ရာထူးတိုးလိုလျှင် Ai skill ပြရတော့မည့် အနာဂါတ်

အခုတလော ကမ္ဘာ့ကုမ္ပဏီလောကတွင် အလှုပ်ခတ်ဆုံးသောသတင်းတစ်ခုသည် Amazonကုမ္ပဏီ၏ဝန်ထမ်းရာထူးတိုးအရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ သတင်းဖြစ်ပါသည်။။ Amazon ကုမ္ပဏီ၏ဝန်ထမ်းများ၏ တဆင့်မြင့်ရာထူးတိုးရန်အတွက် သတ်မှတ်အရည်အ ချင်းများထဲတွင် ဉာဏ်ရည်တုနည်းပညာ (AI)ကို အသုံးပြုနိုင်စွမ်းကို အရည်အချင်းတစ်ရပ်အဖြစ်ထည့်သွင်းလာခဲ့ခြင်းက Ai ခေတ်တွင်ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုအတွက် ထူးခြားသော သတင်းတစ်ပုဒ်အဖြစ် ပျံ့နှံ့လာခဲ့ပါသည်။ ထိုအချက်ကနည်းပညာသည် လုပ်ငန်းကိုအ ထောက်အကူပြုသည့် နေရာအနေအထားမှလုပ်ငန်းတွင်မရှိမဖြစ်အရေးပါလာသည်ဆိုခြင်းကို ပို၍ ထင်ရှားစေရန် မီးမောင်းထိုးပြ လာခြင်းဖြစ်သည်။

အမှန်တကယ်လက်တွေ့လောကတွင်လည်း Ai သည် လူသားတို့၏ နေ့စဉ်ဘဝတွင် ကြီးမားစွာလွှမ်းမိုးနေခဲ့ပြီး Ai ဖြင့် လုပ်ငန်းဆောင် ရွက်နိုင်မှုကလည်း လုပ်ငန်းများ၏ လည်ပတ်မှုနှင့် တိုးတက်မှုတွင်များစွာသက်ရောက်ခဲ့ပြီဖြစ်ပါသည်။ Ai ကို အခြေခံအဆင့် အသုံးပြုနိုင်စွမ်း၊ ကောင်းမွန်စွာအသုံးပြုနိုင်စွမ်းနှင့်ထူးချွန်စွာအသုံးပြုနိုင်စွမ်းတို့ကလည်း လုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည်များတွင်သာမက လူသားတို့၏ဘဝနေထိုင်မှု ဖြစ်စဉ်များကိုပါ အဆင့်ဆင့်မြင့်တက်စေသည်ကို ထိပ်ပိုင်းစီမံခန့်ခွဲသူများက သတိပြုလာခဲ့ပြီးမိမိဝန်ထမ်းများကိုလည်း ထို ရေစီးကြောင်းတွင် စီးမြောလိုက်ပါရေးအတွက် စီစဉ်ကြရာတွင် Amazon ကအထင်ရှားဆုံးဖြစ်ပါသည်။ ၂ နှစ်ကြာ အနားယူပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလတွင် Amazon သို့ Vice President of Product ရာထူးဖြင့်ပြန်လည်ရောက်ရှိလာခဲ့ပြီး Amazon ၏ ထုတ် ကုန်များဖြစ်သော Ring, Blink, Amazon Key, နှင့် Amazon Sidewalk အဖွဲ့များကို ဦးဆောင်နေသော Jamie Siminoff က မကြာမီရက်ပိုင်းက ထူးခြားသောကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါသည်။ Email ဖြင့် ဝန်ထမ်းများထံသို့ တရားဝင်ပေးပို့သောကြေညာချက်တွင်
Jamie Siminoff က သူ၏ ကွပ်ကဲမှုအောက်ဌာနများ၊ အဖွဲ့အစည်းများရှိ ဝန်ထမ်းများသည် ထိုသူတို့၏ရာထူးတိုးလျှောက်လွှာအားလုံးတွင် မိမိတို့၏ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်၊သုံးစွဲသူများအတွက်အတွေ့အကြုံများ ပိုမိုကောင်းမွန်စေရန်၊ သို့မဟုတ် လုပ်ငန်းလည်ပတ်မှုများကိုပိုမိုချောမွေ့စေရန် AI ကို မည်သို့အသုံးချခဲ့သည်ကို မှတ်တမ်းတင်တင်ပြရမည်ဟူသည့်သတ်မှတ်ချက်တစ်ခုပါဝင်လာခဲ့ပါသည်။ ထိုသတ်မှတ်ချက်က လုပ်ငန်းခွင်၌ ဉာဏ်ရည်တုနည်းပညာ (AI) ၏လုပ်ငန်းခွင်တွင် အရေးပါမှုကို ဖော်ညွှန်းသကဲ့သို့ ဝန်ထမ်းများ၏ နည်းပညာစွမ်းရည် (Technical Skill) ကလုပ်ငန်းခွင်တွင် ပို၍ အရေးပါလာမှုကိုလည်း ဖော်ညွှန်းပါသည်။ ဤရာထူးတိုးခြင်းဆိုင်ရာ မူဝါဒများသည် Amazon ကုမ္ပဏီတစ်ခုလုံးအတိုင်းအတာဖြင့် သတ်မှတ်ခဲ့ခြင်း မဟုတ်သေးသော်လည်း၊ မကြာမီတွင်ကုမ္ပဏီတစ်ခုလုံး၏ ဝန်ထမ်းရေးရာမူဝါဒဖြစ်လာနိုင်မည်ဟု ခန့်မှန်းနေကြပါသည်။

ကမ္ဘာ့ပထမဆုံး Wi-Fi ဗီဒီယိုဖြင့်သုံးရသည့် တံခါးခေါင်းလောင်း Ring ကို တီထွင်ခဲ့သူဖြစ်ပြီး စမတ်အိမ်သုံးပရောဂျက်များ အပါအဝင်ဆန်းသစ်သောတီထွင်မှုများနှင့် ထက်မြက်သောစီမံခန့်ခွဲမှုပုံစံများကြောင့်ထင်ရှားသူ Jamie Siminoff က ဤဝန်ထမ်းရေးရာမူဝါဒသစ်သည် ဆန်းသစ်သောတွေးခေါ်မှုကိုအသိအမှတ်ပြုဆုချရန်နှင့် မြန်ဆန်မှုနှင့် ထိရောက်မှုရှိသော လုပ်ငန်းခွင်ယဉ်ကျေးမှုကို အားဖြည့်ရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ထမ်းများထံသို့ ပေးပို့သည့် အဆိုပါအီးမေးလ်တွင် Jamie Siminoff ကကျွန်တော်တို့ရဲ့ ရည် မှန်းချက်တွေနဲ့ ဆန်းသစ်တဲ့နည်းပညာကို ပေါင်းစပ်လိုက်တဲ့အခါ၊တကယ်ကိုထူးခြားတဲ့အရာတစ်ခုကို ဖန်တီးနိုင်ပါတယ်ဟု ရေးသားခဲ့ပါသည်။Amazon ၏ ဤမူဝါဒအပြောင်းအလဲသည် နည်းပညာကုမ္ပဏီများအကြား ၎င်းတို့၏ အရည်အချင်းစစ်ဆေးအကဲဖြတ်သည့်
လုပ်ငန်းစဉ် တွင် `AI` အသုံးပြုမှုကို ထည့်သွင်းလာသည့် ကြီးထွားလာသော လမ်းကြောင်းတစ်ခုကိုမီးမောင်းထိုးပြနေသည်။ ဆက်စပ်သက်ရောက်မှုများအနေဖြင့် `Shopify`ကုမ္ပဏီသည်လည်း မကြာမီကမန်နေဂျာများအနေဖြင့် ဝန်ထမ်းသစ်မခန့်အပ်မီ အဆိုပါအလုပ်ကို `AI` က ပိုမိုကောင်းမွန်စွာမလုပ်ဆောင်နိုင်ကြောင်း သက်သေပြရမည်ဟု ကြေညာခဲ့သည်။ `Microsoft` ကုမ္ပဏီကလည်းအချို့သောမန်နေဂျာများအား ဝန်ထမ်းများက ကုမ္ပဏီတွင်း `AI` ကိရိယာများကို မည်သို့အသုံးပြုသည်ကိုအခြေခံ၍ အကဲဖြတ်ရန် တောင်းဆိုလျက်ရှိသည်။ ထိုအတောအတွင်း AI ကိုအခြေခံသော လုပ်ငန်းစနစ်ဖြင့်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်းဖြင့် Amazon ၏ ဝန်ထမ်းအင်အားဖွဲ့စည်းပုံကိုပြောင်းလဲပုံဖော်သွားမည်" ဟု CEO Andy Jassy ၏ မကြာသေးမီကပြောကြားပြီးနောက် Amazon ၏ `cloud computing` ဌာနတွင် အလုပ်နေရာမှ ဝန်ထမ်း ရာပေါင်းများစွာကို လျှော့ချခဲ့ပါသည်။ဝန်ထမ်းများ၏လုပ်ငန်းဆောင်တာများတွင် Ai ဖြင့် ဆောင်ရွက်ခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများကိုစစ်တမ်းတစ်ခုပြုလုပ်ခဲ့ရာ စီမံခန့်ခွဲမှုပညာရှင်များ၏ (၇၄%) က AI ကျွမ်းကျင်မှုသည်ရာထူးတိုးမြှင့်ခြင်းအတွက် ထည့်သွင်းစဉ်းစားရမည့် အကဲဖြတ်မှုဖြစ်သည်ဟုယုံကြည်ကြကြောင်းတွေ့ရှိခဲ့ပါသည်။ AI ကို စနစ်တကျသုံးစွဲနိုင်သည့် အဖွဲ့အစည်းများသည် လုပ်ငန်းစွမ်းဆောင်ရည် ၂၀% မှ ၃၀% ထိ တိုးတက်လာမှုကို မှတ်တမ်းများအရ တွေ့ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့ကြပြီး AI ကို မိမိ၏ လုပ်ငန်းများတွင် ကျွမ်းကျင်မှုစွာသုံးစွဲနိုင်ကြောင်း သက်သေပြနိုင်သည့် ဝန်ထမ်းများသည်ထိုစွမ်းရည်များ ကင်းမဲ့သော အခြားလုပ်ဖော်ကိုင်ဖက်များထက် ၂၅% ပိုမိုများပြားသောလုပ်ခလစာရရှိမည်ဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပါသည်။

Amazon နှင့် Microsoft တို့၏ ဥပမာများကြောင့် ယနေ့ AI ကို ကျွမ်းကျင်ခြင်းသည် နောင်တွင်ခေတ်နောက်ကျခြင်းကို ကာကွယ်ရန် နည်းလမ်းတစ်ခုဖြစ်သည်ဟူသော ယုံကြည်မှုများ ပိုမိုခိုင်မာလာကြပြီးဤ “AI First” စိတ်ဓာတ်သည် လူသားတို့၏ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးသည်ဟု သတ်မှတ်လာကြပါသည်။ AI စွမ်းရည်များ ပိုမိုများပြား လာသည်နှင့်အမျှ၊ Ai ကို စွမ်းဆောင်ရည် စီမံခန့်ခွဲမှုတွင် ပေါင်း စပ်ရန်ပျက်ကွက်သည့် အဖွဲ့အစည်းများသည် နောက်ကျ ကျန်ခဲ့မည့် အန္တရာယ်ရှိသည်ဟု တွေ့ရှိလာကြပါသည်။ Ai ကိုအသုံးပြုနိုင်စွမ်း သည် ခေတ်မီနေရုံသက်သက် မဟုတ်ဘဲ လုပ်ငန်းခွင်၏ အနာဂတ်ကိုဦးဆောင်နေခြင်းဖြစ်သည့် အတွက် AI ကို အသက်မွေးဝမ်းကျောင်း တိုးတက်မှု မဟာဗျူဟာ၏အုတ်မြစ်အဖြစ် ကျွမ်းကျင်စွာသုံးစွဲနိုင်ရေးအတွက် လုပ်ကိုလုပ်ဆောင်ရမည့်အရာဟု မှတ်ယူရန်အရေးကြီးပါသည်။ ထို့ကြောင့် Ai ကို ကျွမ်းကျင်စွာအသုံးပြုခြင်းဖြင့် မိမိ၏ လုပ်ငန်းခွင်တွင်သာမက၊ မိမိ၏နေ့စဉ်ဘဝနှင့် ဘဝတိုးတက်မှုအခွင့်အ လမ်းများကိုပါ ပိုမိုတိုးတက်အောင်မြင်စေရန် ဖန်တီးနိုင်ကြပါစေကြောင်းတိုက်တွန်းအပ်ပါသည်။

ဥက္ကာမြင့်

zawgyi

အခုတေလာ ကမာၻ႔ကုမၸဏီေလာကတြင္ အလႈပ္ခတ္ဆုံးေသာသတင္းတစ္ခုသည္ Amazonကုမၸဏီ၏ဝန္ထမ္းရာထူးတိုးအရည္အခ်င္းသတ္မွတ္ခ်က္ဆိုင္ရာ သတင္းျဖစ္ပါသည္။။ Amazon ကုမၸဏီ၏ဝန္ထမ္းမ်ား၏ တဆင့္ျမင့္ရာထူးတိုးရန္အတြက္ သတ္မွတ္အရည္အ ခ်င္းမ်ားထဲတြင္ ဉာဏ္ရည္တုနည္းပညာ (AI)ကို အသုံးျပဳႏိုင္စြမ္းကို အရည္အခ်င္းတစ္ရပ္အျဖစ္ထည့္သြင္းလာခဲ့ျခင္းက Ai ေခတ္တြင္ဝန္ထမ္းေရးရာစီမံခန႔္ခြဲမႈအတြက္ ထူးျခားေသာ သတင္းတစ္ပုဒ္အျဖစ္ ပ်ံ႕ႏွံ႔လာခဲ့ပါသည္။ ထိုအခ်က္ကနည္းပညာသည္ လုပ္ငန္းကိုအ ေထာက္အကူျပဳသည့္ ေနရာအေနအထားမွလုပ္ငန္းတြင္မရွိမျဖစ္အေရးပါလာသည္ဆိုျခင္းကို ပို၍ ထင္ရွားေစရန္ မီးေမာင္းထိုးျပ လာျခင္းျဖစ္သည္။

အမွန္တကယ္လက္ေတြ႕ေလာကတြင္လည္း Ai သည္ လူသားတို႔၏ ေန႔စဥ္ဘဝတြင္ ႀကီးမားစြာလႊမ္းမိုးေနခဲ့ၿပီး Ai ျဖင့္ လုပ္ငန္းေဆာင္ ႐ြက္ႏိုင္မႈကလည္း လုပ္ငန္းမ်ား၏ လည္ပတ္မႈႏွင့္ တိုးတက္မႈတြင္မ်ားစြာသက္ေရာက္ခဲ့ၿပီျဖစ္ပါသည္။ Ai ကို အေျခခံအဆင့္ အသုံးျပဳႏိုင္စြမ္း၊ ေကာင္းမြန္စြာအသုံးျပဳႏိုင္စြမ္းႏွင့္ထူးခြၽန္စြာအသုံးျပဳႏိုင္စြမ္းတို႔ကလည္း လုပ္ငန္းဆိုင္ရာစြမ္းေဆာင္ရည္မ်ားတြင္သာမက လူသားတို႔၏ဘဝေနထိုင္မႈ ျဖစ္စဥ္မ်ားကိုပါ အဆင့္ဆင့္ျမင့္တက္ေစသည္ကို ထိပ္ပိုင္းစီမံခန႔္ခြဲသူမ်ားက သတိျပဳလာခဲ့ၿပီးမိမိဝန္ထမ္းမ်ားကိုလည္း ထို ေရစီးေၾကာင္းတြင္ စီးေျမာလိုက္ပါေရးအတြက္ စီစဥ္ၾကရာတြင္ Amazon ကအထင္ရွားဆုံးျဖစ္ပါသည္။ ၂ ႏွစ္ၾကာ အနားယူၿပီးေနာက္ ၂၀၂၅ ခုႏွစ္ ဧၿပီလတြင္ Amazon သို႔ Vice President of Product ရာထူးျဖင့္ျပန္လည္ေရာက္ရွိလာခဲ့ၿပီး Amazon ၏ ထုတ္ ကုန္မ်ားျဖစ္ေသာ Ring, Blink, Amazon Key, ႏွင့္ Amazon Sidewalk အဖြဲ႕မ်ားကို ဦးေဆာင္ေနေသာ Jamie Siminoff က မၾကာမီရက္ပိုင္းက ထူးျခားေသာေၾကညာခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါသည္။ Email ျဖင့္ ဝန္ထမ္းမ်ားထံသို႔ တရားဝင္ေပးပို႔ေသာေၾကညာခ်က္တြင္
Jamie Siminoff က သူ၏ ကြပ္ကဲမႈေအာက္ဌာနမ်ား၊ အဖြဲ႕အစည္းမ်ားရွိ ဝန္ထမ္းမ်ားသည္ ထိုသူတို႔၏ရာထူးတိုးေလွ်ာက္လႊာအားလုံးတြင္ မိမိတို႔၏ကုန္ထုတ္စြမ္းအားျမႇင့္တင္ရန္၊သုံးစြဲသူမ်ားအတြက္အေတြ႕အႀကဳံမ်ား ပိုမိုေကာင္းမြန္ေစရန္၊ သို႔မဟုတ္ လုပ္ငန္းလည္ပတ္မႈမ်ားကိုပိုမိုေခ်ာေမြ႕ေစရန္ AI ကို မည္သို႔အသုံးခ်ခဲ့သည္ကို မွတ္တမ္းတင္တင္ျပရမည္ဟူသည့္သတ္မွတ္ခ်က္တစ္ခုပါဝင္လာခဲ့ပါသည္။ ထိုသတ္မွတ္ခ်က္က လုပ္ငန္းခြင္၌ ဉာဏ္ရည္တုနည္းပညာ (AI) ၏လုပ္ငန္းခြင္တြင္ အေရးပါမႈကို ေဖာ္ၫႊန္းသကဲ့သို႔ ဝန္ထမ္းမ်ား၏ နည္းပညာစြမ္းရည္ (Technical Skill) ကလုပ္ငန္းခြင္တြင္ ပို၍ အေရးပါလာမႈကိုလည္း ေဖာ္ၫႊန္းပါသည္။ ဤရာထူးတိုးျခင္းဆိုင္ရာ မူဝါဒမ်ားသည္ Amazon ကုမၸဏီတစ္ခုလုံးအတိုင္းအတာျဖင့္ သတ္မွတ္ခဲ့ျခင္း မဟုတ္ေသးေသာ္လည္း၊ မၾကာမီတြင္ကုမၸဏီတစ္ခုလုံး၏ ဝန္ထမ္းေရးရာမူဝါဒျဖစ္လာႏိုင္မည္ဟု ခန႔္မွန္းေနၾကပါသည္။

ကမာၻ႔ပထမဆုံး Wi-Fi ဗီဒီယိုျဖင့္သုံးရသည့္ တံခါးေခါင္းေလာင္း Ring ကို တီထြင္ခဲ့သူျဖစ္ၿပီး စမတ္အိမ္သုံးပေရာဂ်က္မ်ား အပါအဝင္ဆန္းသစ္ေသာတီထြင္မႈမ်ားႏွင့္ ထက္ျမက္ေသာစီမံခန႔္ခြဲမႈပုံစံမ်ားေၾကာင့္ထင္ရွားသူ Jamie Siminoff က ဤဝန္ထမ္းေရးရာမူဝါဒသစ္သည္ ဆန္းသစ္ေသာေတြးေခၚမႈကိုအသိအမွတ္ျပဳဆုခ်ရန္ႏွင့္ ျမန္ဆန္မႈႏွင့္ ထိေရာက္မႈရွိေသာ လုပ္ငန္းခြင္ယဥ္ေက်းမႈကို အားျဖည့္ရန္ရည္႐ြယ္ေၾကာင္း ေျပာၾကားခဲ့ပါသည္။ ဝန္ထမ္းမ်ားထံသို႔ ေပးပို႔သည့္ အဆိုပါအီးေမးလ္တြင္ Jamie Siminoff ကကြၽန္ေတာ္တို႔ရဲ႕ ရည္ မွန္းခ်က္ေတြနဲ႔ ဆန္းသစ္တဲ့နည္းပညာကို ေပါင္းစပ္လိုက္တဲ့အခါ၊တကယ္ကိုထူးျခားတဲ့အရာတစ္ခုကို ဖန္တီးႏိုင္ပါတယ္ဟု ေရးသားခဲ့ပါသည္။Amazon ၏ ဤမူဝါဒအေျပာင္းအလဲသည္ နည္းပညာကုမၸဏီမ်ားအၾကား ၎တို႔၏ အရည္အခ်င္းစစ္ေဆးအကဲျဖတ္သည့္
လုပ္ငန္းစဥ္ တြင္ `AI` အသုံးျပဳမႈကို ထည့္သြင္းလာသည့္ ႀကီးထြားလာေသာ လမ္းေၾကာင္းတစ္ခုကိုမီးေမာင္းထိုးျပေနသည္။ ဆက္စပ္သက္ေရာက္မႈမ်ားအေနျဖင့္ `Shopify`ကုမၸဏီသည္လည္း မၾကာမီကမန္ေနဂ်ာမ်ားအေနျဖင့္ ဝန္ထမ္းသစ္မခန႔္အပ္မီ အဆိုပါအလုပ္ကို `AI` က ပိုမိုေကာင္းမြန္စြာမလုပ္ေဆာင္ႏိုင္ေၾကာင္း သက္ေသျပရမည္ဟု ေၾကညာခဲ့သည္။ `Microsoft` ကုမၸဏီကလည္းအခ်ိဳ႕ေသာမန္ေနဂ်ာမ်ားအား ဝန္ထမ္းမ်ားက ကုမၸဏီတြင္း `AI` ကိရိယာမ်ားကို မည္သို႔အသုံးျပဳသည္ကိုအေျခခံ၍ အကဲျဖတ္ရန္ ေတာင္းဆိုလ်က္ရွိသည္။ ထိုအေတာအတြင္း AI ကိုအေျခခံေသာ လုပ္ငန္းစနစ္ျဖင့္ပိုမိုေကာင္းမြန္ေအာင္ေဆာင္႐ြက္ျခင္းျဖင့္ Amazon ၏ ဝန္ထမ္းအင္အားဖြဲ႕စည္းပုံကိုေျပာင္းလဲပုံေဖာ္သြားမည္" ဟု CEO Andy Jassy ၏ မၾကာေသးမီကေျပာၾကားၿပီးေနာက္ Amazon ၏ `cloud computing` ဌာနတြင္ အလုပ္ေနရာမွ ဝန္ထမ္း ရာေပါင္းမ်ားစြာကို ေလွ်ာ့ခ်ခဲ့ပါသည္။ဝန္ထမ္းမ်ား၏လုပ္ငန္းေဆာင္တာမ်ားတြင္ Ai ျဖင့္ ေဆာင္႐ြက္ျခင္းေၾကာင့္ရရွိလာမည့္အက်ိဳးေက်းဇူးမ်ားကိုစစ္တမ္းတစ္ခုျပဳလုပ္ခဲ့ရာ စီမံခန႔္ခြဲမႈပညာရွင္မ်ား၏ (၇၄%) က AI ကြၽမ္းက်င္မႈသည္ရာထူးတိုးျမႇင့္ျခင္းအတြက္ ထည့္သြင္းစဥ္းစားရမည့္ အကဲျဖတ္မႈျဖစ္သည္ဟုယုံၾကည္ၾကေၾကာင္းေတြ႕ရွိခဲ့ပါသည္။ AI ကို စနစ္တက်သုံးစြဲႏိုင္သည့္ အဖြဲ႕အစည္းမ်ားသည္ လုပ္ငန္းစြမ္းေဆာင္ရည္ ၂၀% မွ ၃၀% ထိ တိုးတက္လာမႈကို မွတ္တမ္းမ်ားအရ ေတြ႕ရွိခဲ့ေၾကာင္းလည္း ထုတ္ျပန္ခဲ့ၾကၿပီး AI ကို မိမိ၏ လုပ္ငန္းမ်ားတြင္ ကြၽမ္းက်င္မႈစြာသုံးစြဲႏိုင္ေၾကာင္း သက္ေသျပႏိုင္သည့္ ဝန္ထမ္းမ်ားသည္ထိုစြမ္းရည္မ်ား ကင္းမဲ့ေသာ အျခားလုပ္ေဖာ္ကိုင္ဖက္မ်ားထက္ ၂၅% ပိုမိုမ်ားျပားေသာလုပ္ခလစာရရွိမည္ျဖစ္ေၾကာင္းကိုလည္း ေၾကညာခဲ့ပါသည္။

Amazon ႏွင့္ Microsoft တို႔၏ ဥပမာမ်ားေၾကာင့္ ယေန႔ AI ကို ကြၽမ္းက်င္ျခင္းသည္ ေနာင္တြင္ေခတ္ေနာက္က်ျခင္းကို ကာကြယ္ရန္ နည္းလမ္းတစ္ခုျဖစ္သည္ဟူေသာ ယုံၾကည္မႈမ်ား ပိုမိုခိုင္မာလာၾကၿပီးဤ “AI First” စိတ္ဓာတ္သည္ လူသားတို႔၏ ဖန္တီးႏိုင္စြမ္းကို ျမႇင့္တင္ေပးသည္ဟု သတ္မွတ္လာၾကပါသည္။ AI စြမ္းရည္မ်ား ပိုမိုမ်ားျပား လာသည္ႏွင့္အမွ်၊ Ai ကို စြမ္းေဆာင္ရည္ စီမံခန႔္ခြဲမႈတြင္ ေပါင္း စပ္ရန္ပ်က္ကြက္သည့္ အဖြဲ႕အစည္းမ်ားသည္ ေနာက္က် က်န္ခဲ့မည့္ အႏၲရာယ္ရွိသည္ဟု ေတြ႕ရွိလာၾကပါသည္။ Ai ကိုအသုံးျပဳႏိုင္စြမ္း သည္ ေခတ္မီေန႐ုံသက္သက္ မဟုတ္ဘဲ လုပ္ငန္းခြင္၏ အနာဂတ္ကိုဦးေဆာင္ေနျခင္းျဖစ္သည့္ အတြက္ AI ကို အသက္ေမြးဝမ္းေက်ာင္း တိုးတက္မႈ မဟာဗ်ဴဟာ၏အုတ္ျမစ္အျဖစ္ ကြၽမ္းက်င္စြာသုံးစြဲႏိုင္ေရးအတြက္ လုပ္ကိုလုပ္ေဆာင္ရမည့္အရာဟု မွတ္ယူရန္အေရးႀကီးပါသည္။ ထို႔ေၾကာင့္ Ai ကို ကြၽမ္းက်င္စြာအသုံးျပဳျခင္းျဖင့္ မိမိ၏ လုပ္ငန္းခြင္တြင္သာမက၊ မိမိ၏ေန႔စဥ္ဘဝႏွင့္ ဘဝတိုးတက္မႈအခြင့္အ လမ္းမ်ားကိုပါ ပိုမိုတိုးတက္ေအာင္ျမင္ေစရန္ ဖန္တီးႏိုင္ၾကပါေစေၾကာင္းတိုက္တြန္းအပ္ပါသည္။

ဥကၠာျမင့္

Be the first to comment

Leave a Reply

Your email address will not be published.


*