အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတွေ ပိုရလာဖို့ဆိုရင် အလုပ်လုပ်တဲ့ ရက်တိုင်းမှာ ဒီစာလုံး ၃ လုံးပဲ ရှိတဲ့ “FUN” (အပျော်) ဆိုတာလေးကို ထည့်ဖို့ လိုတယ်လို့ Forbes ဆောင်းပါးက ဆိုထားပါတယ်။စိတ်ပညာရှင် Jean Piaget က “ကစားတာဟာ ကလေးတွေအတွက်တော့ အလုပ်ပဲ” လို့ ပြောဖူးတယ်။ အဲဒါကို ပြန်ကြည့်ရင် လူကြီးတွေအတွက်လည်း အကောင်းဆုံး အလုပ်ဆိုတာ ပျော်ပျော်ပါးပါး ကစားသလို လုပ်နိုင်တာမျိုး ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ ခုခေတ်မှာတော့ အလုပ်က ပျော်စရာထက် ပင်ပန်းစရာကြီး ဖြစ်နေကြတာ များပါတယ်။စစ်တမ်းတွေအရဆိုရင် လူ ၁၀ ယောက်မှာ ၈ ယောက်လောက်က အလုပ်မှာ စိတ်မပါကြဘူး၊ ဒါမှမဟုတ် စိတ်ဆင်းရဲနေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ အလုပ်ထဲမှာ “အပျော်” ကို ပြန်ထည့်ဖို့ လိုလာတာပါ။
အလုပ်ထဲမှာ ပျော်တယ်ဆိုတာ ဘာလဲ
အလုပ်မှာ ပျော်ဖို့ဆိုတာက အလုပ်မလုပ်ဘဲ လျှောက်ကစားနေတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ ပျော်နေတဲ့အချိန်မှာ ဦးနှောက်ကနေ စိတ်ကို ကြည်လင်လန်းဆန်းစေတဲ့ ဓာတ်ပစ္စည်းတွေ ထုတ်ပေးပါတယ်။ အဲဒီအခါ စိတ်ဖိစီးမှုတွေ လျော့သွားပြီး တီထွင်ကြံဆနိုင်စွမ်းတွေ၊ အသစ်အဆန်း သင်ယူလိုစိတ်တွေ ပိုတက်လာတာပေါ့။ တကယ်တော့ ပျော်နေတဲ့ ဝန်ထမ်းက ပိုပြီးတော့ အလုပ်တွင်တယ်၊ ပိုပြီးတော့လည်း အလုပ်ထဲမှာ ထိရောက်မှု ရှိပါတယ်။
ဘာတွေက အပျော်ကို ဖျက်ဆီးနေတာလဲ
အဖွဲ့အစည်း တော်တော်များများက လူတွေ ရယ်မောနေရင် အလုပ်မလုပ်ဘူးလို့ ထင်တတ်ကြတယ်။ နောက်ပြီး အလုပ်တွေ အရမ်းများပြီး ဖိအားတွေ များနေတာ။ တစ်ခုခု ပေါ့ပေါ့ပါးပါး လုပ်လိုက်ရင် Professional မကျဘူးလို့ အဝေဖန်ခံရမှာ ကြောက်တာ။ ကုမ္ပဏီကနေ အတင်းအကျပ် စီစဉ်ပေးတဲ့ အပျော်အပါးတွေက တကယ့်အလုပ်နဲ့ ဝေးကွာနေတာ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း လူသားဆန်စွာ မဆက်ဆံဘဲ စက်ရုပ်လိုမျိုး အလုပ်ကိစ္စပဲ ပြောကြတာတွေပါ။
အလုပ်မှာ ပျော်လာရင် ဘာတွေ ထူးခြားလာမလဲ
အလုပ်မှာ ပျော်လာတဲ့အခါ စိတ်ခံစားချက်တွေ ကောင်းလာမယ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ယုံကြည်မှု ပိုရှိလာမယ်၊ စိတ်ဖိစီးမှုတွေ လျော့သွားမယ်။ နောက်ဆုံးတော့ ကိုယ့်အလုပ်ကို ကိုယ်တိုင် ပိုင်စိုးမှုရှိလာပြီး ပိုပြီး စိတ်အားထက်သန်လာပါလိမ့်မယ်။
အလုပ်ကို ပျော်စရာဖြစ်အောင် ဘယ်လိုလုပ်မလဲ
ဒါက ကိုယ့်အပေါ်မှာလည်း မူတည်ပါတယ်။ ပျင်းစရာကောင်းတဲ့ Zoom Meeting တွေကိုတောင် ပျော်စရာဖြစ်အောင် လုပ်လို့ရပါတယ်။ ဥပမာ အစည်းအဝေးစရင် ရယ်စရာ ဗီဒီယိုတိုလေးတွေ ပြတာ။ မိတ်ဆက်တဲ့အခါ ကစားနည်းလေးတွေနဲ့ မိတ်ဆက်တာ။ Presentation ထဲမှာ ရယ်စရာ Giphy လေးတွေ ညှပ်ထည့်တာ။ အစည်းအဝေးကို ခဏနားပြီး ကိုယ်လက်လှုပ်ရှားတာမျိုး အတူတူလုပ်တာမျိုးပါ။
အလုပ်ခွင်က အပျော်ဆိုတာ ကလေးကလား လုပ်တာ မဟုတ်ပါဘူး။ ဒါဟာ လူသားဆန်မှုနဲ့ စွမ်းအင်တွေအကြောင်း ဖြစ်ပါတယ်။ အလုပ်ကို ပျော်ပျော်ပါးပါး လုပ်နိုင်ရင် လူရော၊ အဖွဲ့အစည်းပါ အကျိုးရှိစေမှာဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
ေအာင္ျမင္မႈနဲ႔ ေပ်ာ္႐ႊင္မႈေတြ ပိုရလာဖို႔ဆိုရင္ အလုပ္လုပ္တဲ့ ရက္တိုင္းမွာ ဒီစာလုံး ၃ လုံးပဲ ရွိတဲ့ “FUN” (အေပ်ာ္) ဆိုတာေလးကို ထည့္ဖို႔ လိုတယ္လို႔ Forbes ေဆာင္းပါးက ဆိုထားပါတယ္။စိတ္ပညာရွင္ Jean Piaget က “ကစားတာဟာ ကေလးေတြအတြက္ေတာ့ အလုပ္ပဲ” လို႔ ေျပာဖူးတယ္။ အဲဒါကို ျပန္ၾကည့္ရင္ လူႀကီးေတြအတြက္လည္း အေကာင္းဆုံး အလုပ္ဆိုတာ ေပ်ာ္ေပ်ာ္ပါးပါး ကစားသလို လုပ္ႏိုင္တာမ်ိဳး ျဖစ္သင့္တာေပါ့။ ဒါေပမဲ့ ခုေခတ္မွာေတာ့ အလုပ္က ေပ်ာ္စရာထက္ ပင္ပန္းစရာႀကီး ျဖစ္ေနၾကတာ မ်ားပါတယ္။စစ္တမ္းေတြအရဆိုရင္ လူ ၁၀ ေယာက္မွာ ၈ ေယာက္ေလာက္က အလုပ္မွာ စိတ္မပါၾကဘူး၊ ဒါမွမဟုတ္ စိတ္ဆင္းရဲေနၾကတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ပဲ အလုပ္ထဲမွာ “အေပ်ာ္” ကို ျပန္ထည့္ဖို႔ လိုလာတာပါ။
အလုပ္ထဲမွာ ေပ်ာ္တယ္ဆိုတာ ဘာလဲ
အလုပ္မွာ ေပ်ာ္ဖို႔ဆိုတာက အလုပ္မလုပ္ဘဲ ေလွ်ာက္ကစားေနတာမ်ိဳး မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ေပ်ာ္ေနတဲ့အခ်ိန္မွာ ဦးေႏွာက္ကေန စိတ္ကို ၾကည္လင္လန္းဆန္းေစတဲ့ ဓာတ္ပစၥည္းေတြ ထုတ္ေပးပါတယ္။ အဲဒီအခါ စိတ္ဖိစီးမႈေတြ ေလ်ာ့သြားၿပီး တီထြင္ႀကံဆႏိုင္စြမ္းေတြ၊ အသစ္အဆန္း သင္ယူလိုစိတ္ေတြ ပိုတက္လာတာေပါ့။ တကယ္ေတာ့ ေပ်ာ္ေနတဲ့ ဝန္ထမ္းက ပိုၿပီးေတာ့ အလုပ္တြင္တယ္၊ ပိုၿပီးေတာ့လည္း အလုပ္ထဲမွာ ထိေရာက္မႈ ရွိပါတယ္။
ဘာေတြက အေပ်ာ္ကို ဖ်က္ဆီးေနတာလဲ
အဖြဲ႕အစည္း ေတာ္ေတာ္မ်ားမ်ားက လူေတြ ရယ္ေမာေနရင္ အလုပ္မလုပ္ဘူးလို႔ ထင္တတ္ၾကတယ္။ ေနာက္ၿပီး အလုပ္ေတြ အရမ္းမ်ားၿပီး ဖိအားေတြ မ်ားေနတာ။ တစ္ခုခု ေပါ့ေပါ့ပါးပါး လုပ္လိုက္ရင္ Professional မက်ဘူးလို႔ အေဝဖန္ခံရမွာ ေၾကာက္တာ။ ကုမၸဏီကေန အတင္းအက်ပ္ စီစဥ္ေပးတဲ့ အေပ်ာ္အပါးေတြက တကယ့္အလုပ္နဲ႔ ေဝးကြာေနတာ။ လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း လူသားဆန္စြာ မဆက္ဆံဘဲ စက္႐ုပ္လိုမ်ိဳး အလုပ္ကိစၥပဲ ေျပာၾကတာေတြပါ။
အလုပ္မွာ ေပ်ာ္လာရင္ ဘာေတြ ထူးျခားလာမလဲ
အလုပ္မွာ ေပ်ာ္လာတဲ့အခါ စိတ္ခံစားခ်က္ေတြ ေကာင္းလာမယ္၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ယုံၾကည္မႈ ပိုရွိလာမယ္၊ စိတ္ဖိစီးမႈေတြ ေလ်ာ့သြားမယ္။ ေနာက္ဆုံးေတာ့ ကိုယ့္အလုပ္ကို ကိုယ္တိုင္ ပိုင္စိုးမႈရွိလာၿပီး ပိုၿပီး စိတ္အားထက္သန္လာပါလိမ့္မယ္။
အလုပ္ကို ေပ်ာ္စရာျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ
ဒါက ကိုယ့္အေပၚမွာလည္း မူတည္ပါတယ္။ ပ်င္းစရာေကာင္းတဲ့ Zoom Meeting ေတြကိုေတာင္ ေပ်ာ္စရာျဖစ္ေအာင္ လုပ္လို႔ရပါတယ္။ ဥပမာ အစည္းအေဝးစရင္ ရယ္စရာ ဗီဒီယိုတိုေလးေတြ ျပတာ။ မိတ္ဆက္တဲ့အခါ ကစားနည္းေလးေတြနဲ႔ မိတ္ဆက္တာ။ Presentation ထဲမွာ ရယ္စရာ Giphy ေလးေတြ ညႇပ္ထည့္တာ။ အစည္းအေဝးကို ခဏနားၿပီး ကိုယ္လက္လႈပ္ရွားတာမ်ိဳး အတူတူလုပ္တာမ်ိဳးပါ။
အလုပ္ခြင္က အေပ်ာ္ဆိုတာ ကေလးကလား လုပ္တာ မဟုတ္ပါဘူး။ ဒါဟာ လူသားဆန္မႈနဲ႔ စြမ္းအင္ေတြအေၾကာင္း ျဖစ္ပါတယ္။ အလုပ္ကို ေပ်ာ္ေပ်ာ္ပါးပါး လုပ္ႏိုင္ရင္ လူေရာ၊ အဖြဲ႕အစည္းပါ အက်ိဳးရွိေစမွာျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply