)ခု

July 26, 2024 Aung Khant Mon 0

Emotional Intelligence (EI) လို့ခေါ်ကြတဲ့ စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ဉာဏ်သွေးဆိုတာတခြားသူများကို အသိအမှတ်ပြုတာ၊ နားလည်တာ၊ စီမံခန့်ခွဲတာနဲ့ ထိရောက်တဲ့လုပ်ဆောင်စွမ်းကို ရည်ညွှန်းကြပါတယ်။ ဒီအချက်က တဦးတယောက်ချင်းစီရဲ့အောင်မြင်မှုအတွက် အရေးကြီးတဲ့ အရည်အချင်းလိုအပ်ချက်တခုလည်းဖြစ်ပါတယ်။စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားသူတွေမှာ ဒီအချက်တွေကိုတွေ့နိုင်ပါတယ်။ တက်ကြွစွာ နားထောင်ခြင်း စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူတစ်ဦးက တခြားသူများကို အာရုံစိုက်ပြီးစာနာစိတ်နဲ့ နားထောင်ပေးတတ်ကြပါတယ်။ ဒါက […]

Remote အလုပ်တွေမှာ Interpersonal Communication ရဲ့အခန်းကဏ္ဍ

July 26, 2024 Aung Khant Mon 0

လူတိုင်းက တဦးကိုတဦး နားလည်ဖို့လိုအပ်ပြီး စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေကိုမျှဝေဖို့အတွက် သက်သောင့်သက်သာနဲ့ ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ Remote Work တွေမှာလူအချင်းချင်းဆက်သွယ်ပြောဆိုမှုရဲ့ အခန်းကဏ္ဍကဘယ်လိုရှိပါသလဲ။ဒီအချက်ကိုမျှဝေပေးသွားချင်ပါတယ်။ပထမဦးဆုံး Remote Work လို့ဆိုလိုက်ရင် အားလုံးလည်းသိပြီးဖြစ်ပါလိမ့်မယ်။ အလုပ်တခုကိုနိုင်ငံပေါင်းစုံကနေ လှမ်းပြီးလုပ်ကိုင်တာ၊ နေရာပေါင်းစုံကနေ လှမ်းပြီးလုပ်ကိုင်တာမျိုးပါ။ကုမ္ပဏီတခုရဲ့ အချိန်ပြည့်ဝန်ထမ်း ဒါမှမဟုတ် အချိန်ပိုင်းဝန်ထမ်းဖြစ်ပြီး ရုံးတက်စရာ မလိုဘူး။အင်တာနက်ရှိရုံနဲ့ ဘယ်နေရာ၊ […]