ကိုယ့်ရဲ့ ‘Dream Job’ ဟာ ဘာကြောင့်ထောင်ချောက် ဖြစ်နေနိုင်တာလဲ

တော်တော်များများဟာ “ကိုယ့်ဝါသနာပါရာနောက်ကို လိုက်ပါ” ဆိုတဲ့ အကြံပေးစကားတွေကို ကြားဖူးကြမှာပါ။ အလုပ်လုပ်နေရတယ်လို့ မခံစားရတဲ့အထိ ကိုယ်သိပ်ချစ်တဲ့ အလုပ်မျိုးကို ရှာတွေ့မှ ဘဝမှာ အောင်မြင်သူလို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ ဒီအယူအဆက တကယ်တော့ အန္တရာယ်ရှိတဲ့ အမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ အဲဒီ “Dream Job” ဆိုတဲ့ ထောင်ချောက်ထဲ မဝင်သွားအောင် သတိထားရမယ့် အချက် (၃) ချက်နဲ့ ပိုကောင်းတဲ့ နည်းလမ်းကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဝါသနာအတွက် ပေးဆပ်ရတဲ့ အခွန်

သင်တို့သတိထားမိပါသလား။ ဖက်ရှင်၊ မီဒီယာ၊ ဂိမ်း ဒါမှမဟုတ် ပရဟိတ လုပ်ငန်းတွေလို နာမည်ကြီးပြီး ဆွဲဆောင်မှုရှိတဲ့နယ်ပယ်တွေမှာ လစာက နည်းနည်းလေးနဲ့ အလုပ်ချိန်ကတော့ အလွန်အမင်း များနေတတ်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဒီလိုအလုပ်မျိုးကို လိုချင်တဲ့သူတွေ တန်းစီနေတာကြောင့် ကုမ္ပဏီတွေက လစာနဲ့ ခံစားခွင့်ကို ကောင်းကောင်းပေးစရာ မလိုဘူးလို့ တွက်ထားကြတာပါ။ “ကိုယ့်ဝါသနာကို လုပ်ခွင့်ရတာပဲ” ဆိုတဲ့ ခံစားချက်အတွက် မင်းက ငွေကြေးလုံခြုံမှုနဲ့ ကိုယ်ပိုင်အချိန်တွေကို အခွန်အဖြစ် ပေးဆောင်နေရတာ ဖြစ်ပါတယ်။

မပြောင်းလဲတဲ့ ရာထူးနဲ့ ကိုယ်ပိုင်လက္ခဏာ ထောင်ချောက်

အသက် ၂၂ နှစ်မှာ သင် ဖြစ်ချင်တဲ့အရာနဲ့ အသက် ၃၂ နှစ်မှာ သင်ဖြစ်ချင်တာဟာ ထပ်တူကျမှာ မဟုတ်ပါဘူး။ ဝါသနာဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲတတ်ပေမယ့် “အလုပ်ရာထူး” ဆိုတာကတော့ ပုံသေကားချပ်ကြီးပါ။ ကိုယ့်ကိုယ်ကိုယ် “အနုပညာဒါရိုက်တာ” ဒါမှမဟုတ် “ဂိမ်းဒီဇိုင်နာ” ဆိုတဲ့ ဘောင်တစ်ခုထဲမှာပဲ ပိတ်လှောင်ထားမိရင် တခြားအသစ်အသစ်တွေကို လေ့လာဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ တစ်နေ့မှာ အဲဒီအလုပ်ကို စိတ်မပါတော့တဲ့အခါ မင်းရဲ့ နယ်ပယ်က ဒီတစ်ခုထဲ ဖြစ်နေတာကြောင့် ကိုယ့်အလုပ်က ကိုယ့်အတွက် လှောင်အိမ်ကြီး ဖြစ်သွားနိုင်ပါတယ်။

အမြဲတမ်း ပျော်ပြနေရတဲ့ ပင်ပန်းနွမ်းနယ်မှု

ကိုယ့်ရဲ့ ဝါသနာက အသက်မွေးဝမ်းကျောင်း အလုပ် ဖြစ်သွားတဲ့အခါ အပန်းဖြေစရာ နေရာ ပျောက်သွားတတ်ပါတယ်။ အရင်က ပျော်လို့လုပ်ခဲ့တဲ့အရာက အခုတော့ Deadline တွေ၊ ဖောက်သည်တွေရဲ့ ဝေဖန်မှုတွေနဲ့ ငွေကြေးရလဒ်တွေအပေါ် မူတည်သွားပါပြီ။ အလုပ်မှာ စိတ်ညစ်စရာရှိရင်တောင် “ငါချစ်တဲ့အလုပ်ပဲ၊ ငါဘာလို့ စိတ်ဖိစီးနေရတာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် အပြစ်တင်မိတတ်ပါတယ်။ ဒီလိုနဲ့ “ငါပျော်ပါတယ်” လို့ အတင်းဟန်ဆောင်ရင်း (Perform Joy) စိတ်ဓာတ်တွေ ပိုပြီး ကျဆင်းလာတတ်ပါတယ်။

ဒါကိုဖြေရှင်းဖို့အတွက်တော့ ကျွမ်းကျင်မှု အစုအဝေးကို တည်ဆောက်ဖို့ပါပဲ။ “Dream Job” ဆိုတဲ့ ရာထူးနောက်ကိုပဲ မလိုက်ပါနဲ့။ အဲဒီအစား ဘယ်နေရာမှာမဆို အသုံးချလို့ရတဲ့ တန်ဖိုးရှိတဲ့ ကျွမ်းကျင်မှုတွေကို စုဆောင်းပါ။ ဥပမာ- “မားကတ်တင်း ဒါရိုက်တာ” ဖြစ်ဖို့ပဲ ရည်မှန်းမယ့်အစား စာရေးသားစွမ်းရည်၊ ဒေတာခွဲခြမ်း စိတ်ဖြာမှုနဲ့ စီမံကိန်းစီမံခန့်ခွဲမှု (Project Management) စတဲ့ အရည်အချင်းတွေကို ပိုင်နိုင်အောင် လုပ်ထားပါ။ အဲဒီအခါ မင်းရဲ့ ဝါသနာ ပြောင်းလဲသွားရင်တောင် မင်းဆီမှာရှိတဲ့ အရည်အချင်းတွေနဲ့ တခြားနယ်ပယ်ကို အလွယ်တကူ ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင်ပုံသေကားချပ် ရာထူးတစ်ခုနောက်ကို မလိုက်ပါနဲ့။ မင်းရဲ့ တန်ဖိုးဟာ ရာထူးပေါ်မှာ မဟုတ်ဘဲ မင်း ဘာတွေလုပ်နိုင်သလဲ ဆိုတာပေါ်မှာပဲ ရှိပါစေ။ ဒါမှသာ စိတ်လွတ်လပ်မှုနဲ့ ငွေကြေးလုံခြုံမှုကို တစ်ပြိုင်နက် ရရှိမှာဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

ေတာ္ေတာ္မ်ားမ်ားဟာ “ကိုယ့္ဝါသနာပါရာေနာက္ကို လိုက္ပါ” ဆိုတဲ့ အႀကံေပးစကားေတြကို ၾကားဖူးၾကမွာပါ။ အလုပ္လုပ္ေနရတယ္လို႔ မခံစားရတဲ့အထိ ကိုယ္သိပ္ခ်စ္တဲ့ အလုပ္မ်ိဳးကို ရွာေတြ႕မွ ဘဝမွာ ေအာင္ျမင္သူလို႔ သတ္မွတ္ၾကပါတယ္။ ဒါေပမဲ့ ဒီအယူအဆက တကယ္ေတာ့ အႏၲရာယ္ရွိတဲ့ အမွားတစ္ခု ျဖစ္ေနတတ္ပါတယ္။ အဲဒီ “Dream Job” ဆိုတဲ့ ေထာင္ေခ်ာက္ထဲ မဝင္သြားေအာင္ သတိထားရမယ့္ အခ်က္ (၃) ခ်က္နဲ႔ ပိုေကာင္းတဲ့ နည္းလမ္းကို ဒီေဆာင္းပါးမွာ ေျပာျပေပးသြားမွာျဖစ္ပါတယ္။

ဝါသနာအတြက္ ေပးဆပ္ရတဲ့ အခြန္

သင္တို႔သတိထားမိပါသလား။ ဖက္ရွင္၊ မီဒီယာ၊ ဂိမ္း ဒါမွမဟုတ္ ပရဟိတ လုပ္ငန္းေတြလို နာမည္ႀကီးၿပီး ဆြဲေဆာင္မႈရွိတဲ့နယ္ပယ္ေတြမွာ လစာက နည္းနည္းေလးနဲ႔ အလုပ္ခ်ိန္ကေတာ့ အလြန္အမင္း မ်ားေနတတ္ပါတယ္။ ဒါဟာ တိုက္ဆိုင္မႈ မဟုတ္ပါဘူး။ ဒီလိုအလုပ္မ်ိဳးကို လိုခ်င္တဲ့သူေတြ တန္းစီေနတာေၾကာင့္ ကုမၸဏီေတြက လစာနဲ႔ ခံစားခြင့္ကို ေကာင္းေကာင္းေပးစရာ မလိုဘူးလို႔ တြက္ထားၾကတာပါ။ “ကိုယ့္ဝါသနာကို လုပ္ခြင့္ရတာပဲ” ဆိုတဲ့ ခံစားခ်က္အတြက္ မင္းက ေငြေၾကးလုံၿခဳံမႈနဲ႔ ကိုယ္ပိုင္အခ်ိန္ေတြကို အခြန္အျဖစ္ ေပးေဆာင္ေနရတာ ျဖစ္ပါတယ္။

မေျပာင္းလဲတဲ့ ရာထူးနဲ႔ ကိုယ္ပိုင္လကၡဏာ ေထာင္ေခ်ာက္

အသက္ ၂၂ ႏွစ္မွာ သင္ ျဖစ္ခ်င္တဲ့အရာနဲ႔ အသက္ ၃၂ ႏွစ္မွာ သင္ျဖစ္ခ်င္တာဟာ ထပ္တူက်မွာ မဟုတ္ပါဘူး။ ဝါသနာဆိုတာ အခ်ိန္နဲ႔အမွ် ေျပာင္းလဲတတ္ေပမယ့္ “အလုပ္ရာထူး” ဆိုတာကေတာ့ ပုံေသကားခ်ပ္ႀကီးပါ။ ကိုယ့္ကိုယ္ကိုယ္ “အႏုပညာဒါ႐ိုက္တာ” ဒါမွမဟုတ္ “ဂိမ္းဒီဇိုင္နာ” ဆိုတဲ့ ေဘာင္တစ္ခုထဲမွာပဲ ပိတ္ေလွာင္ထားမိရင္ တျခားအသစ္အသစ္ေတြကို ေလ့လာဖို႔ အခြင့္အေရးေတြ ဆုံးရႈံးသြားႏိုင္ပါတယ္။ တစ္ေန႔မွာ အဲဒီအလုပ္ကို စိတ္မပါေတာ့တဲ့အခါ မင္းရဲ႕ နယ္ပယ္က ဒီတစ္ခုထဲ ျဖစ္ေနတာေၾကာင့္ ကိုယ့္အလုပ္က ကိုယ့္အတြက္ ေလွာင္အိမ္ႀကီး ျဖစ္သြားႏိုင္ပါတယ္။

အၿမဲတမ္း ေပ်ာ္ျပေနရတဲ့ ပင္ပန္းႏြမ္းနယ္မႈ

ကိုယ့္ရဲ႕ ဝါသနာက အသက္ေမြးဝမ္းေက်ာင္း အလုပ္ ျဖစ္သြားတဲ့အခါ အပန္းေျဖစရာ ေနရာ ေပ်ာက္သြားတတ္ပါတယ္။ အရင္က ေပ်ာ္လို႔လုပ္ခဲ့တဲ့အရာက အခုေတာ့ Deadline ေတြ၊ ေဖာက္သည္ေတြရဲ႕ ေဝဖန္မႈေတြနဲ႔ ေငြေၾကးရလဒ္ေတြအေပၚ မူတည္သြားပါၿပီ။ အလုပ္မွာ စိတ္ညစ္စရာရွိရင္ေတာင္ “ငါခ်စ္တဲ့အလုပ္ပဲ၊ ငါဘာလို႔ စိတ္ဖိစီးေနရတာလဲ” ဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ ျပန္လည္ အျပစ္တင္မိတတ္ပါတယ္။ ဒီလိုနဲ႔ “ငါေပ်ာ္ပါတယ္” လို႔ အတင္းဟန္ေဆာင္ရင္း (Perform Joy) စိတ္ဓာတ္ေတြ ပိုၿပီး က်ဆင္းလာတတ္ပါတယ္။

ဒါကိုေျဖရွင္းဖို႔အတြက္ေတာ့ ကြၽမ္းက်င္မႈ အစုအေဝးကို တည္ေဆာက္ဖို႔ပါပဲ။ “Dream Job” ဆိုတဲ့ ရာထူးေနာက္ကိုပဲ မလိုက္ပါနဲ႔။ အဲဒီအစား ဘယ္ေနရာမွာမဆို အသုံးခ်လို႔ရတဲ့ တန္ဖိုးရွိတဲ့ ကြၽမ္းက်င္မႈေတြကို စုေဆာင္းပါ။ ဥပမာ- “မားကတ္တင္း ဒါ႐ိုက္တာ” ျဖစ္ဖို႔ပဲ ရည္မွန္းမယ့္အစား စာေရးသားစြမ္းရည္၊ ေဒတာခြဲျခမ္း စိတ္ျဖာမႈနဲ႔ စီမံကိန္းစီမံခန႔္ခြဲမႈ (Project Management) စတဲ့ အရည္အခ်င္းေတြကို ပိုင္ႏိုင္ေအာင္ လုပ္ထားပါ။ အဲဒီအခါ မင္းရဲ႕ ဝါသနာ ေျပာင္းလဲသြားရင္ေတာင္ မင္းဆီမွာရွိတဲ့ အရည္အခ်င္းေတြနဲ႔ တျခားနယ္ပယ္ကို အလြယ္တကူ ကူးေျပာင္းႏိုင္မွာ ျဖစ္ပါတယ္။

ဒါေၾကာင္ပုံေသကားခ်ပ္ ရာထူးတစ္ခုေနာက္ကို မလိုက္ပါနဲ႔။ မင္းရဲ႕ တန္ဖိုးဟာ ရာထူးေပၚမွာ မဟုတ္ဘဲ မင္း ဘာေတြလုပ္ႏိုင္သလဲ ဆိုတာေပၚမွာပဲ ရွိပါေစ။ ဒါမွသာ စိတ္လြတ္လပ္မႈနဲ႔ ေငြေၾကးလုံၿခဳံမႈကို တစ္ၿပိဳင္နက္ ရရွိမွာျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*