
လူတချို့က ဘာကြောင့် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချတတ်ကြသလဲဆိုတာကိုသင်တွေးဖူးပါသလား။ သူတို့မှာ အရာရာကိုရှင်းရှင်း လင်းလင်း မြင်နိုင်ပြီး ပညာရှိရှိဆုံးဖြတ်နိုင်တဲ့ ထူးခြားတဲ့ စွမ်းအားတစ်ခု ရှိနေသလိုပါပဲ။ ဒီနေ့မှာ ပညာရှိတဲ့ ဆုံးဖြတ်ချက်တွေချရာမှာ ထင်ရှားတဲ့ ရာသီခွင် ၅ ခုကဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။
Libra – မျှခြေထိန်းသူ
ပထမဆုံးအနေနဲ့ တူရာသီဖွားတွေပါ။ တူရာသီဖွားတွေဟာ မျှတမှုနဲ့ သဟဇာတဖြစ်မှုကိုနှစ်သက်ကြသူတွေအဖြစ် လူသိများပါတယ်။ သူတို့ကို ကိုယ်စားပြုတဲ့ ချိန်ခွင်လျှာလိုပဲ၊တူရာသီဖွားတွေဟာ ဆုံးဖြတ်ချက်မချခင် အခြေအနေရဲ့ ဘက်ပေါင်းစုံကိုသေချာချိန်ဆပါတယ်။ သူတို့ဟာ တရားမျှတပြီး အမြဲတမ်း ငြိမ်းချမ်းရေးကိုကြိုးစားရှာဖွေတတ်ပါတယ်။ သူတို့က အငြင်းပွားမှုတွေကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာအမြဲသိပါတယ်။ သူက သေသေချာချာ နားထောင်ပြီး လူတိုင်းအတွက် အလယ်အလတ်လမ်းကိုရှာဖွေပေးနိုင်ပါတယ်။ တရားမျှတတဲ့ ဆုံးဖြတ်ချက်တစ်ခုကို လိုချင်တယ်ဆိုရင်တူရာသီဖွားတစ်ဦးဟာ သင့်အတွက် အကောင်းဆုံး ဖြစ်နိုင်ပါတယ်။
Virgo – အသေးစိတ်သမား
နောက်ထပ် ရာသီဖွားကတော့ ကန်ရာသီဖွားတွေ ဖြစ်ပါတယ်။ ကန်ရာသီဖွားတွေဟာအသေးစိတ်ကို ဂရုစိုက်တတ်မှုနဲ့ ခွဲခြမ်းစိတ်ဖြာတတ်တဲ့ စိတ်ရှိမှုကြောင့် လူသိများပါတယ်။သူတို့ဟာ အချက်အလက်တွေကို စုဆောင်းပြီး ဘက်ပေါင်းစုံကနေ ခွဲခြမ်းစိတ်ဖြာတာကို
နှစ်သက်ကြပါတယ်။ သူတို့က အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ လိုအပ်တဲ့အခါတိုင်းအားကိုးရသူပါ။ သူက အချက်အလက်အားလုံးကို ထည့်သွင်းစဉ်းစားပြီး လက်တွေ့ကျတဲ့အပြင်ပညာရှိတဲ့ အကြံဉာဏ်တွေ ပေးတတ်ပါတယ်။ ကန်ရာသီဖွားတွေဟာ တခြားသူတွေ
သတိမထားမိနိုင်တဲ့ အရာတွေကို မြင်နိုင်စွမ်းရှိတာကြောင့် လူတွေရဲ့ စရိုက်လက္ခဏာနဲ့အခြေအနေတွေကို အကဲဖြတ်ရာမှာ ထူးချွန်ကြပါတယ်။
Scorpio – ဉာဏ်ဖြင့်သိမြင်သူ
ဗြိစ္ဆာရာသီဖွားတွေဟာ သူတို့ရဲ့ နက်ရှိုင်းတဲ့ ဉာဏ်ဖြင့်သိမြင်နိုင်စွမ်း (intuition) နဲ့ ပြင်းပြတဲ့ ဗီဇ (instincts) တွေကြောင့် လူသိများပါတယ်။ သူတို့ဟာ အပေါ်ယံကို ကျော်လွန်ပြီး အရာရာရဲ့အစစ်အမှန်သဘောကို နားလည်နိုင်တဲ့ ထူးခြားတဲ့အရည်အချင်း ရှိပါတယ်။ သူတို့ရဲ့ဉာဏ်ဖြင့်သိမြင်နိုင်စွမ်းက တခြားသူတွေ အစပိုင်းမှာ နားမလည်နိုင်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကူညီပေးပြီး အဲဒီဆုံးဖြတ်ချက်တွေဟာ များသောအားဖြင့် မှန်ကန်နေတတ်ပါတယ်။ဗြိစ္ဆာရာသီဖွားတွေဟာ သူတို့ရဲ့ ဗီဇကို ယုံကြည်ပြီး မှားခဲတာကြောင့် ပညာရှိတဲ့တရား သူကြီးတွေ ဖြစ်ကြပါတယ်။
Capricorn – လက်တွေ့ကျသူ
မကာရရာသီဖွားတွေဟာ သူတို့ရဲ့ လက်တွေ့ကျမှုနဲ့ စိတ်တည်ငြိမ်မှု (level-headedness) တွေကြောင့် လူသိများပါတယ်။ သူတို့ဟာ ဆုံးဖြတ်ချက်တွေကို ရှင်းရှင်းလင်းလင်း၊ယုတ္တိကျကျ ချဉ်းကပ်တတ်ပြီး စိတ်ခံစားမှုတွေရဲ့ လွှမ်းမိုးခြင်းကို ခံရလေ့မရှိပါဘူး။ သူတို့ဟာ
အရေးကြီးတဲ့ ကိစ္စတွေမှာ အကြံဉာဏ်ရဖို့ တိုင်ပင်ရသူတွေဖြစ်ပါတယ်။ သူတို့ကဆုံးဖြတ်ချက်တွေရဲ့ ရေရှည်အကျိုးသက်ရောက်မှုတွေကို အမြဲတမ်း ထည့်သွင်းစဉ်းစားပြီးဆင်ခြင်တုံတရားရှိတဲ့အပြင် ပညာရှိတဲ့ အကြံဉာဏ်တွေ ပေးတတ်ပါတယ်။မကာရရာသီဖွားတွေဟာ ကာလကြာရှည် ခံနိုင်ရည်ရှိတဲ့ ဆုံးဖြတ်ချက်တွေ ချရာမှာထူးချွန်ကြပါတယ်။
Aquarius – အမြင်ကျယ်သူ
နောက်ဆုံးအနေနဲ့ Aquarius တွေ ဖြစ်ပါတယ်။ ဒီရာသီဖွားတွေဟာ ရှေ့ကိုမျှော်တွေးတတ်မှုနဲ့ဆန်းသစ်တဲ့ အတွေးအခေါ်တွေကြောင့် လူသိများပါတယ်။ တခြားသူတွေ ပြဿနာလို့မြင်တဲ့နေရာမှာ သူတို့က ဖြစ်နိုင်ခြေတွေကို မြင်တတ်ကြပါတယ်။ သူတို့ဟာ အရာရာကိုထူး ခြားတဲ့ ရှုထောင့်ကနေ အမြဲမြင်တတ်ပါတယ်။ သူတို့ရဲ့ ဘောင်ပြင်ပကနေ တွေးခေါပြီးတီထွင်ဖန်တီးမှုရှိတဲ့အပြင် ထိရောက်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေပေးနိုင်ပါတယ်။ဒီရာသီဖွားတွေဟာ ပညာရှိရုံသာမက အနာဂတ်အတွက် ဆုံးဖြတ်ချက်တွေ ချရာမှာထူးချွန်ကြပါတယ်။
ကျော့ကေခိုင်
zawgyi
လူတခ်ိဳ႕က ဘာေၾကာင့္ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ေတြ ခ်တတ္ၾကသလဲဆိုတာကိုသင္ေတြးဖူးပါသလား။ သူတို႔မွာ အရာရာကိုရွင္းရွင္း လင္းလင္း ျမင္ႏိုင္ၿပီး ပညာရွိရွိဆုံးျဖတ္ႏိုင္တဲ့ ထူးျခားတဲ့ စြမ္းအားတစ္ခု ရွိေနသလိုပါပဲ။ ဒီေန႔မွာ ပညာရွိတဲ့ ဆုံးျဖတ္ခ်က္ေတြခ်ရာမွာ ထင္ရွားတဲ့ ရာသီခြင္ ၅ ခုကဘယ္သူေတြလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။
Libra – မွ်ေျခထိန္းသူ
ပထမဆုံးအေနနဲ႔ တူရာသီဖြားေတြပါ။ တူရာသီဖြားေတြဟာ မွ်တမႈနဲ႔ သဟဇာတျဖစ္မႈကိုႏွစ္သက္ၾကသူေတြအျဖစ္ လူသိမ်ားပါတယ္။ သူတို႔ကို ကိုယ္စားျပဳတဲ့ ခ်ိန္ခြင္လွ်ာလိုပဲ၊တူရာသီဖြားေတြဟာ ဆုံးျဖတ္ခ်က္မခ်ခင္ အေျခအေနရဲ႕ ဘက္ေပါင္းစုံကိုေသခ်ာခ်ိန္ဆပါတယ္။ သူတို႔ဟာ တရားမွ်တၿပီး အၿမဲတမ္း ၿငိမ္းခ်မ္းေရးကိုႀကိဳးစားရွာေဖြတတ္ပါတယ္။ သူတို႔က အျငင္းပြားမႈေတြကို ဘယ္လို ေျဖရွင္းရမယ္ဆိုတာအၿမဲသိပါတယ္။ သူက ေသေသခ်ာခ်ာ နားေထာင္ၿပီး လူတိုင္းအတြက္ အလယ္အလတ္လမ္းကိုရွာေဖြေပးႏိုင္ပါတယ္။ တရားမွ်တတဲ့ ဆုံးျဖတ္ခ်က္တစ္ခုကို လိုခ်င္တယ္ဆိုရင္တူရာသီဖြားတစ္ဦးဟာ သင့္အတြက္ အေကာင္းဆုံး ျဖစ္ႏိုင္ပါတယ္။
Virgo – အေသးစိတ္သမား
ေနာက္ထပ္ ရာသီဖြားကေတာ့ ကန္ရာသီဖြားေတြ ျဖစ္ပါတယ္။ ကန္ရာသီဖြားေတြဟာအေသးစိတ္ကို ဂ႐ုစိုက္တတ္မႈနဲ႔ ခြဲျခမ္းစိတ္ျဖာတတ္တဲ့ စိတ္ရွိမႈေၾကာင့္ လူသိမ်ားပါတယ္။သူတို႔ဟာ အခ်က္အလက္ေတြကို စုေဆာင္းၿပီး ဘက္ေပါင္းစုံကေန ခြဲျခမ္းစိတ္ျဖာတာကို
ႏွစ္သက္ၾကပါတယ္။ သူတို႔က အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်ဖို႔ လိုအပ္တဲ့အခါတိုင္းအားကိုးရသူပါ။ သူက အခ်က္အလက္အားလုံးကို ထည့္သြင္းစဥ္းစားၿပီး လက္ေတြ႕က်တဲ့အျပင္ပညာရွိတဲ့ အႀကံဉာဏ္ေတြ ေပးတတ္ပါတယ္။ ကန္ရာသီဖြားေတြဟာ တျခားသူေတြ
သတိမထားမိႏိုင္တဲ့ အရာေတြကို ျမင္ႏိုင္စြမ္းရွိတာေၾကာင့္ လူေတြရဲ႕ စ႐ိုက္လကၡဏာနဲ႔အေျခအေနေတြကို အကဲျဖတ္ရာမွာ ထူးခြၽန္ၾကပါတယ္။
Scorpio – ဉာဏ္ျဖင့္သိျမင္သူ
ၿဗိစာၦရာသီဖြားေတြဟာ သူတို႔ရဲ႕ နက္ရႈိင္းတဲ့ ဉာဏ္ျဖင့္သိျမင္ႏိုင္စြမ္း (intuition) နဲ႔ ျပင္းျပတဲ့ ဗီဇ (instincts) ေတြေၾကာင့္ လူသိမ်ားပါတယ္။ သူတို႔ဟာ အေပၚယံကို ေက်ာ္လြန္ၿပီး အရာရာရဲ႕အစစ္အမွန္သေဘာကို နားလည္ႏိုင္တဲ့ ထူးျခားတဲ့အရည္အခ်င္း ရွိပါတယ္။ သူတို႔ရဲ႕ဉာဏ္ျဖင့္သိျမင္ႏိုင္စြမ္းက တျခားသူေတြ အစပိုင္းမွာ နားမလည္ႏိုင္တဲ့ ဆုံးျဖတ္ခ်က္ေတြခ်ႏိုင္ဖို႔ ကူညီေပးၿပီး အဲဒီဆုံးျဖတ္ခ်က္ေတြဟာ မ်ားေသာအားျဖင့္ မွန္ကန္ေနတတ္ပါတယ္။ၿဗိစာၦရာသီဖြားေတြဟာ သူတို႔ရဲ႕ ဗီဇကို ယုံၾကည္ၿပီး မွားခဲတာေၾကာင့္ ပညာရွိတဲ့တရား သူႀကီးေတြ ျဖစ္ၾကပါတယ္။
Capricorn – လက္ေတြ႕က်သူ
မကာရရာသီဖြားေတြဟာ သူတို႔ရဲ႕ လက္ေတြ႕က်မႈနဲ႔ စိတ္တည္ၿငိမ္မႈ (level-headedness) ေတြေၾကာင့္ လူသိမ်ားပါတယ္။ သူတို႔ဟာ ဆုံးျဖတ္ခ်က္ေတြကို ရွင္းရွင္းလင္းလင္း၊ယုတၱိက်က် ခ်ဥ္းကပ္တတ္ၿပီး စိတ္ခံစားမႈေတြရဲ႕ လႊမ္းမိုးျခင္းကို ခံရေလ့မရွိပါဘူး။ သူတို႔ဟာ
အေရးႀကီးတဲ့ ကိစၥေတြမွာ အႀကံဉာဏ္ရဖို႔ တိုင္ပင္ရသူေတြျဖစ္ပါတယ္။ သူတို႔ကဆုံးျဖတ္ခ်က္ေတြရဲ႕ ေရရွည္အက်ိဳးသက္ေရာက္မႈေတြကို အၿမဲတမ္း ထည့္သြင္းစဥ္းစားၿပီးဆင္ျခင္တုံတရားရွိတဲ့အျပင္ ပညာရွိတဲ့ အႀကံဉာဏ္ေတြ ေပးတတ္ပါတယ္။မကာရရာသီဖြားေတြဟာ ကာလၾကာရွည္ ခံႏိုင္ရည္ရွိတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်ရာမွာထူးခြၽန္ၾကပါတယ္။
Aquarius – အျမင္က်ယ္သူ
ေနာက္ဆုံးအေနနဲ႔ Aquarius ေတြ ျဖစ္ပါတယ္။ ဒီရာသီဖြားေတြဟာ ေရွ႕ကိုေမွ်ာ္ေတြးတတ္မႈနဲ႔ဆန္းသစ္တဲ့ အေတြးအေခၚေတြေၾကာင့္ လူသိမ်ားပါတယ္။ တျခားသူေတြ ျပႆနာလို႔ျမင္တဲ့ေနရာမွာ သူတို႔က ျဖစ္ႏိုင္ေျခေတြကို ျမင္တတ္ၾကပါတယ္။ သူတို႔ဟာ အရာရာကိုထူး ျခားတဲ့ ရႈေထာင့္ကေန အၿမဲျမင္တတ္ပါတယ္။ သူတို႔ရဲ႕ ေဘာင္ျပင္ပကေန ေတြးေခါၿပီးတီထြင္ဖန္တီးမႈရွိတဲ့အျပင္ ထိေရာက္တဲ့ ေျဖရွင္းနည္းေတြကို ရွာေဖြေပးႏိုင္ပါတယ္။ဒီရာသီဖြားေတြဟာ ပညာရွိ႐ုံသာမက အနာဂတ္အတြက္ ဆုံးျဖတ္ခ်က္ေတြ ခ်ရာမွာထူးခြၽန္ၾကပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply