အလုပ်အကိုင်နဲ့ စီးပွားရေးလောကမှာ အရည်အချင်းရှိရုံနဲ့တင် မလုံလောက်ဘဲ Network ကောင်းမွန်ဖို့ကလည်း အောင်မြင်မှုရဲ့ သော့ချက်တစ်ခု ဖြစ်ပါတယ်။ အထူး သဖြင့် ၂၀၂၅-၂၀၂၆ ဝန်းကျင် အလုပ်အကိုင်စျေးကွက် စစ်တမ်းတွေအရ အလုပ်ရရှိသူ ၅၀ရာခိုင်နှုန်း ကျော်ဟာ အသိမိတ်ဆွေတွေရဲ့ လမ်းညွှန်မှုကြောင့် အောင်မြင်ခဲ့ကြတာပါ။
၁။ မိမိကိုယ်ကိုယ် ယုံကြည်မှုဖြင့် သတ္တိရှိရှိ စတင်ခြင်း
Networking လို့ ပြောလိုက်ရင် လူအတော်များများဟာ သူစိမ်းတွေနဲ့ စကားပြောရမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒါပေမဲ့ ပထမဆုံး ဗျူဟာကတော့ ဒီကြောက်စိတ်ကို ကျော်လွှားပြီး ကိုယ့်ရဲ့ တန်ဖိုးကို ယုံကြည်ဖို့ ဖြစ်ပါတယ်။ သင်ဟာ အကူအညီတောင်းသူ သက်သက်မဟုတ်ဘဲ သင့်မှာလည်း တခြားသူတွေကို ပြန်လည်မျှဝေပေးနိုင်တဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေ ရှိတယ်ဆိုတာ သတိရပါ။ ရုတ်တရက် လူအများကြီးကြားထဲ တိုးဝင်ရမှာ ခက်ခဲနေရင် တစ်ဦးချင်း စကားပြောတာမျိုး၊ LinkedIn လိုမျိုးမှာ Message ပေးပို့တာမျိုးကနေ စတင်နိုင်ပါတယ်။ အောင်မြင်နေသူတိုင်းဟာ တစ်ချိန်က တစ်စုံတစ်ဦးရဲ့ လမ်းပြမှုနဲ့ တက်လှမ်းခဲ့ကြသူတွေချည်းပါပဲ။ ဒါကြောင့် အကြံဉာဏ်တောင်းဖို့ ဝန်မလေးပါနဲ့။
၂။ ပိုမိုကျယ်ပြန့်သော တောင်းဆိုမှုများ ပြုလုပ်ခြင်း
Networking ဆိုတာ “အလုပ်ရှိလား” လို့ မေးရုံသက်သက် မဟုတ်ပါဘူး။ သင့်ရဲ့ တောင်းဆိုမှုတွေကို ပိုမို အနှစ်သာရရှိအောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရပါမယ်။ အလုပ်ခေါ်စာရှိမှ ဆက်သွယ်တာမျိုးထက် “ဒီနယ်ပယ်မှာ အောင်မြင်ဖို့ ဘာတွေ လိုအပ်သလဲ” ဆိုတဲ့ လမ်းညွှန်ချက်တွေကို တောင်းဆိုပါ။ လူတွေဟာ အကူအ ညီပေးရတာထက် အကြံပေးရတာကို ပိုပြီး ဂုဏ်ယူတတ်ကြပါတယ်။သင် စိတ်ဝင်စားတဲ့ လုပ်ငန်းခွင်က လူတွေနဲ့ မိတ်ဆက်ပေးနိုင်မယ့်သူကို ရှာဖွေပါ။ “Referral” ခေါ်တဲ့ ထောက်ခံချက်က သာမန် Resume တင်တာထက် အလုပ်ရဖို့ အခွင့်အလမ်း အဆပေါင်းများစွာ ပိုများပါတယ်။
၃။ တီထွင်ကြံဆမှုဖြင့် အကျိုးပြု Network တည်ဆောက်ခြင်း
Networking ဆိုတာ တစ်ဖက်သတ် ရယူခြင်း မဟုတ်ဘဲ အပြန်အလှန် အကျိုးပြုခြင်း (Give and Take) ဖြစ်ပါတယ်။ အဝေးကြီး သွားစရာမလိုဘဲ မိမိနဲ့ ဝါသနာတူသူတွေ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို ညစာစားပွဲ ဖိတ်တာမျိုး၊ ဗဟုသုတမျှဝေတဲ့ Group ငယ်လေးတွေ ဖွဲ့တာမျိုး လုပ်ပါ။ သင့် Network ထဲက လူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အကျိုးပြုနိုင်မယ်လို့ ထင်ရင် သူတို့ကို မိတ်ဆက်ပေးလိုက်ပါ။ တခြားသူတွေရဲ့ Network ကို သင်က ကူညီတည်ဆောက်ပေးခြင်းဖြင့် သင့်ရဲ့ ဩဇာနဲ့ ယုံကြည်မှုကိုပါ တည်ဆောက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
၄။ “Weak Ties” ခေါ် သိကျွမ်းမှု နည်းပါးသော အဆက်အသွယ်များကို အသုံးချခြင်း
ရင်းနှီးတဲ့ သူငယ်ချင်းတွေ (Strong Ties) နဲ့ပဲ အမြဲ နေတတ်ကြပါတယ်။ ဒါပေမဲ့ Career တိုးတက်ဖို့အတွက်တော့ “Weak Ties” က ပိုပြီး အရေးပါတာကို တွေ့ရပါတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေက သင့်လိုပဲ သတင်းအချက်အလက် အတူတူပဲ ရှိတတ်ကြပါတယ်။ မရင်းနှီးတဲ့ အသိတွေ ဥပမာ သင်တန်းဖော်ဟောင်း၊ မိတ်ဆွေရဲ့ မိတ်ဆွေကမှ သင် မသိသေးတဲ့ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေကို သယ်ဆောင်လာပေးတတ်တာပါ။သင်က သူတို့နဲ့ အမြဲတမ်း စကားပြောနေစရာ မလိုပါဘူး။ လူမှုကွန်ရက်မှာ သူတို့ရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုပေးတာ၊ Post တွေကို Comment ပေးတာမျိုးနဲ့ ကိုယ့်ကို သူတို့ သတိရနေအောင် လုပ်ဆောင်ထားခြင်းက အခွင့်အလမ်း ပေါ်လာတဲ့အခါ သင့်ကို အရင်ဆုံး သတိရစေပါလိမ့်မယ်။
အားကောင်းတဲ့ Network တစ်ခုဆိုတာ နေ့ချင်းညချင်း တည်ဆောက်လို့ မရပါဘူး။ အချိန်ပေးပြီး စိတ်ရင်းမှန်နဲ့ ပေါင်းသင်းဆက်ဆံဖို့ လိုအပ်ပါတယ်။ အထက်ပါ ဗျူဟာ (၄) ခုကို အသုံးချပြီး အစီအစဉ်တကျ Networking လုပ်ဆောင်သွားမယ်ဆိုရင် သင့်ရဲ့ အသက်မွေးဝမ်းကျောင်း ခရီးလမ်းမှာ မမျှော်လင့်ထားတဲ့ တံခါးချပ်တွေ ပွင့်လန်းလာမှာ အသေအချာပါပဲ။
ကျော့ကေခိုင်
zawgyi
အလုပ္အကိုင္နဲ႔ စီးပြားေရးေလာကမွာ အရည္အခ်င္းရွိ႐ုံနဲ႔တင္ မလုံေလာက္ဘဲ Network ေကာင္းမြန္ဖို႔ကလည္း ေအာင္ျမင္မႈရဲ႕ ေသာ့ခ်က္တစ္ခု ျဖစ္ပါတယ္။ အထူး သျဖင့္ ၂၀၂၅-၂၀၂၆ ဝန္းက်င္ အလုပ္အကိုင္ေစ်းကြက္ စစ္တမ္းေတြအရ အလုပ္ရရွိသူ ၅၀ရာခိုင္ႏႈန္း ေက်ာ္ဟာ အသိမိတ္ေဆြေတြရဲ႕ လမ္းၫႊန္မႈေၾကာင့္ ေအာင္ျမင္ခဲ့ၾကတာပါ။
၁။ မိမိကိုယ္ကိုယ္ ယုံၾကည္မႈျဖင့္ သတၱိရွိရွိ စတင္ျခင္း
Networking လို႔ ေျပာလိုက္ရင္ လူအေတာ္မ်ားမ်ားဟာ သူစိမ္းေတြနဲ႔ စကားေျပာရမွာကို ေၾကာက္႐ြံ႕တတ္ၾကပါတယ္။ ဒါေပမဲ့ ပထမဆုံး ဗ်ဴဟာကေတာ့ ဒီေၾကာက္စိတ္ကို ေက်ာ္လႊားၿပီး ကိုယ့္ရဲ႕ တန္ဖိုးကို ယုံၾကည္ဖို႔ ျဖစ္ပါတယ္။ သင္ဟာ အကူအညီေတာင္းသူ သက္သက္မဟုတ္ဘဲ သင့္မွာလည္း တျခားသူေတြကို ျပန္လည္မွ်ေဝေပးႏိုင္တဲ့ ကြၽမ္းက်င္မႈနဲ႔ အေတြ႕အႀကဳံေတြ ရွိတယ္ဆိုတာ သတိရပါ။ ႐ုတ္တရက္ လူအမ်ားႀကီးၾကားထဲ တိုးဝင္ရမွာ ခက္ခဲေနရင္ တစ္ဦးခ်င္း စကားေျပာတာမ်ိဳး၊ LinkedIn လိုမ်ိဳးမွာ Message ေပးပို႔တာမ်ိဳးကေန စတင္ႏိုင္ပါတယ္။ ေအာင္ျမင္ေနသူတိုင္းဟာ တစ္ခ်ိန္က တစ္စုံတစ္ဦးရဲ႕ လမ္းျပမႈနဲ႔ တက္လွမ္းခဲ့ၾကသူေတြခ်ည္းပါပဲ။ ဒါေၾကာင့္ အႀကံဉာဏ္ေတာင္းဖို႔ ဝန္မေလးပါနဲ႔။
၂။ ပိုမိုက်ယ္ျပန႔္ေသာ ေတာင္းဆိုမႈမ်ား ျပဳလုပ္ျခင္း
Networking ဆိုတာ “အလုပ္ရွိလား” လို႔ ေမး႐ုံသက္သက္ မဟုတ္ပါဘူး။ သင့္ရဲ႕ ေတာင္းဆိုမႈေတြကို ပိုမို အႏွစ္သာရရွိေအာင္ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္ရပါမယ္။ အလုပ္ေခၚစာရွိမွ ဆက္သြယ္တာမ်ိဳးထက္ “ဒီနယ္ပယ္မွာ ေအာင္ျမင္ဖို႔ ဘာေတြ လိုအပ္သလဲ” ဆိုတဲ့ လမ္းၫႊန္ခ်က္ေတြကို ေတာင္းဆိုပါ။ လူေတြဟာ အကူအ ညီေပးရတာထက္ အႀကံေပးရတာကို ပိုၿပီး ဂုဏ္ယူတတ္ၾကပါတယ္။သင္ စိတ္ဝင္စားတဲ့ လုပ္ငန္းခြင္က လူေတြနဲ႔ မိတ္ဆက္ေပးႏိုင္မယ့္သူကို ရွာေဖြပါ။ “Referral” ေခၚတဲ့ ေထာက္ခံခ်က္က သာမန္ Resume တင္တာထက္ အလုပ္ရဖို႔ အခြင့္အလမ္း အဆေပါင္းမ်ားစြာ ပိုမ်ားပါတယ္။
၃။ တီထြင္ႀကံဆမႈျဖင့္ အက်ိဳးျပဳ Network တည္ေဆာက္ျခင္း
Networking ဆိုတာ တစ္ဖက္သတ္ ရယူျခင္း မဟုတ္ဘဲ အျပန္အလွန္ အက်ိဳးျပဳျခင္း (Give and Take) ျဖစ္ပါတယ္။ အေဝးႀကီး သြားစရာမလိုဘဲ မိမိနဲ႔ ဝါသနာတူသူေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြကို ညစာစားပြဲ ဖိတ္တာမ်ိဳး၊ ဗဟုသုတမွ်ေဝတဲ့ Group ငယ္ေလးေတြ ဖြဲ႕တာမ်ိဳး လုပ္ပါ။ သင့္ Network ထဲက လူႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အက်ိဳးျပဳႏိုင္မယ္လို႔ ထင္ရင္ သူတို႔ကို မိတ္ဆက္ေပးလိုက္ပါ။ တျခားသူေတြရဲ႕ Network ကို သင္က ကူညီတည္ေဆာက္ေပးျခင္းျဖင့္ သင့္ရဲ႕ ဩဇာနဲ႔ ယုံၾကည္မႈကိုပါ တည္ေဆာက္ၿပီးသား ျဖစ္သြားပါလိမ့္မယ္။
၄။ “Weak Ties” ေခၚ သိကြၽမ္းမႈ နည္းပါးေသာ အဆက္အသြယ္မ်ားကို အသုံးခ်ျခင္း
ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြ (Strong Ties) နဲ႔ပဲ အၿမဲ ေနတတ္ၾကပါတယ္။ ဒါေပမဲ့ Career တိုးတက္ဖို႔အတြက္ေတာ့ “Weak Ties” က ပိုၿပီး အေရးပါတာကို ေတြ႕ရပါတယ္။ ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြက သင့္လိုပဲ သတင္းအခ်က္အလက္ အတူတူပဲ ရွိတတ္ၾကပါတယ္။ မရင္းႏွီးတဲ့ အသိေတြ ဥပမာ သင္တန္းေဖာ္ေဟာင္း၊ မိတ္ေဆြရဲ႕ မိတ္ေဆြကမွ သင္ မသိေသးတဲ့ အလုပ္အကိုင္ အခြင့္အလမ္းသစ္ေတြကို သယ္ေဆာင္လာေပးတတ္တာပါ။သင္က သူတို႔နဲ႔ အၿမဲတမ္း စကားေျပာေနစရာ မလိုပါဘူး။ လူမႈကြန္ရက္မွာ သူတို႔ရဲ႕ ေအာင္ျမင္မႈေတြကို ဂုဏ္ျပဳေပးတာ၊ Post ေတြကို Comment ေပးတာမ်ိဳးနဲ႔ ကိုယ့္ကို သူတို႔ သတိရေနေအာင္ လုပ္ေဆာင္ထားျခင္းက အခြင့္အလမ္း ေပၚလာတဲ့အခါ သင့္ကို အရင္ဆုံး သတိရေစပါလိမ့္မယ္။
အားေကာင္းတဲ့ Network တစ္ခုဆိုတာ ေန႔ခ်င္းညခ်င္း တည္ေဆာက္လို႔ မရပါဘူး။ အခ်ိန္ေပးၿပီး စိတ္ရင္းမွန္နဲ႔ ေပါင္းသင္းဆက္ဆံဖို႔ လိုအပ္ပါတယ္။ အထက္ပါ ဗ်ဴဟာ (၄) ခုကို အသုံးခ်ၿပီး အစီအစဥ္တက် Networking လုပ္ေဆာင္သြားမယ္ဆိုရင္ သင့္ရဲ႕ အသက္ေမြးဝမ္းေက်ာင္း ခရီးလမ္းမွာ မေမွ်ာ္လင့္ထားတဲ့ တံခါးခ်ပ္ေတြ ပြင့္လန္းလာမွာ အေသအခ်ာပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply