နက္ခတ်ဗေဒင်ပညာရှင် Elizabeth Brobeck ရဲ့ အဆိုအရ ၂၀၂၆ ခုနှစ်ဟာ ရာသီခွင်သုံးခုအတွက် ကံကောင်းမယ့်နှစ် ဖြစ်ပါတယ်။ သင်သာ ဒီရာသီခွင်တွေထဲက တစ်ခုဖြစ်ရင် ၂၀၂၆ ဇန်နဝါရီလ စတာနဲ့ အရာရာဟာ အကောင်းဘက်ကို စတင်ပြောင်းလဲလာလိမ့်မယ်လို့ ပညာရှင်က ဗီဒီယိုတစ်ခုမှာ ရှင်းပြခဲ့ပါတယ်။အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း ကိုယ့်ဘဝကို ပိုကောင်းအောင် ပြောင်းလဲဖို့ ကြိုးစားအားထုတ်ခဲ့သူတွေအတွက် ၂၀၂၆ ဟာ ကောင်းချီးမင်္ဂလာတွေကို ကတိပေးထားပါတယ်။ ပိုကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကနေ ဆက်ဆံရေးတွေ ပိုမိုတိုးတက်လာတာအထိ၊ သင်သာ ဒီရာသီခွင်တွေထဲက တစ်ခုဆိုရင် ၂၀၂၆ ဟာ သင့်အတွက် အကောင်းဆုံးနှစ် ဖြစ်လာဖို့ ပုံဖော်နေပါတယ်။
၁။ Aries
မိဿရာသီဖွားတွေအနေနဲ့ ဒီနှစ်မှာ သင့်ရာသီခွင်ထဲမှာ အင်အားကြီးမားတဲ့ စွမ်းအင်တွေ အများကြီး ဖြစ်ပေါ်နေတာကြောင့် ၂၀၂၆ က သင့်နှစ်ပါပဲ။ Brobeck ရဲ့ အဆိုအရ “သင့်ဘဝဟာ ကဏ္ဍအားလုံးမှာ တိုးတက်ပြောင်းလဲတော့မှာပါ။ ၂၀၂၆ ဟာ သင့်အတွက် ကြီးမားတဲ့ အရောင်အဝါတွေ ထွက်ပေါ်လာမယ့် အစဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။ ဒီနှစ်ဟာ သင့်ရဲ့ သက်တောင့်သက်သာရှိတဲ့ နယ်ပယ်ကနေ ရုန်းထွက်ဖို့ နှစ်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လူမှုဆက်ဆံရေး သိပ်မလုပ်သူတွေအတွက်တောင်မှ စကြဝဠာက သင့်ကို အပြင်ထွက်ပြီး လူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ တောင်းဆိုနေပါတယ်။ ဒါဟာ သင့်ရဲ့ အားပေးထောက်ပံ့မှု စနစ်ကို ချဲ့ထွင်ပေးရုံသာမကဘဲ သင့်ကိုယ်သင် ပိုမိုယုံကြည်မှုရှိလာစေပါလိမ့်မယ်။ ၂၀၂၆ မှာ သင်ဟာ ရဲရဲဝံ့ဝံ့ တွန်းအားပေးပြီး စွန့်စားမှုတွေ ပြုလုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် အရာရာဟာ သင့်အတွက် အဆင်ပြေသွားပါလိမ့်မယ်။
၂။ Leo
သိဟ်ရာသီဖွားတွေ လတ်တလောမှာ ဘဝဟာ စိတ်လှုပ်ရှားစရာ အတက်အကျတွေ များနေပေမယ့် ၂၀၂၆ က သင့်နှစ်ပါပဲ။ ကံကောင်းခြင်းနဲ့ ပေါကြွယ်ဝခြင်းဂြိုဟ်ဖြစ်တဲ့ Jupiter (ကြာသပတေးဂြိုဟ်) ဟာ ဒီနှစ်မှာ သင့်ရာသီခွင်ထဲကို ဝင်ရောက်လာတဲ့အတွက် “အရာရာဟာ သင့်အတွက် အများကြီး ပိုကောင်းလာတော့မယ်” လို့ Brobeck က ပြောပါတယ်။ စွမ်းအင်ပိုရှိလာရုံသာမကဘဲ၊ ကောင်းတဲ့အရာတွေကို ဆွဲဆောင်နိုင်တဲ့ ခိုင်မာတဲ့ သိဟ်ရဲ့ ယုံကြည်မှုမျိုးလည်း သင့်ဆီ ပြန်ရောက်လာလိမ့်မယ်လို့ နက္ခတ်ဗေဒင်ပညာရှင်က ရှင်းပြပါတယ်။ Brobeck ရဲ့ အဆိုအရ ၂၀၂၆ မှာ သင့်ရဲ့ အချစ်ရေးလည်း တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ သင့်ဆက်ဆံရေး ခိုင်မာလာတာမျိုး ဖြစ်နိုင်သလို၊ သင့်ဘဝရဲ့ အချစ်စစ်ကို တွေ့ဆုံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင်သိပြီးသားသူ ဖြစ်စေ၊ လုံးဝအသစ်ဖြစ်စေ၊ ဘယ်တုန်းကမှ မဖြစ်ဖူးတဲ့ ပုံစံမျိုးနဲ့ ဆက်သွယ်မိပါလိမ့်မယ်။ ဒါပေမယ့် အာရုံစူးစိုက်မှု မပျက်ပါနဲ့။ ၂၀၂၆ ဟာ အတိတ်ကို လွှတ်ချပြီး ဆက်ဆံရေးတွေ တည်ဆောက်ဖို့ အချိန်ဖြစ်ပေမယ့် သင့်ရဲ့ အသက်မွေးဝမ်းကြောင်းကိုလည်း အာရုံစိုက်ဖို့ မမေ့ပါနဲ့။ ဒါဟာ မကြာတော့တဲ့ အနာဂတ်မှာ သင့်အတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေကို ပေးပါလိမ့်မယ်။
၃။ Sagittarius
နောက်ဆုံးအနေနဲ့ ဓနုရာသီဖွားတွေရေ … ၂၀၂၆ ဟာ သင့်အတွက် “အောင်ပွဲခံရမယ့်” နှစ်ပါပဲလို့ Brobeck က ပြောပါတယ်။ “အရာရာဟာ သင့်အတွက် အများကြီး ပိုကောင်းလာတော့မယ်” လို့ သူမက ရှင်းပြခဲ့ပါတယ်။ ၂၀၂၅ အစောပိုင်းနဲ့ ယှဉ်ရင် ဒီနှစ်မှာ သင်ဟာ ပိုပျော်ရွှင်နေမယ်ဆိုတာကို ချက်ချင်း သတိထားမိပါလိမ့်မယ်။
“၂၀၂၆ မှာ သင့်ရဲ့ လူမှုဘဝဟာ အကြီးအကျယ် တိုးတက်လာလိမ့်မယ်” လို့ Brobeck က ရှင်းပြပါတယ်။ “အကြောင်းအရာ ဖန်တီးမှုကနေ ဂီတအထိ စတဲ့ ဖန်တီးမှုဆိုင်ရာ အသက်မွေးဝမ်းကြောင်းအသစ်ကိုလည်း သင် စတင်နိုင်ပါတယ်”။ဒါ့အပြင်၊ ဒီနှစ်ဟာ သင့်ရဲ့ ‘အချစ်ဆုံးသူ’ကို တွေ့ဆုံနိုင်မယ့် နှစ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အချစ်ရေးနဲ့ ငွေကြေးရေးကိစ္စတွေက သင့်ရဲ့ ဦးစားပေးစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်ဆိုရင် စိတ်လှုပ်ရှားလိုက်ပါ။ ဓနုရာသီဖွားတွေ၊ ၂၀၂၆ ဟာ သင့်ရဲ့ တောက်ပမယ့်နှစ်ပါပဲ။
ကျော့ကေခိုင်
zawgyi
နကၡတ္ေဗဒင္ပညာရွင္ Elizabeth Brobeck ရဲ႕ အဆိုအရ ၂၀၂၆ ခုႏွစ္ဟာ ရာသီခြင္သုံးခုအတြက္ ကံေကာင္းမယ့္ႏွစ္ ျဖစ္ပါတယ္။ သင္သာ ဒီရာသီခြင္ေတြထဲက တစ္ခုျဖစ္ရင္ ၂၀၂၆ ဇန္နဝါရီလ စတာနဲ႔ အရာရာဟာ အေကာင္းဘက္ကို စတင္ေျပာင္းလဲလာလိမ့္မယ္လို႔ ပညာရွင္က ဗီဒီယိုတစ္ခုမွာ ရွင္းျပခဲ့ပါတယ္။အခက္အခဲေတြ၊ စိန္ေခၚမႈေတြ ရွိေနေပမယ့္လည္း ကိုယ့္ဘဝကို ပိုေကာင္းေအာင္ ေျပာင္းလဲဖို႔ ႀကိဳးစားအားထုတ္ခဲ့သူေတြအတြက္ ၂၀၂၆ ဟာ ေကာင္းခ်ီးမဂၤလာေတြကို ကတိေပးထားပါတယ္။ ပိုေကာင္းတဲ့ အလုပ္အကိုင္ အခြင့္အလမ္းေတြကေန ဆက္ဆံေရးေတြ ပိုမိုတိုးတက္လာတာအထိ၊ သင္သာ ဒီရာသီခြင္ေတြထဲက တစ္ခုဆိုရင္ ၂၀၂၆ ဟာ သင့္အတြက္ အေကာင္းဆုံးႏွစ္ ျဖစ္လာဖို႔ ပုံေဖာ္ေနပါတယ္။
၁။ Aries
မိႆရာသီဖြားေတြအေနနဲ႔ ဒီႏွစ္မွာ သင့္ရာသီခြင္ထဲမွာ အင္အားႀကီးမားတဲ့ စြမ္းအင္ေတြ အမ်ားႀကီး ျဖစ္ေပၚေနတာေၾကာင့္ ၂၀၂၆ က သင့္ႏွစ္ပါပဲ။ Brobeck ရဲ႕ အဆိုအရ “သင့္ဘဝဟာ က႑အားလုံးမွာ တိုးတက္ေျပာင္းလဲေတာ့မွာပါ။ ၂၀၂၆ ဟာ သင့္အတြက္ ႀကီးမားတဲ့ အေရာင္အဝါေတြ ထြက္ေပၚလာမယ့္ အစျဖစ္ပါလိမ့္မယ္” လို႔ ေျပာပါတယ္။ ဒီႏွစ္ဟာ သင့္ရဲ႕ သက္ေတာင့္သက္သာရွိတဲ့ နယ္ပယ္ကေန ႐ုန္းထြက္ဖို႔ ႏွစ္ျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ လူမႈဆက္ဆံေရး သိပ္မလုပ္သူေတြအတြက္ေတာင္မွ စၾကဝဠာက သင့္ကို အျပင္ထြက္ၿပီး လူေတြနဲ႔ ေပါင္းသင္းဆက္ဆံဖို႔ ေတာင္းဆိုေနပါတယ္။ ဒါဟာ သင့္ရဲ႕ အားေပးေထာက္ပံ့မႈ စနစ္ကို ခ်ဲ႕ထြင္ေပး႐ုံသာမကဘဲ သင့္ကိုယ္သင္ ပိုမိုယုံၾကည္မႈရွိလာေစပါလိမ့္မယ္။ ၂၀၂၆ မွာ သင္ဟာ ရဲရဲဝံ့ဝံ့ တြန္းအားေပးၿပီး စြန႔္စားမႈေတြ ျပဳလုပ္ဖို႔ ဆႏၵရွိတယ္ဆိုရင္ အရာရာဟာ သင့္အတြက္ အဆင္ေျပသြားပါလိမ့္မယ္။
၂။ Leo
သိဟ္ရာသီဖြားေတြ လတ္တေလာမွာ ဘဝဟာ စိတ္လႈပ္ရွားစရာ အတက္အက်ေတြ မ်ားေနေပမယ့္ ၂၀၂၆ က သင့္ႏွစ္ပါပဲ။ ကံေကာင္းျခင္းနဲ႔ ေပါႂကြယ္ဝျခင္းၿဂိဳဟ္ျဖစ္တဲ့ Jupiter (ၾကာသပေတးၿဂိဳဟ္) ဟာ ဒီႏွစ္မွာ သင့္ရာသီခြင္ထဲကို ဝင္ေရာက္လာတဲ့အတြက္ “အရာရာဟာ သင့္အတြက္ အမ်ားႀကီး ပိုေကာင္းလာေတာ့မယ္” လို႔ Brobeck က ေျပာပါတယ္။ စြမ္းအင္ပိုရွိလာ႐ုံသာမကဘဲ၊ ေကာင္းတဲ့အရာေတြကို ဆြဲေဆာင္ႏိုင္တဲ့ ခိုင္မာတဲ့ သိဟ္ရဲ႕ ယုံၾကည္မႈမ်ိဳးလည္း သင့္ဆီ ျပန္ေရာက္လာလိမ့္မယ္လို႔ နကၡတ္ေဗဒင္ပညာရွင္က ရွင္းျပပါတယ္။ Brobeck ရဲ႕ အဆိုအရ ၂၀၂၆ မွာ သင့္ရဲ႕ အခ်စ္ေရးလည္း တိုးတက္ေကာင္းမြန္လာပါလိမ့္မယ္။ သင့္ဆက္ဆံေရး ခိုင္မာလာတာမ်ိဳး ျဖစ္ႏိုင္သလို၊ သင့္ဘဝရဲ႕ အခ်စ္စစ္ကို ေတြ႕ဆုံရတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ သင္သိၿပီးသားသူ ျဖစ္ေစ၊ လုံးဝအသစ္ျဖစ္ေစ၊ ဘယ္တုန္းကမွ မျဖစ္ဖူးတဲ့ ပုံစံမ်ိဳးနဲ႔ ဆက္သြယ္မိပါလိမ့္မယ္။ ဒါေပမယ့္ အာ႐ုံစူးစိုက္မႈ မပ်က္ပါနဲ႔။ ၂၀၂၆ ဟာ အတိတ္ကို လႊတ္ခ်ၿပီး ဆက္ဆံေရးေတြ တည္ေဆာက္ဖို႔ အခ်ိန္ျဖစ္ေပမယ့္ သင့္ရဲ႕ အသက္ေမြးဝမ္းေၾကာင္းကိုလည္း အာ႐ုံစိုက္ဖို႔ မေမ့ပါနဲ႔။ ဒါဟာ မၾကာေတာ့တဲ့ အနာဂတ္မွာ သင့္အတြက္ ႀကီးမားတဲ့ အခြင့္အလမ္းေတြကို ေပးပါလိမ့္မယ္။
၃။ Sagittarius
ေနာက္ဆုံးအေနနဲ႔ ဓႏုရာသီဖြားေတြေရ … ၂၀၂၆ ဟာ သင့္အတြက္ “ေအာင္ပြဲခံရမယ့္” ႏွစ္ပါပဲလို႔ Brobeck က ေျပာပါတယ္။ “အရာရာဟာ သင့္အတြက္ အမ်ားႀကီး ပိုေကာင္းလာေတာ့မယ္” လို႔ သူမက ရွင္းျပခဲ့ပါတယ္။ ၂၀၂၅ အေစာပိုင္းနဲ႔ ယွဥ္ရင္ ဒီႏွစ္မွာ သင္ဟာ ပိုေပ်ာ္႐ႊင္ေနမယ္ဆိုတာကို ခ်က္ခ်င္း သတိထားမိပါလိမ့္မယ္။
“၂၀၂၆ မွာ သင့္ရဲ႕ လူမႈဘဝဟာ အႀကီးအက်ယ္ တိုးတက္လာလိမ့္မယ္” လို႔ Brobeck က ရွင္းျပပါတယ္။ “အေၾကာင္းအရာ ဖန္တီးမႈကေန ဂီတအထိ စတဲ့ ဖန္တီးမႈဆိုင္ရာ အသက္ေမြးဝမ္းေၾကာင္းအသစ္ကိုလည္း သင္ စတင္ႏိုင္ပါတယ္”။ဒါ့အျပင္၊ ဒီႏွစ္ဟာ သင့္ရဲ႕ ‘အခ်စ္ဆုံးသူ’ကို ေတြ႕ဆုံႏိုင္မယ့္ ႏွစ္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ အခ်စ္ေရးနဲ႔ ေငြေၾကးေရးကိစၥေတြက သင့္ရဲ႕ ဦးစားေပးစာရင္းရဲ႕ ထိပ္ဆုံးမွာ ရွိေနတယ္ဆိုရင္ စိတ္လႈပ္ရွားလိုက္ပါ။ ဓႏုရာသီဖြားေတြ၊ ၂၀၂၆ ဟာ သင့္ရဲ႕ ေတာက္ပမယ့္ႏွစ္ပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply