အလုပ်ခွင်မှာ ဆိုးရွားတဲ့ လုပ်ဖော်ကိုင်ဖက်ကို ဘယ်လို ရင်ဆိုင်မလဲ

အလုပ်ခွင်မှာ လူတိုင်းနဲ့ အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ဒီလိုမလွယ်ကူတဲ့အပြင် တခါတရံမှာ ဆိုးရွားတဲ့ အပြုအမူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ကြုံရတတ်ပါတယ်။ သူတို့ရဲ့ အပြုအမူတွေက သင့်ရဲ့ လုပ်ငန်းခွင် စိတ်ကျေနပ်မှုကိုထိခိုက်စေနိုင်ပြီး အလုပ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့်ဆိုးရွားတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ တွေ့တဲ့အခါ ဘယ်လိုရင် ဆိုင်မလဲဆိုတာကို သိထားဖို့အရေးကြီးပါတယ်။

သူတို့ရဲ့ အပြုအမူကို သေချာဆန်းစစ်ပါ

အရင်ဆုံး သူတို့ရဲ့ အပြုအမူက ဘာကြောင့် ဆိုးရွားနေတာလဲဆိုတာကို နားလည်ဖို့ကြိုးစားသင့်ပါတယ်။ သူတို့အပြုအမူက သင့်ကိုပဲထိ ခိုက်နေတာလား၊ ဒါမှမဟုတ်တခြားသူတွေကိုပါ ထိခိုက်နေတာလားဆိုတာကို စဉ်းစားပါ။ ပြီးတော့ သူတို့အပြုအမူကတမင်သက်သက်လုပ်နေတာလား၊ မရည်ရွယ်ဘဲ လုပ်နေတာလားဆိုတာ စဉ်းစားပါ။

တိုက်ရိုက်ပြောဆိုဆွေးနွေးပါ

သူတို့ရဲ့ အပြုအမူက သင့်ကို ဘယ်လို ထိခိုက်နေလဲဆိုတာကို တည်ငြိမ်တဲ့ လေသံနဲ့ ရှင်းပြပါ။ပြဿနာကို ဖြေရှင်းဖို့ဆိုရင် အတူတကွဆွေးနွေးတာကနေလည်း အဖြေရနိုင်ပါတယ်။အလုပ်တခုထဲမှာ နေ့စဉ်ဆုံတွေ့နေရတဲ့ လုပ်ဖော်ကိုင်ဖက်တယောက်ယောက်နဲ့အဆင်မပြေဘူးဆိုရင် အလုပ်ကိုမသွားချင်လောက်အောင်စိတ်အနှောင့်အယှက်ဖြစ်စေတာပဲဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ တိုက်ရိုက်ဖြေရှင်းတာကအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ သူ့အခြေအနေကို တိုက်ရိုက်ဆွေးနွေးပြောဆိုပါ။ဒီလိုဆွေးနွေးတဲ့အခါ လေသံအနေအ ထားနဲ့၊ ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ။အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုဖြစ်စေဖို့ ဂရုစိုက်ပါ။ ပြီးတော့ ပြဿနာကိုဖြေရှင်းဖို့အတွက်
အတူတကွဆွေးနွေးပါ။ သူ့တို့ရဲ့အပြုအမူကို ပြောင်းလဲဖို့အတွက် တောင်းဆိုပါ။

တခြားသူတွေရဲ့ အကူအညီကို ရယူပါ

ဒီလိုဆွေးနွေးမှုက အဆင်မပြေဘူး၊ ရလဒ်က စိတ်ကျေနပ်မှုမရဘူးဆိုရင် သင့်အထက်လူကြီးဒါမှမဟုတ် HR ဌာနကို အကြောင်းကြားသင့်ပါတယ်။ တခြားလုပ်ဖော်ကိုင်ဖက်တွေရဲ့ထောက်ခံမှုကိုရယူပါ။ အလုပ်ခွင်မှာဖြစ်ပေါ်နေတဲ့ အခြေအနေ၊ ပြဿနာတွေကိုတရားဝင်မှတ်တမ်းတင်ထားပါ။

ကိုယ့်ကိုယ်ကို ကာကွယ်ပါ

လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်ရဲ့ ဆိုးရွားတဲ့အပြုအမူတွေကို ခံနိုင်ရည်မရှိကြောင်း ပြသပါ။အပေါ်မှာပြောခဲ့သလိုမျိုး တိုက်ရိုက်ဆွေး နွေးကြည့်တာမျိုး၊အထက်လူကြီးကတဆင့်ပြောတာမျိုး လုပ်ဆောင်ပါ။ သူတို့ရဲ့အပြုအမူကြောင့်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမျိုးမဖြစ်အောင် ကာကွယ်ပါ။အလုပ်ကိုသွားဖို့ကြောက်လန့်နေတာမျိုး၊ စိတ်ညစ်နေရတာမျိုးမဖြစ်ဖို့လည်းကိုယ့်ကိုယ်ကိုယ်ဒီအချက်တွေနဲ့ ကာကွယ်ထားသင့်ပါတယ်။အခြေအနေကို ပြောင်းလဲဖို့ မဖြစ်နိုင်ရင် အခြားရွေးချယ်စရာတွေကို စဉ်းစားပါဒီလိုမျိုးအပေါ်မှာပြောခဲ့သလို ကိစ္စရပ်တွေက အဆင်မပြေဘူးဆိုရင်တခြားရွေးချယ်စရာတွေကို စဉ်းစားရပါတော့မယ်။ ဒါကအလုပ်ထွက်တာမျိုးလည်းဖြစ်နိုင်သလို၊ တခြားဌာန၊တခြားနေရာတခုကိုရွေ့ပြောင်းခိုင်းတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီလိုအချိန်မှာ ဂရုစိုက်ရမှာကတော့ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကိုထိန်းသိမ်းဖို့ပါ။စိတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်ဖြေရှင်းပါ။ တရားမျှတမှုကို အလေးထားပါ။မှန်မှန်ကန်ကန်ပဲဖြစ်ပါစေ။ ကျန်းမာရေးအတွက်တော့ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းပါ။အလုပ်ခွင်မှာ ဆိုးရွားတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ရင်ဆိုင်ရတာဟာ စိတ်ဖိစီးမှုများစေနိုင်ပါတယ်။ဒါပေမဲ့ အထက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကို အသုံးချမယ်ဆိုရင်တော့ ဒီအခြေအနေကိုထိန်းချုပ်နိုင်ပြီး အလုပ်ခွင်မှာ ပိုမိုပျော်ရွှင်စွာ လုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

အလုပ္ခြင္မွာ လူတိုင္းနဲ႔ အဆင္ေျပေျပ ပူးေပါင္းေဆာင္႐ြက္ႏိုင္ဖို႔ဆိုတာ မလြယ္ကူပါဘူး။ဒီလိုမလြယ္ကူတဲ့အျပင္ တခါတရံမွာ ဆိုး႐ြားတဲ့ အျပဳအမူေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ေတြ႕ႀကဳံရတတ္ပါတယ္။ သူတို႔ရဲ႕ အျပဳအမူေတြက သင့္ရဲ႕ လုပ္ငန္းခြင္ စိတ္ေက်နပ္မႈကိုထိခိုက္ေစႏိုင္ၿပီး အလုပ္ရဲ႕ စြမ္းေဆာင္ရည္ကိုလည္း က်ဆင္းေစႏိုင္ပါတယ္။ ဒါေၾကာင့္ဆိုး႐ြားတဲ့ လုပ္ေဖာ္ကိုင္ဖက္နဲ႔ ေတြ႕တဲ့အခါ ဘယ္လိုရင္ ဆိုင္မလဲဆိုတာကို သိထားဖို႔အေရးႀကီးပါတယ္။

သူတို႔ရဲ႕ အျပဳအမူကို ေသခ်ာဆန္းစစ္ပါ

အရင္ဆုံး သူတို႔ရဲ႕ အျပဳအမူက ဘာေၾကာင့္ ဆိုး႐ြားေနတာလဲဆိုတာကို နားလည္ဖို႔ႀကိဳးစားသင့္ပါတယ္။ သူတို႔အျပဳအမူက သင့္ကိုပဲထိ ခိုက္ေနတာလား၊ ဒါမွမဟုတ္တျခားသူေတြကိုပါ ထိခိုက္ေနတာလားဆိုတာကို စဥ္းစားပါ။ ၿပီးေတာ့ သူတို႔အျပဳအမူကတမင္သက္သက္လုပ္ေနတာလား၊ မရည္႐ြယ္ဘဲ လုပ္ေနတာလားဆိုတာ စဥ္းစားပါ။

တိုက္႐ိုက္ေျပာဆိုေဆြးေႏြးပါ

သူတို႔ရဲ႕ အျပဳအမူက သင့္ကို ဘယ္လို ထိခိုက္ေနလဲဆိုတာကို တည္ၿငိမ္တဲ့ ေလသံနဲ႔ ရွင္းျပပါ။ျပႆနာကို ေျဖရွင္းဖို႔ဆိုရင္ အတူတကြေဆြးေႏြးတာကေနလည္း အေျဖရႏိုင္ပါတယ္။အလုပ္တခုထဲမွာ ေန႔စဥ္ဆုံေတြ႕ေနရတဲ့ လုပ္ေဖာ္ကိုင္ဖက္တေယာက္ေယာက္နဲ႔အဆင္မေျပဘူးဆိုရင္ အလုပ္ကိုမသြားခ်င္ေလာက္ေအာင္စိတ္အေႏွာင့္အယွက္ျဖစ္ေစတာပဲျဖစ္ပါတယ္။ ဒီလိုျဖစ္လာတဲ့အခါမွာ တိုက္႐ိုက္ေျဖရွင္းတာကအေကာင္းဆုံးနည္းလမ္းပဲျဖစ္ပါတယ္။ သူ႔အေျခအေနကို တိုက္႐ိုက္ေဆြးေႏြးေျပာဆိုပါ။ဒီလိုေဆြးေႏြးတဲ့အခါ ေလသံအေနအ ထားနဲ႔၊ ကိုယ္ေနဟန္ထားကို ဂ႐ုစိုက္ပါ။အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးမႈျဖစ္ေစဖို႔ ဂ႐ုစိုက္ပါ။ ၿပီးေတာ့ ျပႆနာကိုေျဖရွင္းဖို႔အတြက္
အတူတကြေဆြးေႏြးပါ။ သူ႔တို႔ရဲ႕အျပဳအမူကို ေျပာင္းလဲဖို႔အတြက္ ေတာင္းဆိုပါ။

တျခားသူေတြရဲ႕ အကူအညီကို ရယူပါ

ဒီလိုေဆြးေႏြးမႈက အဆင္မေျပဘူး၊ ရလဒ္က စိတ္ေက်နပ္မႈမရဘူးဆိုရင္ သင့္အထက္လူႀကီးဒါမွမဟုတ္ HR ဌာနကို အေၾကာင္းၾကားသင့္ပါတယ္။ တျခားလုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ေထာက္ခံမႈကိုရယူပါ။ အလုပ္ခြင္မွာျဖစ္ေပၚေနတဲ့ အေျခအေန၊ ျပႆနာေတြကိုတရားဝင္မွတ္တမ္းတင္ထားပါ။

ကိုယ့္ကိုယ္ကို ကာကြယ္ပါ

လုပ္ငန္းခြင္မွာ လုပ္ေဖာ္ကိုင္ဖက္ရဲ႕ ဆိုး႐ြားတဲ့အျပဳအမူေတြကို ခံႏိုင္ရည္မရွိေၾကာင္း ျပသပါ။အေပၚမွာေျပာခဲ့သလိုမ်ိဳး တိုက္႐ိုက္ေဆြး ေႏြးၾကည့္တာမ်ိဳး၊အထက္လူႀကီးကတဆင့္ေျပာတာမ်ိဳး လုပ္ေဆာင္ပါ။ သူတို႔ရဲ႕အျပဳအမူေၾကာင့္ကိုယ့္ရဲ႕စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာထိခိုက္မႈမ်ိဳးမျဖစ္ေအာင္ ကာကြယ္ပါ။အလုပ္ကိုသြားဖို႔ေၾကာက္လန႔္ေနတာမ်ိဳး၊ စိတ္ညစ္ေနရတာမ်ိဳးမျဖစ္ဖို႔လည္းကိုယ့္ကိုယ္ကိုယ္ဒီအခ်က္ေတြနဲ႔ ကာကြယ္ထားသင့္ပါတယ္။အေျခအေနကို ေျပာင္းလဲဖို႔ မျဖစ္ႏိုင္ရင္ အျခားေ႐ြးခ်ယ္စရာေတြကို စဥ္းစားပါဒီလိုမ်ိဳးအေပၚမွာေျပာခဲ့သလို ကိစၥရပ္ေတြက အဆင္မေျပဘူးဆိုရင္တျခားေ႐ြးခ်ယ္စရာေတြကို စဥ္းစားရပါေတာ့မယ္။ ဒါကအလုပ္ထြက္တာမ်ိဳးလည္းျဖစ္ႏိုင္သလို၊ တျခားဌာန၊တျခားေနရာတခုကိုေ႐ြ႕ေျပာင္းခိုင္းတာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ဒီလိုအခ်ိန္မွာ ဂ႐ုစိုက္ရမွာကေတာ့ ပေရာ္ဖက္ရွင္နယ္က်င့္ဝတ္ကိုထိန္းသိမ္းဖို႔ပါ။စိတ္ကိုတည္တည္ၿငိမ္ၿငိမ္နဲ႔ရင္ဆိုင္ေျဖရွင္းပါ။ တရားမွ်တမႈကို အေလးထားပါ။မွန္မွန္ကန္ကန္ပဲျဖစ္ပါေစ။ က်န္းမာေရးအတြက္ေတာ့ စိတ္ဖိစီးမႈကို ကိုင္တြယ္ေျဖရွင္းပါ။အလုပ္ခြင္မွာ ဆိုး႐ြားတဲ့ လုပ္ေဖာ္ကိုင္ဖက္နဲ႔ ရင္ဆိုင္ရတာဟာ စိတ္ဖိစီးမႈမ်ားေစႏိုင္ပါတယ္။ဒါေပမဲ့ အထက္မွာေဖာ္ျပထားတဲ့ နည္းလမ္းေတြကို အသုံးခ်မယ္ဆိုရင္ေတာ့ ဒီအေျခအေနကိုထိန္းခ်ဳပ္ႏိုင္ၿပီး အလုပ္ခြင္မွာ ပိုမိုေပ်ာ္႐ႊင္စြာ လုပ္ကိုင္ႏိုင္မွာပဲျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*