Seventeen အဖွဲ့ဝင်များ Youth Over Flowers ရိုက်ကူးမည်

Seventeen အဖွဲ့ဝင်တွေဟာ Youth Over Flowers ဆိုတဲ့ Travel Show မှာပါဝင်ရိုက်ကူးနေတယ်လို့သိရပါတယ်။ဒီ Travel Show ဟာ tvN ကရိုက်ကူးထုတ်လွှင့်တဲ့ Show တစ်ခုဖြစ်ပြီး Program Director ကတော့ Na Young Suk ဖြစ်ပါတယ်။ဒီ Travel Show အတွက် အဖွဲ့ဝင်တွေအားလုံးဟာအီတလီနိုင်ငံ၊ရောမမြို့ကိုရောက်ရှိနေပြီလို့သိရပါတယ်။

“Seventeen အနေနဲ့ Youth Over Flowers မှာပါဝင်ရိုက်ကူးနေတယ်ဆိုတာမှန်ကန်ပါတယ်။လက်ရှိမှာတော့ သူတို့အေးဆေးလုံခြုံစွာနဲ့ ရိုက်ကူးရေးလုပ်လို့ရအောင်ကျွန်တော်တို့ဘက်ကအသေးစိတ်အချက်အလက်တွေကို မပြောနိုင်သေးပါဘူး။အဲဒီအတွက်တောင်းပန်ပါတယ်” လို့ tvN ဘက်ကထုတ်ပြန်ထားပါတယ်။ Seventeen ဟာ မကြာသေးခင်ကပဲ ဂျပန်မှာပြုလုပ်တဲ့ သူတို့ရဲ့ Concert Tour “Follow” ကိုအပြီးသတ်ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်တွေအတွင်းမှာ ပရိသတ် ၅ သိန်းခန့်နဲ့တွေ့ဆုံနိုင်ခဲ့တာဖြစ်ပါတယ်။ Seventeen အနေနဲ့ tvN ရဲ့ YouTube Series ဖြစ်တဲ့ The Game Caterers 2 မှာလည်း ပါဝင်ထားပါသေးတယ်။

Ju Ju

zawgyi

Seventeen အဖြဲ႕ဝင္ေတြဟာ Youth Over Flowers ဆိုတဲ့ Travel Show မွာပါဝင္႐ိုက္ကူးေနတယ္လို႔သိရပါတယ္။ဒီ Travel Show ဟာ tvN က႐ိုက္ကူးထုတ္လႊင့္တဲ့ Show တစ္ခုျဖစ္ၿပီး Program Director ကေတာ့ Na Young Suk ျဖစ္ပါတယ္။ဒီ Travel Show အတြက္ အဖြဲ႕ဝင္ေတြအားလုံးဟာအီတလီႏိုင္ငံ၊ေရာမၿမိဳ႕ကိုေရာက္ရွိေနၿပီလို႔သိရပါတယ္။

“Seventeen အေနနဲ႔ Youth Over Flowers မွာပါဝင္႐ိုက္ကူးေနတယ္ဆိုတာမွန္ကန္ပါတယ္။လက္ရွိမွာေတာ့ သူတို႔ေအးေဆးလုံၿခဳံစြာနဲ႔ ႐ိုက္ကူးေရးလုပ္လို႔ရေအာင္ကြၽန္ေတာ္တို႔ဘက္ကအေသးစိတ္အခ်က္အလက္ေတြကို မေျပာႏိုင္ေသးပါဘူး။အဲဒီအတြက္ေတာင္းပန္ပါတယ္” လို႔ tvN ဘက္ကထုတ္ျပန္ထားပါတယ္။ Seventeen ဟာ မၾကာေသးခင္ကပဲ ဂ်ပန္မွာျပဳလုပ္တဲ့ သူတို႔ရဲ႕ Concert Tour “Follow” ကိုအၿပီးသတ္က်င္းပႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီပြဲစဥ္ေတြအတြင္းမွာ ပရိသတ္ ၅ သိန္းခန႔္နဲ႔ေတြ႕ဆုံႏိုင္ခဲ့တာျဖစ္ပါတယ္။ Seventeen အေနနဲ႔ tvN ရဲ႕ YouTube Series ျဖစ္တဲ့ The Game Caterers 2 မွာလည္း ပါဝင္ထားပါေသးတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*