တကယ်လို့ သင်ဟာ နုပျိုခြင်းရဲ့ လျှို့ဝှက်ချက် ကို ရှာဖွေနေတယ်ဆိုရင် ဒါဟာ စိတ်အေးစေမယ့် ဆေးတောင့်တွေ ဒါမှမဟုတ် ခွဲစိပ်ပြုပြင်တာတွေထဲမှာ ရှိမနေပါဘူး။ ဒါဟာ သင့်ရဲ့ အတွေးအခေါ်နဲ့ နေထိုင်မှုပုံစံ အလေ့အကျင့်တွေထဲမှာပဲ ရှိနေတာပါ။ အလုပ်ခွင်က စိတ်ဖိစီးမှုတွေဟာ သင့်ကို အရွယ်မတိုင်ခင် အိုမင်းသွားစေနိုင်ပါတယ်။ အသက် ၂၀ နဲ့ ၃၀ အရွယ်တွေမှာ စိတ်ဖိစီးမှုကို ကိုင်တွယ်ပုံ အလေ့အကျင့်မှားတာတွေ၊ ဗာဟီရများတဲ့ လူနေမှုပုံစံတွေဟာ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကိုပြောင်းလဲ စေပြီး သင့်ကို အိုမင်းရင့်ရော်စေခြင်း၊ စိတ်ကုန်ခန်းခြင်း (Burnout) နဲ့ အရွယ်မတိုင်ခင် သေဆုံးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေက သင်ဟာ လူငယ်ဘဝမှာတင် ‘Superager’ (အသက်အရွယ်ထက် ပိုမိုနုပျိုလန်းဆန်းသူ) ဖြစ်လာစေမယ့် အလေ့အကျင့်တွေကို ရှာဖွေတွေ့ရှိထားပါတယ်။ ဒါဟာ အိပ်စက်ခြင်း၊ အစားအသောက်နဲ့ လေ့ကျင့်ခန်း လုပ်တာထက်ကို ပိုပါတယ်။
‘Superager’ ဖြစ်မလာအောင် တားဆီးနေတဲ့ အဆိပ်အတောက် အတွေးအခေါ်များ
McKnight Brain Research Foundation (MBRF) ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန် သုံးပုံတစ်ပုံဟာ ပုံမှန် ဦးနှောက်အိုမင်းမှုအကြောင်းကို သေချာမသိကြဘဲ၊ ၈၇ရာခိုင်နှုန်း ကတော့ အသက်ကြီးလာရင် မှတ်ဉာဏ်လျော့နည်းလာတာနဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေ ကျဆင်းလာမှာကို စိုးရိမ်နေကြပါတယ်။ဒါပေမဲ့ စိုးရိမ်သလို ဖြစ်လာစရာ မလိုပါဘူး။ စိတ်ဖိစီးမှုရဲ့ ဒဏ်နဲ့ အဲဒီစိတ်ဖိစီးမှုကို သင်ဘယ်လို ကိုင်တွယ်သလဲဆိုတဲ့အပေါ် မူတည်ပြီး သင့်ရဲ့စိတ်နဲ့ ခန္ဓာကိုယ်ဟာ လက်ရှိအသက်ထက် ပိုကြီးသွားတာ ဒါမှမဟုတ် ပိုနုသွားတာမျိုး ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုရဲ့ ဝန်ထုပ်ဝန်ပိုးကို ခန္ဓာကိုယ်က ခံစားရတာပါ။ မျက်ခုံးနှစ်ခုကြားက အရေးအကြောင်းတွေ ဒါမှမဟုတ် နဖူးပေါ်က အလျားလိုက် အရေးအကြောင်းတွေဟာ မျက်နှာကြွက်သား လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး ဒါကို “အပူသောက အရေးအကြောင်းများ” လို့ ခေါ်ကြပါတယ်။ ဒါဟာ သင့်ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတဲ့ စိတ်ဖိစီးမှုတွေရဲ့ လက္ခဏာရပ်တစ်ခုပါပဲ။
နိုဗယ်ဆုရှင် သိပ္ပံပညာရှင် Elizabeth Blackburn နဲ့ ကျန်းမာရေးဆိုင်ရာ စိတ်ပညာရှင် Elissa Epel တို့ဟာ ကျွန်ုပ်တို့ရဲ့ ဘဝနဲ့ အလုပ်အကိုင်ကို တိုတောင်းစေတဲ့ ဖျက်ဆီးတတ်တဲ့ အတွေးအခေါ်တွေကို သုတေသနပြုခဲ့ကြပြီး The Telomere Effect ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ Blackburn နဲ့ Epel တို့က ရှင်းပြတာကတော့ Telomeres (တယ်လိုမီယား) ဆိုတာ ခရိုမိုဆုန်းတွေရဲ့ အစွန်းမှာရှိတဲ့ အကာအကွယ် အစွန်းလေးတွေ ဖြစ်ပါတယ်။ ဒါတွေက ဆဲလ်တွေ ဘယ်လောက်မြန်မြန် အိုမင်းမလဲဆိုတာနဲ့ သင့်ဘဝနဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာကို ဆုံးဖြတ်ပေးတာပါ။ တယ်လိုမီယားတွေ ရှည်နေတဲ့အခါ ဆဲလ်အဆင့်မှာ အိုမင်းမှုကို နှေးကွေးစေပြီး သင့်ဘဝနဲ့ အလုပ်အကိုင် သက်တမ်းကို ပိုရှည်စေပါတယ်။ တယ်လိုမီယားတွေ တိုလွန်းသွားတဲ့အခါ ဆဲလ်တွေက မပွားတော့ဘဲ အိုမင်းသွားပါတယ်။ သိပ္ပံပညာရှင်နှစ်ဦးက တယ်လိုမီယားကို တိုစေပြီး အရွယ်မတိုင်ခင် အိုမင်းစေကာ အလုပ်အကိုင်သက်တမ်းကို တိုစေမယ့် အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးပုံစံ ၅ မျိုး ကို ဖော်ပြထားပါတယ် –
ရန်လိုမုန်းတီးခြင်းဆိုတာ ဒေါသတကြီးဖြစ်တာ ဒါမှမဟုတ် သူတစ်ပါးကို မယုံကြည်တာ၊ ကိုယ့်ကို တစ်ခုခုလုပ်တော့မယ်လို့ အမြဲတွေးနေတာတွေဟာ တယ်လိုမီယားကို တိုစေပြီး နှလုံးရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးမှုကို ဖြစ်စေပါတယ်။
အဆိုးမြင်ခြင်းကတော့ ဘဝရဲ့ အဆိုးဘက်ကိုပဲ ကြည့်တတ်တဲ့ အလေ့အကျင့်က တယ်လိုမီယားတွေကို တိုစေပါတယ်။
အဖန်တလဲလဲ တွေးတောပူပန်ခြင်းကတော့ ဖြစ်ပြီးသား ကိစ္စတွေကို (ဥပမာ-ချစ်သူနဲ့ ရန်ဖြစ်တာမျိုး) ခေါင်းထဲမှာ တဝဲလည်လည် ပြန်တွေးနေတာပါ။ အဲဒီကိစ္စ ပြီးသွားတာတောင် စိတ်ဖိစီးမှုက ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့ပြီး နှလုံးခုန်မြန်တာ၊ သွေးတိုးတာနဲ့ ကော်တီဇော (Cortisol) ဟော်မုန်းတွေ များလာစေပါတယ်။ ဒါဟာ စိတ်ကျရောဂါနဲ့ စိုးရိမ်စိတ်လွန်ကဲမှုကို ဖြစ်စေပြီး အိုမင်းမှုကို မြန်စေပါတယ်။
ခံစားချက်ကို ဖိနှိပ်ခြင်းကတော့ မကောင်းတဲ့ အတွေးနဲ့ ခံစားချက်တွေကို ရှောင်လွှဲတာ ဒါမှမဟုတ် အတင်းဖိနှိပ်ထားတာဟာ တယ်လိုမီယားတွေကို တိုစေပါတယ်။
စိတ်လေလွင့်ခြင်းကတော့ လက်ရှိပစ္စုပ္ပန်မှာ အာရုံမစိုက်ဘဲ ဟိုတွေးဒီတွေး (ဥပမာ-မပေးရသေးတဲ့ ဘေလ်တွေ၊ မပြီးသေးတဲ့ ပရောဂျက်တွေအကြောင်း) တွေးနေခြင်းက ပိုပြီး စိတ်ဖိစီးမှု ဖြစ်စေပြီး တယ်လိုမီယားကို တိုစေနိုင်ပါတယ်။
ဒါဆိုရင် ဘယ်လိုအချက်တွေကရော ‘Superager’ ဖြစ်လာစေသလဲ။ ‘Superager’ ဖြစ်လာစေတဲ့ နေထိုင်မှု အလေ့အကျင့် ၈ ခုကို ဖော်ပြပေးချင်ပါတယ်။ အာရုံ ကြောပညာရှင် Dr. Majid Fotuhi က ၂၀၂၆ ခုနှစ်မှာ သင်လိုက်နာသင့်တဲ့ အလေ့အကျင့် ၈ ခုကို အကြံပြုထားပါတယ်။
တစ်နေ့တာကို အကောင်းမြင်စိတ်နဲ့ စတင်ပါ
ဒါဟာ တယ်လိုမီယား သုတေသနနဲ့ ကိုက်ညီပါတယ်။ သင်က ဒီနေ့ဟာ ကောင်းမွန်တဲ့နေ့ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားခြင်းက သင့်ဦးနှောက်ကို ပျော်ရွှင်စရာနဲ့ အဓိပ္ပာယ်ရှိတဲ့ အခွင့်အရေးတွေကို ရှာဖွေဖို့ အလိုအလျောက် ပြင်ဆင်ပေးလိုက်တာပါ။
တရားမှတ်ပါ
စိတ်ဖိစီးမှု လျှော့ချဖို့ ငြိမ်သက်တဲ့နေရာမှာ ထိုင်ပြီး အသက်ရှူသွင်း ရှူထုတ်ကို ၆ စက္ကန့်စီ မှန်မှန်လုပ်ပေးပါ။ ဒါက သင့်အတွင်းစိတ်ကိုတည်ငြိမ်စေပြီး နုပျိုစေမှာဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
လေ့ကျင့်ခန်းဟာ Superager တွေအတွက် နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်ပါ။ ၎င်းဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်၊ သင်ယူမှု၊ ဆုံးဖြတ်ချက်ချမှုနဲ့ စိတ်ခံစားမှု ထိန်းချုပ်တဲ့ အ ပိုင်းတွေကို ပိုမိုကျယ်ပြန့် ကောင်းမွန်စေပါတယ်။
အသင့်စား အစားအသောက် (Junk Food) တွေကို ရှောင်ပါ
ပြုပြင်ထားတဲ့ အစားအစာတွေဟာ ဦးနှောက်ကို ရောင်ရမ်းစေပြီး အင်အားကုန်ခန်းစေကာ ဦးနှောက်ဆဲလ်တွေကြား ဆက်သွယ်မှုကို နှောင့်ယှက်ပြီး ဦးနှောက်ကို ချုံ့သွားစေနိုင်ပါတယ်။
အဓိပ္ပာယ်ရှိတဲ့ အလုပ်တစ်ခုခု နေ့တိုင်းလုပ်ပါ
အလုပ်တွင်ကျယ်တာထက် ပိုပြီး အဓိပ္ပာယ်ရှိတာကို လုပ်ပါ။ တစ်ပါးသူကို ကူညီတာ၊ တစ်ခုခု ဖန်တီးတာ ဒါမှမဟုတ် သင်ဝါသနာပါရာမှာ ပါဝင်တာမျိုး လုပ်ပါ။
စိန်ခေါ်မှုရှိတာတစ်ခုခုကို နေ့တိုင်း သင်ယူပါ
ဘာသာစကားအသစ်၊ ကခုန်ခြင်း ဒါမှမဟုတ် ဝါသနာအသစ်တစ်ခုခုကို သင်ယူတာက ဦးနှောက်ကို ဆက်သွယ်မှု အသစ်တွေ ဖြစ်ပေါ်စေပါတယ်။
အိပ်စက်ခြင်းကို ကာကွယ်ပါ
အိပ်စက်ခြင်းဟာ ဦးနှောက်ရဲ့ ပြန်လည်ပြင်ဆင်မှု (Reset) ဖြစ်ပါတယ်။ အိပ်ရေးဝမှသာ လောကကြီးကို အကောင်းမြင်မြင်နဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှာပါ။
တစ်နေ့တာရဲ့ အောင်မြင်မှု သေးသေးလေးတွေကို ပြန်တွေးပြီး အဆုံးသတ်ပါ
ညအိပ်ခါနီးမှာ ဒီနေ့ရဲ့ ကောင်းကွက်တစ်ခု ဒါမှမဟုတ် အောင်မြင်မှုတစ်ခုကို ပြန်တွေးတာက ဦးနှောက်ရဲ့ အာရုံကြော ဆားကစ်တွေကို သန်မာစေပြီး အကောင်းမြင်တတ်လာစေပါတယ်။
၂၀၂၆ ခုနှစ်မှာ ‘Superager’ တစ်ယောက်ရဲ့ အငြိမ်းစားဘဝ
“အသက် ၅၀ ဟာ အသက် ၃၀ အသစ်ပဲ” လို့ ပြောကြတဲ့အတိုင်းပါပဲ။ ၂၀၂၆ ခုနှစ်ရဲ့ Superager တွေဟာ အရင်ကထက် ပိုမိုနုပျိုကျန်းမာလာကြပြီး အသက် ၇၀၊ ၈၀ အထိ အလုပ်လုပ်နိုင်ကြကာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က လူတွေထက်တောင် ပိုမိုစွမ်းဆောင်နိုင်ကြပါတယ်။ သိပ္ပံနည်းကျ အထောက်အထားတွေအရ အခုခေတ်လူတွေဟာ လွန်ခဲ့တဲ့ နှစ် ၃၀ က လူတွေနဲ့ အသက်တူရင်တောင် ကြွက်သားသန်မာမှု၊ တုံ့ပြန်မှုနှုန်း၊ စကားပြောဆိုနိုင်မှုနဲ့ မှတ်ဉာဏ်စွမ်းရည်တွေမှာ ပိုမိုသာလွန်နေကြပါတယ်။
လေ့လာမှုအရ အမေရိကန် ၅၈ရာခိုင်နှုန်း ဟာ အငြိမ်းစားယူပြီးရင်တောင် အလုပ်ဆက်လုပ်ဖို့ စိတ်ကူးရှိကြပါတယ်။ အဓိကကတော့ စိတ်ကျေနပ်မှု၊ ဘဝရည်မှန်း ချက် ရှိနေစေဖို့နဲ့ ငွေကြေးလိုအပ်ချက်ကြောင့် ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ အခုကတည်းက ‘Superager’ ဖြစ်လာအောင် လေ့ကျင့်မယ်ဆိုရင် အနာဂတ်မှာ အရင်မျိုးဆက်တွေထက် ပိုမိုကျန်းမာပြီး စွမ်းအင်အပြည့်နဲ့ အိုမင်းခြင်းကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
တကယ္လို႔ သင္ဟာ ႏုပ်ိဳျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ ကို ရွာေဖြေနတယ္ဆိုရင္ ဒါဟာ စိတ္ေအးေစမယ့္ ေဆးေတာင့္ေတြ ဒါမွမဟုတ္ ခြဲစိပ္ျပဳျပင္တာေတြထဲမွာ ရွိမေနပါဘူး။ ဒါဟာ သင့္ရဲ႕ အေတြးအေခၚနဲ႔ ေနထိုင္မႈပုံစံ အေလ့အက်င့္ေတြထဲမွာပဲ ရွိေနတာပါ။ အလုပ္ခြင္က စိတ္ဖိစီးမႈေတြဟာ သင့္ကို အ႐ြယ္မတိုင္ခင္ အိုမင္းသြားေစႏိုင္ပါတယ္။ အသက္ ၂၀ နဲ႔ ၃၀ အ႐ြယ္ေတြမွာ စိတ္ဖိစီးမႈကို ကိုင္တြယ္ပုံ အေလ့အက်င့္မွားတာေတြ၊ ဗာဟီရမ်ားတဲ့ လူေနမႈပုံစံေတြဟာ ခႏၶာကိုယ္ရဲ႕ ဆဲလ္ေတြကိုေျပာင္းလဲ ေစၿပီး သင့္ကို အိုမင္းရင့္ေရာ္ေစျခင္း၊ စိတ္ကုန္ခန္းျခင္း (Burnout) နဲ႔ အ႐ြယ္မတိုင္ခင္ ေသဆုံးျခင္းေတြကို ျဖစ္ေစႏိုင္ပါတယ္။ သိပၸံပညာရွင္ေတြက သင္ဟာ လူငယ္ဘဝမွာတင္ ‘Superager’ (အသက္အ႐ြယ္ထက္ ပိုမိုႏုပ်ိဳလန္းဆန္းသူ) ျဖစ္လာေစမယ့္ အေလ့အက်င့္ေတြကို ရွာေဖြေတြ႕ရွိထားပါတယ္။ ဒါဟာ အိပ္စက္ျခင္း၊ အစားအေသာက္နဲ႔ ေလ့က်င့္ခန္း လုပ္တာထက္ကို ပိုပါတယ္။
‘Superager’ ျဖစ္မလာေအာင္ တားဆီးေနတဲ့ အဆိပ္အေတာက္ အေတြးအေခၚမ်ား
McKnight Brain Research Foundation (MBRF) ရဲ႕ ထုတ္ျပန္ခ်က္အရ အေမရိကန္ သုံးပုံတစ္ပုံဟာ ပုံမွန္ ဦးေႏွာက္အိုမင္းမႈအေၾကာင္းကို ေသခ်ာမသိၾကဘဲ၊ ၈၇ရာခိုင္ႏႈန္း ကေတာ့ အသက္ႀကီးလာရင္ မွတ္ဉာဏ္ေလ်ာ့နည္းလာတာနဲ႔ ဦးေႏွာက္လုပ္ေဆာင္ခ်က္ေတြ က်ဆင္းလာမွာကို စိုးရိမ္ေနၾကပါတယ္။ဒါေပမဲ့ စိုးရိမ္သလို ျဖစ္လာစရာ မလိုပါဘူး။ စိတ္ဖိစီးမႈရဲ႕ ဒဏ္နဲ႔ အဲဒီစိတ္ဖိစီးမႈကို သင္ဘယ္လို ကိုင္တြယ္သလဲဆိုတဲ့အေပၚ မူတည္ၿပီး သင့္ရဲ႕စိတ္နဲ႔ ခႏၶာကိုယ္ဟာ လက္ရွိအသက္ထက္ ပိုႀကီးသြားတာ ဒါမွမဟုတ္ ပိုႏုသြားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ စိတ္ဖိစီးမႈရဲ႕ ဝန္ထုပ္ဝန္ပိုးကို ခႏၶာကိုယ္က ခံစားရတာပါ။ မ်က္ခုံးႏွစ္ခုၾကားက အေရးအေၾကာင္းေတြ ဒါမွမဟုတ္ နဖူးေပၚက အလ်ားလိုက္ အေရးအေၾကာင္းေတြဟာ မ်က္ႏွာႂကြက္သား လႈပ္ရွားမႈေတြေၾကာင့္ ျဖစ္ေပၚလာတာျဖစ္ၿပီး ဒါကို “အပူေသာက အေရးအေၾကာင္းမ်ား” လို႔ ေခၚၾကပါတယ္။ ဒါဟာ သင့္ခႏၶာကိုယ္ထဲမွာ ပိတ္မိေနတဲ့ စိတ္ဖိစီးမႈေတြရဲ႕ လကၡဏာရပ္တစ္ခုပါပဲ။
ႏိုဗယ္ဆုရွင္ သိပၸံပညာရွင္ Elizabeth Blackburn နဲ႔ က်န္းမာေရးဆိုင္ရာ စိတ္ပညာရွင္ Elissa Epel တို႔ဟာ ကြၽႏ္ုပ္တို႔ရဲ႕ ဘဝနဲ႔ အလုပ္အကိုင္ကို တိုေတာင္းေစတဲ့ ဖ်က္ဆီးတတ္တဲ့ အေတြးအေခၚေတြကို သုေတသနျပဳခဲ့ၾကၿပီး The Telomere Effect ဆိုတဲ့ စာအုပ္ကို ထုတ္ေဝခဲ့ပါတယ္။ Blackburn နဲ႔ Epel တို႔က ရွင္းျပတာကေတာ့ Telomeres (တယ္လိုမီယား) ဆိုတာ ခ႐ိုမိုဆုန္းေတြရဲ႕ အစြန္းမွာရွိတဲ့ အကာအကြယ္ အစြန္းေလးေတြ ျဖစ္ပါတယ္။ ဒါေတြက ဆဲလ္ေတြ ဘယ္ေလာက္ျမန္ျမန္ အိုမင္းမလဲဆိုတာနဲ႔ သင့္ဘဝနဲ႔ က်န္းမာေရးအေပၚ ဘယ္လိုသက္ေရာက္မလဲဆိုတာကို ဆုံးျဖတ္ေပးတာပါ။ တယ္လိုမီယားေတြ ရွည္ေနတဲ့အခါ ဆဲလ္အဆင့္မွာ အိုမင္းမႈကို ေႏွးေကြးေစၿပီး သင့္ဘဝနဲ႔ အလုပ္အကိုင္ သက္တမ္းကို ပိုရွည္ေစပါတယ္။ တယ္လိုမီယားေတြ တိုလြန္းသြားတဲ့အခါ ဆဲလ္ေတြက မပြားေတာ့ဘဲ အိုမင္းသြားပါတယ္။ သိပၸံပညာရွင္ႏွစ္ဦးက တယ္လိုမီယားကို တိုေစၿပီး အ႐ြယ္မတိုင္ခင္ အိုမင္းေစကာ အလုပ္အကိုင္သက္တမ္းကို တိုေစမယ့္ အဆိပ္အေတာက္ျဖစ္ေစတဲ့ အေတြးပုံစံ ၅ မ်ိဳး ကို ေဖာ္ျပထားပါတယ္ –
ရန္လိုမုန္းတီးျခင္းဆိုတာ ေဒါသတႀကီးျဖစ္တာ ဒါမွမဟုတ္ သူတစ္ပါးကို မယုံၾကည္တာ၊ ကိုယ့္ကို တစ္ခုခုလုပ္ေတာ့မယ္လို႔ အၿမဲေတြးေနတာေတြဟာ တယ္လိုမီယားကို တိုေစၿပီး ႏွလုံးေရာဂါနဲ႔ အ႐ြယ္မတိုင္ခင္ ေသဆုံးမႈကို ျဖစ္ေစပါတယ္။
အဆိုးျမင္ျခင္းကေတာ့ ဘဝရဲ႕ အဆိုးဘက္ကိုပဲ ၾကည့္တတ္တဲ့ အေလ့အက်င့္က တယ္လိုမီယားေတြကို တိုေစပါတယ္။
အဖန္တလဲလဲ ေတြးေတာပူပန္ျခင္းကေတာ့ ျဖစ္ၿပီးသား ကိစၥေတြကို (ဥပမာ-ခ်စ္သူနဲ႔ ရန္ျဖစ္တာမ်ိဳး) ေခါင္းထဲမွာ တဝဲလည္လည္ ျပန္ေတြးေနတာပါ။ အဲဒီကိစၥ ၿပီးသြားတာေတာင္ စိတ္ဖိစီးမႈက ခႏၶာကိုယ္ထဲမွာ က်န္ေနခဲ့ၿပီး ႏွလုံးခုန္ျမန္တာ၊ ေသြးတိုးတာနဲ႔ ေကာ္တီေဇာ (Cortisol) ေဟာ္မုန္းေတြ မ်ားလာေစပါတယ္။ ဒါဟာ စိတ္က်ေရာဂါနဲ႔ စိုးရိမ္စိတ္လြန္ကဲမႈကို ျဖစ္ေစၿပီး အိုမင္းမႈကို ျမန္ေစပါတယ္။
ခံစားခ်က္ကို ဖိႏွိပ္ျခင္းကေတာ့ မေကာင္းတဲ့ အေတြးနဲ႔ ခံစားခ်က္ေတြကို ေရွာင္လႊဲတာ ဒါမွမဟုတ္ အတင္းဖိႏွိပ္ထားတာဟာ တယ္လိုမီယားေတြကို တိုေစပါတယ္။
စိတ္ေလလြင့္ျခင္းကေတာ့ လက္ရွိပစၥဳပၸန္မွာ အာ႐ုံမစိုက္ဘဲ ဟိုေတြးဒီေတြး (ဥပမာ-မေပးရေသးတဲ့ ေဘလ္ေတြ၊ မၿပီးေသးတဲ့ ပေရာဂ်က္ေတြအေၾကာင္း) ေတြးေနျခင္းက ပိုၿပီး စိတ္ဖိစီးမႈ ျဖစ္ေစၿပီး တယ္လိုမီယားကို တိုေစႏိုင္ပါတယ္။
ဒါဆိုရင္ ဘယ္လိုအခ်က္ေတြကေရာ ‘Superager’ ျဖစ္လာေစသလဲ။ ‘Superager’ ျဖစ္လာေစတဲ့ ေနထိုင္မႈ အေလ့အက်င့္ ၈ ခုကို ေဖာ္ျပေပးခ်င္ပါတယ္။ အာ႐ုံ ေၾကာပညာရွင္ Dr. Majid Fotuhi က ၂၀၂၆ ခုႏွစ္မွာ သင္လိုက္နာသင့္တဲ့ အေလ့အက်င့္ ၈ ခုကို အႀကံျပဳထားပါတယ္။
တစ္ေန႔တာကို အေကာင္းျမင္စိတ္နဲ႔ စတင္ပါ
ဒါဟာ တယ္လိုမီယား သုေတသနနဲ႔ ကိုက္ညီပါတယ္။ သင္က ဒီေန႔ဟာ ေကာင္းမြန္တဲ့ေန႔ ျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားျခင္းက သင့္ဦးေႏွာက္ကို ေပ်ာ္႐ႊင္စရာနဲ႔ အဓိပၸာယ္ရွိတဲ့ အခြင့္အေရးေတြကို ရွာေဖြဖို႔ အလိုအေလ်ာက္ ျပင္ဆင္ေပးလိုက္တာပါ။
တရားမွတ္ပါ
စိတ္ဖိစီးမႈ ေလွ်ာ့ခ်ဖို႔ ၿငိမ္သက္တဲ့ေနရာမွာ ထိုင္ၿပီး အသက္ရႉသြင္း ရႉထုတ္ကို ၆ စကၠန႔္စီ မွန္မွန္လုပ္ေပးပါ။ ဒါက သင့္အတြင္းစိတ္ကိုတည္ၿငိမ္ေစၿပီး ႏုပ်ိဳေစမွာျဖစ္ပါတယ္။
ကိုယ္လက္လႈပ္ရွားမႈ လုပ္ပါ
ေလ့က်င့္ခန္းဟာ Superager ေတြအတြက္ ႏုပ်ိဳျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ပါ။ ၎ဟာ ဦးေႏွာက္ရဲ႕ မွတ္ဉာဏ္၊ သင္ယူမႈ၊ ဆုံးျဖတ္ခ်က္ခ်မႈနဲ႔ စိတ္ခံစားမႈ ထိန္းခ်ဳပ္တဲ့ အ ပိုင္းေတြကို ပိုမိုက်ယ္ျပန႔္ ေကာင္းမြန္ေစပါတယ္။
အသင့္စား အစားအေသာက္ (Junk Food) ေတြကို ေရွာင္ပါ
ျပဳျပင္ထားတဲ့ အစားအစာေတြဟာ ဦးေႏွာက္ကို ေရာင္ရမ္းေစၿပီး အင္အားကုန္ခန္းေစကာ ဦးေႏွာက္ဆဲလ္ေတြၾကား ဆက္သြယ္မႈကို ေႏွာင့္ယွက္ၿပီး ဦးေႏွာက္ကို ခ်ဳံ႕သြားေစႏိုင္ပါတယ္။
အဓိပၸာယ္ရွိတဲ့ အလုပ္တစ္ခုခု ေန႔တိုင္းလုပ္ပါ
အလုပ္တြင္က်ယ္တာထက္ ပိုၿပီး အဓိပၸာယ္ရွိတာကို လုပ္ပါ။ တစ္ပါးသူကို ကူညီတာ၊ တစ္ခုခု ဖန္တီးတာ ဒါမွမဟုတ္ သင္ဝါသနာပါရာမွာ ပါဝင္တာမ်ိဳး လုပ္ပါ။
စိန္ေခၚမႈရွိတာတစ္ခုခုကို ေန႔တိုင္း သင္ယူပါ
ဘာသာစကားအသစ္၊ ကခုန္ျခင္း ဒါမွမဟုတ္ ဝါသနာအသစ္တစ္ခုခုကို သင္ယူတာက ဦးေႏွာက္ကို ဆက္သြယ္မႈ အသစ္ေတြ ျဖစ္ေပၚေစပါတယ္။
အိပ္စက္ျခင္းကို ကာကြယ္ပါ
အိပ္စက္ျခင္းဟာ ဦးေႏွာက္ရဲ႕ ျပန္လည္ျပင္ဆင္မႈ (Reset) ျဖစ္ပါတယ္။ အိပ္ေရးဝမွသာ ေလာကႀကီးကို အေကာင္းျမင္ျမင္နဲ႔ စိန္ေခၚမႈေတြကို ရင္ဆိုင္ႏိုင္မွာပါ။
တစ္ေန႔တာရဲ႕ ေအာင္ျမင္မႈ ေသးေသးေလးေတြကို ျပန္ေတြးၿပီး အဆုံးသတ္ပါ
ညအိပ္ခါနီးမွာ ဒီေန႔ရဲ႕ ေကာင္းကြက္တစ္ခု ဒါမွမဟုတ္ ေအာင္ျမင္မႈတစ္ခုကို ျပန္ေတြးတာက ဦးေႏွာက္ရဲ႕ အာ႐ုံေၾကာ ဆားကစ္ေတြကို သန္မာေစၿပီး အေကာင္းျမင္တတ္လာေစပါတယ္။
၂၀၂၆ ခုႏွစ္မွာ ‘Superager’ တစ္ေယာက္ရဲ႕ အၿငိမ္းစားဘဝ
“အသက္ ၅၀ ဟာ အသက္ ၃၀ အသစ္ပဲ” လို႔ ေျပာၾကတဲ့အတိုင္းပါပဲ။ ၂၀၂၆ ခုႏွစ္ရဲ႕ Superager ေတြဟာ အရင္ကထက္ ပိုမိုႏုပ်ိဳက်န္းမာလာၾကၿပီး အသက္ ၇၀၊ ၈၀ အထိ အလုပ္လုပ္ႏိုင္ၾကကာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ က လူေတြထက္ေတာင္ ပိုမိုစြမ္းေဆာင္ႏိုင္ၾကပါတယ္။ သိပၸံနည္းက် အေထာက္အထားေတြအရ အခုေခတ္လူေတြဟာ လြန္ခဲ့တဲ့ ႏွစ္ ၃၀ က လူေတြနဲ႔ အသက္တူရင္ေတာင္ ႂကြက္သားသန္မာမႈ၊ တုံ႔ျပန္မႈႏႈန္း၊ စကားေျပာဆိုႏိုင္မႈနဲ႔ မွတ္ဉာဏ္စြမ္းရည္ေတြမွာ ပိုမိုသာလြန္ေနၾကပါတယ္။
ေလ့လာမႈအရ အေမရိကန္ ၅၈ရာခိုင္ႏႈန္း ဟာ အၿငိမ္းစားယူၿပီးရင္ေတာင္ အလုပ္ဆက္လုပ္ဖို႔ စိတ္ကူးရွိၾကပါတယ္။ အဓိကကေတာ့ စိတ္ေက်နပ္မႈ၊ ဘဝရည္မွန္း ခ်က္ ရွိေနေစဖို႔နဲ႔ ေငြေၾကးလိုအပ္ခ်က္ေၾကာင့္ ျဖစ္ပါတယ္။ အကယ္၍ သင္ဟာ အခုကတည္းက ‘Superager’ ျဖစ္လာေအာင္ ေလ့က်င့္မယ္ဆိုရင္ အနာဂတ္မွာ အရင္မ်ိဳးဆက္ေတြထက္ ပိုမိုက်န္းမာၿပီး စြမ္းအင္အျပည့္နဲ႔ အိုမင္းျခင္းကို ရင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply