ဒရာမာအသစ်မှာ အတူတွဲတွေ့ရမယ့် Lee Sun Bin နဲ့ Kang Tae Oh

May 16, 2024 Aung Khant Mon 0

Lee Sun Bin နဲ့ Kang Tae Oh တို့နှစ်ဦးကို Rom-Com ဒရာမာအသစ်မှာအတူတွဲတွေ့ရတော့မှာဖြစ်ပါတယ်။ ဒရာမာအသစ်ဖြစ်တဲ့ “Potato Research Institue” မှာပါဝင်သရုပ်ဆောင်ကြမယ်လို့ ကြေညာလိုက်ပါပြီ။ tvN ကနေထုတ်လွှင့်မယ့် ဒရာမအသစ်မှာ သူတို့နှစ်ဦးပါဝင်သရုပ်ဆောင်ထားတယ်လို့ မေလ ၁၄ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားက ကျေးလက်အာလူးသုတေသနဌာနအကြောင်း […]

သင့်ရဲ့ဖက်ရှင်ကိုမြှင့်တင်ဖို့အတွက် ခေတ်စားနေသော ကေပေါ့ပ်အသုံးအဆောင် (၄)ခု

May 16, 2024 Aung Khant Mon 0

ခေတ်စားနေတဲ့ ကေပေါ့ပ်အသုံးအဆောင်ပစ္စည်းတွေနဲ့ သင့်ရဲ့ဖက်ရှင်ကိုမြှင့်တင်နိုင်ပါတယ်။သင့်ရဲ့စတိုင်လ်နဲ့လိုက်ဖက်မယ့် အခုခေတ်စားနေတဲ့ ကေပေါ့ပ်အသုံးအဆောင်ပစ္စည်းတွေကိုကြည့်လိုက်ကြရအောင်ပါ။ ပစ္စည်းအသစ်တွေမဝယ်ဘဲကိုယ့်မှာရှိပြီးသားအသုံးအ ဆောင်တွေလည်း ဖြစ်နိုင်တာမို့လို့ ဖတ်ကြည့်လိုက်နော်။ ကြီးမားတဲ့ဖဲပြားကြိုးခေါင်းစည်း ဖဲကြိုးခေါင်းစည်းက ပိုကြီးလေ ပိုကောင်းလေပါပဲတဲ့။ အခုအချိန်မှာ ဖဲကြိုးခေါင်းစည်းကြီးတွေစည်းတာက ကေပေါ့ပ်ရဲ့ခေတ်စားနေတဲ့ ဖက်ရှင်ရေစီးကြောင်းတခုဖြစ်လာပါတယ်။သင့်ရဲ့စတိုင်လ်က မိန်းကလေးဆန်ပြီး ချစ်စရာကောင်းနေတယ်ဆိုရင် ဒီခေါင်းစည်းကြိုးက သင့်ရဲ့အသွင်အပြင်ကို ပေါ့ပေါ့ပါးပါးလိုက်ဖက်မှာအသေအချာပါပဲ။ Chunky နေကာမျက်မှန်    […]

လစာညှိနှိုင်းခြင်းဆိုင်ရာ အကြံပြုချက် (၄)ချက်

May 16, 2024 Aung Khant Mon 0

အလုပ်အကိုင်ရှာဖွေနေတဲ့အချိန်မှာ နောက်ထပ်စိန်ခေါ်မှုကတော့ လစာညှိနှိုင်းမှုဖြစ်ပါတယ်။ကိုယ့်ရဲ့အရည်အချင်းတန်ဖိုးနဲ့ညီမျှတဲ့ လစာအနေအထားတခုကို တောင်းဆိုတဲ့အခါမှာတခါတလေမှာ အဆင်မပြေမှုတွေကြုံတွေ့ရတတ်ပါတယ်။ လစာညှိနှိုင်းမှုအဆင်မပြေလို့အ လုပ်မရတဲ့သူတွေရှိသလို၊ လစာညှိနှိုင်းမှုအဆင်မပြေလို့ အလုပ်မခန့်နိုင်တဲ့ကုမ္ပဏီတွေလည်းရှိပါတယ်။ ဒီတော့ လစာကိုဘယ်လိုညှိနှိုင်းကြမလဲဆိုတာလေးဖော်ပြပေးချင်ပါတယ်။ ဒီအချက်လေးတွေက သင့်အတွက်အထောက်အကူဖြစ်မယ်ဆိုရင်မျှဝေရကျိုးနပ်တယ်လို့ ခံ ယူမိပါတယ်။ ကုမ္ပဏီတစ်ခုချင်းစီရဲ့ လစာပေးနှုန်းထားကို စုံစမ်းပါ ကုမ္ပဏီအလိုက် မတူညီတဲ့လစာပေးနှုန်းထားတွေရှိတတ်ကြပါတယ်။ ဥပမာဒီကုမ္ပဏီမှာကတော့မားကက်တင်းမန်နေဂျာရာထူးကို သိန်း ၂၀ပေးပေမဲ့ နောက်ကုမ္ပဏီတခုကတော့ […]

ကိုရီးယားရုပ်ရှင်တွေက ဘောလီးဝုဒ်ထက် ပိုကောင်းတယ်လို့ ဝါရင့်သရုပ်ဆောင် Naseeruddin Shah ဝေဖန်

May 15, 2024 Aung Khant Mon 0

ဝါရင့်သရုပ်ဆောင် Naseeruddin Shah က မကြာသေးမီက မွမ်ဘိုင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ဘောလိဝုဒ်ရုပ်ရှင်များနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ကိုရီးယားရုပ်ရှင်တွေက ဘောလိဝုဒ်ထက်ပိုကောင်းတယ်လို့ သူကပြောဆိုခဲ့တာဖြစ်ပါတယ်။ “အိန္ဒိယအစားအစာက သူ့ရဲ့ဂုဏ်သတ္တိနဲ့ အရည်အသွေးကြောင့် ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုမှုကို ရရှိနေပေမဲ့ ဘောလိဝုဒ်ရုပ်ရှင်တွေကတော့ အဆိုပါဂုဏ်ရည်များနဲ့ကင်းမဲ့နေတယ်” လို့ ဝါရင့်သရုပ်ဆောင်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။ Hindi ရုပ်ရှင်တွေက လူကြိုက်များမှုက စိတ်ကူးယဉ်မှုတွေနဲ့ဖန်တီးထားပြီးလက်တွေ့မဆန်တာရယ်၊ […]

“Running Man” တွင် ပထမဆုံး ယာယီအဖွဲ့ဝင်ဖြစ်လာတဲ့ Kang Hoon

May 15, 2024 Aung Khant Mon 0

မင်းသား Kang Hoon ကတော့ Running Man ရဲ့ ပထမဆုံး ယာယီအဖွဲ့ဝင်ဖြစ်လာခဲ့တယ်လို့မေလ ၁၄ရက်နေ့မှာ ထုတ်လုပ်ရေးအဖွဲ့က ကြေညာခဲ့ပြီး အဖွဲ့ဓာတ်ပုံကိုထုတ်ပြန်ခဲ့ပါတယ်။မင်းသားက မကြာသေးမီက Running Man မှာ ပါဝင်ရိုက်ကူးခဲ့ကြောင်းသိရပါတယ်။ Jun So Min ထွက်သွားပြီးနောက်မှာ ဒီအစီအစဉ်မှာ Yoo Jae […]

အလုပ်နောက်ကျတာကို ရှောင်ရှားဖို့နည်းလမ်း (၄)ခု

May 15, 2024 Aung Khant Mon 0

ကိုယ်ကအလုပ်ကိုပုံမှန်နောက်ကျတတ်သူလား။ ဒါဆိုရင်တော့ ဒီစာက သင့်အတွက်ပါ။အခုလိုစီးပွားရေးကျပ်တည်းနေချိန်မျိုးမှာ အလုပ် အကိုင်ကောင်းတွေရှာရခက်ပါတယ်။ဒါကြောင့် ကိုယ်ရရှိနေတဲ့အလုပ်အကိုင်လေးက ကိုယ့်ရဲ့အလုပ်နောက်ကျမှုကြောင့်အထိအခိုက်ရှိလာမယ်ဆိုရင် နှမြောစရာကောင်းပါတယ်။ အလုပ်ချိန်မှန်ဖို့ကဝန်ထမ်းတွေအတွက် အရေးကြီးတဲ့ကျင့်ဝတ်တခုလည်းဖြစ်နေပါတယ်။ တခါတလေနောက်ကျတာက ဖြစ်လေ့ဖြစ်ထရှိပေမဲ့ အမြဲတမ်းနောက်ကျတတ်သူဆိုရင်တော့ဒီအချက်တွေက သင့်ကိုအကူအညီဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။ အဝတ်အစားပြင်ဆင်တာ နောက်ကျတတ်တဲ့သူက အကျင့်တခုလိုဖြစ်သွားတတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ချိန်းလည်းနောက်ကျတာ၊ အလုပ်သွားလည်းနောက်ကျ တာ၊ ချစ်သူနဲ့ချိန်းလည်းနောက်ကျတာမျိုးအဲဒီလိုလူတွေလည်းရှိတတ်ကြပါတယ်။ နောက်ကျတာကို အရိုးထဲထိအောင်စွဲနေပြီး […]

Cele မဟုတ်တဲ့ ချစ်သူနဲ့လက်ထပ်တော့မယ်လို့ကြေညာလိုက်တဲ့ မင်းသား Uhm Ki Joon

May 13, 2024 Aung Khant Mon 0

ကိုရီးယားကြယ်ပွင့်မင်းသားက မကြာခင်မှာ သူ့ရဲ့ချစ်သူနဲ့လက်ထပ်တော့မယ်လို့ မေလ ၁၃ရက်နေ့က သူ့ရဲ့အေဂျင်စီကနေ ကြေညာလိုက်ပါတယ်။ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာမှာ Cele မဟုတ်တဲ့ ချစ်သူမိန်းကလေးနဲ့ လက်ထပ်တော့မယ်လို့ကြေညာခဲ့ပါတယ်။ သူ့ရဲ့မင်္ဂလာပွဲမှာ သူ့ချစ်သူမိန်းကလေးကိုအလေးထားတဲ့အနေနဲ့အခမ်းအနားကို ရင်းနှီးတဲ့သူငယ်ချင်းများနဲ့ မိသားစုများနဲ့သာသီးသန့်ကျင်းပမှာဖြစ်ပါတယ်။ သူ့ရဲ့အမျိုးသမီးဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။သူက ၁၉၉၅ခုနှစ်ကစပြီး အနုပညာလောကကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ခိုင်မာတဲ့ဂုဏ်သတင်းကို တည်ဆောက်ထားတဲ့ မင်းသားတလက်လည်းဖြစ်ပါတယ်။ မင်းသားက […]

စလ်မန်းခန်းနဲ့ ရာရ်မီးကားတို့ရဲ့ရုပ်ရှင် အသက်အရွယ်ကွာဟမှုကြောင့် ဝေဖန်ခံနေရ

May 13, 2024 Aung Khant Mon 0

စလ်မန်းခန်းနဲ့ ရာရ်မီးကားတို့ အတူပူးပေါင်းရိုက်မယ့် ရုပ်ရှင်ကားမှာအသက်အရွယ်အပိုင်းအခြား ကွာဟမှုတွေကြောင့် ပရိသတ်တွေကြားမှာဝေဖန်မှုတွေမြင့်တက်နေပါတယ်။ဒါရိုက်တာ AR Murugadoss ရဲ့ ဒီရုပ်ရှင်မှာ အဓိကသရုပ်ဆောင်နှစ်ဦးကြားကအသက်ကွာ ခြားမှုကြောင့် အင်တာနက်သုံးစွဲသူများကြားမှာအချေအတင်အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။စလ်မန်းခန်းက မင်းသမီး ရာရ်မီးကားထက် အသက် ၃၁နှစ်ကြီးနေတာကြောင့်ဒီရုပ်ရှင်အပေါ်သက်ရောက်မှုဖြစ်စေနိုင်မလားဆိုတာကို အင်တာနက်သုံးစွဲသူတွေများအငြင်းပွားဖွယ်ဖြစ်နေကြတာပါ။ အသက်ငါးဆယ့်ရှစ်နှစ်အရွယ် မင်းသား စလ်မန်းခန်းက အသက် နှစ်ဆယ့်ခုနစ်နှစ်သာရှိသေးတဲ့ဇာတ်ဆောင်မင်းသမီး ရာရ်မီးကားထက် အသက် […]

အလုပ်အင်တာဗျူး မအောင်နိုင်ဘူးဆိုတာ သိသာစေတဲ့ အချက် (၅) ချက်

May 13, 2024 Aung Khant Mon 0

အလုပ်အင်တာဗျူးတခုဝင်ရတဲ့အခါမှာ ဒီအင်တာဗျူးက အောင်နိုင်မလား၊ကျရှုံးနိုင်မလားဆိုတဲ့ သိချင်စိတ်တွေနဲ့ အဆုံးသတ်လေ့ရှိပါတယ်။ ကိုယ်က သူတို့မေးသမျှကိုအဆင်ပြေစွာ၊ အောင်မြင်စွာနဲ့ဖြေဆိုနိုင်ပေမဲ့လည်း အလုပ်ကမ်းလှမ်းခံရမလားဆိုတဲ့အချက်ကမသေ ချာသေးပါဘူး။ ဒီအချက်တွေကတော့ သင်ရဲ့အင်တာဗျူးက မအောင်မြင်ဘူးဆိုတာကိုသိနိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။ အင်တာဗျူး သို့မဟုတ် စုံစမ်းစစ်ဆေးရေး အလုပ်အင်တာဗျူးတခုမှာ စကားပြောဆိုမှုတခုလို အင်တာဗျူးသူနဲ့ အင်တာဗျူးခံရသူကြားပြောဆိုခံစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲ စစ်ဆေးမေးမြန်းတဲ့ပုံစံနဲ့တဖက်သတ်ပြောဆိုမှုတွေက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ […]

အကြိမ်ခြောက်ဆယ်မြောက် Baeksang Arts Awards ရရှိသူများ

May 8, 2024 Aung Khant Mon 0

ကိုရီးယားရဲ့ အကြိမ်ခြောက်ဆယ်မြောက် 60th Baeksang Arts Awardsက ရုပ်မြင်သံကြား၊ရုပ်ရှင်နဲ့တို့အတွက် တနှစ်တာအကောင်းဆုံးသရုပ်ဆောင်တွေကို ဂုဏ်ပြုတဲ့ဂုဏ်ပြုပွဲတခုလည်းဖြစ်ပါတယ်။မေလ (၇)ရက်နေ့မှာတော့ ဆိုးလ်မြို့ရှိ COEX Hall Dမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ဆုပေးပွဲအခမ်းအနားကို Park Bo Gum၊ Suzy နဲ့ Shin Dong Yup တို့ကအစီအစဉ်တင်ဆက်သူတွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။ရုပ်ရှင်အတွက် […]