အဟောင်းဆိုင်ကဝယ်လာတဲ့ဖိနပ်စီးပြီးဆုယူတဲ့ Billie Eilish

January 11, 2024 Aung Khant Mon 0

2024 ခုနစ်၊ Golden Globes ပွဲကိုတက်ရောက်လာတဲ့ အဆိုတော် Billie Eilish ရဲ့ဖက်ရှင်က Gen-Z တွေဝတ်တဲ့ဖက်ရှင်Trend ဖြစ်ပြီး သူမရဲ့ပွဲတက်ဖက်ရှင်ကြောင့်လူအများရဲ့စိတ်ဝင်စားမှုကိုပိုမိုရရှိခဲ့ပါတယ်။သူမဟာပီတာပန်ကော်လာပုံရှပ်အကျီပေါ်မှာ အမည်းရောင်ဘလေဇာပွပွကြီးကိုဝတ်ဆင်ထားပြီးကာကီရောင်စကတ်ကိုဆင်မြန်ထားခဲ့တာဖြစ်ပါတယ်။ ငွေကိုမဖြုန်းဘဲရှိတာတွေကိုဖက်ရှင်ကျအောင်ပြန်လည်ဝတ်ဆင်တဲ့ပုံစံမျိုးကို သူမကသဘောကျနှစ်သက်ပါတယ်။အကျီမှာသူမစည်းထားတဲ့ဖဲကြိုးဟာလည်းမွေးနေ့တုန်းကလက်ဆောင်ရတဲ့ဖဲကြိုးဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင် သူမစီးထားတဲ့ဖိနပ်ဟာလည်း မနှစ်တုန်းက အဟောင်းဆိုင်တစ်ခုကဝယ်ခဲ့တာဖြစ်တယ်လို့ပြောခဲ့ပါသေးတယ်။ Billie Eilish ဟာ ဒီနှစ် Golden Globes […]

ကိုယ့်လုပ်ငန်းအောင်မြင်စေဖို့ရှိထားသင့်တဲ့ Core Value ၄ ချက်

January 11, 2024 Aung Khant Mon 0

ကိုယ့်လုပ်ငန်းရဲ့ စံတန်ဖိုးလို့ဆိုရမယ့် Core Value ဟာ ကိုယ့်ရဲ့ Business အတွက်အလှဆုံးပြင်ဆင်ထားတဲ့မျက်နှာတစ်ခုလိုပါပဲ။ လူတွေကြား ကိုယ့်အဖွဲ့အစည်းဟာကောင်းသတင်းကျော်ဇောခြင်း ဖြစ်၊ မဖြစ်ဆိုတာလည်း ဒီတန်ဖိုးတွေအပေါ်မှာမူတည်ပါတယ်။ Leadership Team ရဲ့ပြယုဂ်လို့ဆိုရမယ့် ဒီ Core Value တွေကပဲအောင်မြင်မှုဆီတွန်းပို့တာဖြစ်ပါတယ်။ကိုယ့်ရဲ့ကောင်းမွန်မှန်ကန်တဲ့ Core Values ကကုမ္ပဏီရဲ့အောင်မြင်မှုကိုပေးစွမ်းပါတယ်။အခုမျှဝေမှာကတော့ Forbes Business […]

ကိုရီးယားသရုပ်ဆောင် Steven Yeun ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Best Actor ဆုရရှိ

January 10, 2024 Aung Khant Mon 0

ကိုရီးယား-အမေရိကန်ကပြားဖြစ်တဲ့ Steven Yeun ဟာ ဇန်နဝါရီလ (၇) ရက်နေ့ကကျင်းပတဲ့ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Best Actor ဆုကိုရရှိခဲ့တယ်လို့သိရပါတယ်။ သူဟာ Beef ဇာတ်လမ်းတွဲနဲ့ Best Actor (Limited Series) ဆုကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။Steven Yeun ဟာ ရွှေကမ္ဘာလုံးဆုပေးပွဲမှာဆုရရှိတဲ့ပထမဆုံးသောအာရှလူမျိုး(လူငယ်သရုပ်ဆောင်)အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူနဲ့အတူတွဲဖက်သရုပ်ဆောင်တဲ့ Ali Wong […]

Golden Globe ဆုပေးပွဲမှာ အကောင်းဆုံးသရုပ်ဆောင်ဆုတွေကို Cillian Murphy နဲ့ Lily Gladstone တို့ရရှိ

January 10, 2024 Aung Khant Mon 0

ရုပ်ရှင်အနုပညာနယ်ပယ်အတွက် ဩဇာအာဏာကြီးတဲ့ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Golden Globe ဆုပေးပွဲကြီးကို ဇန်နဝါရီလ (၇) ရက်နေ့ကကျင်းပပြီးစီးခဲ့ပါတယ်။ဒီအခမ်းအနားမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု(Drama)ကို Oppenheimer ဇာတ်ကားနဲ့မင်း သားကြီး Cillian Murphy ကရရှိခဲ့တယ်လို့သိရပါတယ်။ သူဟာ Andrew Scott၊ Barry Keoghan၊ Bradley Cooper၊ Colman Domingoနဲ့ Leonardo […]

ကိုယ့်ကိုမုန်းတဲ့လုပ်ဖော်ကိုင်ဖက်နဲ့ရင်ဆိုင်ရတဲ့အခါ

January 10, 2024 Aung Khant Mon 0

ကိုယ်နဲ့အလုပ်အတူတူလုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာအကြောင်းပြချက်ကြီးကြီးမားမားမရှိပေမယ့်လည်း ကိုယ့်ကိုမုန်းနေနိုင်ပါတယ်။ တချို့က သူတို့ Type မဟုတ်ရင် အလိုလိုကြည့်မရဖြစ်တတ်ကြသလိုအလုပ်လုပ်ပုံကွာခြားလွန်းပြန်ရင်လည်းအမုန်းခံရ တတ်ပါသေးတယ်။လုပ်ငန်းခွင်တိုင်းဟာ ကိုယ့်မိဘအိမ်လိုမဟုတ်တဲ့အတွက် အခက်အခဲတွေ၊အမုန်းတရားတွေကတော့ရှိမှာအမှန်ပါပဲ။ ကိုယ့်ကိုအလိုလိုမုန်းနေတဲ့သူတစ်ယောက်ကိုဘယ်လိုတုံ့ပြန်မလဲ။ တတ်နိုင်သမျှသည်းခံပြီးမေတ္တာပဲပို့မလား ဒါမှမဟုတ်ပွင့်ပွင့်လင်းလင်းမေးပြီးအဖြေရှာမလား ဘယ်ဟာကအကောင်းဆုံးဖြစ်မယ်လို့ထင်ပါသလဲ။ ဒါတွေကလူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ခံယူချက်ပေါ်မူတည်ပြီးကွဲပြားသွားနိုင်ပါတယ်။ ကိုယ့်ကိုမုန်းတဲ့သူရှိနေတဲ့နေရာမှာ လူတစ်ယောက်ဟာအကောင်းဆုံးပျော်ရွှင်မှုကိုရနိုင်မှာမဟုတ်ပါဘူး။အလုပ်မှာစိတ်ဖိစီးမှုကိုအမြဲခံစားနေရပြီး အလုပ်လုပ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကိုထိခိုက်လာမှာပဲဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်တစ် ယောက်ယောက်ကြားဒီလိုအမုန်းတရားပြဿနာလေးတွေရှိလာခဲ့ရင် ဒီအစိုင်အခဲကို ချေဖျက်နိုင်ဖို့ကြိုးစားတာကအကောင်းဆုံးပါ။ကိုယ်ကအလုပ်မှာတော်လို့ အောင်မြင်မှုတစ်ခုခု၊ […]

မင်းသားကြီး Christian Oliver နဲ့သမီးနှစ်ယောက်လေယာဉ်ပျက်ကျလို့ကွယ်လွန်

January 9, 2024 Aung Khant Mon 0

Baby sitters Club နဲ့ Speed Racer ဇာတ်ကားတွေရဲ့မင်းသားကြီး Christian Oliver ဟာသူ့ရဲ့သမီးငယ်နှစ်ယောက်နဲ့အတူ လေယာဉ်ပျက်ကျလို့ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ(၄)ရက်နေ့မှာဖြစ်ပွားတဲ့ ကာရေဘီယံလေယာဉ်ပျက်ကျမှုမှာ သူတို့တွေအားလုံးပါဝင်သွားခဲ့တာဖြစ်ပါတယ်။ဒီပျက်ကျမှုဟာ Petit Nevis ကျွန်းအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ဟာပျံတက်ပြီးမကြာခင်မှာ စက်ချို့ယွင်းခဲ့ပြီး သမုဒ္ဒရာထဲကိုပျက်ကျသွားခဲ့တာဖြစ်တယ်လို့မျက်မြင်သက်သေတွေကဆိုကြပါတယ်။ Christian Oliver စီးလာတဲ့လေယာဉ်ဟာ one-engine အမျိုးအစားဖြစ်ပြီး ပိုင်ရှင်နဲ့လေယာဉ်မောင်းသူဟာ […]

Nam Goong Min နဲ့အချစ်ရေးအကြောင်းကိုပြောလာတဲ့ Ahn Eun Jin

January 9, 2024 Aung Khant Mon 0

My Dearest ဇာတ်လမ်းတွဲထဲက သခင်မလေး ဂီချယ်နဲ့သခင်လေးဂျန်ဟွန်းတို့ဟာချစ်သူတွေအဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့လို့ အ ပြင်မှာပါချစ်သူတွေဖြစ်နေကြပြီဆိုတဲ့သတင်းတွေက ပျံ့နှံ့နေခဲ့ပါတယ်။မင်းသား Nam Goong Min နဲ့တွဲနေပါတယ်လို့သတင်းတွေထွက်လာတဲ့အပေါ် မင်းသမီး Ahn Eun Jin က This Week’s News ကနေအခုလိုဖြေကြားခဲ့တာပါ။ သူမဟာ You Tube က […]

အချိန်တိုအတွင်း Confidence တက်စေမယ့်နည်းလမ်းများ

January 9, 2024 Aung Khant Mon 0

မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း (Confidence) ဆိုတာက ကိုယ့်ရဲ့စိတ်ခံစားချက်လေးကောင်းနေခြင်းကိုပဲဆိုလိုတာမဟုတ်ပါဘူးနော်။ Confidence ဆိုတဲ့အရာထဲမှာ Personal ပိုင်းရော Professional ပိုင်းမှာပါရရှိထားတဲ့ အောင်မြင်မှုတွေ၊ ရလဒ်တွေ ပေါင်းစပ်ပါဝင်နေတာဖြစ်ပါတယ်။ Confidence ရှိခြင်းက တစ်ပါးသူတွေနဲ့ကိုယ်ဘယ်လိုပြောဆိုဆက်ဆံသလဲ၊စိန်ခေါ်မှုတွေကိုဘယ်လိုကိုင်တွယ်သလဲ၊ ကိုယ့်ကိုယ်ကိုယ်ဘယ်လိုနားလည်လက်ခံထားသလဲဆိုတဲ့အရာတွေအပေါ်ကို သက်ရောက်စေပါတယ်။ကံကောင်းစွာနဲ့ပဲ Confidence ဆိုတာဟာတည်ဆောက်လို့ရတဲ့အရာဖြစ်ပါတယ်။ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ၊ တစ်ကိုယ်ရည်သပ်ရပ်သန့်ရှင်းမှု၊ လူအများနဲ့ဆက်ဆံတဲ့ပုံစံတွေကိုပြောင်းလဲလိုက်တာနဲ့တင် Confidence ကိုရရှိပိုင်ဆိုင်စေပါတယ်။ Confidenceကိုမြန်မြန်တည်ဆောက်နိုင်ဖို့ […]

Lorde ရဲ့သီချင်းတွေကြောင့်ဒီလမ်းကြောင်းပေါ်ရောက်လာတာပါလို့ပြောတဲ့ Olivia Rodrigo

January 7, 2024 Aung Khant Mon 0

သူမအသက် ၁၃ နှစ်အရွယ် ဖုန်းကိုင်ခွင့်ရရချင်းမှာပဲ ပထမဆုံးသူလုပ်တာက Lorde ရဲ့ Pure Heroine အယ်လ်ဘမ်ကို Download လုပ်တာပါလို့ Olivia Rodrigo ကမကြာသေးခင်ကအင်တာဗျူးမှာပြောခဲ့ပါတယ်။သူမဟာ The Hollywood Reporter နဲ့အင်တာဗျူးမှာ Lorde ရဲ့သီချင်းတွေက သူမအပေါ်လွှမ်းမိုးခဲ့ပုံနဲ့ဒီလိုအဆိုတော်ဖြစ်လာမယ့်လမ်းကြောင်းကိုရွေးချယ်ဖြစ်စေခဲ့တဲ့အကြောင်းတွေကိုဖွင့်ဟခဲ့တာဖြစ်ပါတယ်။ “Lorde ရဲ့ Royals […]

ဇာတ်လမ်းတွဲအသစ်မှာအတူတွဲဖက်ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

January 7, 2024 Aung Khant Mon 0

Jung So Min နဲ့ Jung Hae In တို့နှစ်ယောက်လုံးက အချစ်-ဟာသဇာတ်လမ်းတွဲလေးမှာအတူတွဲဖက်ပါဝင်ဖို့ အတည်ပြုထားတယ်လို့သိရပါတယ်။ Mom’s Friend’s Son လို့ယာယီနာမည်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲဟာနာမည်ကြီးအချစ်ဟာသဇာတ်လမ်းတွဲ Hometown Cha Cha Cha ကိုဖန်တီးသူတွေရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာပါဝင်ဖို့ ကိုစိုးမိုးနိုင်လို့ မြန်မာပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ Jung Hae […]