တိရစ္ဆာန်ချစ်သူတွေအနေနဲ့နိုင်ငံတကာမှာဘာအလုပ်တွေလုပ်လို့ရနိုင်သလဲ
အသက်မွေးဝမ်းကျောင်းအလုပ်ဆိုတဲ့နေရာမှာ ကိုယ်ချစ်တဲ့အရာတွေ၊ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ၊ကိုယ်ဝါသနာပါတဲ့အရာတွေနဲ့ဝင် ငွေရတယ်ဆိုရင်တော့ ပျော်စရာအကောင်းဆုံးပါပဲ။လူတိုင်းဟာ ရုံးခန်းထဲမှာပဲအလုပ်လုပ်ချင်မှလုပ်ကြမှာပါ။ကိုယ်ချစ်တဲ့အကောင်လေးတွေ၊တိရစ္ဆာန်လေးတွေနဲ့ နီးနီးကပ်ကပ်နေခွင့်ရတဲ့အလုပ်မျိုးတွေကိုလည်းတချို့သောသူတွေကရူးရူးမူးမူးစိတ်ဝင်စားကြတာမျိုးရှိပါတယ်။ဒါ့ကြောင့်လည်း ကိုယ်ကသာတိချစ်သူတစ်ယောက်ဆိုရင်၊ သာမန်ထက်ပိုပြီးတိရစ္ဆာန်လေးတွေကိုချစ်ခင်တွယ်တာခဲ့ရင် အောက်မှာဖော်ပြထားတဲ့အလုပ်တွေရနိုင်ဖို့စဥ်းစားကြည့်နိုင်ပါတယ်။ တိရစ္ဆာန်ကုဆရာဝန် ကိုယ်ကငယ်ငယ်ကတည်းက တိရစ္ဆာန်လေးတွေကိုထူးထူးကဲကဲချစ်ခင်တတ်တယ်ဆိုရင်တိရစ္ဆာန်ကုဆရာဝန်ဖြစ်အောင်ကြိုးစားတာက ကိုယ့်အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ ဒီအလုပ်ဟာဘယ်နိုင်ငံမှာမဆိုဝင်ငွေကောင်းတဲ့အလုပ်ဖြစ်ပါတယ်။ကိုယ်ချစ်တဲ့တိရစ္ဆာန်လေးတွေရဲ့ကျန်းမာရေး၊လှပရေးအားလုံးကို ဂရုစိုက်ပေးနိုင်တာမို့လူလည်းပျော်ရွှင်မှုရပြီး အာမခံချက်ရှိတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်လည်းဖြစ်ပါတယ်။ အဏ္ဏဝါဇီဝဗေဒပညာရှင် ပင်လယ်ကိုလည်းချစ်တယ်၊ လှိုင်းတွေကြားမှာလည်းနေနိုင်တယ်၊ရေအောက်ကမ္ဘာကိုသဘောကျတယ်ဆိုရင်တော့ Marine biologist အနေနဲ့လုပ်ဆောင်နိုင်ပါတယ်။ရေငန်ပတ်ဝန်းကျင်ကို အထူးပြုလေ့လာတဲ့သိပ္ပံပညာရှင် […]