အရင်အလုပ်ရှင်ဆီ ပြန်သွားမလား

ချစ်သူနဲ့ လမ်းခွဲတာရယ်၊ အလုပ်ကနေ ထွက်တာရယ် နှစ်ခုစလုံးမှာ သုံးလို့ရတဲ့စကားလုံးတွေက ထူးထူးခြားခြားကို များနေတတ်ပါတယ်။ “မင်းကြောင့်မဟုတ်ပါဘူး၊ငါ့ကြောင့်ပါ” “ငါတို့လမ်းခွဲသင့်ပြီ ထင်တယ်” “ငါ တခြားအလုပ်(တယောက်)ကို တွေ့သွားပြီ”စတဲ့ စကားတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ အလုပ်အသစ်ရှာဖို့ အချိန်က အဆုံးမရှိအောင် ကြာလာတဲ့အခါ (ပျမ်းမျှအနေနဲ့ခြောက်လခန့် ကြာတယ်လို့ ယေဘု ယျသတ်မှတ်နိုင်ပါတယ်) မင်းရဲ့ အရင်အလုပ်ရှင်ဆီပြန်သွားဖို့ စဉ်းစားမိမှာလား။

လုပ်ခလစာ စီမံခန့်ခွဲရေးကုမ္ပဏီ ADP ရဲ့ အဆိုအရ အမေရိကန်အလုပ်သမားတွေတိုးပွားလာတဲ့ အရေအတွက်ဟာ သူတို့ရဲ့ အရင်အလုပ် ရှင်တွေဆီ ပြန်သွားနေကြပြီး၊အဲဒီအလုပ်ရှင် အများအပြားကလည်း လေ့ကျင့်ပြီးသားနဲ့ စစ်ဆေးပြီးသား ဝန်ထမ်းတွေကိုပြန်ခေါ်ယူဖို့ စိတ်အားထက်သန်နေကြပါတယ်။ မတ်လမှာ ခန့်အပ်ခဲ့တဲ့ ဝန်ထမ်းအသစ်တွေရဲ့ ၃၅ရာခိုင်နှုန်းက Boomerang ဝန်ထမ်းတွေ (အရင်က အလုပ်ထွက်သွားပြီး ပြန်လာတဲ့ဝန်ထမ်း)တွေ ဖြစ်ပြီး၊ ဒါဟာ ပြီးခဲ့တဲ့နှစ်က ၃၁ ရာခိုင်နှုန်းကနေ တိုးလာတာ ဖြစ်ပါတယ်။သတင်းအချက် အလက်ကုမ္ပဏီတွေမှာဆိုရင် ပြီးခဲ့တဲ့ ၁၂ လအတွင်း ခန့်အပ်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ပျမ်းမျှ ၄၅ ရာခိုင်နှုန်းက Boomerang ဝန်ထမ်းတွေ ဖြစ်ခဲ့ပါတယ်။

အရင်ဝန်ထမ်းတွေကို ပြန်ခန့်ဖို့ စိတ်ဝင်စားမှု မြင့်တက်လာတာက ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေက“အလုပ်မှ ထွက်ခွာမှု ကြီးမားတဲ့ကာလ”(The Great Resignation) အတွင်းနည်းပညာဝန်ထမ်းအများအပြား အလုပ်ကနေ ထွက်သွားခဲ့ကြပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။အလုပ်ရှာဖွေသူတွေအတွက် အဆင်ပြေတဲ့ ဈေးကွက်ကနေ အကျိုးအမြတ်ရရှိခဲ့ပြီး၊လျှောက်ထားသူအများအပြားဟာ ကုမ္ပဏီအသစ်တွေမှာ မြင့်မားတဲ့ လစာနဲ့ ကောင်းမွန်တဲ့လျော်ကြေးငွေတွေကို ကမ်းလှမ်းခံခဲ့ရပါတယ်။

ဒါပေမဲ့ ဟိုဘက်က မြက်ခင်းက အမြဲတမ်း ပိုစိမ်းနေတာတော့ မဟုတ်ပါဘူး။နည်းပညာကုမ္ပဏီတွေက အလယ်အလတ်အဆင့် စီမံခန့်ခွဲမှုတွေကို ဖြတ်တောက်နေတာရယ်၊ AI က အကြီးဆုံးကုမ္ပဏီတွေမှာပါ လုပ်သားအင်အားကို လျှော့ချနေတာရယ်ကြောင့်အလုပ်သမားတွေဟာ အနာဂတ်အခွင့်အလမ်းတွေအတွက် သူတို့ရဲ့ ကွန်ရက်တွေ (ဥပမာ-အရင်သူဌေးတွေ) ကို ပြန်လည်အသုံးပြုလာကြပါတယ်။အရင် ဝန်ထမ်းတွေကို ပြန်ခန့်တာဟာ အလုပ်ရှင်တွေအတွက်လည်း ကောင်းကျိုးရှိပါတယ်။ Boomerang ဝန်ထမ်းတွေက လုပ်ငန်းယဉ်ကျေးမှုကို သိပြီးသားဖြစ်လို့ လေ့ကျင့်မှုနည်းနည်းပဲလိုအပ်ပါတယ်။

“မြင့်မားတဲ့ စီးပွားရေးမရေရာမှုတွေက ရင်းနှီးတဲ့ ဆက်ဆံရေးတွေဆီ ပြန်သွားဖို့စေ့ဆော်နေနိုင်ပါတယ်” လို့ ADP ရဲ့ အကြီးတန်းစီးပွား ရေးပညာရှင် Nela Richardson ကအစီရင်ခံစာမှာ ရေးသားထားပါတယ်။ဒါကြောင့် ဒီလမ်းကြောင်းကနေ သတိပေးချက်တစ်ခုအနေနဲ့ မှတ်ယူထားသင့်တဲ့အချက်ကတော့အရင်အလုပ်ရှင်တွေနဲ့ ဆက်ဆံရေးကို မဖြတ်တောက်ပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ အနာ ဂတ်အလုပ်ရှင် ဖြစ်လာနိုင်လို့ပါပဲ။

ကျော့ကေခိုင်

zawgyi

ခ်စ္သူနဲ႔ လမ္းခြဲတာရယ္၊ အလုပ္ကေန ထြက္တာရယ္ ႏွစ္ခုစလုံးမွာ သုံးလို႔ရတဲ့စကားလုံးေတြက ထူးထူးျခားျခားကို မ်ားေနတတ္ပါတယ္။ “မင္းေၾကာင့္မဟုတ္ပါဘူး၊ငါ့ေၾကာင့္ပါ” “ငါတို႔လမ္းခြဲသင့္ၿပီ ထင္တယ္” “ငါ တျခားအလုပ္(တေယာက္)ကို ေတြ႕သြားၿပီ”စတဲ့ စကားေတြပဲျဖစ္ပါတယ္။ဒါေပမဲ့ အလုပ္အသစ္ရွာဖို႔ အခ်ိန္က အဆုံးမရွိေအာင္ ၾကာလာတဲ့အခါ (ပ်မ္းမွ်အေနနဲ႔ေျခာက္လခန႔္ ၾကာတယ္လို႔ ေယဘု ယ်သတ္မွတ္ႏိုင္ပါတယ္) မင္းရဲ႕ အရင္အလုပ္ရွင္ဆီျပန္သြားဖို႔ စဥ္းစားမိမွာလား။

လုပ္ခလစာ စီမံခန႔္ခြဲေရးကုမၸဏီ ADP ရဲ႕ အဆိုအရ အေမရိကန္အလုပ္သမားေတြတိုးပြားလာတဲ့ အေရအတြက္ဟာ သူတို႔ရဲ႕ အရင္အလုပ္ ရွင္ေတြဆီ ျပန္သြားေနၾကၿပီး၊အဲဒီအလုပ္ရွင္ အမ်ားအျပားကလည္း ေလ့က်င့္ၿပီးသားနဲ႔ စစ္ေဆးၿပီးသား ဝန္ထမ္းေတြကိုျပန္ေခၚယူဖို႔ စိတ္အားထက္သန္ေနၾကပါတယ္။ မတ္လမွာ ခန႔္အပ္ခဲ့တဲ့ ဝန္ထမ္းအသစ္ေတြရဲ႕ ၃၅ရာခိုင္ႏႈန္းက Boomerang ဝန္ထမ္းေတြ (အရင္က အလုပ္ထြက္သြားၿပီး ျပန္လာတဲ့ဝန္ထမ္း)ေတြ ျဖစ္ၿပီး၊ ဒါဟာ ၿပီးခဲ့တဲ့ႏွစ္က ၃၁ ရာခိုင္ႏႈန္းကေန တိုးလာတာ ျဖစ္ပါတယ္။သတင္းအခ်က္ အလက္ကုမၸဏီေတြမွာဆိုရင္ ၿပီးခဲ့တဲ့ ၁၂ လအတြင္း ခန႔္အပ္ခဲ့တဲ့ ဝန္ထမ္းေတြရဲ႕ပ်မ္းမွ် ၄၅ ရာခိုင္ႏႈန္းက Boomerang ဝန္ထမ္းေတြ ျဖစ္ခဲ့ပါတယ္။

အရင္ဝန္ထမ္းေတြကို ျပန္ခန႔္ဖို႔ စိတ္ဝင္စားမႈ ျမင့္တက္လာတာက ၂၀၂၁ နဲ႔ ၂၀၂၂ ခုႏွစ္ေတြက“အလုပ္မွ ထြက္ခြာမႈ ႀကီးမားတဲ့ကာလ”(The Great Resignation) အတြင္းနည္းပညာဝန္ထမ္းအမ်ားအျပား အလုပ္ကေန ထြက္သြားခဲ့ၾကၿပီးေနာက္ပိုင္းမွာ ျဖစ္ပါတယ္။အလုပ္ရွာေဖြသူေတြအတြက္ အဆင္ေျပတဲ့ ေဈးကြက္ကေန အက်ိဳးအျမတ္ရရွိခဲ့ၿပီး၊ေလွ်ာက္ထားသူအမ်ားအျပားဟာ ကုမၸဏီအသစ္ေတြမွာ ျမင့္မားတဲ့ လစာနဲ႔ ေကာင္းမြန္တဲ့ေလ်ာ္ေၾကးေငြေတြကို ကမ္းလွမ္းခံခဲ့ရပါတယ္။

ဒါေပမဲ့ ဟိုဘက္က ျမက္ခင္းက အၿမဲတမ္း ပိုစိမ္းေနတာေတာ့ မဟုတ္ပါဘူး။နည္းပညာကုမၸဏီေတြက အလယ္အလတ္အဆင့္ စီမံခန႔္ခြဲမႈေတြကို ျဖတ္ေတာက္ေနတာရယ္၊ AI က အႀကီးဆုံးကုမၸဏီေတြမွာပါ လုပ္သားအင္အားကို ေလွ်ာ့ခ်ေနတာရယ္ေၾကာင့္အလုပ္သမားေတြဟာ အနာဂတ္အခြင့္အလမ္းေတြအတြက္ သူတို႔ရဲ႕ ကြန္ရက္ေတြ (ဥပမာ-အရင္သူေဌးေတြ) ကို ျပန္လည္အသုံးျပဳလာၾကပါတယ္။အရင္ ဝန္ထမ္းေတြကို ျပန္ခန႔္တာဟာ အလုပ္ရွင္ေတြအတြက္လည္း ေကာင္းက်ိဳးရွိပါတယ္။ Boomerang ဝန္ထမ္းေတြက လုပ္ငန္းယဥ္ေက်းမႈကို သိၿပီးသားျဖစ္လို႔ ေလ့က်င့္မႈနည္းနည္းပဲလိုအပ္ပါတယ္။

“ျမင့္မားတဲ့ စီးပြားေရးမေရရာမႈေတြက ရင္းႏွီးတဲ့ ဆက္ဆံေရးေတြဆီ ျပန္သြားဖို႔ေစ့ေဆာ္ေနႏိုင္ပါတယ္” လို႔ ADP ရဲ႕ အႀကီးတန္းစီးပြား ေရးပညာရွင္ Nela Richardson ကအစီရင္ခံစာမွာ ေရးသားထားပါတယ္။ဒါေၾကာင့္ ဒီလမ္းေၾကာင္းကေန သတိေပးခ်က္တစ္ခုအေနနဲ႔ မွတ္ယူထားသင့္တဲ့အခ်က္ကေတာ့အရင္အလုပ္ရွင္ေတြနဲ႔ ဆက္ဆံေရးကို မျဖတ္ေတာက္ပါနဲ႔။ ဘာလို႔လဲဆိုေတာ့ သူတို႔ဟာ သင့္ရဲ႕ အနာ ဂတ္အလုပ္ရွင္ ျဖစ္လာႏိုင္လို႔ပါပဲ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*