ကမ္ဘာ့မော်တော်ကားလောကရဲ့ ထိပ်သီးဖြစ်တဲ့ Toyota လုပ်ငန်းစုရဲ့ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုစနစ် (Human Resource Management System အကြောင်းက အလွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ Toyota ဟာကားကောင်းတွေ ထုတ်လုပ် ရုံသာမကဘဲ သူတို့ရဲ့ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုပုံစံဟာလည်း ကမ္ဘာမှာ
စံပြတစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ လူသာလျှင် ပဓာနလို့ပြောလေ့ရှိကြပေမယ့် Toyota ကတော့ ဒီစကားကို လက်တွေ့ အကျ ဆုံး အကောင်အထည်ဖော်ထားတဲ့ကုမ္ပဏီလို့ ပြောလို့ရပါတယ်။ သူတို့မှာ ကျော်ကြားတဲ့ ဆောင်ပုဒ်က ။ Monozukuri is Hitozukuri ဆိုတာပါ။အဓိပ္ပာယ်ကတော့ ပစ္စည်းကောင်းတစ်ခု ထွက်ဖို့ဆိုတာ လူကောင်းတွေ မွေးထုတ်ပေးဖို့ လိုတယ်ဆိုတဲ့သဘောပါပဲ။ ဒါကြောင့် Toyota လုပ်ငန်းစုရဲ့ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုစနစ်ကို ကဏ္ဍတစ်ခုချင်းစီအသေးစိတ် လေ့လာကြည့်ကြပါစို့။
၁။ ဝန်ထမ်းရွေးချယ်ခန့်အပ်မှုစနစ် (Recruitment Selection)
Toyota ဟာ ဝန်ထမ်းတစ်ယောက်ကို ခန့်တော့မယ်ဆိုရင် အလွယ်တကူ မရွေးပါဘူး။ သူတို့က ရေရှည် လက်တွဲနိုင် မယ့်သူ၊ သူတို့ရဲ့ ကုမ္ပဏီယဉ်ကျေးမှု(Culture) နဲ့ ကိုက်ညီမယ့်သူကိုပဲ ရှာဖွေခန့်ထားပါတယ်။
(၁/၁) သဘောထားကို ဦးစားပေးခြင်း (Attitude Over Skills): Toyota မှာ အလုပ်လုပ်ဖို့ဆိုရင်ပညာအရည်အချင်း တော်နေရုံနဲ့ မလုံလောက်ပါဘူး။ အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း ရှိသလား၊ပြဿနာတွေကို ဖြေရှင်းချင် စိတ် ရှိသလား ဆိုတာကို အဓိကထား စစ်ဆေးပါတယ်။ Toyota မှာက Teamwork က အသက်တမျှအရေးကြီးတာမို့ တစ်ကိုယ်ကောင်း ဆန်တဲ့သူတွေ၊ ငါတစ်ယောက်တည်းတော်တယ် ဆိုတဲ့သူတွေကို သူတို့ သိပ်သဘောမကျကြပါဘူး။
(၁/၂) စေ့စပ်သေချာသော အင်တာဗျူးများ: Toyota မှာ ဝန်ထမ်းသစ်တစ်ယောက်ကို ရွေးချယ်ဖို့အတွက်ကိုအဆင့်ဆင့် စစ်ဆေး လေ့ရှိပါတယ်။ တစ်ခါတလေ လက်တွေ့စမ်းသပ်မှုတွေ (Practical Tests) လုပ်ခိုင်းပြီးဒီလူဟာ အလုပ်ကို တကယ် စိတ်ရှည်သည်းခံနိုင်မလား၊ တိကျသေချာမှု ရှိလားဆိုတာကို ကြည့်ပါတယ်။
(၁/၃) Diversity (မတူကွဲပြားမှု): အခုနောက်ပိုင်းမှာတော့ Toyota ဟာ ကမ္ဘာ့ကုမ္ပဏီ ဖြစ်လာတဲ့အတွက်လူမျိုး၊ ဘာသာ၊ ကျား/မ မရွေး တန်းတူညီမျှ ရွေးချယ်မှုစနစ်ကို ကျင့်သုံးလာတာ တွေ့ရပါတယ်။
၂။ လေ့ကျင့်သင်ကြားပေးမှုစနစ် (Training Development)
Toyota ရဲ့ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုစနစ်မှာ အားအကောင်းဆုံး အချက်ကတော့ ဝန်ထမ်းတွေကို စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးခြင်းပဲဖြစ်ပါတယ်။
(၂/၁) OJT (On-the-Job Training): OJT လို့ခေါ်တဲ့ လက်တွေ့သင်ယူစေခြင်းဟာ Toyota ရဲ့ သင်ကြားမှုကျောရိုး ပါပဲ။ စာသင်ခန်းထဲမှာ ထိုင်ပြီး သင်တာထက် လုပ်ငန်းခွင်ထဲမှာ လက်တွေ့လုပ်ရင်း သင်ယူစေတာပါ။အလုပ်ခွင်ထဲမှာ Senpai-Kohai (စီနီယာ-ဂျူနီယာ) စနစ်နဲ့ စီနီယာက ဂျူနီယာကို လက်တွဲခေါ်ပြီးသေသေ ချာချာ သင်ပေးတဲ့ စနစ်ကို သေချာစွာကျင့်သုံးပါတယ်။
(၂/၂) Job Rotation (အလုပ်တာဝန် လှည့်ပြောင်းပေးခြင်း): ဝန်ထမ်းတစ်ယောက်ဟာနေရာတစ်ခုတည်းမှာပဲ ကျွမ်းကျင်နေတာမျိုး မဟုတ်ဘဲ၊ နေရာစုံ၊ ဌာနစုံကို နားလည်စေချင်တဲ့အတွက် Job Rotation လုပ်ပေးပါတယ်။ ဒါမှ ဝန်ထမ်းက ကုမ္ပဏီရဲ့ လုပ်ငန်းစဉ်တစ်ခုလုံး (Big Picture) ကို နားလည်လာပြီး
Management Level စီမံခန့်ခွဲမှု အဆင့်အရာရှိနေရာ ရောက်တဲ့အခါ ဆုံးဖြတ်ချက်မှန်မှန် ချနိုင်မှာ ဖြစ်ပါတယ်။
(၂/၃) Problem Solving Skills: ဝန်ထမ်းတိုင်းကို ပြဿနာဖြေရှင်းနည်း သင်ပေးပါတယ်။ ဥပမာ- 5 Whys လိုမျိုး နည်းစနစ်တွေပေါ့။ ပြဿနာတစ်ခုဖြစ်ရင် ဘာကြောင့်လဲ ဆိုတာကို ၅ ခါလောက်မေးပြီးအဖြေရှာခိုင်းတာမျိုးပါ။ ဒါက ဝန်ထမ်းတွေရဲ့ တွေးခေါ်မှုစွမ်းရည် (Thinking Ability) ကို မြှင့်တင်ပေးတာဖြစ်ပါတယ်။
၃။ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုနှင့် ယဉ်ကျေးမှု (HR Management Culture)
Toyota ရဲ့ စီမံခန့်ခွဲမှုက Respect for People (လူကို လေးစားခြင်း) နဲ့ Continuous Improvement (Kaizen – အမြဲမပြတ် တိုးတက်စေခြင်း) ပေါ်မှာ အခြေခံထားပါတယ်။
(၃/၁) Kaizen (အမြဲမပြတ် တိုးတက်မှု): ကုမ္ပဏီမှာ အောက်ခြေဝန်ထမ်းကအစ မန်နေဂျာအထိ သူတို့ရဲ့အလုပ်ခွင်ကို ဘယ်လို ပိုကောင်းအောင် လုပ်မလဲဆိုတာ အမြဲ စဉ်းစားခွင့်ရှိပါတယ်။ ဝန်ထမ်းတွေရဲ့အကြံဉာဏ် (Suggestions) တွေကို အလေးထားပြီး လက်ခံပါတယ်။ ဝန်ထမ်းက ကိုယ့်အကြံဉာဏ်နဲ့ ကုမ္ပဏီတိုးတက်သွားတာကို မြင်ရတဲ့အခါ Motivation (တွန်းအား) အရမ်းရစေပါတယ်။
(၃/၂) Lifetime Employment (တစ်သက်တာ အလုပ်အကိုင်): အရင်တုန်းကတော့ Toyota ဟာဝန်ထမ်းတစ်ယောက် ဝင်လာရင် ပင်စင်ယူတဲ့အထိ တာဝန်ယူလေ့ရှိပါတယ်။ အခုခေတ်မှာ ဒီစနစ်က နည်းနည်းပြောင်းလဲလာပေမယ့် ဝန်ထမ်းတွေကို အလွယ်တကူ အလုပ်ထုတ်တာမျိုး မလုပ်ပါဘူး။အခက်အခဲကြုံရင်တောင် ဝန်ထမ်းလျှော့ချတာကို နောက်ဆုံးမှ စဉ်းစားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
(၃/၃) Team Bonding: ဌာနတွင်း စည်းလုံးညီညွတ်မှု ရှိစေဖို့ အစည်းအဝေးတွေ၊ ဆွေးနွေးတိုင်ပင်မှုတွေကိုပုံမှန် လုပ်ပါတယ်။ အမိန့်ပေး စီမံခန့်ခွဲတာထက် ညှိနှိုင်းတိုင်ပင်ပြီး သဘောတူညီမှုယူတဲ့ ပုံစံကို ပိုအားသန်ပြီးကျင့်သုံးလေ့ ရှိပါတယ်။
၄။ Facility Welfare (သက်သာချောင်ချိရေးနှင့် ဝန်ဆောင်မှုများ)
ဝန်ထမ်းတစ်ယောက် အလုပ်ကို စိတ်ဖြောင့်လက်ဖြောင့် လုပ်နိုင်ဖို့ဆိုတာ အိမ်နောက်ဖေး မီးလင်းဖို့၊စားဝတ်နေရေး အဆင်ပြေဖို့ လိုတယ်ဆိုတာကို Toyota က ကောင်းကောင်း နားလည်ပါတယ်။
(၄/၁) အဆောင်နှင့် နေထိုင်ရေး: အထူးသဖြင့် ဂျပန်နိုင်ငံနဲ့ နိုင်ငံကြီးတွေက စက်ရုံတွေမှာဆိုရင်ဝန်ထမ်းတွေအတွက် အဆင့်မီ အဆောင် (Dormitories) တွေ စီစဉ်ပေးထားပါတယ်။တစ်ကိုယ်ရေသမားတွေအတွက် သီးသန့်၊ မိသားစုနဲ့ ဝန်ထမ်းတွေအတွက် အိမ်ရာစီမံကိန်းတွေ (Company Housing) စီစဉ်ထားရှိပါတယ်။
(၄/၂) အစားအသောက်နှင့် သယ်ယူပို့ဆောင်ရေး: စက်ရုံတွေမှာ ဈေးနှုန်းသက်သာပြီး အာဟာရပြည့်ဝတဲ့ကန်တင်း (Cafeteria) တွေ ရှိပါတယ်။ ရုံးချိန်အမီ အကြိုအပို့ ယာဉ်လိုင်းတွေလည်း စီစဉ်ပေးထားတဲ့အတွက်ဝန်ထမ်းတွေ လမ်းခရီး ပင်ပန်းသက်သာပြီး လုပ်ငန်းခွင်တွင် အပြည့်အဝအာရုံစိုက်စေပါတယ်။
(၄/၃) Sports Recreation: Toyota မှာ နာမည်ကြီးတာက အားကစားအသင်းတွေပါ။ ဘေ့စ်ဘော၊ ရပ်ဘီ၊ဘောလုံး အစရှိတဲ့ အသင်းတွေရှိပြီး ဝန်ထမ်းတွေ စိတ်အပန်းဖြေဖို့၊ ကျန်းမာရေး လိုက်စားဖို့ အားပေးပါတယ်။ Gym တွေ၊ ရေကူးကန်တွေလို Facility တွေလည်း ထားရှိပေးပါတယ်။
၅။ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု (Health Social Care) Toyota ရဲ့ ဆောင်ပုဒ်က Safety First (ဘေးကင်းရေးသည် ပထမ) ဖြစ်တဲ့အတွက် ဝန်ထမ်းတွေရဲ့ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကိုလည်း အထူးအလေးထားစီစဉ်ပေးထားပါတယ်။
(၅/၁) လုပ်ငန်းခွင် ဘေးကင်းရေး: စက်ရုံထဲမှာ ထိခိုက်မှု မဖြစ်အောင် အထူး ဂရုစိုက်ပါတယ်။ ဝန်ထမ်းတွေအလုပ်လုပ် ရတာ သက်သာအောင် Ergonomics (ခန္ဓာဗေဒနဲ့ ကိုက်ညီတဲ့ အနေအထား) ဖြစ်ဖို့ စက်တွေကိုဒီဇိုင်းဆွဲပေးထား ပါတယ်။ လေးလံတဲ့ ပစ္စည်းတွေ မဖို့အတွက် စက်ရုပ်တွေ၊ အထောက်အကူပြု ကိရိယာတွေသုံးပါတယ်။
(၅/၂) ကျန်းမာရေး စောင့်ရှောက်မှု: ဝန်ထမ်းတွေအတွက် နှစ်စဉ် ကျန်းမာရေး စစ်ဆေးပေးတာ (Annual Check-up) တွေ လုပ်ပေးပါတယ်။ စက်ရုံဝင်းအတွင်းမှာ ဆေးပေးခန်းတွေ၊ ဆရာဝန်တွေ အမြဲရှိနေပြီး၊စိတ်ကျန်းမာရေး (Mental Health) အတွက်လည်း ဆွေးနွေးတိုင်ပင်လို့ရတဲ့ ဌာနတွေ ထားရှိပေးပါတယ်။
(၅/၃) မိသားစု ထောက်ပံ့မှု: ဝန်ထမ်းတွေရဲ့ ကလေးတွေ ပညာရေးအတွက် ထောက်ပံ့ကြေးတွေ၊မိသားစုထဲမှာ နာမကျန်းဖြစ်ရင် ခွင့်ယူနိုင်တဲ့ စနစ်တွေ၊ ကလေးမွေးဖွားခွင့် (Maternity/Paternity Leave) တွေကိုလည်း ဥပဒေ သတ်မှတ်ထားသည်ထက်ပင် ပိုမို ပြည့်စုံအောင် စီစဉ်ပေးလေ့ ရှိပါတယ်။
နိဂုံး
Toyota ရဲ့ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုစနစ်ဟာ ဝန်ထမ်းကို တန်ဖိုးထားခြင်းဆိုတဲ့ အခြေခံပေါ်မှာတည်ဆောက် ထားပြီး ဝန်ထမ်းတွေကို စက်ရုပ်လို သဘောမထားဘဲ၊ တွေးခေါ်မြော်မြင်နိုင်တဲ့မိတ်ဖက်တွေအဖြစ် သဘောထား ပါတယ်။ Toyota မှာ အလုပ်လုပ်ရတာ စည်းကမ်းကြီးတယ်၊ ပင်ပန်းတယ်လို့ထင်ရပေမယ့်၊ တဖက်မှာလည်း ဝန်ထမ်းရဲ့ ဘဝတိုးတက်ရေး၊ ကျန်းမာရေးနဲ့ မိသားစုရေးရာတွေအထိမျှတအောင် စီစဉ်ပေးထားတဲ့အတွက် ဝန်ထမ်းတွေက ကုမ္ပဏီ အပေါ် သစ္စာရှိကြတာ (Loyalty) ဖြစ်ပါတယ်။ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ၊ စီမံခန့်ခွဲသူတွေ အတုယူသင့်တဲ့ စနစ်ကောင်းတစ်ခုဖြစ်ပါကြောင်းမျှဝေလိုက်ရပါတယ်။
ဥက္ကာမြင့် (OMEGA Consultancy)
ကမာၻ႔ေမာ္ေတာ္ကားေလာကရဲ႕ ထိပ္သီးျဖစ္တဲ့ Toyota လုပ္ငန္းစုရဲ႕ ဝန္ထမ္းေရးရာ စီမံခန္႔ခြဲမႈစနစ္ (Human Resource Management System အေၾကာင္းက အလြန္စိတ္ဝင္စားဖြယ္ေကာင္းပါတယ္။ Toyota ဟာကားေကာင္းေတြ ထုတ္လုပ္ ႐ုံသာမကဘဲ သူတို႔ရဲ႕ လူ႔စြမ္းအားအရင္းအျမစ္ စီမံခန႔္ခြဲမႈပုံစံဟာလည္း ကမာၻမွာ
စံျပတစ္ခုအေနနဲ႔ ရပ္တည္ေနပါတယ္။ စီးပြားေရးလုပ္ငန္းေတြမွာ လူသာလွ်င္ ပဓာနလို႔ေျပာေလ့ရွိၾကေပမယ့္ Toyota ကေတာ့ ဒီစကားကို လက္ေတြ႕ အက် ဆုံး အေကာင္အထည္ေဖာ္ထားတဲ့ကုမၸဏီလို႔ ေျပာလို႔ရပါတယ္။ သူတို႔မွာ ေက်ာ္ၾကားတဲ့ ေဆာင္ပုဒ္က ။ Monozukuri is Hitozukuri ဆိုတာပါ။အဓိပၸာယ္ကေတာ့ ပစၥည္းေကာင္းတစ္ခု ထြက္ဖို႔ဆိုတာ လူေကာင္းေတြ ေမြးထုတ္ေပးဖို႔ လိုတယ္ဆိုတဲ့သေဘာပါပဲ။ ဒါေၾကာင့္ Toyota လုပ္ငန္းစုရဲ႕ ဝန္ထမ္းေရးရာ စီမံခန္႔ခြဲမႈစနစ္ကို က႑တစ္ခုခ်င္းစီအေသးစိတ္ ေလ့လာၾကည့္ၾကပါစို႔။
၁။ ဝန္ထမ္းေ႐ြးခ်ယ္ခန႔္အပ္မႈစနစ္ (Recruitment Selection)
Toyota ဟာ ဝန္ထမ္းတစ္ေယာက္ကို ခန႔္ေတာ့မယ္ဆိုရင္ အလြယ္တကူ မေ႐ြးပါဘူး။ သူတို႔က ေရရွည္ လက္တြဲႏိုင္ မယ့္သူ၊ သူတို႔ရဲ႕ ကုမၸဏီယဥ္ေက်းမႈ(Culture) နဲ႔ ကိုက္ညီမယ့္သူကိုပဲ ရွာေဖြခန႔္ထားပါတယ္။
(၁/၁) သေဘာထားကို ဦးစားေပးျခင္း (Attitude Over Skills): Toyota မွာ အလုပ္လုပ္ဖို႔ဆိုရင္ပညာအရည္အခ်င္း ေတာ္ေန႐ုံနဲ႔ မလုံေလာက္ပါဘူး။ အသင္းအဖြဲ႕နဲ႔ ပူးေပါင္းလုပ္ေဆာင္ႏိုင္စြမ္း ရွိသလား၊ျပႆနာေတြကို ေျဖရွင္းခ်င္ စိတ္ ရွိသလား ဆိုတာကို အဓိကထား စစ္ေဆးပါတယ္။ Toyota မွာက Teamwork က အသက္တမွ်အေရးႀကီးတာမို႔ တစ္ကိုယ္ေကာင္း ဆန္တဲ့သူေတြ၊ ငါတစ္ေယာက္တည္းေတာ္တယ္ ဆိုတဲ့သူေတြကို သူတို႔ သိပ္သေဘာမက်ၾကပါဘူး။
(၁/၂) ေစ့စပ္ေသခ်ာေသာ အင္တာဗ်ဴးမ်ား: Toyota မွာ ဝန္ထမ္းသစ္တစ္ေယာက္ကို ေ႐ြးခ်ယ္ဖို႔အတြက္ကိုအဆင့္ဆင့္ စစ္ေဆး ေလ့ရွိပါတယ္။ တစ္ခါတေလ လက္ေတြ႕စမ္းသပ္မႈေတြ (Practical Tests) လုပ္ခိုင္းၿပီးဒီလူဟာ အလုပ္ကို တကယ္ စိတ္ရွည္သည္းခံႏိုင္မလား၊ တိက်ေသခ်ာမႈ ရွိလားဆိုတာကို ၾကည့္ပါတယ္။
(၁/၃) Diversity (မတူကြဲျပားမႈ): အခုေနာက္ပိုင္းမွာေတာ့ Toyota ဟာ ကမာၻ႔ကုမၸဏီ ျဖစ္လာတဲ့အတြက္လူမ်ိဳး၊ ဘာသာ၊ က်ား/မ မေ႐ြး တန္းတူညီမွ် ေ႐ြးခ်ယ္မႈစနစ္ကို က်င့္သုံးလာတာ ေတြ႕ရပါတယ္။
၂။ ေလ့က်င့္သင္ၾကားေပးမႈစနစ္ (Training Development)
Toyota ရဲ႕ ဝန္ထမ္းေရးရာစီမံခန႔္ခြဲမႈစနစ္မွာ အားအေကာင္းဆုံး အခ်က္ကေတာ့ ဝန္ထမ္းေတြကို စနစ္တက်ေလ့က်င့္ပ်ိဳးေထာင္ေပးျခင္းပဲျဖစ္ပါတယ္။
(၂/၁) OJT (On-the-Job Training): OJT လို႔ေခၚတဲ့ လက္ေတြ႕သင္ယူေစျခင္းဟာ Toyota ရဲ႕ သင္ၾကားမႈေက်ာ႐ိုး ပါပဲ။ စာသင္ခန္းထဲမွာ ထိုင္ၿပီး သင္တာထက္ လုပ္ငန္းခြင္ထဲမွာ လက္ေတြ႕လုပ္ရင္း သင္ယူေစတာပါ။အလုပ္ခြင္ထဲမွာ Senpai-Kohai (စီနီယာ-ဂ်ဴနီယာ) စနစ္နဲ႔ စီနီယာက ဂ်ဴနီယာကို လက္တြဲေခၚၿပီးေသေသ ခ်ာခ်ာ သင္ေပးတဲ့ စနစ္ကို ေသခ်ာစြာက်င့္သုံးပါတယ္။
(၂/၂) Job Rotation (အလုပ္တာဝန္ လွည့္ေျပာင္းေပးျခင္း): ဝန္ထမ္းတစ္ေယာက္ဟာေနရာတစ္ခုတည္းမွာပဲ ကြၽမ္းက်င္ေနတာမ်ိဳး မဟုတ္ဘဲ၊ ေနရာစုံ၊ ဌာနစုံကို နားလည္ေစခ်င္တဲ့အတြက္ Job Rotation လုပ္ေပးပါတယ္။ ဒါမွ ဝန္ထမ္းက ကုမၸဏီရဲ႕ လုပ္ငန္းစဥ္တစ္ခုလုံး (Big Picture) ကို နားလည္လာၿပီး
Management Level စီမံခန႔္ခြဲမႈ အဆင့္အရာရွိေနရာ ေရာက္တဲ့အခါ ဆုံးျဖတ္ခ်က္မွန္မွန္ ခ်ႏိုင္မွာ ျဖစ္ပါတယ္။
(၂/၃) Problem Solving Skills: ဝန္ထမ္းတိုင္းကို ျပႆနာေျဖရွင္းနည္း သင္ေပးပါတယ္။ ဥပမာ- 5 Whys လိုမ်ိဳး နည္းစနစ္ေတြေပါ့။ ျပႆနာတစ္ခုျဖစ္ရင္ ဘာေၾကာင့္လဲ ဆိုတာကို ၅ ခါေလာက္ေမးၿပီးအေျဖရွာခိုင္းတာမ်ိဳးပါ။ ဒါက ဝန္ထမ္းေတြရဲ႕ ေတြးေခၚမႈစြမ္းရည္ (Thinking Ability) ကို ျမႇင့္တင္ေပးတာျဖစ္ပါတယ္။
၃။ ဝန္ထမ္းေရးရာ စီမံခန႔္ခြဲမႈႏွင့္ ယဥ္ေက်းမႈ (HR Management Culture)
Toyota ရဲ႕ စီမံခန႔္ခြဲမႈက Respect for People (လူကို ေလးစားျခင္း) နဲ႔ Continuous Improvement (Kaizen – အၿမဲမျပတ္ တိုးတက္ေစျခင္း) ေပၚမွာ အေျခခံထားပါတယ္။
(၃/၁) Kaizen (အၿမဲမျပတ္ တိုးတက္မႈ): ကုမၸဏီမွာ ေအာက္ေျခဝန္ထမ္းကအစ မန္ေနဂ်ာအထိ သူတို႔ရဲ႕အလုပ္ခြင္ကို ဘယ္လို ပိုေကာင္းေအာင္ လုပ္မလဲဆိုတာ အၿမဲ စဥ္းစားခြင့္ရွိပါတယ္။ ဝန္ထမ္းေတြရဲ႕အႀကံဉာဏ္ (Suggestions) ေတြကို အေလးထားၿပီး လက္ခံပါတယ္။ ဝန္ထမ္းက ကိုယ့္အႀကံဉာဏ္နဲ႔ ကုမၸဏီတိုးတက္သြားတာကို ျမင္ရတဲ့အခါ Motivation (တြန္းအား) အရမ္းရေစပါတယ္။
(၃/၂) Lifetime Employment (တစ္သက္တာ အလုပ္အကိုင္): အရင္တုန္းကေတာ့ Toyota ဟာဝန္ထမ္းတစ္ေယာက္ ဝင္လာရင္ ပင္စင္ယူတဲ့အထိ တာဝန္ယူေလ့ရွိပါတယ္။ အခုေခတ္မွာ ဒီစနစ္က နည္းနည္းေျပာင္းလဲလာေပမယ့္ ဝန္ထမ္းေတြကို အလြယ္တကူ အလုပ္ထုတ္တာမ်ိဳး မလုပ္ပါဘူး။အခက္အခဲႀကဳံရင္ေတာင္ ဝန္ထမ္းေလွ်ာ့ခ်တာကို ေနာက္ဆုံးမွ စဥ္းစားတဲ့ ကုမၸဏီျဖစ္ပါတယ္။
(၃/၃) Team Bonding: ဌာနတြင္း စည္းလုံးညီၫြတ္မႈ ရွိေစဖို႔ အစည္းအေဝးေတြ၊ ေဆြးေႏြးတိုင္ပင္မႈေတြကိုပုံမွန္ လုပ္ပါတယ္။ အမိန႔္ေပး စီမံခန႔္ခြဲတာထက္ ညႇိႏႈိင္းတိုင္ပင္ၿပီး သေဘာတူညီမႈယူတဲ့ ပုံစံကို ပိုအားသန္ၿပီးက်င့္သုံးေလ့ ရွိပါတယ္။
၄။ Facility Welfare (သက္သာေခ်ာင္ခ်ိေရးႏွင့္ ဝန္ေဆာင္မႈမ်ား)
ဝန္ထမ္းတစ္ေယာက္ အလုပ္ကို စိတ္ေျဖာင့္လက္ေျဖာင့္ လုပ္ႏိုင္ဖို႔ဆိုတာ အိမ္ေနာက္ေဖး မီးလင္းဖို႔၊စားဝတ္ေနေရး အဆင္ေျပဖို႔ လိုတယ္ဆိုတာကို Toyota က ေကာင္းေကာင္း နားလည္ပါတယ္။
(၄/၁) အေဆာင္ႏွင့္ ေနထိုင္ေရး: အထူးသျဖင့္ ဂ်ပန္ႏိုင္ငံနဲ႔ ႏိုင္ငံႀကီးေတြက စက္႐ုံေတြမွာဆိုရင္ဝန္ထမ္းေတြအတြက္ အဆင့္မီ အေဆာင္ (Dormitories) ေတြ စီစဥ္ေပးထားပါတယ္။တစ္ကိုယ္ေရသမားေတြအတြက္ သီးသန႔္၊ မိသားစုနဲ႔ ဝန္ထမ္းေတြအတြက္ အိမ္ရာစီမံကိန္းေတြ (Company Housing) စီစဥ္ထားရွိပါတယ္။
(၄/၂) အစားအေသာက္ႏွင့္ သယ္ယူပို႔ေဆာင္ေရး: စက္႐ုံေတြမွာ ေဈးႏႈန္းသက္သာၿပီး အာဟာရျပည့္ဝတဲ့ကန္တင္း (Cafeteria) ေတြ ရွိပါတယ္။ ႐ုံးခ်ိန္အမီ အႀကိဳအပို႔ ယာဥ္လိုင္းေတြလည္း စီစဥ္ေပးထားတဲ့အတြက္ဝန္ထမ္းေတြ လမ္းခရီး ပင္ပန္းသက္သာၿပီး လုပ္ငန္းခြင္တြင္ အျပည့္အဝအာ႐ုံစိုက္ေစပါတယ္။
(၄/၃) Sports Recreation: Toyota မွာ နာမည္ႀကီးတာက အားကစားအသင္းေတြပါ။ ေဘ့စ္ေဘာ၊ ရပ္ဘီ၊ေဘာလုံး အစရွိတဲ့ အသင္းေတြရွိၿပီး ဝန္ထမ္းေတြ စိတ္အပန္းေျဖဖို႔၊ က်န္းမာေရး လိုက္စားဖို႔ အားေပးပါတယ္။ Gym ေတြ၊ ေရကူးကန္ေတြလို Facility ေတြလည္း ထားရွိေပးပါတယ္။
၅။ က်န္းမာေရးႏွင့္ လူမႈေရးေစာင့္ေရွာက္မႈ (Health Social Care) Toyota ရဲ႕ ေဆာင္ပုဒ္က Safety First (ေဘးကင္းေရးသည္ ပထမ) ျဖစ္တဲ့အတြက္ ဝန္ထမ္းေတြရဲ႕က်န္းမာေရးနဲ႔ ေဘးကင္းလုံၿခဳံေရးကိုလည္း အထူးအေလးထားစီစဥ္ေပးထားပါတယ္။
(၅/၁) လုပ္ငန္းခြင္ ေဘးကင္းေရး: စက္႐ုံထဲမွာ ထိခိုက္မႈ မျဖစ္ေအာင္ အထူး ဂ႐ုစိုက္ပါတယ္။ ဝန္ထမ္းေတြအလုပ္လုပ္ ရတာ သက္သာေအာင္ Ergonomics (ခႏၶာေဗဒနဲ႔ ကိုက္ညီတဲ့ အေနအထား) ျဖစ္ဖို႔ စက္ေတြကိုဒီဇိုင္းဆြဲေပးထား ပါတယ္။ ေလးလံတဲ့ ပစၥည္းေတြ မဖို႔အတြက္ စက္႐ုပ္ေတြ၊ အေထာက္အကူျပဳ ကိရိယာေတြသုံးပါတယ္။
(၅/၂) က်န္းမာေရး ေစာင့္ေရွာက္မႈ: ဝန္ထမ္းေတြအတြက္ ႏွစ္စဥ္ က်န္းမာေရး စစ္ေဆးေပးတာ (Annual Check-up) ေတြ လုပ္ေပးပါတယ္။ စက္႐ုံဝင္းအတြင္းမွာ ေဆးေပးခန္းေတြ၊ ဆရာဝန္ေတြ အၿမဲရွိေနၿပီး၊စိတ္က်န္းမာေရး (Mental Health) အတြက္လည္း ေဆြးေႏြးတိုင္ပင္လို႔ရတဲ့ ဌာနေတြ ထားရွိေပးပါတယ္။
(၅/၃) မိသားစု ေထာက္ပံ့မႈ: ဝန္ထမ္းေတြရဲ႕ ကေလးေတြ ပညာေရးအတြက္ ေထာက္ပံ့ေၾကးေတြ၊မိသားစုထဲမွာ နာမက်န္းျဖစ္ရင္ ခြင့္ယူႏိုင္တဲ့ စနစ္ေတြ၊ ကေလးေမြးဖြားခြင့္ (Maternity/Paternity Leave) ေတြကိုလည္း ဥပေဒ သတ္မွတ္ထားသည္ထက္ပင္ ပိုမို ျပည့္စုံေအာင္ စီစဥ္ေပးေလ့ ရွိပါတယ္။
နိဂုံး
Toyota ရဲ႕ ဝန္ထမ္းေရးရာ စီမံခန႔္ခြဲမႈစနစ္ဟာ ဝန္ထမ္းကို တန္ဖိုးထားျခင္းဆိုတဲ့ အေျခခံေပၚမွာတည္ေဆာက္ ထားၿပီး ဝန္ထမ္းေတြကို စက္႐ုပ္လို သေဘာမထားဘဲ၊ ေတြးေခၚေျမာ္ျမင္ႏိုင္တဲ့မိတ္ဖက္ေတြအျဖစ္ သေဘာထား ပါတယ္။ Toyota မွာ အလုပ္လုပ္ရတာ စည္းကမ္းႀကီးတယ္၊ ပင္ပန္းတယ္လို႔ထင္ရေပမယ့္၊ တဖက္မွာလည္း ဝန္ထမ္းရဲ႕ ဘဝတိုးတက္ေရး၊ က်န္းမာေရးနဲ႔ မိသားစုေရးရာေတြအထိမွ်တေအာင္ စီစဥ္ေပးထားတဲ့အတြက္ ဝန္ထမ္းေတြက ကုမၸဏီ အေပၚ သစၥာရွိၾကတာ (Loyalty) ျဖစ္ပါတယ္။ဒါဟာ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံက လုပ္ငန္းရွင္ေတြ၊ စီမံခန႔္ခြဲသူေတြ အတုယူသင့္တဲ့ စနစ္ေကာင္းတစ္ခုျဖစ္ပါေၾကာင္းမွ်ေဝလိုက္ရပါတယ္။
ဥကၠာျမင့္ (OMEGA Consultancy)
Leave a Reply