လုပ်ငန်းခွင်မှာ ကိုယ်နဲ့ ဝါစဉ်တူ၊ အတွေ့အကြုံတူ တန်းတူဝင်ခဲ့ပေမဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်ထက် ရာထူးအဆင့်ဆင့် ပိုမြန်မြန် တက်လှမ်းသွားတာမျိုး ကြုံဖူးကြမှာပါ။ ဒါဟာ ကံကောင်းလို့တင် မဟုတ်ဘဲ သူတို့မှာ တခြားသူတွေ သတိမထားမိတဲ့ အလေ့အကျင့်ကောင်းတွေ ရှိနေတတ်လို့ပါ။သင့်လုပ်ဖော်ကိုင်ဖက်တွေ ရှေ့ရောက်သွားစေတဲ့ အဓိကအချက် (၄) ချက်ကို မျှဝေပေးချင်ပါတယ်။အလုပ်ခွင်မှာ အရည်အချင်း တူနေပါလျက်နဲ့ တချို့က ဘာလို့ ပိုမြန်မြန် ရာထူးတက်သလဲ။ ကြိုးစားရုံတင် မဟုတ်ဘဲ “ပါးနပ်စွာ ကြိုးစားခြင်း” (Working Smart) က အဖြေဖြစ်ပါတယ်။ အောင်မြင်တဲ့ ဝန်ထမ်းအများစု ကျင့်သုံးလေ့ရှိတဲ့ အချက် ၄ ချက်ကို လေ့လာကြည့်ရအောင်။
အသေးအဖွဲကိစ္စလေးတွေမှာပါ ဂရုစိုက်ခြင်း
လူအများစုက ပရောဂျက်ကြီးကြီးမားမားတွေကိုပဲ အာရုံစိုက်နေချိန်မှာ ရှေ့ရောက်နေသူတွေကတော့ နောက်ကွယ်က အသေးအဖွဲကိစ္စလေးတွေကို မမေ့မလျော့ လုပ်ဆောင်ကြပါတယ်။ သူတို့က ကိုယ့်အဖွဲ့ထဲတင် မဟုတ်ဘဲ တခြားဌာနက လူတွေနဲ့ပါ ရင်းနှီးအောင် နှုတ်ဆက်တတ်၊ ကူညီတတ်ကြပါတယ်။နောက်ပြီး သူတို့က အမှားလုပ်မိမှ မဟုတ်ဘဲ အလုပ်တစ်ခုပြီးတိုင်း “ဒီထက်ကောင်းအောင် ဘာလုပ်ရမလဲ” ဆိုတဲ့ အကြံပြုချက်ကို အမြဲတောင်းခံပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လေ့ ရှိကြပါတယ်။
ကိုယ့်ကိုယ်ကိုယ် မြင်သာအောင် နေတတ်ခြင်း
“သေသေချာချာလုပ်ရင် အချိန်တန် သိလာမှာပါ” ဆိုတဲ့ အယူအဆက အမြဲတမ်း မမှန်တော့ပါဘူး။ အောင်မြင်တဲ့သူတွေဟာ သူတို့ ဘာတွေလုပ်နေလဲ၊ ဘာတွေ အောင်မြင်ထားလဲဆိုတာကို လူကြီးတွေ သိအောင် ပါးပါးနပ်နပ် ချပြတတ်ကြပါတယ်။ အစည်းအဝေးမှာ အသံထွက်ပါ။ ငြိမ်နေမယ့်အစား ကိုယ့်ရဲ့ အကြံဉာဏ်နဲ့ အမြင်ကို ဝေမျှတတ်တာက ကိုယ့်ကို ပိုပြီး ထင်ပေါ်စေပါတယ်။ ပြီးတော့ အောင်မြင်မှုကို အသိပေးပါ။ ကိုယ်လုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို အီးမေးလ် ဒါမှမဟုတ် အဖွဲ့လိုက် ဆွေးနွေးမှုတွေမှာ ကြွားလုံးမထုတ်ဘဲ သတင်းစကားအဖြစ် ထည့်သွင်းပြောဆိုတတ်ကြပါတယ်။
ရည်ရွယ်ချက်ရှိရှိဖြင့် တိုးတက်အောင်လုပ်ခြင်း
ရှေ့ရောက်နေသူတွေက အလုပ်မှန်သမျှ “Yes” လို့ လိုက်ပြောပြီး ကိုယ့်ကိုယ်ကိုယ် အလုပ်ပိအောင် မလုပ်ကြပါဘူး။ သူတို့က သူတို့ဖြစ်ချင်တဲ့ အနာဂတ် ရည်မှန်း ချက်နဲ့ ကိုက်ညီမယ့်၊ ကိုယ့်ရဲ့ အရည်အချင်းကို ပြနိုင်မယ့် ပရောဂျက်တွေကိုပဲ ရွေးချယ်လုပ်ကိုင်ကြပါတယ်။ ပြီးတော့ ဦးစားပေး သတ်မှတ်ခြင်းပါ။ ကိုယ့်အတွက် တကယ် အကျိုးရှိမလဲဆိုတာကို ခွဲခြားသိမြင်ပြီး အချိန်ကို ထိရောက်စွာ အသုံးချတတ်ကြပါတယ်။
ခိုင်မာတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ရှိခြင်း
အောင်မြင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေမှာ ကိုယ်ပိုင် Style တစ်ခု ရှိတတ်ပါတယ်။ ဒါဟာ ဝတ်စားဆင်ယင်မှုတင် မဟုတ်ဘဲ “သူဆိုရင်တော့ အလုပ်ကို တိတိကျကျ လုပ်တတ်တယ်” ဒါမှမဟုတ် “သူကတော့ ပြဿနာကို အမြဲ အဖြေရှာပေးနိုင်တယ်” ဆိုတဲ့ သတ်မှတ်ချက် (Identity) တစ်ခု ရှိနေခြင်း ဖြစ်ပါတယ်။ ပြီးတောြ ယုံကြည်မှု တည်ဆောက်ခြင်းပါ။ ကိုယ့်ရဲ့ ပုံရိပ်ကို အမြဲတမ်း ယုံကြည်မှုရှိရှိနဲ့ အားကိုးထိုက်တဲ့ပုံစံ ဖြစ်အောင် တည်ဆောက်ထားခြင်းက လူကြီးတွေရဲ့ စိတ်ထဲမှာ ရာထူးတိုးဖို့အတွက် သင့်နာမည်ကို အရင်ဆုံး သတိရစေပါတယ်။
အလုပ်ခွင်မှာ ရှေ့ရောက်ဖို့ဆိုတာ တခြားသူနဲ့ ပြိုင်တာထက် ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ပိုမို ထိရောက်အောင် ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်။ အထက်ပါ အချက် ၄ ချက်ကို သတိထားပြီး လိုက်နာမယ်ဆိုရင် သင်ဟာလည်း နောက်ကောက်ကျန်ရစ်သူ မဟုတ်ဘဲ အောင်မြင်မှု လမ်းကြောင်းပေါ်ကို မြန်မြန်ဆန်ဆန် တက်လှမ်းလာနိုင်မှာပါ။
ကျော့ကေခိုင်
zawgyi
လုပ္ငန္းခြင္မွာ ကိုယ္နဲ႔ ဝါစဥ္တူ၊ အေတြ႕အႀကဳံတူ တန္းတူဝင္ခဲ့ေပမဲ့ ကိုယ့္လုပ္ေဖာ္ကိုင္ဖက္ေတြက ကိုယ့္ထက္ ရာထူးအဆင့္ဆင့္ ပိုျမန္ျမန္ တက္လွမ္းသြားတာမ်ိဳး ႀကဳံဖူးၾကမွာပါ။ ဒါဟာ ကံေကာင္းလို႔တင္ မဟုတ္ဘဲ သူတို႔မွာ တျခားသူေတြ သတိမထားမိတဲ့ အေလ့အက်င့္ေကာင္းေတြ ရွိေနတတ္လို႔ပါ။သင့္လုပ္ေဖာ္ကိုင္ဖက္ေတြ ေရွ႕ေရာက္သြားေစတဲ့ အဓိကအခ်က္ (၄) ခ်က္ကို မွ်ေဝေပးခ်င္ပါတယ္။အလုပ္ခြင္မွာ အရည္အခ်င္း တူေနပါလ်က္နဲ႔ တခ်ိဳ႕က ဘာလို႔ ပိုျမန္ျမန္ ရာထူးတက္သလဲ။ ႀကိဳးစား႐ုံတင္ မဟုတ္ဘဲ “ပါးနပ္စြာ ႀကိဳးစားျခင္း” (Working Smart) က အေျဖျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ ဝန္ထမ္းအမ်ားစု က်င့္သုံးေလ့ရွိတဲ့ အခ်က္ ၄ ခ်က္ကို ေလ့လာၾကည့္ရေအာင္။
အေသးအဖြဲကိစၥေလးေတြမွာပါ ဂ႐ုစိုက္ျခင္း
လူအမ်ားစုက ပေရာဂ်က္ႀကီးႀကီးမားမားေတြကိုပဲ အာ႐ုံစိုက္ေနခ်ိန္မွာ ေရွ႕ေရာက္ေနသူေတြကေတာ့ ေနာက္ကြယ္က အေသးအဖြဲကိစၥေလးေတြကို မေမ့မေလ်ာ့ လုပ္ေဆာင္ၾကပါတယ္။ သူတို႔က ကိုယ့္အဖြဲ႕ထဲတင္ မဟုတ္ဘဲ တျခားဌာနက လူေတြနဲ႔ပါ ရင္းႏွီးေအာင္ ႏႈတ္ဆက္တတ္၊ ကူညီတတ္ၾကပါတယ္။ေနာက္ၿပီး သူတို႔က အမွားလုပ္မိမွ မဟုတ္ဘဲ အလုပ္တစ္ခုၿပီးတိုင္း “ဒီထက္ေကာင္းေအာင္ ဘာလုပ္ရမလဲ” ဆိုတဲ့ အႀကံျပဳခ်က္ကို အၿမဲေတာင္းခံၿပီး ကိုယ့္ကိုယ္ကိုယ္ ျပင္ဆင္ေလ့ ရွိၾကပါတယ္။
ကိုယ့္ကိုယ္ကိုယ္ ျမင္သာေအာင္ ေနတတ္ျခင္း
“ေသေသခ်ာခ်ာလုပ္ရင္ အခ်ိန္တန္ သိလာမွာပါ” ဆိုတဲ့ အယူအဆက အၿမဲတမ္း မမွန္ေတာ့ပါဘူး။ ေအာင္ျမင္တဲ့သူေတြဟာ သူတို႔ ဘာေတြလုပ္ေနလဲ၊ ဘာေတြ ေအာင္ျမင္ထားလဲဆိုတာကို လူႀကီးေတြ သိေအာင္ ပါးပါးနပ္နပ္ ခ်ျပတတ္ၾကပါတယ္။ အစည္းအေဝးမွာ အသံထြက္ပါ။ ၿငိမ္ေနမယ့္အစား ကိုယ့္ရဲ႕ အႀကံဉာဏ္နဲ႔ အျမင္ကို ေဝမွ်တတ္တာက ကိုယ့္ကို ပိုၿပီး ထင္ေပၚေစပါတယ္။ ၿပီးေတာ့ ေအာင္ျမင္မႈကို အသိေပးပါ။ ကိုယ္လုပ္ႏိုင္ခဲ့တဲ့ ေအာင္ျမင္မႈေတြကို အီးေမးလ္ ဒါမွမဟုတ္ အဖြဲ႕လိုက္ ေဆြးေႏြးမႈေတြမွာ ႂကြားလုံးမထုတ္ဘဲ သတင္းစကားအျဖစ္ ထည့္သြင္းေျပာဆိုတတ္ၾကပါတယ္။
ရည္႐ြယ္ခ်က္ရွိရွိျဖင့္ တိုးတက္ေအာင္လုပ္ျခင္း
ေရွ႕ေရာက္ေနသူေတြက အလုပ္မွန္သမွ် “Yes” လို႔ လိုက္ေျပာၿပီး ကိုယ့္ကိုယ္ကိုယ္ အလုပ္ပိေအာင္ မလုပ္ၾကပါဘူး။ သူတို႔က သူတို႔ျဖစ္ခ်င္တဲ့ အနာဂတ္ ရည္မွန္း ခ်က္နဲ႔ ကိုက္ညီမယ့္၊ ကိုယ့္ရဲ႕ အရည္အခ်င္းကို ျပႏိုင္မယ့္ ပေရာဂ်က္ေတြကိုပဲ ေ႐ြးခ်ယ္လုပ္ကိုင္ၾကပါတယ္။ ၿပီးေတာ့ ဦးစားေပး သတ္မွတ္ျခင္းပါ။ ကိုယ့္အတြက္ တကယ္ အက်ိဳးရွိမလဲဆိုတာကို ခြဲျခားသိျမင္ၿပီး အခ်ိန္ကို ထိေရာက္စြာ အသုံးခ်တတ္ၾကပါတယ္။
ခိုင္မာတဲ့ ကိုယ္ပိုင္အမွတ္တံဆိပ္ရွိျခင္း
ေအာင္ျမင္တဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြမွာ ကိုယ္ပိုင္ Style တစ္ခု ရွိတတ္ပါတယ္။ ဒါဟာ ဝတ္စားဆင္ယင္မႈတင္ မဟုတ္ဘဲ “သူဆိုရင္ေတာ့ အလုပ္ကို တိတိက်က် လုပ္တတ္တယ္” ဒါမွမဟုတ္ “သူကေတာ့ ျပႆနာကို အၿမဲ အေျဖရွာေပးႏိုင္တယ္” ဆိုတဲ့ သတ္မွတ္ခ်က္ (Identity) တစ္ခု ရွိေနျခင္း ျဖစ္ပါတယ္။ ၿပီးေတာျ ယုံၾကည္မႈ တည္ေဆာက္ျခင္းပါ။ ကိုယ့္ရဲ႕ ပုံရိပ္ကို အၿမဲတမ္း ယုံၾကည္မႈရွိရွိနဲ႔ အားကိုးထိုက္တဲ့ပုံစံ ျဖစ္ေအာင္ တည္ေဆာက္ထားျခင္းက လူႀကီးေတြရဲ႕ စိတ္ထဲမွာ ရာထူးတိုးဖို႔အတြက္ သင့္နာမည္ကို အရင္ဆုံး သတိရေစပါတယ္။
အလုပ္ခြင္မွာ ေရွ႕ေရာက္ဖို႔ဆိုတာ တျခားသူနဲ႔ ၿပိဳင္တာထက္ ကိုယ့္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ပိုမို ထိေရာက္ေအာင္ ေျပာင္းလဲဖို႔ပဲ ျဖစ္ပါတယ္။ အထက္ပါ အခ်က္ ၄ ခ်က္ကို သတိထားၿပီး လိုက္နာမယ္ဆိုရင္ သင္ဟာလည္း ေနာက္ေကာက္က်န္ရစ္သူ မဟုတ္ဘဲ ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚကို ျမန္ျမန္ဆန္ဆန္ တက္လွမ္းလာႏိုင္မွာပါ။
ေက်ာ့ေကခိုင္
Leave a Reply