ကုမ္ပဏီဝန်ထမ်းများနှင့် ဉာဏ်ရည်တုနည်းပညာ Ai

စက်မှုခေတ်၊နည်းပညာခေတ်၊Digital ခေတ်၊ IT ခေတ်စသည်ဖြင့် ခေတ်အမျိုးမျိုးကိုဖြတ်သန်းလာခဲ့ရသောလူမှုစနစ်သည် ယခုအခါတွင်မူ Ai ခေတ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ခေတ်အလိုက် ခေတ်စားသောနည်းပညာများကို အစွဲပြု၍ ရေပန်းစားသော နည်းပညာများဖြင့် ခေတ်ကာလများကို ပိုင်းခြားခဲ့ကြရာယခုအခါ၌ လူမှုအသိုက်အဝန်းတွင် Ai ကို မရှိမဖြစ်အနေဖြင့် အသုံးပြုနေကြခြင်းကြောင့် Ai ခေတ်ဟုခေါ်ဝေါ်ကြသော ကာလသို့တိုင် ရောက်ခဲ့ပြီ ဖြစ်ပါသည်။ Ai ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ခြင်းသည် လူတစ်ဦး၊အဖွဲ့အစည်းတစ်ခု၊ အသိုက်အဝန်းတစ်ခု၏ အရည်အချင်းတစ်ခုအနေဖြင့်ပါ သတ်မှတ်ကြသည်အထိတွင်ကျယ်သော Aiခေါ် ဉာဏ်ရည်တုနည်းပညာကို ယခုအခါတွင် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင်လည်း မရှိမဖြစ် သုံးစွဲနေကြပြီဖြစ်ပါသည်။ ကုမ္ပဏီ/ စီးပွားရေးလုပ်ငန်းများတွင်အချိန်ကုန်သက်သာစေရန်၊ အလုပ်၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရန် နှင့် ဆန်းသစ်သော အတွေးအခေါ်
(Idea) များရရှိစေရန် Ai ကို ထိရောက်စွာသုံးစွဲလျှက်ရှိရာ ဉာဏ်ရည်တုနည်းပညာကို လူသား၏ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် ပေါင်းစပ်၍ အောက်ပါနည်းလမ်းများဖြင့် အသုံးပြုလျှက်ရှိပါသည်-

(၁) အချက်အလက်စီမံခန့်ခွဲမှုဆောင်ရွက်ခြင်း (Data Management)

(၁/၁) Excel/Google Sheets များတွင် ChatGPT, Gemini, AI-powered Excel add-ins စသည့် Ai များဖြင့် Data Analysis, Formula အလိုအလျောက်ရေးသားခြင်း၊ အစီရင်ခံစာများ ပြုလုပ်ခြင်းတို့ကို လွယ်ကူစွာလုပ်ဆောင်လျှက်ရှိပါသည်။
(၁/၂) AI Chatbots များကို အသုံးပြု၍ ဈေးကွက်သုတေသနလုပ်ငန်းများ (Market Research)ကဲ့သို့လုပ်ငန်းများ၊ ပြိုင်ဘက်အခြေ အနေဆန်းစစ်ခြင်း ( Competitor Analysis)ကဲ့သို့လုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များ ရှာဖွေခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။

(၂) အလိုအလျောက်လုပ်ဆောင်စေခြင်း (Automation)

(၂/၁) AI Tools များဖြစ်သည့် Gmail Smart Reply, Motion AI စသည်တို့ ဖြင့် အီးမေးလ်များအလိုအလျောက် ဖြေကြားခြင်း၊ Meeting Schedule စီစဉ်ခြင်းစသည့် Email Calendar Management ဆောင်ရွက်ချက်များကို ဆောင်ရွက်လျှက်ရှိပါသည်။
(၂/၂) (Canva AI, ChatGPT) စသည့် Ai များဖြင့် Social Media များတွင် ပို့စ်များရေးသားခြင်း၊ကြော်ငြာစာသားများ ရေးသားခြင်း (Content Creation) စသည်တို့ကိုအချိန်ကုန်သက်သာစွာဆောင်ရွက်လျှက်ရှိပါသည်။

(၃) ဆန်းသစ်သော အိုင်ဒီယာများဖော်ထုတ်ခြင်း(Innovation)

(၃/၁) ChatGPT, Gemini ကဲ့သို့ Ai Tools များဖြင့် ဈေးကွက်မဟာဗျူဟာဆိုင်ရာများ (Marketing Strategies)၊ ထုတ်ကုန်တိုးတက်မှုဆိုင်ရာ အတွေးအခေါ်များ (Product Development Ideas)နှင့်စီးပွားရေးအစီအမံများ (Business Plans) များရေးဆွဲရန်အတွက် အကြံဉာဏ်တောင်းခံခြင်းများကိုဆောင်ရွက်လျှက်ရှိပါသည်။
(၃/၂) မိမိတို့လက်ရှိဆောင်ရွက်လျှက်ရှိသော ဈေးကွက်မဟာဗျူဟာဆိုင်ရာများ (Marketing Strategies)၊ထုတ်ကုန်တိုးတက်မှုဆိုင်ရာ အတွေးအခေါ်များ (Product Development Ideas)နှင့် စီးပွားရေးအစီအမံများ(Business Plans) များကို သုံးသပ်စေ၍ ပိုမိုကောင်းမွန်စေရန် အကြံဉာဏ်များတောင်းခံခြင်း (Brainstorming Idea Generation ) ကိုလည်း ဆောင်ရွက်လျှက်ရှိပါသည်။
(၃/၃) Ai ကို အသုံးပြု၍ PowerPoint Slide များ ဖန်တီးခြင်း၊ အစီရင်ခံစာများ ပြင်ဆင်ခြင်း -(Presentation Report Writing) တို့ကိုလည်း အချိန်ကုန်သက်သာစွာဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

(၄) လုပ်ငန်းခွင်စီမံခန့်ခွဲမှု (Project Management)

(၄/၁) Trello, Asana AI, Notion AI တို့ကဲသို့ Ai tool များကို အသုံးပြု၍ လုပ်ငန်းခွင်ဆိုင်ရာအစီအမံများရေးဆွဲခြင်း (project planning) ကိစ္စရပ်များကို ဆောင်ရွက်လျှက်ရှိပါသည်။
(၄/၂)ထို့အပြင် ထို Ai များကို အသုံးပြု၍လည်း လုပ်ငန်းတာဝန်များစီစဉ်ခြင်း (Task Automation) ၊လုပ်ငန်းစဉ်တလျှောက် စစ်ဆေးကြပ်မတ်ခြင်း (Progress Tracking) နှင့် ပေါင်းစပ်ညှိနှိုင်း၍လုပ်ငန်းများဆောင်ရွက်စေခြင်း (Team Collaboration) တို့ကို ထိရောက်စွာြဖင့် လုပ်ဆောင်လျှက်ရှိပါသည်။

(၅) ဖောက်သည်ဆက်ဆံရေး (Customer Support)

(၅/၁) AI Chatbots များ ဖြစ်သည့် Zendesk, Intercom စသည် တို့ဖြင့် 24/7 Customer Query အချိန်မရွေးအလိုအလျောက်ဖြေ ကြားပေးသည့် စနစ်များ (Chatbots & Virtual Assistants) ကိုလည်း ဆောင်ရွက်လျှက်ရှိပါသည်။ထိုကဲ့သို့ Aiများကို စီးပွားရေးလုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြခြင်းကြောင့်ဝန်ထမ်းများတွင်လည်း AI ကို အသုံးပြုနိုင်သူနှင့် အသုံးမပြုနိုင်သည့် ဝန်ထမ်းတို့၏ ခြားနားချက်သည် ပို၍ပို၍များစွာကျယ်ပြန့်လာခဲ့ ပါသည်။ လုပ်ငန်းစွမ်းဆောင်ရည်နှင့် အလုပ်ပြီးမြောက်မှု၊ ဆန်းသစ်တီ ထွင်နိုင်စွမ်းနှင့်ပြဿနာဖြေရှင်းနိုင်မှု၊ အချိန်စီမံခန့်ခွဲမှု နှင့် ယှဉ်ပြိုင်နိုင်စွမ်းတို့တွင် Ai ကို ကောင်းမွန်စွာအသုံးပြုနိုင်သူတို့၏စွမ်းဆောင်ရည်သည် များစွာကွာခြားသွားသည်ကို ဆန်းစစ်မှု သုတေသနများအရ တွေ့ရှိရပါသည်။

(က) လုပ်ငန်းစွမ်းဆောင်ရည်နှင့် အလုပ်ပြီးမြောက်မှု(Performance Work done)

Ai အသုံးပြုနိုင်သူများသည် အချက်အလက်များကို မြန်မြန်ဆန်ဆန် စုစည်းနိုင်ပြီး အစီရင်ခံစာ၊ Presentation နှင့် Data Analysis များကို လျင်မြန်စွာဆောင်ရွက်နိုင်သည့်အတွက် အချိန်ကုန်သက်သာပြီး၊တိကျသောအချက်အလက်များကိုရရှိနိုင်ပါသည်။ Ai ကို မသုံးနိုင်သူများအတွက်မူ အချိန်ပိုကုန်၍ ပင်ပန်းခြင်း၊မှားနိုင်ချေများခြင်းနှင့် အလုပ်ဖိစီးမှုများခြင်းများကြောင့် စွမ်းဆောင်ရည်များကျဆင်းနိုင်ပါသည်။

(ခ) ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်မှု(Innovation Problem Solving)

AI အသုံးပြုသူများသည် ဆန်းသစ်သော အကြံဉာဏ်များ၊ စီးပွားရေးအစီအမံများကို လျှင်မြန်စွာ ရယူနိုင်ပြီး၊ဆုံးဖြတ်ချက်များချမှတ်ရာ တွင်လည်း အမှားအယွင်းနည်းစွာဆောင်ရွက်နိုင်ကြပါသည်။Ai ကိုမသုံးစွဲသူများကမူ ရရှိသောအချက်အလက်များနည်းပါးမှုကြောင့် ပြဿနာများဖြေရှင်းရာတွင်ကောက်ယူချက်များအားနည်းနိုင်ပြီး မှားယွင်းဆုံးဖြတ်နိုင်သကဲ့သို့ အသစ်အဆန်းများကိုတွေးခေါ်နိုင်စွမ်းတွင်လည်း အကန့်အသတ်များရှိနေတတ်ပါသည်။

(ဂ) အချိန်စီမံခန့်ခွဲမှု (Time Management)

AI အသုံးပြုသူများသည် အလုပ်တာဝန်များကိုသေချာစွာအချိန်ဇယားဆွဲနိုင်ပြီး အလိုအလျောက် Reminder ပေးနိုင်ရန် စီစဉ်ထားနိုင်သည့်အတွက် မိမိ၏ပင်မလုပ်ငန်းများကို ပို၍ အာရုံစိုက်နိုင်သဖြင့် အချိန်မီလုပ်ငန်းများဆောင်ရွက်နိုင်ပါသည်။AI မသုံးသူများကမူအ လုပ်တာဝန်များကို ကိုယ်တိုင်စီမံရသဖြင့် အချိန်စီမံခန့်ခွဲမှု အားနည်းနိုင်ပြီး အလုပ်ဖိစီးမှုများပို၍များနိုင်ပါသည်။

(ဃ) ယှဉ်ပြိုင်နိုင်စွမ်း (Copetency)

AI အသုံးပြုသူများသည် နည်းပညာနှင့်အညီ အလုပ်လုပ်နိုင်သဖြင့်ခေတ်နှင့်အမီ လုပ်ငန်းခွင်တွင် ပြိုင်ဆိုင်နိုင်စွမ်းပိုမြင့်မားသဖြင့် အလုပ် အကိုင်အခွင့်အလမ်းများပိုမိုရ ရှိနိုင်ပါသည်။ AI မသုံးသူများကမူ သမရိုးကျ လုပ်ငန်းစဉ်များဖြင့်သာဆောင်ရွက်နေသဖြင့်နည်းပညာနောက်ကျပြီး ပြိုင်ဆိုင်မှုအားနည်းနိုင်ပါသည်။

(င) အားသာချက်နှင့် အားနည်းချက်များ(Strength Weakness)

အရာရာသည် အဆိုးအကောင်းဒွန်တွဲလျှက် ရှိနေသောကြောင့် AI အသုံးပြုသူများသည် လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်ဆန်ခြင်း၊
အချိန်ကုန်သက်သာ၍ အမှားနည်းခြင်းကဲ့သို့ အားသာချက်များရှိသော်လည်း AI ကိုအလွန်အမင်းအားကိုးမိသဖြင့် ကိုယ်ပိုင်တွေးခေါ်မှု လျော့နည်းသွားနိုင်ခြင်းဟူသည့်အားနည်းချက်လည်းရှိနေိုင်ပါသေးသည်။ ထို့အတူ AI မသုံးသူများသည် အချိန်ကုန်၊ လူပန်း၊အမှားများနိုင်သည့် အားနည်းချက်များရှိသော်လည်း ပြဿနာဖြေရှင်းနိုင်စွမ်းရည်တွင်မူ အားသာ သည်ကိုတွေ့ရှိရပါသည်။ အချုပ်အားဖြင့် ဆိုသော် Ai သည် ယနေ့ခေတ်ကာလတွင် လုပ်ငန်းများတွင်မသုံးမဖြစ်အဖြစ် အရေးပါလာပြီး၊ Ai ကို အသုံးပြုခြင်းသည် အလုပ်လုပ်ပုံလုပ်နည်းများကိုပြောင်းလဲတိုးတက်စေပြီး စွမ်းဆောင်ရည်မြင့်တက်စေသော်လည်း၊ လူသား၏ အကြံဉာဏ်နှင့်ဆန်းသစ်တီထွင်နိုင်စွမ်းကိုတော့ လုံးလုံးလျားလျား အစားထိုးနိုင်ခြင်းမရှိသေးပါ။ ထို့ကြောင့် AI နှင့် လူသားတို့အချိုးညီညီပေါင်းစပ်၍ လုပ်ဆောင်မှုသည်သာ အကောင်းဆုံးသော ရလဒ်ကို ဖြစ်ပေါ်စေနိုင်ပါသဖြင့်ကုမ္ပဏီဝန်ထမ်းများသည် Ai ကို စနစ်တကျ မှန်ကန်စွာဖြင့် အသုံးပြုနိုင်စွမ်းသည် လုပ်ငန်းများအတွက်အလွန်အရေးပါလာပြီဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

ဥက္ကာမြင့်

zawgyi

စက္မႈေခတ္၊နည္းပညာေခတ္၊Digital ေခတ္၊ IT ေခတ္စသည္ျဖင့္ ေခတ္အမ်ိဳးမ်ိဳးကိုျဖတ္သန္းလာခဲ့ရေသာလူမႈစနစ္သည္ ယခုအခါတြင္မူ Ai ေခတ္သို႔ ေရာက္ရွိခဲ့ၿပီျဖစ္ပါသည္။ ေခတ္အလိုက္ ေခတ္စားေသာနည္းပညာမ်ားကို အစြဲျပဳ၍ ေရပန္းစားေသာ နည္းပညာမ်ားျဖင့္ ေခတ္ကာလမ်ားကို ပိုင္းျခားခဲ့ၾကရာယခုအခါ၌ လူမႈအသိုက္အဝန္းတြင္ Ai ကို မရွိမျဖစ္အေနျဖင့္ အသုံးျပဳေနၾကျခင္းေၾကာင့္ Ai ေခတ္ဟုေခၚေဝၚၾကေသာ ကာလသို႔တိုင္ ေရာက္ခဲ့ၿပီ ျဖစ္ပါသည္။ Ai ကို ကြၽမ္းက်င္စြာအသုံးျပဳႏိုင္ျခင္းသည္ လူတစ္ဦး၊အဖြဲ႕အစည္းတစ္ခု၊ အသိုက္အဝန္းတစ္ခု၏ အရည္အခ်င္းတစ္ခုအေနျဖင့္ပါ သတ္မွတ္ၾကသည္အထိတြင္က်ယ္ေသာ Aiေခၚ ဉာဏ္ရည္တုနည္းပညာကို ယခုအခါတြင္ အငယ္စား၊ အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားတြင္လည္း မရွိမျဖစ္ သုံးစြဲေနၾကၿပီျဖစ္ပါသည္။ ကုမၸဏီ/ စီးပြားေရးလုပ္ငန္းမ်ားတြင္အခ်ိန္ကုန္သက္သာေစရန္၊ အလုပ္၏ လုပ္ငန္းစြမ္းေဆာင္ရည္ ျမႇင့္တင္ရန္ ႏွင့္ ဆန္းသစ္ေသာ အေတြးအေခၚ
(Idea) မ်ားရရွိေစရန္ Ai ကို ထိေရာက္စြာသုံးစြဲလွ်က္ရွိရာ ဉာဏ္ရည္တုနည္းပညာကို လူသား၏ဆန္းသစ္တီထြင္ႏိုင္စြမ္းႏွင့္ ေပါင္းစပ္၍ ေအာက္ပါနည္းလမ္းမ်ားျဖင့္ အသုံးျပဳလွ်က္ရွိပါသည္-

(၁) အခ်က္အလက္စီမံခန႔္ခြဲမႈေဆာင္႐ြက္ျခင္း (Data Management)

(၁/၁) Excel/Google Sheets မ်ားတြင္ ChatGPT, Gemini, AI-powered Excel add-ins စသည့္ Ai မ်ားျဖင့္ Data Analysis, Formula အလိုအေလ်ာက္ေရးသားျခင္း၊ အစီရင္ခံစာမ်ား ျပဳလုပ္ျခင္းတို႔ကို လြယ္ကူစြာလုပ္ေဆာင္လွ်က္ရွိပါသည္။
(၁/၂) AI Chatbots မ်ားကို အသုံးျပဳ၍ ေဈးကြက္သုေတသနလုပ္ငန္းမ်ား (Market Research)ကဲ့သို႔လုပ္ငန္းမ်ား၊ ၿပိဳင္ဘက္အေျခ အေနဆန္းစစ္ျခင္း ( Competitor Analysis)ကဲ့သို႔လုပ္ငန္းမ်ားႏွင့္ စီးပြားေရးဆိုင္ရာ အခ်က္အလက္မ်ား ရွာေဖြျခင္းတို႔ကို ေဆာင္႐ြက္လွ်က္ရွိပါသည္။

(၂) အလိုအေလ်ာက္လုပ္ေဆာင္ေစျခင္း (Automation)

(၂/၁) AI Tools မ်ားျဖစ္သည့္ Gmail Smart Reply, Motion AI စသည္တို႔ ျဖင့္ အီးေမးလ္မ်ားအလိုအေလ်ာက္ ေျဖၾကားျခင္း၊ Meeting Schedule စီစဥ္ျခင္းစသည့္ Email Calendar Management ေဆာင္႐ြက္ခ်က္မ်ားကို ေဆာင္႐ြက္လွ်က္ရွိပါသည္။
(၂/၂) (Canva AI, ChatGPT) စသည့္ Ai မ်ားျဖင့္ Social Media မ်ားတြင္ ပို႔စ္မ်ားေရးသားျခင္း၊ေၾကာ္ျငာစာသားမ်ား ေရးသားျခင္း (Content Creation) စသည္တို႔ကိုအခ်ိန္ကုန္သက္သာစြာေဆာင္႐ြက္လွ်က္ရွိပါသည္။

(၃) ဆန္းသစ္ေသာ အိုင္ဒီယာမ်ားေဖာ္ထုတ္ျခင္း(Innovation)

(၃/၁) ChatGPT, Gemini ကဲ့သို႔ Ai Tools မ်ားျဖင့္ ေဈးကြက္မဟာဗ်ဴဟာဆိုင္ရာမ်ား (Marketing Strategies)၊ ထုတ္ကုန္တိုးတက္မႈဆိုင္ရာ အေတြးအေခၚမ်ား (Product Development Ideas)ႏွင့္စီးပြားေရးအစီအမံမ်ား (Business Plans) မ်ားေရးဆြဲရန္အတြက္ အႀကံဉာဏ္ေတာင္းခံျခင္းမ်ားကိုေဆာင္႐ြက္လွ်က္ရွိပါသည္။
(၃/၂) မိမိတို႔လက္ရွိေဆာင္႐ြက္လွ်က္ရွိေသာ ေဈးကြက္မဟာဗ်ဴဟာဆိုင္ရာမ်ား (Marketing Strategies)၊ထုတ္ကုန္တိုးတက္မႈဆိုင္ရာ အေတြးအေခၚမ်ား (Product Development Ideas)ႏွင့္ စီးပြားေရးအစီအမံမ်ား(Business Plans) မ်ားကို သုံးသပ္ေစ၍ ပိုမိုေကာင္းမြန္ေစရန္ အႀကံဉာဏ္မ်ားေတာင္းခံျခင္း (Brainstorming Idea Generation ) ကိုလည္း ေဆာင္႐ြက္လွ်က္ရွိပါသည္။
(၃/၃) Ai ကို အသုံးျပဳ၍ PowerPoint Slide မ်ား ဖန္တီးျခင္း၊ အစီရင္ခံစာမ်ား ျပင္ဆင္ျခင္း -(Presentation Report Writing) တို႔ကိုလည္း အခ်ိန္ကုန္သက္သာစြာျဖင့္ ေဆာင္႐ြက္လွ်က္ရွိပါသည္။

(၄) လုပ္ငန္းခြင္စီမံခန႔္ခြဲမႈ (Project Management)

(၄/၁) Trello, Asana AI, Notion AI တို႔ကဲသို႔ Ai tool မ်ားကို အသုံးျပဳ၍ လုပ္ငန္းခြင္ဆိုင္ရာအစီအမံမ်ားေရးဆြဲျခင္း (project planning) ကိစၥရပ္မ်ားကို ေဆာင္႐ြက္လွ်က္ရွိပါသည္။
(၄/၂)ထို႔အျပင္ ထို Ai မ်ားကို အသုံးျပဳ၍လည္း လုပ္ငန္းတာဝန္မ်ားစီစဥ္ျခင္း (Task Automation) ၊လုပ္ငန္းစဥ္တေလွ်ာက္ စစ္ေဆးၾကပ္မတ္ျခင္း (Progress Tracking) ႏွင့္ ေပါင္းစပ္ညႇိႏႈိင္း၍လုပ္ငန္းမ်ားေဆာင္႐ြက္ေစျခင္း (Team Collaboration) တို႔ကို ထိေရာက္စြာျဖင့္ လုပ္ေဆာင္လွ်က္ရွိပါသည္။

(၅) ေဖာက္သည္ဆက္ဆံေရး (Customer Support)

(၅/၁) AI Chatbots မ်ား ျဖစ္သည့္ Zendesk, Intercom စသည္ တို႔ျဖင့္ 24/7 Customer Query အခ်ိန္မေ႐ြးအလိုအေလ်ာက္ေျဖ ၾကားေပးသည့္ စနစ္မ်ား (Chatbots & Virtual Assistants) ကိုလည္း ေဆာင္႐ြက္လွ်က္ရွိပါသည္။ထိုကဲ့သို႔ Aiမ်ားကို စီးပြားေရးလုပ္ငန္းမ်ားတြင္ တြင္တြင္က်ယ္က်ယ္အသုံးျပဳေနၾကျခင္းေၾကာင့္ဝန္ထမ္းမ်ားတြင္လည္း AI ကို အသုံးျပဳႏိုင္သူႏွင့္ အသုံးမျပဳႏိုင္သည့္ ဝန္ထမ္းတို႔၏ ျခားနားခ်က္သည္ ပို၍ပို၍မ်ားစြာက်ယ္ျပန႔္လာခဲ့ ပါသည္။ လုပ္ငန္းစြမ္းေဆာင္ရည္ႏွင့္ အလုပ္ၿပီးေျမာက္မႈ၊ ဆန္းသစ္တီ ထြင္ႏိုင္စြမ္းႏွင့္ျပႆနာေျဖရွင္းႏိုင္မႈ၊ အခ်ိန္စီမံခန႔္ခြဲမႈ ႏွင့္ ယွဥ္ၿပိဳင္ႏိုင္စြမ္းတို႔တြင္ Ai ကို ေကာင္းမြန္စြာအသုံးျပဳႏိုင္သူတို႔၏စြမ္းေဆာင္ရည္သည္ မ်ားစြာကြာျခားသြားသည္ကို ဆန္းစစ္မႈ သုေတသနမ်ားအရ ေတြ႕ရွိရပါသည္။

(က) လုပ္ငန္းစြမ္းေဆာင္ရည္ႏွင့္ အလုပ္ၿပီးေျမာက္မႈ(Performance Work done)

Ai အသုံးျပဳႏိုင္သူမ်ားသည္ အခ်က္အလက္မ်ားကို ျမန္ျမန္ဆန္ဆန္ စုစည္းႏိုင္ၿပီး အစီရင္ခံစာ၊ Presentation ႏွင့္ Data Analysis မ်ားကို လ်င္ျမန္စြာေဆာင္႐ြက္ႏိုင္သည့္အတြက္ အခ်ိန္ကုန္သက္သာၿပီး၊တိက်ေသာအခ်က္အလက္မ်ားကိုရရွိႏိုင္ပါသည္။ Ai ကို မသုံးႏိုင္သူမ်ားအတြက္မူ အခ်ိန္ပိုကုန္၍ ပင္ပန္းျခင္း၊မွားႏိုင္ေခ်မ်ားျခင္းႏွင့္ အလုပ္ဖိစီးမႈမ်ားျခင္းမ်ားေၾကာင့္ စြမ္းေဆာင္ရည္မ်ားက်ဆင္းႏိုင္ပါသည္။

(ခ) ဆန္းသစ္တီထြင္ႏိုင္စြမ္းႏွင့္ ျပႆနာေျဖရွင္းႏိုင္မႈ(Innovation Problem Solving)

AI အသုံးျပဳသူမ်ားသည္ ဆန္းသစ္ေသာ အႀကံဉာဏ္မ်ား၊ စီးပြားေရးအစီအမံမ်ားကို လွ်င္ျမန္စြာ ရယူႏိုင္ၿပီး၊ဆုံးျဖတ္ခ်က္မ်ားခ်မွတ္ရာ တြင္လည္း အမွားအယြင္းနည္းစြာေဆာင္႐ြက္ႏိုင္ၾကပါသည္။Ai ကိုမသုံးစြဲသူမ်ားကမူ ရရွိေသာအခ်က္အလက္မ်ားနည္းပါးမႈေၾကာင့္ ျပႆနာမ်ားေျဖရွင္းရာတြင္ေကာက္ယူခ်က္မ်ားအားနည္းႏိုင္ၿပီး မွားယြင္းဆုံးျဖတ္ႏိုင္သကဲ့သို႔ အသစ္အဆန္းမ်ားကိုေတြးေခၚႏိုင္စြမ္းတြင္လည္း အကန႔္အသတ္မ်ားရွိေနတတ္ပါသည္။

(ဂ) အခ်ိန္စီမံခန႔္ခြဲမႈ (Time Management)

AI အသုံးျပဳသူမ်ားသည္ အလုပ္တာဝန္မ်ားကိုေသခ်ာစြာအခ်ိန္ဇယားဆြဲႏိုင္ၿပီး အလိုအေလ်ာက္ Reminder ေပးႏိုင္ရန္ စီစဥ္ထားႏိုင္သည့္အတြက္ မိမိ၏ပင္မလုပ္ငန္းမ်ားကို ပို၍ အာ႐ုံစိုက္ႏိုင္သျဖင့္ အခ်ိန္မီလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ပါသည္။AI မသုံးသူမ်ားကမူအ လုပ္တာဝန္မ်ားကို ကိုယ္တိုင္စီမံရသျဖင့္ အခ်ိန္စီမံခန႔္ခြဲမႈ အားနည္းႏိုင္ၿပီး အလုပ္ဖိစီးမႈမ်ားပို၍မ်ားႏိုင္ပါသည္။

(ဃ) ယွဥ္ၿပိဳင္ႏိုင္စြမ္း (Copetency)

AI အသုံးျပဳသူမ်ားသည္ နည္းပညာႏွင့္အညီ အလုပ္လုပ္ႏိုင္သျဖင့္ေခတ္ႏွင့္အမီ လုပ္ငန္းခြင္တြင္ ၿပိဳင္ဆိုင္ႏိုင္စြမ္းပိုျမင့္မားသျဖင့္ အလုပ္ အကိုင္အခြင့္အလမ္းမ်ားပိုမိုရ ရွိႏိုင္ပါသည္။ AI မသုံးသူမ်ားကမူ သမ႐ိုးက် လုပ္ငန္းစဥ္မ်ားျဖင့္သာေဆာင္႐ြက္ေနသျဖင့္နည္းပညာေနာက္က်ၿပီး ၿပိဳင္ဆိုင္မႈအားနည္းႏိုင္ပါသည္။

(င) အားသာခ်က္ႏွင့္ အားနည္းခ်က္မ်ား(Strength Weakness)

အရာရာသည္ အဆိုးအေကာင္းဒြန္တြဲလွ်က္ ရွိေနေသာေၾကာင့္ AI အသုံးျပဳသူမ်ားသည္ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ျမန္ဆန္ျခင္း၊
အခ်ိန္ကုန္သက္သာ၍ အမွားနည္းျခင္းကဲ့သို႔ အားသာခ်က္မ်ားရွိေသာ္လည္း AI ကိုအလြန္အမင္းအားကိုးမိသျဖင့္ ကိုယ္ပိုင္ေတြးေခၚမႈ ေလ်ာ့နည္းသြားႏိုင္ျခင္းဟူသည့္အားနည္းခ်က္လည္းရွိေနိုင္ပါေသးသည္။ ထို႔အတူ AI မသုံးသူမ်ားသည္ အခ်ိန္ကုန္၊ လူပန္း၊အမွားမ်ားႏိုင္သည့္ အားနည္းခ်က္မ်ားရွိေသာ္လည္း ျပႆနာေျဖရွင္းႏိုင္စြမ္းရည္တြင္မူ အားသာ သည္ကိုေတြ႕ရွိရပါသည္။ အခ်ဳပ္အားျဖင့္ ဆိုေသာ္ Ai သည္ ယေန႔ေခတ္ကာလတြင္ လုပ္ငန္းမ်ားတြင္မသုံးမျဖစ္အျဖစ္ အေရးပါလာၿပီး၊ Ai ကို အသုံးျပဳျခင္းသည္ အလုပ္လုပ္ပုံလုပ္နည္းမ်ားကိုေျပာင္းလဲတိုးတက္ေစၿပီး စြမ္းေဆာင္ရည္ျမင့္တက္ေစေသာ္လည္း၊ လူသား၏ အႀကံဉာဏ္ႏွင့္ဆန္းသစ္တီထြင္ႏိုင္စြမ္းကိုေတာ့ လုံးလုံးလ်ားလ်ား အစားထိုးႏိုင္ျခင္းမရွိေသးပါ။ ထို႔ေၾကာင့္ AI ႏွင့္ လူသားတို႔အခ်ိဳးညီညီေပါင္းစပ္၍ လုပ္ေဆာင္မႈသည္သာ အေကာင္းဆုံးေသာ ရလဒ္ကို ျဖစ္ေပၚေစႏိုင္ပါသျဖင့္ကုမၸဏီဝန္ထမ္းမ်ားသည္ Ai ကို စနစ္တက် မွန္ကန္စြာျဖင့္ အသုံးျပဳႏိုင္စြမ္းသည္ လုပ္ငန္းမ်ားအတြက္အလြန္အေရးပါလာၿပီျဖစ္ေၾကာင္း ေရးသားတင္ျပအပ္ပါသည္။

ဥကၠာျမင့္

Be the first to comment

Leave a Reply

Your email address will not be published.


*