အလုပ်ပိလွန်းတဲ့အချိန်မျိုးမှာဝန်ထမ်းတွေစိတ်အားတက်ကြွနေအောင်ဘာတွေလုပ်ပေးမလဲ
လုပ်ငန်းတိုင်းမှာ အလုပ်ရှင်အတွက်ရော၊ အလုပ်သမားတွေအတွက်ပါ စိတ်ဖိစီးရတဲ့အချိန်၊အလုပ်ဖိစီးလွန်းတဲ့အချိန်ဆိုတာရှိကြစမြဲပါ။ ကိုယ်ကမန်နေဂျာ၊ ဒါမှမဟုတ်ခေါင်းဆောင်တစ်ဦးဖြစ်နေခဲ့မယ်ဆိုရင်ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ဝန်ထမ်းတွေကိုစိတ်အားတက်ကြွအောင်လုပ်ဆောင်ပေးနိုင်ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ပင်ပန်းတဲ့အပြင်စိတ်ဖိစီးမှုများလွန်းတဲ့ကာလမျိုးတွေမှာ ဒီအချက်တွေကိုမဖြစ်မနေလုပ်ဆောင်ပေးပြီး ဝန်ထမ်းတွေကို Motivate ဖြစ်စေနိုင်ပါတယ်။ ဆက်သွယ်ပြောဆိုမှုမြန်ဆန်ပါစေ၊ ပွင့်လင်းမြင်သာရှိပါစေ စိတ်ဖိစီးမှုများတဲ့ကာလမှာ ကိုယ်ကဝန်ထမ်းတွေနဲ့များများစကားပြောပေးတာ၊ သွားရမယ့် Goal တွေကိုရှင်းရှင်းလင်းလင်းချမှတ်ပေးတာ၊ Feedback မြန်မြန်ဆန်ဆန်ပေးတာမျိုးတွေကဝန်ထမ်းတွေကိုစိတ်ကျေနပ်မှုပေးစွမ်းပါတယ်။ ဒီအချိန်မျိုးမှာရှေ့တဆင့်တိုးဖို့ခေါင်း ဆောင်ရဲ့ဆုံးဖြတ်ချက်ကို အကြာကြီးစောင့်နေရတာမျိုးကပိုပြီးစိတ်ဖိစီးမှုများစေနိုင်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ […]