ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်ဘဲလူတွေကြားထဲ အော်တတ်ဟစ်တတ်တဲ့သူဌေးမျိုးကိုလည်းအလုပ်လုပ်နေသူတွေကြုံရတတ်ပါတယ်။ ခေါင်းဆောင်မှုပုံစံတွေအမျိုးမျိုးရှိတဲ့ကြားထဲအော်ဟစ်ငေါက်ငမ်းပြီးပြောဆိုမှ စိတ်ကျေနပ်တဲ့ခေါင်းဆောင်မျိုးတွေလည်းရှိတတ်ကြပါတယ်။ကိုယ့်ရဲ့ပြောဆိုတင်ပြချက်တွေကိုအရေးမထားတာ၊ကိုယ့်အိုင်ဒီယာတွေကိုသေသေချာချာတင်ပြခွင့်မပေးဘဲ စကားပိတ်ပြောပြီးဖြတ်ချလိုက်တာ၊ပျော်စရာမကောင်းတဲ့လုပ်ငန်းခွင်ကြီးထဲမှာအလုပ်လုပ်နေရတာတွေကလက်ရှိအလုပ်ကိုစွန့်ခွာချင်စိတ်ပေါက်သွားစေနိုင်ပါတယ်။ ဒါပေမဲ့ဒီလိုအဆင်မပြေတိုင်းအလုပ်ထွက်မယ့်လမ်းကို မရွေးချယ်သင့်ပါဘူး။ ဒီအခြေအနေတွေကိုကိုင်တွယ်နိုင်မယ့်နည်းလမ်းလေးတွေရှိနေတာမို့ဒီအချက်လေးတွေကိုအရင်ဆုံးကြိုးစားလုပ်ဆောင်ကြည့်သင့်ပါတယ်။ ဘာ့ကြောင့်သူဒီလိုအနိုင်ကျင့်ချင်ရတာလဲ ကိုယ့်ရဲ့ဆိုးတဲ့ဘော့စ်ကိုနားလည်ပေးနိုင်ဖို့ကြိုးစားတာက ဒီပြဿနာတွေကိုပြေလည်စေနိုင်ပါတယ်။ကျောင်းသားဘဝမှာအနိုင်ကျင့်ခံလာရတဲ့သူတွေဟာ အသက်ကြီးလာတဲ့အခါ သူတစ်ပါးကိုအနိုင်ကျင့်တတ်သူဖြစ်လာတတ်ပါတယ်။ ဒီလိုလူတွေဟာလုပ်ငန်းခွင်ထဲရောက် လာတဲ့အခါလုပ်ဖော်ကိုင်ဖက်တွေကို ပုံစံမျိုးစုံနဲ့အနိုင်ကျင့်တတ်သူဖြစ်လာနိုင်ပါတယ်။ ဒီလိုလူတွေနဲ့တွေ့ရတဲ့အခါထိပ်တိုက်ရင်ဆိုင်ပစ်တာမျိုးမလုပ်ဘဲ ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုအနားပေးလိုက်တာက ပိုကောင်းပါတယ်။အစည်းအဝေးမှာကိုယ့်ကို Bully လုပ်လိုက်တယ်ဆိုပါစို့၊ မျက်စိလေးခဏမှိတ်၊ ကော်ဖီလေးသောက်ပြီးကိုယ့်စိတ်ကိုအနားပေးလိုက်တာကပိုအဆင်ပြေပါတယ်နော်။ သူစိတ်ဖိစီးနေတာလား လူတွေမှာ […]