နည်းပညာကျွမ်းကျင်သူ မဟုတ်တဲ့သူတွေ သိထားသင့်တဲ့ AI စွမ်းရည် (၆)ခု

သင်က နည်းပညာနယ်ပယ်မှာ အလုပ်မလုပ်ပေမဲ့ AI နဲ့ပတ်သက်ရင်တော့နောက်ကောက်ကျကျန်ခဲ့လို့မရတော့တဲ့ ခေတ်ဖြစ်လာပါပြီ။ အစည်းအဝေးတိုင်း၊အစီရင်ခံစာတိုင်း၊ တင်ပြချက်တိုင်းနဲ့ ပရောက်ချက်တိုင်းက AI စွမ်းရည်ကိုသုံးပြီးလုပ်ငန်းခွင်ကို လွှမ်းမိုးလာပါတယ်။ ဒါကြောင့် တကယ်လို့သင်က နည်းပညာနယ်ပယ်ကမဟုတ်ရင်တောင်မှ AI နဲ့ပတ်သက်ရင် သင်ယူထားရတော့မှာပါ။သင်က ပရိုဂရမ်မာတစ်ယောက် မဟုတ်ရင် သင်သိထားရမယ့် AI ကျွမ်းကျင်မှုတွေကဘာတွေလဲ။ နည်းပညာပိုင်းက မဟုတ်တဲ့ ကျွမ်းကျင်ပညာရှင်တွေအတွက် လိုအပ်တဲ့ AI ကျွမ်းကျင်မှုတွေကတော့ AI က သင့်တို့ရဲ့ကမ္ဘာမှာ ဘယ်လို အံဝင်ခွင်ကျဖြစ်မလဲဆိုတာကိုနားလည်နိုင်စွမ်း၊ အသုံးချနိုင်စွမ်းနဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဘယ်အချက်တွေကသင်ယူရမယ့် မရှိမဖြစ် AI ကျွမ်း ကျင်မှုတွေကို လေ့လာကြည့်ရအောင်ပါ။

AI ကို သင်လိုချင်တာ တကယ်လုပ်ပေးနိုင်အောင် ပြောဆိုတာ

ChatGPT၊ Claude၊ Gemini ဒါမှမဟုတ် တခြား AI ကိရိယာတစ်ခုခုကို သုံးနေပါစေ သင့်ရဲ့ရလဒ်တွေက သင်ရေးတဲ့ prompt တွေလောက်ပဲ ကောင်းမှာပါ။ Prompt engineering ဆိုတာ AI ကို မှန်ကန်တဲ့ မေးခွန်းတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ မေးမြန်းတဲ့ အနုပညာပါပဲ။ ဒါကြောင့် AI က ကိုယ်ခိုင်းတာကို လုပ်ပေးနိုင်ဖို့ ကိုယ့်ဘက်ကလည်း မှန်ကန်တဲ့ စကားလုံးအသုံးအနှုန်းနဲ့ခိုင်းတတ်ဖို့လိုနေတာပါ။ AI ကနေ သင့်ကို အစီရင်ခံစာတွေ ပိုပြီးမြန်မြန်လုပ်ဆောင်နိုင်တာ၊တီထွင်ဖန်တီးနိုင်တဲ့ စိတ်ကူးတွေကို စုစည်းနိုင်တာ၊ စာရွက်စာတမ်းတွေ၊ အီးမေးလ်တွေ၊အစည်းအဝေးတွေကို အကျဉ်းချုပ်နိုင်တာ၊ ထိရောက်စွာသုတေသနပြုနိုင်တာစတာတွေပဲဖြစ်ပါတယ်။

AI ကို ကောင်းစွာနားလည်တတ်မြောက်မှု

AI ကိရိယာ ထောင်ပေါင်းများစွာ ရှိပါတယ်။ အားလုံးကို သိဖို့ မလိုပါဘူး။ ဒါပေမဲ့ဘယ်ကိရိယာတွေက သင့်ရဲ့ အခန်းကဏ္ဍနဲ့ သက်ဆိုင်သလဲ၊ ပြီးတော့ အဲဒီကိရိယာတွေကနေအများဆုံး ဘယ်လို အသုံးပြု ရယူမလဲဆိုတာကိုတော့ သင် သိဖို့ လိုပါတယ်။ ဒီအချက်ကထပ်ခါတလဲလဲလုပ်ရမယ့် အလုပ်တွေကို အလိုအလျောက်လုပ်ဆောင်ပေးတာ၊ Canva AI လိုမျိုးကိရိယာတွေနဲ့ ဂရပ်ဖစ်နဲ့ ဗီဒီယိုဖန်တီးတာ၊ Chat GPT Code Interpreter စတာတွေနဲ့ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာတာစတာတွေပဲဖြစ်ပါတယ်။

ဝေဖန်ပိုင်းခြားနိုင်စွမ်း

AI က စက္ကန့်ပိုင်းအတွင်း အဖြေတစ်ခုကို ထုတ်ပေးနိုင်ပေမဲ့ အမြဲတမ်း တိကျမှန်ကန်တာ၊ဘက်မလိုက်တာတာမျိုး ဖြစ်နိုင်ဖို့ဆိုတာ မသေချာပါဘူး။ ဒါကြောင့် AI ကအချက်အလက်တခုထဲကို မယုံကြည်လိုက်ဖို့လိုပါတယ်။ AI ကလည်း “ရှီးရှောင်”လုပ်တတ်တယ်ဆိုတာကို သဘောပေါက်ထားဖို့ လိုပါတယ်။ AI ကလည်းတချို့သူမသိတဲ့အချက်အလက်တွေကို မသိဘူးလို့ မပြောဘဲ လှိမ့်လုံးတွေနဲ့တော်ကီပေးတတ်တာကို အမြဲသတိချပ်ဖို့လိုပါတယ်။ ဒါကြောင့် ဒီရလဒ်တွေက မှန်ကန်ရဲ့လား၊ကျင့်ဝတ်နဲ့ညီရဲ့လား၊ ဘက်လိုက်နေလား၊ တခုခုလွဲချော်နေသလားဆိုတာကိုသေသေချာချာဝေဖန်ပိုင်းခြားဖို့လိုပါတယ်။

ဒေတာ ကျွမ်းကျင်မှု

AI က ဒေတာပေါ်မှာ အခြေခံပြီး လုပ်ဆောင်တာဖြစ်ပါတယ်။ သင်က ဒေတာသိပ္ပံပညာရှင်တစ်ယောက် ဖြစ်ဖို့ မလိုပေမဲ့ ဒေတာ ဘယ်လို စီးဆင်းလဲ၊ ဘာက ဒေတာကိုယုံကြည်စိတ်ချရစေလဲ၊ ပြီးတော့ ဒေတာက AI ရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုလမ်းညွှန်ပေးလဲဆိုတာကိုတော့ သင် နားလည်ဖို့ လိုပါတယ်။

ပြောင်းလဲမှု စီမံခန့်ခွဲမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်မှု

နည်းပညာက လျင်မြန်စွာ တိုးတက်ပြောင်းလဲနေပြီး AI ကတော့ လုပ်ငန်းနယ်ပယ်တိုင်းရဲ့လုပ်ကိုင်ပုံကို ပြောင်းလဲသွားမှာပါ။ အောင်မြင်တဲ့ ကျွမ်းကျင်ပညာရှင်တွေက၊လုပ်ငန်းရှင်တွေက လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် နေနိုင်သူတွေ၊မသေချာမရေရာမှုတွေကြား မှာ တည်ငြိမ်အေးဆေးစွာ နေနိုင်သူတွေနဲ့ တခြားသူတွေကိုလည်းအဲဒီလို လုပ်နိုင်အောင် ကူညီပေးသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်တွေမှာ AI နဲ့ပတ်သက်ပြီး သင်တန်းပေးတာ၊ AI သုံးရာမှာ ဦးဆောင်ပါဝင်တာ၊ လိုအပ်တဲ့အခါကျွမ်းကျင်မှုအသစ်တွေကို သင်ယူတာ၊ ခေတ်မမီတော့တဲ့ လုပ်ငန်းစဉ်တွေကိုဆုပ်ကိုင်မထားတော့တာ စတာတွေပဲဖြစ်ပါတယ်။

ကျင့်ဝတ်နဲ့ AI အသိအမြင်

AI က ဂိုဏ်းဂဏစွဲ၊ ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှု ဒါမှမဟုတ် ဂရုမစိုက်ဘဲ သုံးရင်ထိခိုက်နစ်နာမှုတွေ ဖြစ်စေနိုင်ပါတယ်။ နိုင်ငံတကာမှာလည်း ဒါနဲ့ပတ်သက်ပြီးဥပမာတွေရှိထားပြီးသားပါ။ နိုင်ငံကျော်မင်းသမီးတယောက်ရဲ့အသံကို ခွင့်ပြုချက်မရှိဘဲယူသုံးတာကအစ AI နဲ့ပတ်သက်ရင် ကျင့်ဝတ်အရ အငြင်းပွားစရာတွေဖြစ်နေတုန်းပါပဲ။နည်းပညာ ကျွမ်းကျင်သူပဲဖြစ်ဖြစ်၊ ကျွမ်းကျင်သူမဟုတ်သူပဲဖြစ်ဖြစ် ကျင့်ဝတ်သိက္ခာရှိတဲ့လုပ်ငန်းခွင်တွေ တည်ဆောက်ရာမှာ ကျွမ်းကျင်ပညာရှင်တိုင်းမှာ ပါဝင်ဆောင်ရွက်ရမယ့်အခန်းကဏ္ဍရှိပါတယ်။ ဘက်မလိုက်တဲ့ တရားမျှတမှုရှိတဲ့ ဆုံးဖြတ်ချက်တွေချမှတ်တာ၊ပွင့်လင်းမြင်သာမှုနဲ့ လူသားရဲ့ကြီးကြပ်မှုကို ထောက်ခံအားပေးတာ၊ AI ကိုအလွဲသုံးစားလုပ်တာဒါမှမဟုတ် black box အန္တရာယ်တွေကို ရှောင်းရှားတာတွေကကျင့်ဝတ်အသိအမြင်ရှိတယ်ဆိုရင် ရှောင်ရှားနိုင်မယ့်အရာတွေဖြစ်ပါတယ်။ Black Box ဆိုတာကတော့ AI မော်ဒယ်ရဲ့ အတွင်းပိုင်းမှာ ဒေတာတွေကို ဘယ်လို လုပ်ဆောင်ပြီးဆုံးဖြတ်ချက်တွေ ချလဲဆိုတာကို လူသားတွေအနေနဲ့ အတိအကျ နားလည်ဖို့ ခက်ခဲတဲ့အခြေအနေ ကို ရည်ညွှန်းပါတယ်။ အထူးသဖြင့် နက်ရှိုင်းတဲ့ သင်ယူမှု (Deep Learning)မော်ဒယ်တွေမှာ ဒီပြဿနာ ပိုပြီး သိသာပါတယ်။ ဘာကြောင့် ဒီလို အဖြေထွက်လာလဲဆိုတာကိုတိတိကျကျ ရှင်းပြနိုင်ဖို့ ခက်ခဲတာကြောင့် AI ရဲ့ ယုံကြည်စိတ်ချရမှုနဲ့ ကျင့်ဝတ်ဆိုင်ရာစဉ်းစားမှုတွေအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။

ဒီအချက်တွေကတော့ ကိုယ်က နည်းပညာနယ်ပယ်က မဟုတ်တဲ့တိုင်အောင် သိထားသင့်တဲ့ AIကျွမ်းကျင်မှုတွေပဲဖြစ်ပါတယ်။ ဒီကနေခေတ်မှာ AI နဲ့ကင်းကွာပြီးနေလို့မရတော့ပါဘူး။ AI မသုံးတတ်ရင် လုပ်ငန်းခွင်မှာ နောက်ကောက်ကျကျန်ရစ်ခဲ့တော့မှာပါ။ ဒါကြောင့် AIမှာလည်းအားသာချက်တွေ၊ အားနည်းချက်တွေရှိနေတာကြောင့် ဘယ်လိုအသုံးပြုရသလဲ၊ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သိရင် သုံးရတာ ပိုပြီးလုံခြုံစိတ်ချရနိုင်ပါတယ်။

ကျော့ကေခိုင်

zawgyi

သင္က နည္းပညာနယ္ပယ္မွာ အလုပ္မလုပ္ေပမဲ့ AI နဲ႔ပတ္သက္ရင္ေတာ့ေနာက္ေကာက္က်က်န္ခဲ့လို႔မရေတာ့တဲ့ ေခတ္ျဖစ္လာပါၿပီ။ အစည္းအေဝးတိုင္း၊အစီရင္ခံစာတိုင္း၊ တင္ျပခ်က္တိုင္းနဲ႔ ပေရာက္ခ်က္တိုင္းက AI စြမ္းရည္ကိုသုံးၿပီးလုပ္ငန္းခြင္ကို လႊမ္းမိုးလာပါတယ္။ ဒါေၾကာင့္ တကယ္လို႔သင္က နည္းပညာနယ္ပယ္ကမဟုတ္ရင္ေတာင္မွ AI နဲ႔ပတ္သက္ရင္ သင္ယူထားရေတာ့မွာပါ။သင္က ပ႐ိုဂရမ္မာတစ္ေယာက္ မဟုတ္ရင္ သင္သိထားရမယ့္ AI ကြၽမ္းက်င္မႈေတြကဘာေတြလဲ။ နည္းပညာပိုင္းက မဟုတ္တဲ့ ကြၽမ္းက်င္ပညာရွင္ေတြအတြက္ လိုအပ္တဲ့ AI ကြၽမ္းက်င္မႈေတြကေတာ့ AI က သင့္တို႔ရဲ႕ကမာၻမွာ ဘယ္လို အံဝင္ခြင္က်ျဖစ္မလဲဆိုတာကိုနားလည္ႏိုင္စြမ္း၊ အသုံးခ်ႏိုင္စြမ္းနဲ႔ဘယ္လိုပူးေပါင္းေဆာင္႐ြက္မလဲဆိုတဲ့အခ်က္ေတြပဲျဖစ္ပါတယ္။ ဘယ္အခ်က္ေတြကသင္ယူရမယ့္ မရွိမျဖစ္ AI ကြၽမ္း က်င္မႈေတြကို ေလ့လာၾကည့္ရေအာင္ပါ။

AI ကို သင္လိုခ်င္တာ တကယ္လုပ္ေပးႏိုင္ေအာင္ ေျပာဆိုတာ

ChatGPT၊ Claude၊ Gemini ဒါမွမဟုတ္ တျခား AI ကိရိယာတစ္ခုခုကို သုံးေနပါေစ သင့္ရဲ႕ရလဒ္ေတြက သင္ေရးတဲ့ prompt ေတြေလာက္ပဲ ေကာင္းမွာပါ။ Prompt engineering ဆိုတာ AI ကို မွန္ကန္တဲ့ ေမးခြန္းေတြကို မွန္ကန္တဲ့ နည္းလမ္းနဲ႔ ေမးျမန္းတဲ့ အႏုပညာပါပဲ။ ဒါေၾကာင့္ AI က ကိုယ္ခိုင္းတာကို လုပ္ေပးႏိုင္ဖို႔ ကိုယ့္ဘက္ကလည္း မွန္ကန္တဲ့ စကားလုံးအသုံးအႏႈန္းနဲ႔ခိုင္းတတ္ဖို႔လိုေနတာပါ။ AI ကေန သင့္ကို အစီရင္ခံစာေတြ ပိုၿပီးျမန္ျမန္လုပ္ေဆာင္ႏိုင္တာ၊တီထြင္ဖန္တီးႏိုင္တဲ့ စိတ္ကူးေတြကို စုစည္းႏိုင္တာ၊ စာ႐ြက္စာတမ္းေတြ၊ အီးေမးလ္ေတြ၊အစည္းအေဝးေတြကို အက်ဥ္းခ်ဳပ္ႏိုင္တာ၊ ထိေရာက္စြာသုေတသနျပဳႏိုင္တာစတာေတြပဲျဖစ္ပါတယ္။

AI ကို ေကာင္းစြာနားလည္တတ္ေျမာက္မႈ

AI ကိရိယာ ေထာင္ေပါင္းမ်ားစြာ ရွိပါတယ္။ အားလုံးကို သိဖို႔ မလိုပါဘူး။ ဒါေပမဲ့ဘယ္ကိရိယာေတြက သင့္ရဲ႕ အခန္းက႑နဲ႔ သက္ဆိုင္သလဲ၊ ၿပီးေတာ့ အဲဒီကိရိယာေတြကေနအမ်ားဆုံး ဘယ္လို အသုံးျပဳ ရယူမလဲဆိုတာကိုေတာ့ သင္ သိဖို႔ လိုပါတယ္။ ဒီအခ်က္ကထပ္ခါတလဲလဲလုပ္ရမယ့္ အလုပ္ေတြကို အလိုအေလ်ာက္လုပ္ေဆာင္ေပးတာ၊ Canva AI လိုမ်ိဳးကိရိယာေတြနဲ႔ ဂရပ္ဖစ္နဲ႔ ဗီဒီယိုဖန္တီးတာ၊ Chat GPT Code Interpreter စတာေတြနဲ႔ေဒတာေတြကို ခြဲျခမ္းစိတ္ျဖာတာစတာေတြပဲျဖစ္ပါတယ္။

ေဝဖန္ပိုင္းျခားႏိုင္စြမ္း

AI က စကၠန႔္ပိုင္းအတြင္း အေျဖတစ္ခုကို ထုတ္ေပးႏိုင္ေပမဲ့ အၿမဲတမ္း တိက်မွန္ကန္တာ၊ဘက္မလိုက္တာတာမ်ိဳး ျဖစ္ႏိုင္ဖို႔ဆိုတာ မေသခ်ာပါဘူး။ ဒါေၾကာင့္ AI ကအခ်က္အလက္တခုထဲကို မယုံၾကည္လိုက္ဖို႔လိုပါတယ္။ AI ကလည္း “ရွီးေရွာင္”လုပ္တတ္တယ္ဆိုတာကို သေဘာေပါက္ထားဖို႔ လိုပါတယ္။ AI ကလည္းတခ်ိဳ႕သူမသိတဲ့အခ်က္အလက္ေတြကို မသိဘူးလို႔ မေျပာဘဲ လွိမ့္လုံးေတြနဲ႔ေတာ္ကီေပးတတ္တာကို အၿမဲသတိခ်ပ္ဖို႔လိုပါတယ္။ ဒါေၾကာင့္ ဒီရလဒ္ေတြက မွန္ကန္ရဲ႕လား၊က်င့္ဝတ္နဲ႔ညီရဲ႕လား၊ ဘက္လိုက္ေနလား၊ တခုခုလြဲေခ်ာ္ေနသလားဆိုတာကိုေသေသခ်ာခ်ာေဝဖန္ပိုင္းျခားဖို႔လိုပါတယ္။

ေဒတာ ကြၽမ္းက်င္မႈ

AI က ေဒတာေပၚမွာ အေျခခံၿပီး လုပ္ေဆာင္တာျဖစ္ပါတယ္။ သင္က ေဒတာသိပၸံပညာရွင္တစ္ေယာက္ ျဖစ္ဖို႔ မလိုေပမဲ့ ေဒတာ ဘယ္လို စီးဆင္းလဲ၊ ဘာက ေဒတာကိုယုံၾကည္စိတ္ခ်ရေစလဲ၊ ၿပီးေတာ့ ေဒတာက AI ရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ဘယ္လိုလမ္းၫႊန္ေပးလဲဆိုတာကိုေတာ့ သင္ နားလည္ဖို႔ လိုပါတယ္။

ေျပာင္းလဲမႈ စီမံခန႔္ခြဲမႈနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနႏိုင္မႈ

နည္းပညာက လ်င္ျမန္စြာ တိုးတက္ေျပာင္းလဲေနၿပီး AI ကေတာ့ လုပ္ငန္းနယ္ပယ္တိုင္းရဲ႕လုပ္ကိုင္ပုံကို ေျပာင္းလဲသြားမွာပါ။ ေအာင္ျမင္တဲ့ ကြၽမ္းက်င္ပညာရွင္ေတြက၊လုပ္ငန္းရွင္ေတြက လ်င္ျမန္စြာ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနႏိုင္သူေတြ၊မေသခ်ာမေရရာမႈေတြၾကား မွာ တည္ၿငိမ္ေအးေဆးစြာ ေနႏိုင္သူေတြနဲ႔ တျခားသူေတြကိုလည္းအဲဒီလို လုပ္ႏိုင္ေအာင္ ကူညီေပးသူေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ လုပ္ငန္းခြင္ေတြမွာ AI နဲ႔ပတ္သက္ၿပီး သင္တန္းေပးတာ၊ AI သုံးရာမွာ ဦးေဆာင္ပါဝင္တာ၊ လိုအပ္တဲ့အခါကြၽမ္းက်င္မႈအသစ္ေတြကို သင္ယူတာ၊ ေခတ္မမီေတာ့တဲ့ လုပ္ငန္းစဥ္ေတြကိုဆုပ္ကိုင္မထားေတာ့တာ စတာေတြပဲျဖစ္ပါတယ္။

က်င့္ဝတ္နဲ႔ AI အသိအျမင္

AI က ဂိုဏ္းဂဏစြဲ၊ ကိုယ္ေရးကိုယ္တာ ခ်ိဳးေဖာက္မႈ ဒါမွမဟုတ္ ဂ႐ုမစိုက္ဘဲ သုံးရင္ထိခိုက္နစ္နာမႈေတြ ျဖစ္ေစႏိုင္ပါတယ္။ ႏိုင္ငံတကာမွာလည္း ဒါနဲ႔ပတ္သက္ၿပီးဥပမာေတြရွိထားၿပီးသားပါ။ ႏိုင္ငံေက်ာ္မင္းသမီးတေယာက္ရဲ႕အသံကို ခြင့္ျပဳခ်က္မရွိဘဲယူသုံးတာကအစ AI နဲ႔ပတ္သက္ရင္ က်င့္ဝတ္အရ အျငင္းပြားစရာေတြျဖစ္ေနတုန္းပါပဲ။နည္းပညာ ကြၽမ္းက်င္သူပဲျဖစ္ျဖစ္၊ ကြၽမ္းက်င္သူမဟုတ္သူပဲျဖစ္ျဖစ္ က်င့္ဝတ္သိကၡာရွိတဲ့လုပ္ငန္းခြင္ေတြ တည္ေဆာက္ရာမွာ ကြၽမ္းက်င္ပညာရွင္တိုင္းမွာ ပါဝင္ေဆာင္႐ြက္ရမယ့္အခန္းက႑ရွိပါတယ္။ ဘက္မလိုက္တဲ့ တရားမွ်တမႈရွိတဲ့ ဆုံးျဖတ္ခ်က္ေတြခ်မွတ္တာ၊ပြင့္လင္းျမင္သာမႈနဲ႔ လူသားရဲ႕ႀကီးၾကပ္မႈကို ေထာက္ခံအားေပးတာ၊ AI ကိုအလြဲသုံးစားလုပ္တာဒါမွမဟုတ္ black box အႏၲရာယ္ေတြကို ေရွာင္းရွားတာေတြကက်င့္ဝတ္အသိအျမင္ရွိတယ္ဆိုရင္ ေရွာင္ရွားႏိုင္မယ့္အရာေတြျဖစ္ပါတယ္။ Black Box ဆိုတာကေတာ့ AI ေမာ္ဒယ္ရဲ႕ အတြင္းပိုင္းမွာ ေဒတာေတြကို ဘယ္လို လုပ္ေဆာင္ၿပီးဆုံးျဖတ္ခ်က္ေတြ ခ်လဲဆိုတာကို လူသားေတြအေနနဲ႔ အတိအက် နားလည္ဖို႔ ခက္ခဲတဲ့အေျခအေန ကို ရည္ၫႊန္းပါတယ္။ အထူးသျဖင့္ နက္ရႈိင္းတဲ့ သင္ယူမႈ (Deep Learning)ေမာ္ဒယ္ေတြမွာ ဒီျပႆနာ ပိုၿပီး သိသာပါတယ္။ ဘာေၾကာင့္ ဒီလို အေျဖထြက္လာလဲဆိုတာကိုတိတိက်က် ရွင္းျပႏိုင္ဖို႔ ခက္ခဲတာေၾကာင့္ AI ရဲ႕ ယုံၾကည္စိတ္ခ်ရမႈနဲ႔ က်င့္ဝတ္ဆိုင္ရာစဥ္းစားမႈေတြအတြက္ အေရးႀကီးတဲ့ စိန္ေခၚမႈတစ္ခု ျဖစ္လာပါတယ္။

ဒီအခ်က္ေတြကေတာ့ ကိုယ္က နည္းပညာနယ္ပယ္က မဟုတ္တဲ့တိုင္ေအာင္ သိထားသင့္တဲ့ AIကြၽမ္းက်င္မႈေတြပဲျဖစ္ပါတယ္။ ဒီကေနေခတ္မွာ AI နဲ႔ကင္းကြာၿပီးေနလို႔မရေတာ့ပါဘူး။ AI မသုံးတတ္ရင္ လုပ္ငန္းခြင္မွာ ေနာက္ေကာက္က်က်န္ရစ္ခဲ့ေတာ့မွာပါ။ ဒါေၾကာင့္ AIမွာလည္းအားသာခ်က္ေတြ၊ အားနည္းခ်က္ေတြရွိေနတာေၾကာင့္ ဘယ္လိုအသုံးျပဳရသလဲ၊ဘယ္လိုကိုင္တြယ္ရမလဲဆိုတာကို သိရင္ သုံးရတာ ပိုၿပီးလုံၿခဳံစိတ္ခ်ရႏိုင္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*