အလုပ်ထွက်ချိန် ကတ္တီပါလမ်းခွဲဖြစ်စေဖို့
တချို့သောဝန်ထမ်းတွေအတွက် အလုပ်ထွက်ချိန်ဟာအေးအေးဆေးဆေးချောချောမွေ့မွေ့ဖြစ်တတ်ပေမယ့် တချို့တွေအတွက်ဘော့စ်ကိုပြောဖို့ခက်နေတာတွေ၊ မထွက်ဖို့စကားတွေကိုအပြင်းအထန်ငြင်းဆန်ရတာတွေ၊ပြောင်းလဲသွားတဲ့ဆက်ဆံရေးတွေ၊ မထွက်ခင်အကျပ် အတည်းဖြစ်အောင် လုပ်ဆောင်ခံရတာမျိုးတွေကြုံရတတ်ပါတယ်။တချို့တွေကျတော့လည်း ထွက်ခတ်ခတ်တယ်လို့ဆိုရမယ့်လုပ်ဖော် ကိုင်ဖက်တွေရဲ့မကောင်းတဲ့အကျင့်တွေ၊ အဆင်မပြေမှုတွေကို တစ်ဝကြီးပြောပြီးမှအလုပ်ထွက်တတ်ကြပါတယ်။ အလုပ်ထွက်ပြီးချိန်မှာ တချို့ကကုမ္ပဏီကိုရော၊ လူတွေကိုရောအားလုံးမေ့ပစ်လိုက်ချင်ကြပြီး တချို့ကတော့တစ်သက်လုံးအတွက်ရင်းနှီးခင်မင်တဲ့ဆက်ဆံရေးကိုတည်ဆောက်သွားနိုင်ကြပါတယ်။တကယ်တော့ စိတ်ခံစားမှုတွေဘေးဖယ်ထားပြီး အလုပ်ထွက်ခြင်းအဆင့်တွေကိုမှန်မှန်ကန်ကန်လုပ်ဆောင်သွားရုံနဲ့ ကိုယ့်အတွက်အဆင်ပြေချောမွေ့တဲ့လမ်းခွဲမှုတစ်ခုဖြစ်စေနိုင်ပါတယ်။ အဲဒီအဆင့်တွေကတော့ …. – နှစ်ပတ်ကြိုပြီး Notice Letter ပေးပို့ပါ။ […]