လုပ်ငန်းခွင်ထဲက မျိုးဆက် ၅ ခု

June 21, 2024 Aung Khant Mon 0

လုပ်ငန်းခွင်တခုမှာ မတူညီတဲ့မျိုးဆက်တွေရှိတာ အားနည်းချက်တခုလို့ထင်ကောင်းထင်နိုင်ပေမဲ့ အသက် ၂၅နှစ်ကနေ အသက်၅၉အရွယ်အထိမတူညီတဲ့ဘဝအတွေ့အကြုံတွေ၊ စွမ်းရည်တွေ၊ ရှုထောင့်တွေရှိတာကိုတော့မေ့ထားလို့မရပါဘူး။ လူတိုင်းရဲ့အားသာချက်အား နည်းချက်တွေကို လေးစားမှုနဲ့ဂရုတစိုက်ဆက်ဆံတဲ့အခါမှာ မျိုးဆက်ကွာခြားမှုက အားပြိုင်မှုတခုမဟုတ်တော့ပါဘူး။သင်တို့ရဲ့လုပ်ငန်းခွင်တွေမှာရှိလေ့ရှိထရှိတဲ့ မျိုးဆက်ငါးခုကို သင်သိပါသလား။သင်တို့ရဲ့လုပ်ငန်းခွင်မှာရော မျိုးဆက်ဘယ်နှခုလောက်အထိရှိသလဲဆိုတာ သုံးသပ်ကြည့်ဖူးသလား။ ဒီဆောင်းပါးလေးဖတ်ပြီးတဲ့အခါမှာတော့စဉ်းစားသုံးသပ်ကြည့်မယ်လို့ မျှော်လင့်ပါတယ်။ ရှေးရိုးသမားများ Silent Generation လို့လည်း လူသိများတဲ့ ဒီမျိုးဆက်ကို […]

အရက်မူးပြီးကားမောင်းလို့ စွဲချက်တင်ခံရပြီး ပြန်လည်လွတ်လာတဲ့ Justin Timberlake

June 20, 2024 Aung Khant Mon 0

အဆိုတော် Justin Timberlake က အရက်မူးပြီးကားမောင်းလို့စွဲချက်တင်ခံရပြီးနယူးယောက်မှာ ချုပ်နှောင်မှုခံရတာကနေ ဒီကနေ့မှာလွတ်မြောက်လာခဲ့တယ်လို့ သူ့ရဲ့ရှေ့နေကပြောခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အဆိုတော်က ဇွန်လ ၁၈ရက်နေ့ နံနက် ၁၂နာရီ ၃၇မိနစ်မှာနယူးမြောက် Sag Harbor မှာ အရက်မူးပြီးကားမောင်းနေတာကိုတွေ့ခဲ့ရတယ်လို့ဆိုထားပါတယ်။ အဆိုတော်က ကားရပ်ဖို့အချက်ပြတာကိုလည်း ပျက်ကွက်ခဲ့တယ်လို့ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုတော်က မျက်လုံးများနီရဲနေပြီး အရက်နံ့များလည်း […]

အကောင်းမြင်စိတ်ကြောင့်ဆွဲဆောင်မှုရှိတဲ့ ရာသီခွင် (၄)ခု

June 20, 2024 Aung Khant Mon 0

အကောင်းမြင်စိတ်နဲ့ အကောင်းမြင်ဝါဒက လူတွေကိုဆွဲဆောင်မှုရှိတယ်ဆိုတာသင်သိပါသလား။ ဒီရာသီဖွားလေးတွေကတော့ သွားလေရာမှာကောင်းမွန်တဲ့ခံစားချက်ကိုဖြန့်ကျက်ပေးနိုင်တာကြောင့် နာမည်ကြီးပါတယ်။ဒီအပြုသဘောဆောင်တဲ့ ရာသီခွင်တွေက ဘယ်ရာသီ ခွင်တွေဖြစ်မလဲဆိုတာမျှဝေပေးသွားချင်ပါတယ်။ Aries : March 21-April 19 ဒီရာသီဖွားတွေက အကောင်းဆုံးအကောင်းမြင်သမားတွေဖြစ်ပါတယ်။ဒီရာသီဖွားတွေရဲ့အပြုသဘောဆောင်တဲ့ စွမ်းအင်တွေရှိတာကြောင့် တခြားသူတွေကိုကူးစက်စေပါတယ်။ သူတို့ရဲ့စိတ်အားထက်သန်မှုနဲ့ ပြင်းပြတဲ့ ရဲရင့်မှုတွေ၊ ရဲစွမ်းသတ္တိတွေကတခြားသူတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ Leo: July […]

ထိရောက်တဲ့ ညှိနှိုင်းမှုအတွက် အကြံပြုချက် (၆)ချက်

June 20, 2024 Aung Khant Mon 0

ထိရောက်တဲ့ညှိနှိုင်းမှုကလည်း ဘယ်လိုနယ်ပယ်မှာမဆို လိုအပ်ပါတယ်။ ကိုယ်လိုချင်တဲ့အရာကိုရရှိနိုင်ဖို့အတွက် ကိုယ့်မှာ ညှိနှိုင်းရေးစွမ်းရည်ကောင်းကောင်းရှိဖို့လိုပါတယ်။ဒီအချက်တွေကတော့ အဲဒီလိုညှိနှိုင်းရေးမှာ သိသင့်တဲ့ထိရောက်တဲ့အကြံပြုချက်တွေဖြစ်ပါတယ်။။ ယုံကြည်မှုရှိပါ ပထမအရေးကြီးဆုံးအချက်ကတော့ ယုံကြည်မှုရှိဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ကညှိနှိုင်းရေးမှာ အဓိက အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဒီအချက်ကိုစေ့စပ်ညှိနှိုင်းရေးမလုပ်ခင်မှာ ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။မျက်နှာချင်းဆိုင်စကားပြောတဲ့အခါ မျက်လုံးချင်းဆုံးပြီး ကြည့်ဖို့မမေ့ပါနဲ့။ လေးစားမှုရှိပါ ညှိနှိုင်းရေးမှာ ဒုတိယအရေးကြီးတဲ့အချက်ကတော့ အပြန်အလှန်လေးစားမှုပါ။ကိုယ့်ရဲ့တောင်းဆိုမှုအတွက် မာနရှိပါ။ ဒါပေမဲ့ တဖက်မှာလည်း […]

လီဆာရဲ့ROCKSTAR အတွက် Teaser နဲ့အတူ ထုတ်လွှင့်မယ့်ရက် ကြေညာ

June 19, 2024 Aung Khant Mon 0

BLACKPINK ရဲ့ လီဆာကတော့ သူမရဲ့ ROCKSTAR အတွက် Teaser နဲ့အတူ Comeback Date ကိုကြေညာခဲ့ပါတယ်။ဇွန်လ ၁၈ရက်နေ့မှာတော့ လီဆာက သူမရဲ့တစ်ကိုယ်တော် comeback အတွက်ရက်စွဲနဲ့အသေးစိတ်အချက်အလက်များကို ကြေညာခဲ့ပါတယ်။တေး သီချင်းကို ဇွန်လ ၂၇ ရက် ကြာသပတေးနေ့မှာထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ဇွန်လ ၂၇ရက်နေ့မှာ […]

အောင်မြင်မှုရရန် ဖြစ်နိုင်ချေအရှိဆုံး ရာသီခွင် (၄) ခု

June 19, 2024 Aung Khant Mon 0

အောင်မြင်ဖို့ အလားအလာ အရှိဆုံး က ဘယ်ရာသီခွင်တွေဖြစ်မလဲ။ နက္ခတ်ဗေဒင်အရကိုယ်ရည်ကိုယ်သွေးတွေကိုက်ညီပြီး အောင်မြင်မှုအတွက် အလားအလာအရှိဆုံးရာသီခွင်တွေကိုဖော်ပြပေးချင်ပါတယ်။ ဒါကို ဖျော်ဖြေရေးအနေနဲ့သာ ဖတ်ဖို့နဲ့ Serious မထားဖို့အကြံ ပေးချင်ပါတယ်။ Aries – March 21-April 19 ဒီရာသီဖွားတွေက သူတို့ရဲ့မကြောက်ရွံ့တတ်တဲ့စိတ်ကြောင့် လူသိများပါတယ်။ သူတို့တွေကခေါင်းဆောင်ကောင်းတွေဖြစ်ကြပြီး စိန်ခေါ်မှုအသစ်အတွက် အမြဲတမ်းလက်ခံဖို့အဆင်သင့်ပါပဲ။ […]

အချိန်ပိုင်းအလုပ်ရဲ့ ကောင်းကျိုး (၅)ခု

June 19, 2024 Aung Khant Mon 0

အချိန်ပိုင်းအလုပ်များတွေက ပုံစံအမျိုးမျိုးရှိကြပါတယ်။ ဒီအချက်တွေကတော့အချိန်ပိုင်းအလုပ်လုပ်ရတာရဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။ ပြောင်းလွယ်ပြင်လွယ်ဖြစ်တာ သင်က အချိန်ပိုင်းလုပ်တဲ့သူတယောက်ဆိုရင် ကိုယ့်ရဲ့အချိန်ဇယားကို ပြောင်းလွယ်ပြင်လွယ်စေ့စပ်ညှိနှိုင်းဖို့လွယ်ကူပါတယ်။ အချိန်ပိုင်းအလုပ်ကို စာချုပ်နဲ့လုပ်တာမျိုးဆိုရင် ဥပဒေအရပိုမိုအကာအကွယ်ရရှိနိုင်ပါတယ်။ ငွေကြေးလွတ်လပ်မှု အချိန်ပိုင်းဝန်ထမ်းများက အချိန်ပြည့်ဝန်ထမ်းများလို လစာဝင်ငွေပုံမှန်မရှိပေမဲ့ သူတို့ကအလုပ်ရရင ရသလို ဝင်ငွေလည်းများကြပါတယ်။ တလလုပ်ပြီး ၃လလောက်ထိုင်စားလို့ရကြပါတယ်။ ဒါကြောင့်လည်း သူတို့ကိုငွေကြေးလွတ်လပ်မှုရှိတယ်လို့ပြောကြတာပါ။ သူတို့က တပတ်ကို […]

တေလာဆွစ်နဲ့ လမ်းခွဲခြင်းအပေါ် နှုတ်ဆိတ်နေတဲ့ မင်းသား Joe Alwyn

June 17, 2024 Aung Khant Mon 0

မင်းသား Joe Alwyn ကတော့ အဆိုတော်တေလာဆွစ်နဲ့ ခြောက်နှစ်ကြာဆက်ဆံရေးတခုကို ၂၀၂၃ခုနှစ်၊ ဧပြီမှာ အဆုံးသတ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းသားဘက်ကတော့နှုတ်ဆိတ်နေခဲ့ပါတယ်။အဆိုပါလမ်းခွဲမှုအတွက် သတင်းခေါင်းကြီးပိုင်းတွေမှာအုတ်အုတ် ကျက်ကျက်ပါခဲ့ပါတယ်။မင်းသားက ဇွန်လ ၁၅ရက်နေ့ထုတ် The Sunday Times သတင်းစာနဲ့အင်တာဗျူးမှာတော့သူ့ရဲ့ကိုယ်ရေး ကိုယ်တာကို ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ပြောခဲ့တာဖြစ်ပါတယ်။ Emma Stone နဲ့တွဲဖက်သရုပ်ဆောင်ထားတဲ့ […]

ပြင်းပြတဲ့ အချစ်ရေးကြောင့် လူသိများတဲ့ ရာသီခွင် (၄)ခု

June 17, 2024 Aung Khant Mon 0

စိတ်အားထက်သန်ပြီး ပြင်းပြတဲ့ အချစ်နဲ့ချစ်တတ်တာကြောင့် နာမည်ကျော်တဲ့ရာသီခွင်လေးခုရှိပါတယ်။ သင်က ဒီလိုအချစ်မျိုးနဲ့ ကြုံဖူးပါသလား။ ဒါမှမဟုတ်သင့်ရဲ့ချစ်သူက ဒီရာသီခွင်တွေထဲက တခုလား။ Aries (Mar 21 – Apr 19) Aries လေးတွေကတော့ ထိပ်ဆုံးက ပါနေပါတယ်။ သူတို့ရဲ့စိတ်အားထက်သန်တဲ့ အချစ်ကသူတို့ရဲ့ဆက်ဆံရေးထဲကို စိမ့်ဝင်သွားတတ်ပါတယ်။ အေးရီလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ဒီရာသီခွင်လေးတွေ […]

အင်တာဗျူးမတိုင်ခင် ပြင်ဆင်ရမယ့် အကြံပြုချက် (၄)

June 17, 2024 Aung Khant Mon 0

ထူးချွန်သော အင်တာဗျူးစွမ်းရည်က ဒီအတိုင်းရောက်မလာတတ်ပါဘူး။သေချာပြင်ဆင်ဖို့လိုအပ်ပါတယ်။ ယုံကြည်မှု၊ စိတ်ဖိစီးမှုကိုစီမံခန့်ခွဲနိုင်တဲ့စွမ်းရည်၊ဖောက်ထွက်တဲ့အတွေးစတာတွေကို ကြိုတင်လေ့ကျင့်ပြီး ခိုင်မာအောင်ပြင်ဆင်နိုင်ပါတယ်။ဒီအချက်တွေကတော့ အင်တာဗျူးမတိုင်ခင်မှာ ကြိုတင်ပြင်ဆင်ဖို့အတွက်အကြံပြုချက်တွေပဲဖြစ်ပါတယ်။ အိမ်စာလုပ်တာ အင်တာဗျူးသွားဖြေတဲ့အခါ အိမ်စာလုပ်တဲ့သူက တပန်းသာတာပါပဲ။ အိမ်စာလုပ်တယ်ဆိုတာအဖွဲ့အစည်းအကြောင်း၊ သူတို့ရဲ့အခန်းကဏ္ဍအကြောင်း တတ်နိုင်သမျှလေ့လာဖို့ပါ။ကုမ္ပဏီဝက်ဘ်ဆိုက်တွေမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ သူတို့ရဲ့ရည်မှန်းချက်တွေ၊ပန်း တိုင်တွေကို အကြမ်းဖျင်းလေ့လာနိုင်ပါတယ်။ ဒီအရာတွေကို ကိုယ်နဲ့ရင်းနှီးအောင်လုပ်ပါ။ပြီးတော့ ဒီလေ့လာချက်တွေကနေတဆင့် သင့်ရဲ့အရည်အချင်း၊ […]