သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်ပြုတ်ရတဲ့ အကြောင်းရင်းကို Artificial Intelligence (AI) ကြောင့်လို့ ကုမ္ပဏီတွေက ပြောနေကြပါတယ်။ လတ်တလောမှာ ကမ္ဘာ့အလုပ်အကိုင်ဈေးကွက်မှာ အသံကျယ်ကျယ်လောင်လောင်ထွက်နေတာကတော့ ကုမ္ပဏီကြီးတွေ အလုပ်သမားလျှော့ချတဲ့ သတင်းဖြစ်ပါတယ်။ Amazon လို ကြီးမားတဲ့ ကုမ္ပဏီတွေက AI ရဲ့ ထုတ်လုပ်နိုင်စွမ်းကို အကြောင်းပြပြီး ဝန်ထမ်းလျှော့ချတာတွေ လုပ်နေကြပါတယ်။ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ AI ကို ရင်းနှီးမြှုပ်နှံထားတာနဲ့ တန်အောင် ကုန်ကျစရိတ် သက်သာတာတွေနဲ့ အကျိုးအမြတ်တွေ ကုမ္ပဏီတွေ တကယ်ရနေသလားဆိုတဲ့ အချက်မှာ သံသယတွေ ရှိနေပါတယ်။
ကုမ္ပဏီတွေရဲ့ စကားနဲ့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်
Amazon၊ Walmart၊ Goldman Sachs နဲ့ Salesforce လို ကုမ္ပဏီကြီးတွေဟာ AI ရဲ့ စွမ်းဆောင်ရည်နဲ့ ထိရောက်မှု (Efficiency) ကို အကြောင်းပြပြီး ဝန်ထမ်းတွေကို ဖြုတ်ပစ်နေကြပါတယ်။ ဥပမာ Amazon က အလုပ်နေရာ ၁၄,၀၀၀ လျှော့ချတဲ့နေရာမှာ “AI ဟာ ဦးဆောင် အကြောင်းရင်းတစ်ခု” လို့ ကနဦး ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ MIT မှ စီးပွားရေး ပါမောက္ခ David Autor ကတော့ AI ကို အကြောင်းပြတာဟာ ဝန်ထမ်းတွေအလုပ်ဖြုတ်တာကို ဖုံးကွယ်ဖို့အတွက် အကြောင်းပြချက်တစ်ခုသာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ကုမ္ပဏီတွေအနေနဲ့ “ကျွန်တော်တို့ အမြတ်မရလို့၊ ဒါမှမဟုတ် စီးပွားရေး နှေးကွေးလို့ လူလျှော့ရတာပါ” လို့ ပွင့်ပွင့်လင်းလင်း ပြောရတာထက် “AI ကြောင့် အလုပ်ထိရောက်မှုတွေ ရလာလို့ ဝန်ထမ်းတွေ လျှော့ချနေတာပါ” လို့ ပြောရတာက ပိုပြီး လွယ်ကူ အဆင်ပြေစေတယ်လို့ ဆိုပါတယ်။
Amazon က AI ကို အဓိက အကြောင်းပြပြီး ဝန်ထမ်းလျှော့ချတယ်လို့ အစက ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ Amazon ရဲ့ တာဝန်ရှိသူတဦးက “လျှော့ချမှု အများစုရဲ့နောက်ကွယ်က အကြောင်းရင်းက AI မဟုတ်ပါဘူး” လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဒီလို ကွဲလွဲတဲ့ ထုတ်ပြန်ချက်တွေက ကုမ္ပဏီတွေရဲ့ AI နဲ့ ပတ်သက်တဲ့ စကားတွေကို အများပြည်သူ သိဖို့ ခက်ခဲစေပါတယ်။
AI ကနေ ရရှိတဲ့ အကျိုးအမြတ်တွေရဲ့ အခြေအနေ
ကုမ္ပဏီကြီးတွေဟာ AI ရဲ့ အကျိုးအမြတ်ပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံမှု အမြတ်ကို ပိုပြီး တိုင်းတာလာကြပေမဲ့ လက်ရှိအချိန်အထိ AI ကနေ တကယ်တမ်း ရရှိတဲ့ အကျိုးအမြတ်တွေဟာ မရေရာသေးပါဘူး။ Boston Consulting Group (BCG) စစ်တမ်းတွေအရ ကုမ္ပဏီ ၁,၂၅၀ ထဲက ၆၀ရာခိုင်နှုန်း ဟာ AI မှာ အများအပြား ရင်းနှီးမြှုပ်နှံခဲ့ပေမဲ့ “ဝင်ငွေနဲ့ ကုန်ကျစရိတ်တွေမှာ အကျိုးအမြတ် အနည်းငယ်သာ မြင်တွေ့ရသေးတယ်” လို့ ဖြေကြားခဲ့ကြပါတယ်။ Deloitte စစ်တမ်းမှာတော့ ကုမ္ပဏီ ၁၀ရာခိုင်နှုန်း ကသာ AI စနစ်တွေကနေ “သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်း” ရနေပြီလို့ ဖြေဆိုပါတယ်။
ဘဏ္ဍာရေး ဖိအားတွေ
AI ကို မြှင့်တင်နေတဲ့ ကုမ္ပဏီတော်တော်များများဟာ ဘဏ္ဍာရေး ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ Amazon ရဲ့ ဝန်ထမ်းလျှော့ချမှုက ၎င်းတို့ရဲ့ တတိယ သုံးလပတ် ဘဏ္ဍာရေး ရလဒ်တွေ မထုတ်ပြန်ခင် ဖြစ်ပေါ်ခဲ့ပါတယ်။ Salesforce ရဲ့ ရှယ်ယာတွေက ၂၀၂၄ ဒီဇင်ဘာ မှာအမြင့်ဆုံး အခြေအနေကနေ ၂၉ရာခိုင်နှုန်းလောက် ကျဆင်းနေပါတယ်။ Facebook ကို ပိုင်ဆိုင်တဲ့ Meta ကလည်း ၎င်းတို့ရဲ့ AI ဌာနဟာ “ကြီးထွားလွန်းပြီး ဝန်ထုပ်ဝန်ပိုးများနေတယ်” ဆိုတဲ့ စိုးရိမ်ချက်ကြောင့် AI ယူနစ်က အလုပ်နေရာ ၆၀၀ ကို လျှော့ချခဲ့ပါတယ်။ UPS လို ကုမ္ပဏီကြီးတွေကလည်း “အလိုအလျောက်စနစ် (Automation)” ကို အကြောင်းပြပြီး ယာဉ်မောင်းနဲ့ ပါဆယ်ကိုင်တွယ်သူ အပါအဝင် အလုပ်နေရာပေါင်း ၃၄,၀၀၀ ကို ဖယ်ရှားခဲ့ပါတယ်။
ကုမ္ပဏီတွေဟာ AI ကို အသုံးပြုနေကြပြီး ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်နေကြပေမဲ့ လက်ရှိမှာတော့ AI ရဲ့ သိသာထင်ရှားတဲ့ အကျိုးအမြတ်တွေ မပေါ်သေးဘဲ၊ AI ကို အကြောင်းပြပြီး ဘဏ္ဍာရေးနဲ့ စီးပွားရေး ဖိအားတွေကြောင့် ဝန်ထမ်းလျှော့ချနေတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သံသယရှိနေကြပါတယ်။
ကျော့ကေခိုင်
zawgyi
ေသာင္းနဲ႔ခ်ီတဲ့ အလုပ္သမားေတြ အလုပ္ျပဳတ္ရတဲ့ အေၾကာင္းရင္းကို Artificial Intelligence (AI) ေၾကာင့္လို႔ ကုမၸဏီေတြက ေျပာေနၾကပါတယ္။ လတ္တေလာမွာ ကမာၻ႔အလုပ္အကိုင္ေဈးကြက္မွာ အသံက်ယ္က်ယ္ေလာင္ေလာင္ထြက္ေနတာကေတာ့ ကုမၸဏီႀကီးေတြ အလုပ္သမားေလွ်ာ့ခ်တဲ့ သတင္းျဖစ္ပါတယ္။ Amazon လို ႀကီးမားတဲ့ ကုမၸဏီေတြက AI ရဲ႕ ထုတ္လုပ္ႏိုင္စြမ္းကို အေၾကာင္းျပၿပီး ဝန္ထမ္းေလွ်ာ့ခ်တာေတြ လုပ္ေနၾကပါတယ္။ဒါေပမဲ့ တကယ့္လက္ေတြ႕မွာေတာ့ AI ကို ရင္းႏွီးျမႇဳပ္ႏွံထားတာနဲ႔ တန္ေအာင္ ကုန္က်စရိတ္ သက္သာတာေတြနဲ႔ အက်ိဳးအျမတ္ေတြ ကုမၸဏီေတြ တကယ္ရေနသလားဆိုတဲ့ အခ်က္မွာ သံသယေတြ ရွိေနပါတယ္။
ကုမၸဏီေတြရဲ႕ စကားနဲ႔ ကြၽမ္းက်င္သူေတြရဲ႕ သုံးသပ္ခ်က္
Amazon၊ Walmart၊ Goldman Sachs နဲ႔ Salesforce လို ကုမၸဏီႀကီးေတြဟာ AI ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ထိေရာက္မႈ (Efficiency) ကို အေၾကာင္းျပၿပီး ဝန္ထမ္းေတြကို ျဖဳတ္ပစ္ေနၾကပါတယ္။ ဥပမာ Amazon က အလုပ္ေနရာ ၁၄,၀၀၀ ေလွ်ာ့ခ်တဲ့ေနရာမွာ “AI ဟာ ဦးေဆာင္ အေၾကာင္းရင္းတစ္ခု” လို႔ ကနဦး ေျပာဆိုခဲ့ပါတယ္။
ဒါေပမဲ့ MIT မွ စီးပြားေရး ပါေမာကၡ David Autor ကေတာ့ AI ကို အေၾကာင္းျပတာဟာ ဝန္ထမ္းေတြအလုပ္ျဖဳတ္တာကို ဖုံးကြယ္ဖို႔အတြက္ အေၾကာင္းျပခ်က္တစ္ခုသာ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ပါတယ္။ကုမၸဏီေတြအေနနဲ႔ “ကြၽန္ေတာ္တို႔ အျမတ္မရလို႔၊ ဒါမွမဟုတ္ စီးပြားေရး ေႏွးေကြးလို႔ လူေလွ်ာ့ရတာပါ” လို႔ ပြင့္ပြင့္လင္းလင္း ေျပာရတာထက္ “AI ေၾကာင့္ အလုပ္ထိေရာက္မႈေတြ ရလာလို႔ ဝန္ထမ္းေတြ ေလွ်ာ့ခ်ေနတာပါ” လို႔ ေျပာရတာက ပိုၿပီး လြယ္ကူ အဆင္ေျပေစတယ္လို႔ ဆိုပါတယ္။
Amazon က AI ကို အဓိက အေၾကာင္းျပၿပီး ဝန္ထမ္းေလွ်ာ့ခ်တယ္လို႔ အစက ေျပာခဲ့ေပမဲ့ ေနာက္ပိုင္းမွာ Amazon ရဲ႕ တာဝန္ရွိသူတဦးက “ေလွ်ာ့ခ်မႈ အမ်ားစုရဲ႕ေနာက္ကြယ္က အေၾကာင္းရင္းက AI မဟုတ္ပါဘူး” လို႔ ျပန္လည္ေျပာဆိုခဲ့ပါတယ္။ ဒီလို ကြဲလြဲတဲ့ ထုတ္ျပန္ခ်က္ေတြက ကုမၸဏီေတြရဲ႕ AI နဲ႔ ပတ္သက္တဲ့ စကားေတြကို အမ်ားျပည္သူ သိဖို႔ ခက္ခဲေစပါတယ္။
AI ကေန ရရွိတဲ့ အက်ိဳးအျမတ္ေတြရဲ႕ အေျခအေန
ကုမၸဏီႀကီးေတြဟာ AI ရဲ႕ အက်ိဳးအျမတ္ေပၚ မူတည္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈ အျမတ္ကို ပိုၿပီး တိုင္းတာလာၾကေပမဲ့ လက္ရွိအခ်ိန္အထိ AI ကေန တကယ္တမ္း ရရွိတဲ့ အက်ိဳးအျမတ္ေတြဟာ မေရရာေသးပါဘူး။ Boston Consulting Group (BCG) စစ္တမ္းေတြအရ ကုမၸဏီ ၁,၂၅၀ ထဲက ၆၀ရာခိုင္ႏႈန္း ဟာ AI မွာ အမ်ားအျပား ရင္းႏွီးျမႇဳပ္ႏွံခဲ့ေပမဲ့ “ဝင္ေငြနဲ႔ ကုန္က်စရိတ္ေတြမွာ အက်ိဳးအျမတ္ အနည္းငယ္သာ ျမင္ေတြ႕ရေသးတယ္” လို႔ ေျဖၾကားခဲ့ၾကပါတယ္။ Deloitte စစ္တမ္းမွာေတာ့ ကုမၸဏီ ၁၀ရာခိုင္ႏႈန္း ကသာ AI စနစ္ေတြကေန “သိသာထင္ရွားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈ အျမတ္အစြန္း” ရေနၿပီလို႔ ေျဖဆိုပါတယ္။
ဘ႑ာေရး ဖိအားေတြ
AI ကို ျမႇင့္တင္ေနတဲ့ ကုမၸဏီေတာ္ေတာ္မ်ားမ်ားဟာ ဘ႑ာေရး ဖိအားေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ Amazon ရဲ႕ ဝန္ထမ္းေလွ်ာ့ခ်မႈက ၎တို႔ရဲ႕ တတိယ သုံးလပတ္ ဘ႑ာေရး ရလဒ္ေတြ မထုတ္ျပန္ခင္ ျဖစ္ေပၚခဲ့ပါတယ္။ Salesforce ရဲ႕ ရွယ္ယာေတြက ၂၀၂၄ ဒီဇင္ဘာ မွာအျမင့္ဆုံး အေျခအေနကေန ၂၉ရာခိုင္ႏႈန္းေလာက္ က်ဆင္းေနပါတယ္။ Facebook ကို ပိုင္ဆိုင္တဲ့ Meta ကလည္း ၎တို႔ရဲ႕ AI ဌာနဟာ “ႀကီးထြားလြန္းၿပီး ဝန္ထုပ္ဝန္ပိုးမ်ားေနတယ္” ဆိုတဲ့ စိုးရိမ္ခ်က္ေၾကာင့္ AI ယူနစ္က အလုပ္ေနရာ ၆၀၀ ကို ေလွ်ာ့ခ်ခဲ့ပါတယ္။ UPS လို ကုမၸဏီႀကီးေတြကလည္း “အလိုအေလ်ာက္စနစ္ (Automation)” ကို အေၾကာင္းျပၿပီး ယာဥ္ေမာင္းနဲ႔ ပါဆယ္ကိုင္တြယ္သူ အပါအဝင္ အလုပ္ေနရာေပါင္း ၃၄,၀၀၀ ကို ဖယ္ရွားခဲ့ပါတယ္။
ကုမၸဏီေတြဟာ AI ကို အသုံးျပဳေနၾကၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြလည္း လုပ္ေနၾကေပမဲ့ လက္ရွိမွာေတာ့ AI ရဲ႕ သိသာထင္ရွားတဲ့ အက်ိဳးအျမတ္ေတြ မေပၚေသးဘဲ၊ AI ကို အေၾကာင္းျပၿပီး ဘ႑ာေရးနဲ႔ စီးပြားေရး ဖိအားေတြေၾကာင့္ ဝန္ထမ္းေလွ်ာ့ခ်ေနတာ ျဖစ္ႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက သံသယရွိေနၾကပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply