သိသာထင်ရှားသော ကြွယ်ဝချမ်းသာမှုကို ဆွဲဆောင်နိုင်မယ့် တရုတ်ရာသီခွင် (၃)ခု

ဒီအပတ်ရဲ့ လဆန်း (New Moon) ဟာ တရုတ်နှစ်ဖွားရာသီခွင်တွေကို ချမ်းသာကြွယ်ဝဖို့အခွင့်အရေးသစ်တွေ ယူဆောင်လာပေးပါတယ်။ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူဖို့အတွက် စွန့်စားရဲတဲ့ သတ္တိရှိဖို့လိုပြီး၊ တရုတ်နှစ်ဖွား ရာသီခွင် ၃ မျိုးရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ဒီစွမ်းအင်နဲ့ အလွန်ကိုက်ညီနေပါတယ်။

၁။ နဂါးနှစ်ဖွား (Dragon)

နဂါး (Dragon) ရာသီဖွားများအနေနဲ့ နိုဝင်ဘာ၁၇ ကနေ နိုဝင်ဘာ ၂၃ အထိ ကြွယ်ဝချမ်းသာမှုဆီကို ဦးတည်စေမယ့် ကံကောင်းခြင်းမျိုးကို ဖန်တီးပေးပါလိမ့်မယ်။ တစ်နေရာကနေ နောက်တစ်နေရာကို ရွေ့လျားဖို့ လိုအပ်တဲ့ ရှေ့ခရီးစဉ်နဲ့ အဆင့်တွေကို သင့်အနေနဲ့ စဉ်းစားရပါမယ်။

တနင်္ဂနွေနေ့ (Sunday) မှာ ဘာတွေပြီးမြောက်အောင် လုပ်ချင်လဲဆိုတဲ့ အစီအစဉ် မရှိသေးရင် တနင်္လာနေ့နဲ့ အင်္ဂါနေ့ (Monday and Tuesday) မှာ အစီအစဉ်တစ်ခု စတင်ရေးဆွဲဖို့ အာရုံစိုက်ပါ။ ဘယ်လိုဖြစ်လာမလဲဆိုတာ မသေချာရင်တောင် ဒီအပတ်မှာ ပရောဂျက်အသစ်တစ်ခု စတင် လိုက်ပါ။ လမ်းညွှန်ဆရာ သို့မဟုတ် နည်းပြနဲ့ စကားပြောပါ၊ ဒါမှမဟုတ် အနာဂတ်အတွက် သင်စိတ်ဝင်စားတာကို အားထုတ်လုပ်ဆောင်နိုင်မယ့် လုပ်ရိုးလုပ်စဉ်တစ်ခုကို စတင်ပါ။

နိုဝင်ဘာလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကြွယ်ဝချမ်းသာမှုအတွက် ခိုင်မာတဲ့ မဟာဗျူဟာကို ချမှတ်နိုင်ဖို့ သင်ရဲ့ ထက်မြက်တဲ့ တွေးခေါ်မှုကို အသုံးပြုဖို့ အခွင့်အလမ်း ရရှိပါလိမ့်မယ်။ ဒီနေ့ဟာ အနာဂတ်က ဘာတွေ ယူဆောင်လာနိုင်မလဲဆိုတာကို စိတ်ကူးကြည့်နိုင်တဲ့ သင့်ရဲ့စွမ်းရည်ကို အားကောင်းစေပါတယ်။နိုဝင်ဘာ ၂၀ ရက်၊ လဆန်းကာလ (New Moon) မှာ သင့်ရဲ့ မနက်ခင်းတွေကို အထူးဂရုပြုပါ။ သင့်စိတ်က သင့်ရဲ့ မသိစိတ် (subconscious) စွမ်းအင်နဲ့ ချိတ်ဆက်ပြီး ဒီအပတ်မှာ ဘာလုပ်သင့်တယ်၊ အကောင်းဆုံး အခွင့်အလမ်းတွေကို ဘယ်မှာရှာတွေ့နိုင်တယ်ဆိုတဲ့ ထိုးထွင်းဉာဏ်ကို ရရှိပါလိမ့်မယ်။

၂။ ဆိတ်နှစ်ဖွား (Goat)

ဆိတ် (Goat) နှစ်ဖွားများ အနေနဲ့ သင်ဟာ စိတ်ရင်းကောင်းတဲ့ သူများဖြစ်ပြီး တစ်ခါတစ်ရံမှာ သင့်ရဲ့ ကြင်နာမှုဟာ အားနည်းချက် ဒါမှမဟုတ် ထိခိုက်လွယ်မှုပုံစံမျိုးအဖြစ် ပေါ်လာတတ်ပါတယ်။ သတင်းကောင်းကတော့ ဒီအရည်အချင်းဟာ ဒီတစ်ပတ်လုံးမှာ သင့်ကို ကြွယ်ဝချမ်းသာမှုအတွက် ပြင်ဆင်ပေးတဲ့အရာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ဇွဲလုံ့လနဲ့ ကြောက်ရွံ့မှုကို ကျော်လွှားနိုင်တဲ့ စွမ်းရည် ကို ပြသရပါလိမ့်မယ်။

ဒီအပတ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့ လဆန်း (New Moon) ရှိတဲ့အတွက် ကြွယ်ဝချမ်းသာမှုရဲ့ တံခါးကို ဖွင့်နိုင်ဖို့ သင်လုပ်ဆောင်နိုင်တဲ့ အရာတစ်ခုကတော့ သင့်ကို ကတိပေးခဲ့သူ သို့မဟုတ် အလုပ်ကိစ္စနဲ့ပတ်သက်ပြီး စကားပြောဖို့ လိုအပ်သူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းခြင်း follow up ပဲ ဖြစ်ပါတယ်။နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့ကို ရှောင်ပါ။ ဖြစ်နိုင်ရင် နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ (စတင်ခြင်းနေ့) ကို ရွေးချယ်ပါ။

ဒီအပတ်အတွက် သင့်ရဲ့ အကောင်းဆုံးနေ့ဟာ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့ (အောင်မြင်ခြင်းနေ့) မှာ ကျရောက်ပေမယ့်၊ ဒီနေ့ကို သင့်အနာဂတ်အပေါ် ကောင်းကျိုးသက်ရောက်စေမယ့် ဆက်ဆံရေးတွေကို မြှင့်တင်ဖို့ အသုံးပြုပါ။ အီးမေးလ်များ ပို့ပါ သို့မဟုတ် နောက်ဆက်တွဲ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပါ။ အဆုံးသတ်ခြင်းအပေါ် အာရုံစိုက်ပြီး ကံကောင်းခြင်းတွေ ဘယ်လိုလိုက်လာမယ်ဆိုတာ စောင့်ကြည့်ပါ။

မျောက်နှစ်ဖွား (Monkey)

မျောက် (Monkey) နှစ်ဖွားများအနေနဲ့ သင်ဟာ အခွင့်အရေးသမားတစ်ဦးဖြစ်ပြီး ဒီအပတ်မှာ သင်ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ အခြေအနေတစ်ခုကို အခွင့်ကောင်းယူဖို့ အခွင့်အရေး ရရှိပါလိမ့်မယ်။ သင့်ရဲ့ လုပ်ဆောင်ချက်တွေအတွက် အကျိုးခံစားခွင့်ကို ပြန်လည်ရရှိ ပါလိမ့်မယ်။သင်လိုချင်တာကို ရဖို့အတွက် အဆင့်တွေ လုပ် ဆောင်ခဲ့ပြီးပြီ၊ အခု သင့်ရဲ့ အောင်မြင်မှုနေ့ ရောက်လာပါပြီ။ စကြဝဠာထဲကို သင်ထုတ်လွှတ်လိုက်တဲ့ စွမ်းအင်က သင့်ဆီကို နှစ်ဆ ပြန်လာ ပါလိမ့်မယ်။ သင့်ရဲ့ ပါးနပ်မှုနဲ့ စောင့်ကြည့်လေ့လာနိုင်စွမ်းကို အသုံးပြုရပါမယ်။ ဒါပေမဲ့ သင်လုပ်ဆောင်သမျှက သင့်ဆီ ပြန်လာတယ်ဆိုတာကို သတိရပါ။

နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့ (Receive Day) မှာ သင့်ရဲ့ ကြွယ်ဝချမ်းသာမှု ရောက်ရှိလာတဲ့အခါ အလွန်အကျွံ စဉ်းစားမနေမိဖို့ သတိထားပါ။ သင်လိုချင်တာကို ရဖို့အတွက် အလျင်စလိုလုပ်နေစရာမလိုပါဘူး၊ ဘာကြောင့်လဲဆိုတော့ သင့်ဆီကို သဘာဝအတိုင်း ရောက်လာမှာ ဖြစ်လို့ပါ။ ဆွဲဆောင်မှု စွမ်းအား က ဒီအပတ်မှာ သင့်ဘက်မှာ ရှိနေပါတယ်။ ကြွယ်ဝချမ်းသာမှု ရောက်လာတဲ့အခါ ‘လက်ခံပါတယ်’ လို့ ပြောလိုက်ရုံပါပဲ။

ကျော့ကေခိုင်

zawgyi

ဒီအပတ္ရဲ႕ လဆန္း (New Moon) ဟာ တ႐ုတ္ႏွစ္ဖြားရာသီခြင္ေတြကို ခ်မ္းသာႂကြယ္ဝဖို႔အခြင့္အေရးသစ္ေတြ ယူေဆာင္လာေပးပါတယ္။ႀကီးမားတဲ့ ေအာင္ျမင္မႈေတြကို ရယူဖို႔အတြက္ စြန႔္စားရဲတဲ့ သတၱိရွိဖို႔လိုၿပီး၊ တ႐ုတ္ႏွစ္ဖြား ရာသီခြင္ ၃ မ်ိဳးရဲ႕ ကိုယ္ရည္ကိုယ္ေသြးေတြက ဒီစြမ္းအင္နဲ႔ အလြန္ကိုက္ညီေနပါတယ္။

၁။ နဂါးႏွစ္ဖြား (Dragon)

နဂါး (Dragon) ရာသီဖြားမ်ားအေနနဲ႔ ႏိုဝင္ဘာ၁၇ ကေန ႏိုဝင္ဘာ ၂၃ အထိ ႂကြယ္ဝခ်မ္းသာမႈဆီကို ဦးတည္ေစမယ့္ ကံေကာင္းျခင္းမ်ိဳးကို ဖန္တီးေပးပါလိမ့္မယ္။ တစ္ေနရာကေန ေနာက္တစ္ေနရာကို ေ႐ြ႕လ်ားဖို႔ လိုအပ္တဲ့ ေရွ႕ခရီးစဥ္နဲ႔ အဆင့္ေတြကို သင့္အေနနဲ႔ စဥ္းစားရပါမယ္။

တနဂၤေႏြေန႔ (Sunday) မွာ ဘာေတြၿပီးေျမာက္ေအာင္ လုပ္ခ်င္လဲဆိုတဲ့ အစီအစဥ္ မရွိေသးရင္ တနလၤာေန႔နဲ႔ အဂၤါေန႔ (Monday and Tuesday) မွာ အစီအစဥ္တစ္ခု စတင္ေရးဆြဲဖို႔ အာ႐ုံစိုက္ပါ။ ဘယ္လိုျဖစ္လာမလဲဆိုတာ မေသခ်ာရင္ေတာင္ ဒီအပတ္မွာ ပေရာဂ်က္အသစ္တစ္ခု စတင္ လိုက္ပါ။ လမ္းၫႊန္ဆရာ သို႔မဟုတ္ နည္းျပနဲ႔ စကားေျပာပါ၊ ဒါမွမဟုတ္ အနာဂတ္အတြက္ သင္စိတ္ဝင္စားတာကို အားထုတ္လုပ္ေဆာင္ႏိုင္မယ့္ လုပ္႐ိုးလုပ္စဥ္တစ္ခုကို စတင္ပါ။

ႏိုဝင္ဘာလ ၁၉ ရက္၊ ဗုဒၶဟူးေန႔မွာ ႂကြယ္ဝခ်မ္းသာမႈအတြက္ ခိုင္မာတဲ့ မဟာဗ်ဴဟာကို ခ်မွတ္ႏိုင္ဖို႔ သင္ရဲ႕ ထက္ျမက္တဲ့ ေတြးေခၚမႈကို အသုံးျပဳဖို႔ အခြင့္အလမ္း ရရွိပါလိမ့္မယ္။ ဒီေန႔ဟာ အနာဂတ္က ဘာေတြ ယူေဆာင္လာႏိုင္မလဲဆိုတာကို စိတ္ကူးၾကည့္ႏိုင္တဲ့ သင့္ရဲ႕စြမ္းရည္ကို အားေကာင္းေစပါတယ္။ႏိုဝင္ဘာ ၂၀ ရက္၊ လဆန္းကာလ (New Moon) မွာ သင့္ရဲ႕ မနက္ခင္းေတြကို အထူးဂ႐ုျပဳပါ။ သင့္စိတ္က သင့္ရဲ႕ မသိစိတ္ (subconscious) စြမ္းအင္နဲ႔ ခ်ိတ္ဆက္ၿပီး ဒီအပတ္မွာ ဘာလုပ္သင့္တယ္၊ အေကာင္းဆုံး အခြင့္အလမ္းေတြကို ဘယ္မွာရွာေတြ႕ႏိုင္တယ္ဆိုတဲ့ ထိုးထြင္းဉာဏ္ကို ရရွိပါလိမ့္မယ္။

၂။ ဆိတ္ႏွစ္ဖြား (Goat)

ဆိတ္ (Goat) ႏွစ္ဖြားမ်ား အေနနဲ႔ သင္ဟာ စိတ္ရင္းေကာင္းတဲ့ သူမ်ားျဖစ္ၿပီး တစ္ခါတစ္ရံမွာ သင့္ရဲ႕ ၾကင္နာမႈဟာ အားနည္းခ်က္ ဒါမွမဟုတ္ ထိခိုက္လြယ္မႈပုံစံမ်ိဳးအျဖစ္ ေပၚလာတတ္ပါတယ္။ သတင္းေကာင္းကေတာ့ ဒီအရည္အခ်င္းဟာ ဒီတစ္ပတ္လုံးမွာ သင့္ကို ႂကြယ္ဝခ်မ္းသာမႈအတြက္ ျပင္ဆင္ေပးတဲ့အရာပဲ ျဖစ္ပါတယ္။ သင့္ရဲ႕ ဇြဲလုံ႔လနဲ႔ ေၾကာက္႐ြံ႕မႈကို ေက်ာ္လႊားႏိုင္တဲ့ စြမ္းရည္ ကို ျပသရပါလိမ့္မယ္။

ဒီအပတ္မွာ ႏိုဝင္ဘာ ၂၀ ရက္ေန႔ လဆန္း (New Moon) ရွိတဲ့အတြက္ ႂကြယ္ဝခ်မ္းသာမႈရဲ႕ တံခါးကို ဖြင့္ႏိုင္ဖို႔ သင္လုပ္ေဆာင္ႏိုင္တဲ့ အရာတစ္ခုကေတာ့ သင့္ကို ကတိေပးခဲ့သူ သို႔မဟုတ္ အလုပ္ကိစၥနဲ႔ပတ္သက္ၿပီး စကားေျပာဖို႔ လိုအပ္သူတစ္ဦးနဲ႔ ဆက္သြယ္ေမးျမန္းျခင္း follow up ပဲ ျဖစ္ပါတယ္။ႏိုဝင္ဘာ ၂၁ ရက္၊ ေသာၾကာေန႔ကို ေရွာင္ပါ။ ျဖစ္ႏိုင္ရင္ ႏိုဝင္ဘာ ၁၉ ရက္၊ ဗုဒၶဟူးေန႔ (စတင္ျခင္းေန႔) ကို ေ႐ြးခ်ယ္ပါ။

ဒီအပတ္အတြက္ သင့္ရဲ႕ အေကာင္းဆုံးေန႔ဟာ ႏိုဝင္ဘာ ၂၂ ရက္၊ စေနေန႔ (ေအာင္ျမင္ျခင္းေန႔) မွာ က်ေရာက္ေပမယ့္၊ ဒီေန႔ကို သင့္အနာဂတ္အေပၚ ေကာင္းက်ိဳးသက္ေရာက္ေစမယ့္ ဆက္ဆံေရးေတြကို ျမႇင့္တင္ဖို႔ အသုံးျပဳပါ။ အီးေမးလ္မ်ား ပို႔ပါ သို႔မဟုတ္ ေနာက္ဆက္တြဲ ဖုန္းေခၚဆိုမႈမ်ား ျပဳလုပ္ပါ။ အဆုံးသတ္ျခင္းအေပၚ အာ႐ုံစိုက္ၿပီး ကံေကာင္းျခင္းေတြ ဘယ္လိုလိုက္လာမယ္ဆိုတာ ေစာင့္ၾကည့္ပါ။

ေမ်ာက္ႏွစ္ဖြား (Monkey)

ေမ်ာက္ (Monkey) ႏွစ္ဖြားမ်ားအေနနဲ႔ သင္ဟာ အခြင့္အေရးသမားတစ္ဦးျဖစ္ၿပီး ဒီအပတ္မွာ သင္ေဖာ္ေဆာင္ဖို႔ ႀကိဳးစားေနတဲ့ အေျခအေနတစ္ခုကို အခြင့္ေကာင္းယူဖို႔ အခြင့္အေရး ရရွိပါလိမ့္မယ္။ သင့္ရဲ႕ လုပ္ေဆာင္ခ်က္ေတြအတြက္ အက်ိဳးခံစားခြင့္ကို ျပန္လည္ရရွိ ပါလိမ့္မယ္။သင္လိုခ်င္တာကို ရဖို႔အတြက္ အဆင့္ေတြ လုပ္ ေဆာင္ခဲ့ၿပီးၿပီ၊ အခု သင့္ရဲ႕ ေအာင္ျမင္မႈေန႔ ေရာက္လာပါၿပီ။ စၾကဝဠာထဲကို သင္ထုတ္လႊတ္လိုက္တဲ့ စြမ္းအင္က သင့္ဆီကို ႏွစ္ဆ ျပန္လာ ပါလိမ့္မယ္။ သင့္ရဲ႕ ပါးနပ္မႈနဲ႔ ေစာင့္ၾကည့္ေလ့လာႏိုင္စြမ္းကို အသုံးျပဳရပါမယ္။ ဒါေပမဲ့ သင္လုပ္ေဆာင္သမွ်က သင့္ဆီ ျပန္လာတယ္ဆိုတာကို သတိရပါ။

ႏိုဝင္ဘာ ၂၃ ရက္၊ တနဂၤေႏြေန႔ (Receive Day) မွာ သင့္ရဲ႕ ႂကြယ္ဝခ်မ္းသာမႈ ေရာက္ရွိလာတဲ့အခါ အလြန္အကြၽံ စဥ္းစားမေနမိဖို႔ သတိထားပါ။ သင္လိုခ်င္တာကို ရဖို႔အတြက္ အလ်င္စလိုလုပ္ေနစရာမလိုပါဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ သင့္ဆီကို သဘာဝအတိုင္း ေရာက္လာမွာ ျဖစ္လို႔ပါ။ ဆြဲေဆာင္မႈ စြမ္းအား က ဒီအပတ္မွာ သင့္ဘက္မွာ ရွိေနပါတယ္။ ႂကြယ္ဝခ်မ္းသာမႈ ေရာက္လာတဲ့အခါ ‘လက္ခံပါတယ္’ လို႔ ေျပာလိုက္႐ုံပါပဲ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*