ကိုယ်တိုင်ရေးသားထုတ်လုပ်တဲ့သီချင်းနဲ့ U.K. Singles Chart မှာ နံပါတ် ၁ ချိတ်နေတဲ့ Kenya Grace

October 17, 2023 Aung Khant Mon 0

တောင်အာဖရိကမှာမွေးဖွားပြီး U.K. မှာကြီးပြင်းတဲ့ကောင်မလေး Kenya Grace ဟာသူမကိုယ်တိုင်ရေးထားတဲ့ Strangers သီချင်းနဲ့အောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။သူမကိုယ်တိုင်ရေးသားပြီး သူမကိုယ်တိုင် Produce လုပ်တဲ့ Strangers ဆိုတဲ့သီချင်းဟာ U.K. Singles Chart ရဲ့ နံပါတ်(၁) နေရာကိုရယူထားနိုင်ပါပြီ။ ဒါဟာ ဗြိတိန်အဆိုတော်တစ်ယောက်အနေနဲ့အယ်လာဟင်ဒါဆန်ရဲ့ Ghost သီချင်းနောက်ပိုင်း ဆယ်စုနှစ်တစ်စုခန့်အကြာမှ နောက်တစ်ကြိမ်အနေနဲ့ဒီနေရာကိုပြန်လည် […]

The Marvels မှာပါဝင်လာမယ့် Park Seo Joon

October 17, 2023 Aung Khant Mon 0

What’s wrong with secretary kim ၊ Itaewon Class စတဲ့ဇာတ်လမ်းတွဲတွေနဲ့ပရိသတ်ချစ်ခင်အားပေးမှုရထားတဲ့ Park Seo Joon က ဟောလိဝုဒ်ဇာတ်ကားတစ်ခုဖြစ်တဲ့ The Marvels မှာလည်းပါဝင်ထားပါတယ်။အောက်တိုဘာ ၁၆ ရက်နေ့က Marvel Studios ရဲ့ တရားဝင် Twitter အကောင့်ကနေ […]

ဘယ်အချိန်မှာအလုပ်ထွက်သင့်တာလဲ

October 17, 2023 Aung Khant Mon 0

“အလုပ်ခဏခဏပြောင်းတာမကောင်းဘူး။ CV ညစ်ပတ်တယ်။” စတဲ့ပြောစကားမျိုးတွေကိုအားလုံးကြားဖူးကြမှာပါ။ အလုပ်တစ်ခုဟာ အခြေအနေခိုင်မာပြီးကိုယ့်အတွက်အခွင့်အလမ်းတွေလည်းရှိနေတယ်ဆိုရင်တော့ ကိုယ့်အတွက်ပင်ပန်းခက်ခဲပါစေကြိတ်မှိတ်ပြီးလုပ်ရမှာအမှန်ပါ။ ဒါပေမဲ့တချို့အချိန်တွေမှာတော့ အလုပ်ကိုမဖြစ်မနေစွန့်ခွာသင့်ပါတယ်။ အလုပ်ကကိုယ့်အတွက်သက်သာတယ်၊ အေးဆေးတယ်ဆိုပါစေဦးမဖြစ်မနေထွက်ပစ်လိုက်သင့်တဲ့အချိန်တွေရှိပါတယ်။ အဲဒါတွေကတော့အောက်မှာဖော်ပြထားတဲ့အနေအထားတွေဖြစ်ပါတယ်နော်။ -ကိုယ့်အလုပ်ကို မုန်းနေပြီဆိုရင်အလုပ်ထွက်သင့်ပါတယ်။ လူတွေဟာ ဘဝရဲ့သုံးပုံတစ်ပုံကိုအလုပ်လုပ်ရင်းကုန်ဆုံးကြရတာပါ။ တချို့တွေဆို သုံးပုံတစ်ပုံမကတဲ့အချိန်ကာလအထိအလုပ်လုပ်ရပါသေးတယ်။ ဘဝဆိုတာတိုတိုလေးမို့ ကိုယ်ပျော်တဲ့အလုပ်ကိုလုပ်ရင်းဘဝမှာပျော်ပျော်နေဖို့မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေရတဲ့အလုပ်ကိုမချစ်ဘူးဆိုရင်အလုပ်ထွက်ပြီးအပြောင်းအလဲတွေလုပ်ဖို့ မတွန့်ဆုတ်သင့်ပါဘူး။ -အလုပ်ရှင်နဲ့ဘယ်လိုမှအဆင်မပြေနိုင်တော့ဘူးဆိုရင်လည်း အလုပ်ထွက်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ […]

အော်စကာနှစ်ဆုရှင်မင်းသားကြီး Michael Caine ရုပ်ရှင်လောကမှအနားယူပြီ

October 16, 2023 Aung Khant Mon 0

The Dark Knight ၊ Inception၊ The Prestige၊ The Man Who Would Be King ၊ The Quiet American စတဲ့ဇာတ်ကားကောင်းမြောက်များစွာရိုက်ကူးခဲ့တဲ့ အော်စကာဆုရှင်မင်းသားကြီး Michael Caine အနေနဲ့ရုပ်ရှင်လောကကနေ အနားယူတော့မယ်လို့တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။အသက် ၉၀ နှစ်ရှိပြီဖြစ်တဲ့မင်းသားကြီးက […]

ညီမဖြစ်သူရဲ့လက်ထပ်ပွဲမှာအတူတွေ့ရတဲ့ ဆောင်ဂျွန်ကီတို့ဇနီးမောင်နှံ

October 16, 2023 Aung Khant Mon 0

အွန်စောနဲ့လမ်းခွဲပြတ်စဲပြီးတဲ့နောက်နိုင်ငံခြားသူအနုပညာရှင်တစ်ယောက်ကိုလက်ထပ်လိုက်တဲ့ဆောင်ဂျွန်ကီက သူ့ရဲ့ဇနီးဖြစ်သူနဲ့အတူ လက်ထပ်ပွဲတစ်ခုကိုတက်ရောက်လာတာတွေ့ရပါတယ်။အောက်တိုဘာလ ၁၄ ရက်နေ့ကကျင်းပခဲ့တဲ့ဆောင်ဂျွန်ကီရဲ့ညီမငယ်ဖြစ်သူဆောင်ဆောကီရဲ့လက်ထပ်ပွဲမှာ သူတို့နှစ်ဦးကိုတွေ့မြင်ရတာဖြစ်ပါတယ်။ဆောင်ဂျွန်ကီရဲ့ဇနီးဖြစ်သူ Katy Louise Saunders ဟာ ဗြိတိန်သူမင်းသမီးတစ်လက်ဖြစ်ပြီးရုပ်ရှင်ကားများစွာမှာသရုပ်ဆောင်ခဲ့ဖူးပါတယ်။ သူတို့နှစ်ဦိးဟာ အီတလီနိုင်ငံမှာဇာတ်ကားရိုက်ကူးရင်းတွေ့ဆုံချစ်ကြိုက်ခဲ့ကြတာဖြစ်တယ်လို့သတင်းတွေကဖော်ပြကြပါတယ်။ ကိုရီးယားဒရာမာချစ်သူတွေကတော့ Katy Louise Saunders ရဲ့အလှကို သဘောကျချီးကျူးခဲ့ကြတာတွေ့ရပါတယ်။အခမ်းအနားမှာဇနီးဖြစ်သူကိုဂရုတစိုက်ရှိလွန်းတဲ့ ဆောင်ဂျွန်ကီရဲ့ပုံစံကိုလည်းမှတ်တမ်းဓာတ်ပုံတွေကတဆင့်တွေ့မြင်ကြရပါတယ်။သူတို့နှစ်ဦိးဟာမကြာသေးခင်ကမှ သူတို့ရဲ့ပထမဆုံးကလေးဖြစ်တဲ့ သားယောကျ်ားလေးတစ်ဦးကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ Ju Ju zawgyi […]

ကိုယ့်ရဲ့ Performance Review အခြေအနေမကောင်းတော့ရင် ဘာလုပ်ကြမလဲ

October 16, 2023 Aung Khant Mon 0

Performance Review ဆိုတာတကယ်တော့ ပျော်စရာကောင်းမနေပါဘူး။ ကိုယ်က Negative Reviewရတာမျိုးဆိုရင်တော့ ပိုဆိုးပါတယ်။ ဒီလိုအချိန်မှာကိုယ်က စိတ်ရှုပ်သွားတာ၊ ဒါမှမဟုတ်ဒေါသထွက်တာ၊ မခံချင်စိတ်ဖြစ်လာတာမျိုးတွေနဲ့ ကိုယ့်ရဲ့ Emotion ကိုမထိန်းနိုင်ဘဲပြန်ဖြေရှင်းမိကြတာမျိုးရှိတတ်ပါတယ်။တကယ်လို့များ Negative Review ရလာခဲ့ရင် အရေးအကြီးဆုံးက ကိုယ့် Emotion ကိုထိန်းပြီးဘယ်လိုကိုင်တွယ်သင့်လဲဆိုတာကို စဉ်းစားဖို့ပါပဲ။ ၁. ကိုယ့်အတွက်အချိန်ခဏယူပါ […]

သူမရဲ့ပရိသတ်တွေကို အံ့အားသင့်သွားစေခဲ့တဲ့ဘီယွန်ဆေးရဲ့လုပ်ရပ်

October 15, 2023 Aung Khant Mon 0

ဘီယွန်ဆေးတစ်ယောက် တေလာဆွပ်ဖ်ရဲ့ Eras Tour Concert ရုပ်ရှင်အထူးပွဲကိုတက်ရောက်ခဲ့တာကသူမရဲ့ပရိသတ်တွေကိုတော် တော်လေးအံ့အားသင့်စေခဲ့ပါတယ်။ တေလာဆွပ်ဖ်ရဲ့ Eras Tour Concert Film အထူးပွဲကိုလော့စ်အိန်ဂျလိစ်မှာပြုလုပ်ခဲ့တာဖြစ်ပြီး တခြားသော အနုပညာရှင်တော်တော်များများလည်းတက်ရောက်ခဲ့ကြပါတယ်။ဘီယွန်ဆေးအနေနဲ့ တေလာဆွပ်ဖ်ရဲ့ပွဲကိုတကူးတကတက်ရောက်ပြီးအားပေးတဲ့အပေါ်သူမရဲ့ပရိသတ်တော်တော်များများက အံ့အားသင့်နေကြတာဖြစ်ပါတယ်။ တချို့ပရိသတ်တွေကဒီလိုဂီတဘုရင်မနှစ်ပါးကိုတွဲပြီးတွေ့ရတာ မယုံနိုင်ဘူးဆိုတဲ့မှတ်ချက်မျိုးရေးသားခဲ့ကြပါတယ်။တေလာဆွပ်ဖ်က တော့ ဘီယွန်ဆေးဟာ ဂီတလောကမှာသူမကိုလမ်းပြနိုင်ခဲ့သူတစ်ယောက်၊ဘီယွန်ဆေးရဲ့လွှမ်းမိုးမှုကြောင့် သူမရဲ့လက်ရှိဘဝဖြစ်တည်လာခဲ့တာပါဆိုပြီး အင်စတာဂရမ်မှာရေးသားခဲ့ပါတယ်။ဂီတဘုရင်မနှစ်ဦးရဲ့ ဒီနှစ်အတွင်းပြုလုပ်ခဲ့တဲ့ […]

ရာဇဝင်ထဲကအိမ်ရှေ့မင်းသားတစ်ပါးအဖြစ်မြင်တွေ့ရဦိးမယ့် Ahn Bo Hyun

October 15, 2023 Aung Khant Mon 0

Jisoo နဲ့ချစ်သူတွေဖြစ်ပြီးနောက်ပိုင်းပရိသတ်တွေရဲ့စိတ်ဝင်စားမှုပိုရလာတဲ့ Ahn Bo Hyun တစ်ယောက်ရာဇဝင်အချစ်ဇာတ်လမ်းအ မျိုးအစား Mirage in the 23 rd hour ဇာတ်လမ်းတွဲမှာခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်မယ်လို့သိရပါတယ်။ဒီဇာတ်ကားဟာနာမည် ကြီး Web စာရေးဆရာ Yoon Yi Su ရဲ့ အွန်လိုင်းဝတ္ထုတစ်ပုဒ်ကိုအခြေခံရိုက်ကူးထားတာဖြစ်တယ်လို့ဆိုပါတယ်။ Yoon Yi […]

အလုပ်ထပ်လျှောက်ရမှာကြောက်တဲ့စိတ်ကို ဘယ်လိုကျော်လွှားကြမလဲ

October 15, 2023 Aung Khant Mon 0

အလုပ်အသစ်ရှာဖွေရမှာ အလုပ်အသစ်လျှောက်ရမှာကြောက်တဲ့စိတ်၊ အင်တာဗျူးဝင်ပြီးအပယ်ခံရမှာကိုစိုးရိမ်တဲ့စိတ်တွေက တချို့သူတွေအတွက် Depression ဖြစ်လောက်တဲ့အထိဆိုးရွားတတ်ပါတယ်။ တချို့သူတွေကျပြန်တော့လည်း အလုပ်ရှာရတာ၊အင်တာဗျူးဝင်ရတာကိုမှ စိတ်လှုပ်ရှားပျော်ရွှင်တာမျိုးရှိတတ်ကြပြန်ပါတယ်။အလုပ်ရှာဖွေရတာပျော်သူတွေအတွက် ဘာမှပြဿနာမရှိပေမယ့်အလုပ်အသစ်တစ်ခုလျှောက်ဖို့တောင်ကြောက်ရွံ့နေသူတွေအနေနဲ့တော့ ဒါဟာမြန်မြန်ကုစားရမယ့်ပြဿနာဖြစ်ပါတယ်။ အခုဖော်ပြမယ့်အ ချက်တွေက ဒီလိုစိတ်ခံစားချက်တွေကိုလျော့ပါးသက်သာစေမယ့် အခြေခံအချက်တွေပဲဖြစ်ပါတယ်။ – အလုပ်အသစ်လျှောက်တဲ့အခါ စိတ်ရှည်ဖို့တော့လိုပါတယ်။ ကိုယ်လျှောက်လိုက်တာနဲ့ချက်ချင်းအင်တာဗျူးဝင်ပြီး အလုပ်ရသွားတာမျိုးဖြစ်ချင်မှဖြစ်မှာပါ။ တချို့အချိန်တွေမှာအင်တာဗျူးမခေါ်တာမျိုးတောင်ရှိနိုင်ပါတယ်။ အလုပ်သစ်ရှာဖွေခြင်းဟာလနဲ့ချီပြီးအချိန်ကြာတတ်ပါတယ်။ ဒီအချက်ကိုကိုယ့်စိတ်ထဲမှာထည့်ထားပြီးခေါင်းအေးအေးထားလုပ်ဆောင်သင့်ပါတယ်။ – နောက်တစ်ချက်က […]

Introvert တို့အလုပ်အင်တာဗျူးမဖြေခင်လုပ်ဆောင်သင့်တဲ့နည်းလမ်း ၇ ချက်

October 14, 2023 Aung Khant Mon 0

အလုပ်ရှာနေသူအများစုက အင်တာဗျူးဝင်ချိန်အတွက် စိတ်ဖိစီးမှုလေးတွေရှိတတ်ကြပါတယ်။ဒီလိုစိုးရိမ်မှု၊ စိတ်ဖိစီးမှုမျိုးကို Introvert တွေလည်းကြုံရစမြဲပါ။နဂိုတည်းကခင်မင်ရာလူနည်းစုနဲ့သာအေးအေးနေတတ်တဲ့ Introvert တို့အတွက်အင်တာဗျူးဝင်ချိန်မှာလုံးဝအဆင်ပြေစေဖို့ ဒီနည်းလမ်း ၇ ချက်ကကူညီပေးနိုင်ပါလိမ့်မယ်။ ၁. ကြိုတင်လေ့ကျင့်ပါ Extrovert တွေက သူ့ရဲ့ Energy ကိုအပြင်မှာဖော်ပြလေ့ရှိပေမယ့် Introvert တွေက သူ့ရဲ့ Energy ကိုအတွင်းမှာ တည်ဆောက်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း […]