Project Management Style (3) မျိုးထဲက ကိုယ်နဲ့ဘယ်ဟာသင့်တော်မလဲ

January 7, 2024 Aung Khant Mon 0

Project Manager တစ်ယောက်အဖြစ်ကိုယ့်ရဲ့ Career ကိုစတင်မယ်ဆိုရင် Project Management Style တွေကိုလည်းသိရှိထားဖို့လိုပါတယ်။ Project Manager ကောင်းတစ်ယောက်ဆိုတာအအေးခွက်ထဲကအအေးပိုက်လိုပဲ အချိန်တန်တာနဲ့အလုပ်အားလုံးကိုအဆင် ပြေပြေချောချောမွေ့မွေ့ပြီးဆုံးစေရမှာဖြစ်ပါတယ်။ Project Manager တစ်ယောက်ဟာ Meeting တစ်ခုတည်းမှာတင် ခေါင်းဆောင် နေရာကလည်းပါရသလို ပြဿနာတွေကိုဖြေရှင်းပေးတဲ့သူအဖြစ်လည်းပါဝင်ရတာဖြစ်ပါတယ်။ Project Manager တွေအနေနဲ့ကိုင် […]

Protein Diet ကြောင့် သိသိသာသာဝိတ်ကျသွားတယ်လို့ဖွင့်ဟတဲ့ Kelly Clarkson

January 5, 2024 Aung Khant Mon 0

ဂရမ်မီဆုရှင်အဆိုတော် Kelly Clarkson အနေနဲ့ သူမရဲ့ကျန်းမာရေးနဲ့သိသိသာသာဝိတ်ချနိုင်ခဲ့တဲ့အကြောင်းရင်းတွေကို ဖွင့်ဟလာခဲ့ပါတယ်။ သူမအနေနဲ့ လော့စ်အိန်ဂျလိစ်ကနေနယူးယောခ့်ကိုပြောင်းရွှေ့နေထိုင်ပြီးနောက်ပိုင်းမှာ ဝိတ်ချခရီးစဉ်ကိုအောင်မြင်အောင်လုပ် ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။“ကျွန်မ NY မှာတစ်မြို့လုံးကိုပတ်သွားတယ်။ အဲဒါကပဲ ကိုယ်လက်လှုပ်ရှားမှုဖြစ်နေတယ်။ပြီးတော့ချွေးထုတ်ခန်းဝင်ရတာလည်းသဘောကျတယ်။ အဓိကကတော့ Lifestyle ကိုလုံးဝပြောင်းနိုင်ခဲ့တာပါ။ ဒီကိုရောက်တော့ ဆရာဝန်စကားနားထောင်ပြီးသူပြောတဲ့အတိုင်းပဲစားတယ်။ ကျွန်မက အသားစားရတာလည်းကြိုက်တယ်။ခုလိုပြောရတာသားသတ်လွတ်သမားတွေကိုတော့ အားနာပါတယ်နော်။ ကျွန်မအတွက် Protein Diet […]

SM Entertainment နဲ့သုံးကြိမ်မြောက်စာချုပ်ဆက်ချုပ်တဲ့ YoonA

January 5, 2024 Aung Khant Mon 0

Girls’ Generation ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့အပြင် သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ်ပါအောင်မြင်နေတဲ့ YoonA က သူမရဲ့ပွဲဦးထွက်အေဂျင်စီနဲ့ပဲစာချုပ်အသစ်ထပ်မံချုပ်ဆိုလိုက်တယ်လို့သိရပါတယ်။ YoonA ရဲ့အနုပညာသက်တမ်း ၁၇ နှစ်အတွင်းမှာ SM နဲ့ ၃ ကြိမ်မြောက်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနစ်က Girls’ Generation အဖွဲ့ဝင်အဖြစ်ပွဲဦးထွက်ခဲ့တဲ့ YoonA ဟာ SM Entertainment […]

အောင်မြင်သူတွေမနက်ခင်းကိုဘယ်လိုဖြတ်သန်းကြသလဲ

January 5, 2024 Aung Khant Mon 0

မနက်ခင်းဆိုတာနေ့တစ်နေ့ရဲ့အစ၊ တစ်နေ့တာလုပ်ဆောင်မယ့်လုပ်ငန်းစဉ်တွေအပေါ်ကိုသက်ရောက်မှုအကြီးကြီးပေးနိုင်တဲ့အချိန်လို့လည်း ပြောလို့ရပါတယ်။ လူတွေဟာနေ့သစ်ရဲ့မနက်ခင်းတွေကိုပိုင်ဆိုင်ရတာချင်းအတူတူ ဘယ်လိုအသုံးချသလဲဆိုတဲ့အပေါ်မူတည်ပြီး တိုးတက်အောင်မြင်မှုတွေကွာခြားသွားကြပါတယ်။ အခုမျှဝေချင်တာကတော့အောင်မြင်ကျော်ကြားသူတို့ရဲ့ မနက်ခင်းအချိန်ကိုဖြတ် သန်းပုံတွေဖြစ်ပါတယ်။ Mark Cuban အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့အပြင် အမေရိကန်ဘတ်စကစ်ဘောအသင်း Dallas Mavericks ရဲ့ပိုင်ရှင်ဖြစ်တဲ့ မက်ခ်ကျူဘင်ရဲ့မနက်ခင်းအချိန်ကုန်ဆုံးပုံကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ မိုးလင်းတာနဲ့သူ့အလုပ်က ကုမ္ပဏီကိုတန်းပြေးဖို့ မ ဟုတ်ပါဘူး။သူ့ရဲ့ပထမဆုံးအလုပ်က တရားထိုင်ဖို့ဖြစ်ပါတယ်။ Meditation လုပ်တာကစိတ်ရောကိုယ်ပါတည်ငြိမ်မှုရစေပြီးဆုံးဖြတ်ချက်မှန်ကန်စေတယ်ဆိုတာကိုသူကလက်တွေ့သိရှိထားသူပါ။ Barack […]

ကားတိုက်ခံရပြီးဆေးရုံရောက်သွားတဲ့ Black Panther မင်းသမီး Carrie Bernans

January 4, 2024 Aung Khant Mon 0

The Color Purple နဲ့ Black Panther ရဲ့မင်းသမီးတစ်ယောက်ဖြစ်တဲ့အပြင်စတန့်သရုပ်ဆောင်လည်းဖြစ်တဲ့ Carrie Bernans ဟာ ရုတ်တရက်ကားတိုက်ခံလိုက်ရပြီးဆေးရုံတင်လိုက်ရတယ်လို့ဆိုပါတယ်။ဒီယာဉ်တိုက်မှုကြောင့် သူမဟာအရိုးတော်တော်များများကျိုးသွားခဲ့ပြီး ဒဏ်ရာများစွာရရှိခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ စိတ်ချရတဲ့အနေအထားကိုရောက်ရှိနေပြီလို့သိရပါတယ်။သူမဟာစား သောက်ဆိုင်တစ်ခုရဲ့ဆိုင်အပြင်ဘက်မှာညစာ စားနေတုန်းကားတစ်စီးကရုတ်တရက်ဝင်လာခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်တာမကြာသေးတဲ့သူမကအက်ဆီးဒင့်ဖြစ်ပွားချိန်မှာတော့ ကလေးငယ်ကဘေးနားမှာရှိမနေတာမို့တစ်မျိုးကံကောင်းခဲ့တယ်လို့ဆိုရမှာပါ။အသက် ၄၄ နှစ်အရွယ်အမျိုးသားတစ်ယောက်မောင်းနှင်လာတဲ့ အနက်ရောင်မာစီဒီးကားဟာ Parking ထိုးဖို့ ကြိုးစားနေရင်း ယာဉ်ထိန်းရဲရဲ့ညွှန်ကြားချက်ကိုမနာခံဘဲ […]

တစ်ကိုယ်တော်လှုပ်ရှားမှုတွေကို အစ်ကိုဖြစ်သူရဲ့အေဂျင်စီအောက်ကနေလုပ်ဆောင်မယ့် JiSoo

January 4, 2024 Aung Khant Mon 0

JiSoo (Black Pink) အနေနဲ့ သူမရဲ့တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေကိုအစ်ကိုဖြစ်သူရဲ့အေဂျင်စီဖြစ်တဲ့ Blissoo အောက်ကနေလုပ်ဆောင်သွားမယ်လို့သိရပါတယ်။ သူမဟာဇန်နဝါရီ ၂ ရက်နေ့မှာ Blissoo နဲ့စာချုပ်ချုပ်ဆိုလိုက်ပြီးဒီသတင်းကိုမီဒီယာတွေကနေထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Blissoo ဟာ Biomom ,Inc., ရဲ့လုပ်ငန်းခွဲတစ်ခုလို့ဆိုကြပါတယ်။ JiSoo ရဲ့အစ်ကိုဖြစ်သူဟာ Biomom ,Inc., ရဲ့ CEO ဖြစ်ပြီး သူတို့ကုမ္ပဏီရဲ့လက်ရှိအလုပ်ခေါ်စာကို […]

ဒီလိုအချိန်ဆို ဖုန်းခေါ်ပါ

January 4, 2024 Aung Khant Mon 0

“ဒူးနေရာဒူး တော်နေရာတော်” ဆိုသလို တစ်ခါတလေမှာ အခြေအနေအချိန်အခါကိုကြည့်ပြီးနေထိုင်ပြောဆိုတတ်ရမယ် မဟုတ်ပါလားနော်။ စကားပြောတာတောင်မျက်နှာချင်းဆိုင်ပြီးပြောသင့်တာရှိသလို နှစ်ကိုယ်ကြား ပြောရတာမျိုးလည်း ရှိတတ်ကြပါတယ်။လုပ်ငန်းခွင်မှာလည်း ဘယ်လိုအနေအထားမျိုးမှာ မေးလ်နဲ့ပြောမလဲ ဘယ်လိုအချိန်မှာဖုန်းခေါ်ပြီးပြောမလဲဆိုတာကို သိထားသင့်တာမို့ ဒါလေးကိုမျှဝေပါရစေ။ တောင်းပန်ဖို့လိုရင် တစ်ခုခုအတွက် တောင်းပန်ဖို့လိုတယ်ဆိုရင် ဖုန်းဆက်လိုက်တာက ပိုပြီးလေးစားရာကျပါတယ်။စာတိုလေးတစ်စောင် မေးလ်လေးတစ်စောင်ပို့ပြီးတောင်းပန်တာထက် ဖုန်းဆက်တောင်းပန်တာကသင့်ရဲ့အသံအနိမ့်အမြင့်ကို ခံစားမိစေပါတယ်။ “ကျွန်တော် တကယ်တောင်း […]

နှစ်ဦးအလှူအဖြစ် ဒေါ်လာ ၅ သိန်းလှူဒါန်းခဲ့တဲ့ IU

January 3, 2024 Aung Khant Mon 0

IU ဟာ နှစ်သစ်အစမှာတင် ငွေကြေးလိုအပ်တဲ့နေရာမျိုးစုံကိုလှူဒါန်းနိုင်ဖို့ အမေရိကန်ဒေါ်လာ ၅သိန်းသုံးစွဲခဲ့တယ်လို့ သိရပါတယ်။ သူမဟာ ကလေးငယ်များစောင့်ရှောက်ရေးနဲ့ Single Motherတွေအတွက်သာမက မသန်စွမ်းကျောင်းတွေကိုပါလှူဒါန်းခဲ့တာပါ။ ဒါအပြင်သက်ကြီးရွယ်အိုတွေဆောင်းရာသီတစ်လျှောက်လုံးနွေးနွေးထွေးထွေးနေနိုင်ဖို့အပူပေးစနစ်အတွက်ဆီကိုလည်းလှူဒါန်းခဲ့တယ်လို့ SNS မှာဖော်ပြထားပါတယ်။“နှစ်သစ်တစ်ခုကိုတော့ရောက်လာပြန်ပြီ။ ကျွန်မတို့တွေ ၃၆၅ ရက်လုံးပျော်နေနိုင်ဖို့ဆိုတာကတော့မလွယ်ပါဘူးနော်။ ဒါပေမဲ့ ဝမ်းနည်းရတဲ့ရက်ထက် ပျော်ရွှင်ရတဲ့ရက်တွေကပိုများစေဖို့မျှော်လင့်ပါတယ်။ အားလုံးကျန်းကျန်းမာမာနေကြပါနော်” လို့သူမက ပြောခဲ့ပါတယ်။ကိုရီးယားအနုပညာရှင်တွေထဲမှာ IU […]

ချစ်သူအသစ်နဲ့အတူကမ်းခြေမှာပျော်ရွှင်နေတဲ့ Selena Gomez

January 3, 2024 Aung Khant Mon 0

၂၀၂၃ ခုနစ်ကို ချစ်သူနဲ့အတူတူချစ်ကြည်နူးပြီးဖြတ်သန်းခဲ့တာကတော့ Selena Gomez ပါ။သူမဟာချစ်သူအသစ်ဖြစ်တဲ့ Benny Blanco နဲ့အတူကမ်းခြေမှာအတူရှိနေခဲ့တာပဲဖြစ်ပါတယ်။သူမတို့နှစ်ယောက်ဒီလိုကြည်ကြည်နူးနူးရှိနေခဲ့ပုံကို ပြီးခဲ့တဲ့စနေကဆယ်လီနာရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့တာပါ။ဆယ်လီနာကမွေးပွကုတ်အနက်ရောင်နဲ့ဖြစ်ပြီး Benny ကတော့ပန်းပွင့်တွေပါတဲ့ခေါင်းစွပ်အနွေး ထည်နဲ့လိုက်ဖက်နေတာတွေ့ကြရပါတယ်။ Benny ကသူမကိုနောက်ကနေ သိုင်းဖက်နေပုံကိုတင်ထားခဲ့တာဖြစ်ပါတယ်။ သူမထက် ၃ နှစ်သာအသက်ကြီးတဲ့ချစ်သူ Benny Blanco ဟာ Music Producer […]

Burnout ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ

January 3, 2024 Aung Khant Mon 0

Business ပိုင်းမှာတော့ Burnout ဖြစ်တယ်ဆိုတာအလုပ်ကိုသဲကြီးမဲကြီးအားသွန်ခွန်စိုက်လုပ်ခဲ့ပြီးနောက်ပိုင်းမှာအလုပ်ကိုဘယ်လိုမှဆက်မလုပ်နိုင်တော့တာကိုခေါ်ပါတယ်။ အလုပ်လုပ်တဲ့သူတွေအနေနဲ့အလုပ်ဆိုတာကိုနောက်ထပ်အသံမကြားချင်လောက်အောင်ဖြစ်သွားတယ်၊အလုပ်လုပ်ဖို့ဘာခွန်အားမှမရှိတော့လောက်အောင်ဖြစ်သွားတယ်ဆိုတာကဆိုးရွားလွန်းတဲ့အခြေအနေတစ်ခုပါ။ ကြာကြာဝါးမယ့်သွားအရိုးကြည့်ရှောင်ဆိုသလိုပဲအသက်အရွယ်တစ်ခုရသည်အထိလုပ်နေရမယ့်အလုပ်ကို စောစောကတည်းကစိတ်ပျက်မသွားစေဖို့၊လမ်းခုလတ်မှာတင်လက်ပန်းကျမသွားစေဖို့ ကိုယ့်ကိုယ်ကိုယ်ညှာတာတတ်ဖို့ကလည်းအရေးကြီးပါတယ်။ဒါ့ကြောင့်လည်း ဘယ်လိုလူမျိုးတွေက Burnout ဖြစ်တတ်သလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ၊သူငယ်ချင်းတွေ၊ မိသားစုဝင်တွေထဲမှာဒီလိုဖြစ်လာခဲ့ရင်ဘယ်လိုကူ ညီပေးနိုင်မလဲဆိုတာလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ Burnout ဖြစ်တတ်သူတွေထဲမှာ အထူးသဖြင့်အလုပ်နဲ့ပတ်သက်ရင် လောဘကြီးလွန်းသူတွေ၊သူများထက်ပိုပြီးအလုပ်လုပ်ချင်စိတ်များတဲ့သူတွေပါဝင်ပါတယ်။ ဒီလိုအလုပ်လောဘကြီးတဲ့စိတ်ကကိုယ့်ကိုယ်ကိုယ်အလုပ်တွေထပ်ထပ်ပြီးလုပ်ဖို့ တွန်းအားပေးမိနေတတ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ သူဟာကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့မေ့လာပါတယ်။ ငြင်းခုန်ရတာတွေ၊ညှိနှိုင်းရတာတွေကိုလက်မခံနိုင်ဖြစ် လာပြီး တခြားလူမှုရေးကိစ္စတွေမှာလည်းလုံးဝလစ်ဟင်းသွားတာဖြစ်ပါတယ်။သူများကိုအပြစ်တင်တဲ့စိတ်များလာပြီးကိုယ့်အပြုအမူတွေကိုတာဝန်မယူတော့တဲ့သူအဖြစ်ရောက်ရှိလာပါတယ်။ တစ်ကိုယ်တည်းနေချင်လာပြီးသူ့ရဲ့အမူအကျင့်တွေဟာလည်း […]