ဂျန်ဇီးဝန်ထမ်း ထက်ဝက်နီးပါးက ဘာလို့ အလုပ်ထွက်ဖို့ စီစဉ်နေကြတာလဲ

မန်နေဂျာတွေအနေနဲ့ ဂျန်ဇီး(Gen Z) ဝန်ထမ်းတွေကို ထိန်းထားဖို့ ကြိုးစားနေပေမယ့် အဆင်မပြေဖြစ်နေရင် သင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ စစ်တမ်းတွေအရ Gen Z ဝန်ထမ်း ၄၆ ရာခိုင်နှုန်းဟာ အလုပ်ထွက်ဖို့ စီစဉ်နေကြတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ အလုပ်ထွက်ဖို့ စီစဉ်နေတာက ပျင်းလို့၊ ဒါမှမဟုတ် ဖျော်ဖြေရေးလိုလို့ မဟုတ်ပါဘူး။ သူတို့ဟာ အရမ်းကို ပင်ပန်းနွမ်းနယ်နေလို့ ဖြစ်ပါတယ်။

ပင်ပန်းနွမ်းနယ်မှုရဲ့ အဓိက အကြောင်းရင်း

Youngstown State University ရဲ့ လေ့လာချက်အရ Gen Z ဝန်ထမ်းတွေ အလုပ်ထွက်ချင်တဲ့ အဓိက အကြောင်းရင်းက ဝင်ငွေ နည်းလို့ မဟုတ်ဘဲ၊ တိုးတက်ခွင့် (growth opportunities) မရှိလို့ ဖြစ်ပါတယ်။ စစ်တမ်းဖြေသူတွေရဲ့ သုံးပုံတစ်ပုံခန့် ဟာ သူတို့ရဲ့ အလုပ်အကိုင်မှာ တိုးတက်မှု ရပ်တန့်နေတယ်လို့ ခံစားရပါတယ်။ သူတို့ဘာလို့ ဒီလိုခံစားရလဲ မေးကြည့်တဲ့အခါ ၇၁ ရာခိုင်နှုန်း က နောက်ထပ် ပညာသင်ကြားဖို့နဲ့ လေ့ကျင့်မှုတွေအတွက် အလုပ်ရှင်ရဲ့ ပံ့ပိုးမှု နည်းပါးတာကို ထောက်ပြခဲ့ကြပါတယ်။

လက်ရှိ သင်တန်းပေးမှု နည်းဗျူဟာ မအောင်မြင်ရခြင်း

လက်ရှိမှာ ကုမ္ပဏီအတော်များများက LinkedIn Learning ဒါမှမဟုတ် Coursera လိုမျိုး Online သင်တန်းတွေကို ဝယ်ပေးထားတာမျိုးတွေ ရှိပေမယ့် ဒါဟာ မလုံလောက်ပါဘူး။ Gen Z ရဲ့ ၇၆ ရာခိုင်နှုန်း က ကုန်ကျစရိတ်က တိုးတက်မှုအတွက် အကြီးမားဆုံး အတားအဆီးအဖြစ် ဖော်ပြခဲ့ပါတယ်။ သူတို့ဟာ အွန်လိုင်းသင် တန်းတွေကို ကြည့်လို့ရပေမယ့် ကျွမ်းကျင်မှု သက်သေပြဖို့ လိုအပ်တဲ့ ဈေးကြီးတဲ့ Industry Certification (လက်မှတ်) ရဖို့အတွက် ကုန်ကျစရိတ်ကို မတတ်နိုင်ကြပါဘူး။ ဒါကြောင့် သင်တန်းတွေ ပေးထားပေမယ့် လက်တွေ့မှာ အကျိုးမပြုဘူး ဖြစ်နေပါတယ်။ဒီတော့ ဒီဆောင်းပါးမှာ Gen Z ဝန်ထမ်းတွေကို ထိန်းထားဖို့ နည်းဗျူ ဟာ (၂) ခုဖော်ပြထားပါတယ်။ဒီဝန်ထမ်းတွေကို ပင်ပန်းနွမ်းနယ်မှုကနေ အလုပ်အပေါ် စိတ်အားထက်သန်မှု ဖြစ်လာအောင် လုပ်နိုင်မယ့် နည်းဗျူဟာ (၂) ခုကို တင်ပြပေးထားပါတယ်။

၁။ Certification Gap ကို ဖြည့်ပါ

သင်တန်းတွေကို တက်ရောက်ခွင့်ပေးတာထက် ရလဒ် (Outcomes) ကို ပိုအလေးထားဖို့ လိုပါတယ်။ဝန်ထမ်းတွေအတွက် သူတို့ရဲ့ အသိပညာတွေ တကယ် အသုံးဝင်ကြောင်း သက်သေပြဖို့ တိကျတဲ့ အထောက်အထား (လက်မှတ်) တွေ လိုအပ်ပါတယ်။ကုမ္ပဏီတွေဟာ စာမေးပွဲကြေး၊ သင်တန်း၊ စာတွေ့ပစ္စည်းတွေ အပါအဝင် Professional Certifications တွေနဲ့ College Degrees တွေရဲ့ ကုန်ကျစရိတ် အားလုံးကို အပြည့်အဝ ပေးချေပေးသင့်ပါတယ်။Gallup ရဲ့ အဆိုအရ ဝန်ထမ်းတစ်ဦးကို အစားထိုးဖို့ ကုန်ကျစရိတ်ဟာ သူတို့ရဲ့ တစ်နှစ်စာ လစာရဲ့ သုညဒဿမ ငါးဆကနေ နှစ်ဆအထိ ရှိနိုင်ပါတယ်။ ဒါပေမယ့် Professional Certification တစ်ခုရဲ့ ကုန်ကျစရိတ်ဟာ ဒီအစားထိုးစရိတ်ရဲ့ သုံးပုံတစ်ပုံလောက်သာ ရှိပါတယ်။ ဒါကြောင့် အလုပ်ထွက်တာကို ခံရတာထက် ပညာရေးအပေါ် ရင်းနှီးမြှုပ်နှံတာက ပိုပြီး စရိတ်သက်သာစေပါတယ်။ ဥပမာအနေနဲ့ Amazon၊ JPMorgan Chaseနဲ့ Boeing တို့ဟာ သူတို့ရဲ့ ဝန်ထမ်းတွေအတွက် ပညာရေးကို အပြည့်အဝ ထောက်ပံ့ပေးနေကြပါတယ်။

၂။ မြင်သာထင်သာတဲ့ အလုပ်အကိုင် တိုးတက်မှု လှေကားကို ဖန်တီးပါ

Gen Z ဝန်ထမ်းတွေဟာ အလုပ်ကနေ ထုတ်ပယ်ခံရမှာနဲ့ AI က အစားထိုးမှာကို စိုးရိမ်ကြောက်လန့်နေကြပါတယ်။ ဒါကြောင့် သူတို့အတွက် စိတ်ချရတဲ့ အနာဂတ်တစ်ခုကို မြင်အောင် လုပ်ပေးဖို့ လိုပါတယ်။ တက်ရမယ့် ခြေလှမ်းတွေကို ပုံဖော်ပြပါ။ ကုမ္ပဏီအတွင်း ရာထူးတက်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ အောင် မြင်မှုတွေကို အသေးစိတ် ချရေးပြဖို့လိုပါတယ်။ အခွင့်အလမ်းတွေကို ပေါ်ပေါ်ထင်ထင် ထားပါ။ ရာထူးတိုးဖို့ ဒါမှမဟုတ် အခြားအခွင့်အရေးတွေအတွက် လျှောက် ထားရတာ လွယ်ကူအောင် လုပ်ပေးပါ။ လမ်းညွှန်ချက်တွေကို နေရာတိုင်းမှာ ထားပါ။ ဝန်ထမ်းသစ်လက်စွဲစာအုပ်ကအစ ဝန်ထမ်းလမ်းညွှန်စာအုပ်အထိ တိုးတက်မှုဆိုင်ရာ အချက်အလက်တွေက ရှင်းလင်းပြတ်သားနေဖို့ လိုပါတယ်။ နောက်ပြီး လုပ်ငန်းစဉ်ကို ရှင်းပြပါ။ ဝန်ထမ်းငယ်တွေအတွက် X က Y ကို ဘယ်လိုသက်ရောက်ပြီး Z ကို ဖြစ်ပေါ်စေတယ်ဆိုတဲ့ ရာထူးတိုးမြှင့်မှုနဲ့ အလုပ်အကိုင် တိုးတက်မှုဆိုင်ရာ ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေ လိုအပ်ပါတယ်။

ဝန်ထမ်း ၄၆ ရာခိုင်နှုန်းဟာ အလုပ်ထွက်ဖို့ စီစဉ်နေပေမယ့် သူတို့ မထွက်သေးပါဘူး။ ဒီတစ်ပတ်အတွင်းမှာ Certification Gap ကို ပိတ်ပြီး ပညာရေး အခွင့်အလမ်းတွေမှာ ရင်းနှီးမြှုပ်နှံမယ်၊ ပြီးတော့ သူတို့ရဲ့ အလုပ်အကိုင် တိုးတက်မှုအတွက် ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေ ပေးမယ်ဆိုရင် သင်ဟာ ဝန်ထမ်းကောင်းတွေကို ထိန်းထားနိုင်ရုံသာမက အနာဂတ် ခေါင်းဆောင်တွေအဖြစ်ပါ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

မန္ေနဂ်ာေတြအေနနဲ႔ ဂ်န္ဇီး(Gen Z) ဝန္ထမ္းေတြကို ထိန္းထားဖို႔ ႀကိဳးစားေနေပမယ့္ အဆင္မေျပျဖစ္ေနရင္ သင္တစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ စစ္တမ္းေတြအရ Gen Z ဝန္ထမ္း ၄၆ ရာခိုင္ႏႈန္းဟာ အလုပ္ထြက္ဖို႔ စီစဥ္ေနၾကတယ္ လို႔ ဆိုပါတယ္။ ဒါေပမယ့္ သူတို႔ အလုပ္ထြက္ဖို႔ စီစဥ္ေနတာက ပ်င္းလို႔၊ ဒါမွမဟုတ္ ေဖ်ာ္ေျဖေရးလိုလို႔ မဟုတ္ပါဘူး။ သူတို႔ဟာ အရမ္းကို ပင္ပန္းႏြမ္းနယ္ေနလို႔ ျဖစ္ပါတယ္။

ပင္ပန္းႏြမ္းနယ္မႈရဲ႕ အဓိက အေၾကာင္းရင္း

Youngstown State University ရဲ႕ ေလ့လာခ်က္အရ Gen Z ဝန္ထမ္းေတြ အလုပ္ထြက္ခ်င္တဲ့ အဓိက အေၾကာင္းရင္းက ဝင္ေငြ နည္းလို႔ မဟုတ္ဘဲ၊ တိုးတက္ခြင့္ (growth opportunities) မရွိလို႔ ျဖစ္ပါတယ္။ စစ္တမ္းေျဖသူေတြရဲ႕ သုံးပုံတစ္ပုံခန႔္ ဟာ သူတို႔ရဲ႕ အလုပ္အကိုင္မွာ တိုးတက္မႈ ရပ္တန႔္ေနတယ္လို႔ ခံစားရပါတယ္။ သူတို႔ဘာလို႔ ဒီလိုခံစားရလဲ ေမးၾကည့္တဲ့အခါ ၇၁ ရာခိုင္ႏႈန္း က ေနာက္ထပ္ ပညာသင္ၾကားဖို႔နဲ႔ ေလ့က်င့္မႈေတြအတြက္ အလုပ္ရွင္ရဲ႕ ပံ့ပိုးမႈ နည္းပါးတာကို ေထာက္ျပခဲ့ၾကပါတယ္။

လက္ရွိ သင္တန္းေပးမႈ နည္းဗ်ဴဟာ မေအာင္ျမင္ရျခင္း

လက္ရွိမွာ ကုမၸဏီအေတာ္မ်ားမ်ားက LinkedIn Learning ဒါမွမဟုတ္ Coursera လိုမ်ိဳး Online သင္တန္းေတြကို ဝယ္ေပးထားတာမ်ိဳးေတြ ရွိေပမယ့္ ဒါဟာ မလုံေလာက္ပါဘူး။ Gen Z ရဲ႕ ၇၆ ရာခိုင္ႏႈန္း က ကုန္က်စရိတ္က တိုးတက္မႈအတြက္ အႀကီးမားဆုံး အတားအဆီးအျဖစ္ ေဖာ္ျပခဲ့ပါတယ္။ သူတို႔ဟာ အြန္လိုင္းသင္ တန္းေတြကို ၾကည့္လို႔ရေပမယ့္ ကြၽမ္းက်င္မႈ သက္ေသျပဖို႔ လိုအပ္တဲ့ ေဈးႀကီးတဲ့ Industry Certification (လက္မွတ္) ရဖို႔အတြက္ ကုန္က်စရိတ္ကို မတတ္ႏိုင္ၾကပါဘူး။ ဒါေၾကာင့္ သင္တန္းေတြ ေပးထားေပမယ့္ လက္ေတြ႕မွာ အက်ိဳးမျပဳဘူး ျဖစ္ေနပါတယ္။ဒီေတာ့ ဒီေဆာင္းပါးမွာ Gen Z ဝန္ထမ္းေတြကို ထိန္းထားဖို႔ နည္းဗ်ဴ ဟာ (၂) ခုေဖာ္ျပထားပါတယ္။ဒီဝန္ထမ္းေတြကို ပင္ပန္းႏြမ္းနယ္မႈကေန အလုပ္အေပၚ စိတ္အားထက္သန္မႈ ျဖစ္လာေအာင္ လုပ္ႏိုင္မယ့္ နည္းဗ်ဴဟာ (၂) ခုကို တင္ျပေပးထားပါတယ္။

၁။ Certification Gap ကို ျဖည့္ပါ

သင္တန္းေတြကို တက္ေရာက္ခြင့္ေပးတာထက္ ရလဒ္ (Outcomes) ကို ပိုအေလးထားဖို႔ လိုပါတယ္။ဝန္ထမ္းေတြအတြက္ သူတို႔ရဲ႕ အသိပညာေတြ တကယ္ အသုံးဝင္ေၾကာင္း သက္ေသျပဖို႔ တိက်တဲ့ အေထာက္အထား (လက္မွတ္) ေတြ လိုအပ္ပါတယ္။ကုမၸဏီေတြဟာ စာေမးပြဲေၾကး၊ သင္တန္း၊ စာေတြ႕ပစၥည္းေတြ အပါအဝင္ Professional Certifications ေတြနဲ႔ College Degrees ေတြရဲ႕ ကုန္က်စရိတ္ အားလုံးကို အျပည့္အဝ ေပးေခ်ေပးသင့္ပါတယ္။Gallup ရဲ႕ အဆိုအရ ဝန္ထမ္းတစ္ဦးကို အစားထိုးဖို႔ ကုန္က်စရိတ္ဟာ သူတို႔ရဲ႕ တစ္ႏွစ္စာ လစာရဲ႕ သုညဒႆမ ငါးဆကေန ႏွစ္ဆအထိ ရွိႏိုင္ပါတယ္။ ဒါေပမယ့္ Professional Certification တစ္ခုရဲ႕ ကုန္က်စရိတ္ဟာ ဒီအစားထိုးစရိတ္ရဲ႕ သုံးပုံတစ္ပုံေလာက္သာ ရွိပါတယ္။ ဒါေၾကာင့္ အလုပ္ထြက္တာကို ခံရတာထက္ ပညာေရးအေပၚ ရင္းႏွီးျမႇဳပ္ႏွံတာက ပိုၿပီး စရိတ္သက္သာေစပါတယ္။ ဥပမာအေနနဲ႔ Amazon၊ JPMorgan Chaseနဲ႔ Boeing တို႔ဟာ သူတို႔ရဲ႕ ဝန္ထမ္းေတြအတြက္ ပညာေရးကို အျပည့္အဝ ေထာက္ပံ့ေပးေနၾကပါတယ္။

၂။ ျမင္သာထင္သာတဲ့ အလုပ္အကိုင္ တိုးတက္မႈ ေလွကားကို ဖန္တီးပါ

Gen Z ဝန္ထမ္းေတြဟာ အလုပ္ကေန ထုတ္ပယ္ခံရမွာနဲ႔ AI က အစားထိုးမွာကို စိုးရိမ္ေၾကာက္လန႔္ေနၾကပါတယ္။ ဒါေၾကာင့္ သူတို႔အတြက္ စိတ္ခ်ရတဲ့ အနာဂတ္တစ္ခုကို ျမင္ေအာင္ လုပ္ေပးဖို႔ လိုပါတယ္။ တက္ရမယ့္ ေျခလွမ္းေတြကို ပုံေဖာ္ျပပါ။ ကုမၸဏီအတြင္း ရာထူးတက္ဖို႔ လိုအပ္တဲ့ ကြၽမ္းက်င္မႈ၊ အေတြ႕အႀကဳံနဲ႔ ေအာင္ ျမင္မႈေတြကို အေသးစိတ္ ခ်ေရးျပဖို႔လိုပါတယ္။ အခြင့္အလမ္းေတြကို ေပၚေပၚထင္ထင္ ထားပါ။ ရာထူးတိုးဖို႔ ဒါမွမဟုတ္ အျခားအခြင့္အေရးေတြအတြက္ ေလွ်ာက္ ထားရတာ လြယ္ကူေအာင္ လုပ္ေပးပါ။ လမ္းၫႊန္ခ်က္ေတြကို ေနရာတိုင္းမွာ ထားပါ။ ဝန္ထမ္းသစ္လက္စြဲစာအုပ္ကအစ ဝန္ထမ္းလမ္းၫႊန္စာအုပ္အထိ တိုးတက္မႈဆိုင္ရာ အခ်က္အလက္ေတြက ရွင္းလင္းျပတ္သားေနဖို႔ လိုပါတယ္။ ေနာက္ၿပီး လုပ္ငန္းစဥ္ကို ရွင္းျပပါ။ ဝန္ထမ္းငယ္ေတြအတြက္ X က Y ကို ဘယ္လိုသက္ေရာက္ၿပီး Z ကို ျဖစ္ေပၚေစတယ္ဆိုတဲ့ ရာထူးတိုးျမႇင့္မႈနဲ႔ အလုပ္အကိုင္ တိုးတက္မႈဆိုင္ရာ ရွင္းလင္းတဲ့ ၫႊန္ၾကားခ်က္ေတြ လိုအပ္ပါတယ္။

ဝန္ထမ္း ၄၆ ရာခိုင္ႏႈန္းဟာ အလုပ္ထြက္ဖို႔ စီစဥ္ေနေပမယ့္ သူတို႔ မထြက္ေသးပါဘူး။ ဒီတစ္ပတ္အတြင္းမွာ Certification Gap ကို ပိတ္ၿပီး ပညာေရး အခြင့္အလမ္းေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမယ္၊ ၿပီးေတာ့ သူတို႔ရဲ႕ အလုပ္အကိုင္ တိုးတက္မႈအတြက္ ရွင္းလင္းတဲ့ လမ္းၫႊန္ခ်က္ေတြ ေပးမယ္ဆိုရင္ သင္ဟာ ဝန္ထမ္းေကာင္းေတြကို ထိန္းထားႏိုင္႐ုံသာမက အနာဂတ္ ေခါင္းေဆာင္ေတြအျဖစ္ပါ တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*