ဖေဖော်ဝါရီ ၄ ရက်နေ့က လနဲ့ ယူရေးနပ်စ်ဂြိုဟ် တို့ တစ်တန်းတည်း ကျရောက်တဲ့နေ့ဖြစ်လို့ အတိတ်က နာကျင်စရာတွေကို မေ့ပစ်ပြီး ဘဝသစ်ကို ပြန်စဖို့ အကောင်းဆုံး အချိန်ပါပဲ။ အထူးသဖြင့် အချစ်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ဟန်ချက်ညီညီ ပြန်လည်ကုစားနိုင်မယ့် အခွင့်အရေးတွေ ရလာမှာပါ။ ဘဝက တကယ်ကို တိုးတက်လာတော့မှာမို့ ဘယ်ရာသီဖွားတွေ ပါလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
Aries
မိဿရာသီဖွားတွေအတွက်ကတော့ “ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်ရမယ့်” အချိန်ပါပဲ။
အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပါ။ ကိုယ့်ကို စိတ်ညစ်အောင်လုပ်နေတဲ့ အရာတွေကို ဖယ်ရှားပစ်ဖို့က ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်။ ဘာမှမလုပ်ဘဲ ထိုင်စောင့်နေလို့တော့ မရဘူးနော်။ ဖေဖော်ဝါရီ ၄ ရက်မှာ စိတ်ကူးထဲရှိတာတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ အကောင်းဆုံးပါပဲ။ သင်တစ်ခုခု စလုပ်လိုက်တာနဲ့ ရလဒ်ကောင်းတွေက တဖြည်းဖြည်း ပေါ်လာမှာဖြစ်လို့ အဲ့ဒီကနေတစ်ဆင့် အားတက်ပြီး ပိုတိုးတက်အောင် လုပ်နိုင်ပါလိမ့်မယ်။
Sagittarius
ဓနုရာသီဖွားတွေအတွက်ကတော့ ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့လိုတဲ့ အချိန်ပါ။ အမှန်တရားကို ရင်ဆိုင်ပါ။ ကိုယ့်ကိုယ်ကိုယ် လိမ်နေတာမျိုးတွေ ရပ်လိုက်ပြီး ဘဝမှာ ဘာတွေပြောင်းလဲဖို့ လိုနေပြီလဲဆိုတာ သေချာစဉ်းစားကြည့်ပါ။ ပြီးတော့ တိုးတက်မှုကို ရှေးရှုပါ။ သင်က အမြဲတမ်း အကောင်းဆုံးကို လိုချင်တဲ့သူဖြစ်လို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ လုပ်ပြီးတာနဲ့ အားအင်အသစ်တွေ ရလာပါလိမ့်မယ်။ ဒီဂြိုဟ်အနေအထားအရ သင်စတင်လိုက်တဲ့ အပြောင်းအလဲက သင့်ဘဝကို အများကြီး ပိုကောင်းလာစေမှာပါ။
Taurus
ပြိဿရာသီဖွားတွေအတွက်ကတော့ စည်းကမ်းသတ်မှတ်ချက်က အဓိကပါပဲ။ကိုယ်ပိုင်စည်းမျဉ်း ထားရှိပါ။ တခြားသူတွေဆီက လေးစားမှုရဖို့ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် လေးစားဖို့ လိုပါတယ်။ သင်ပေးလိုက်ရသလောက် ပြန်မရဘဲ စိတ်အနှောင့်အယှက်ပဲ ဖြစ်နေရတယ်ဆိုရင် အဲ့ဒီလူတွေ၊ အဲ့ဒီအခြေအနေတွေဆီကနေ နောက်ဆုတ်လိုက်ပါ။ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။ အခုအချိန်မှာ တခြားသူတွေအကြောင်းထက် ကိုယ့်ရဲ့ တိုးတက်မှုနဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုအတွက်ပဲ အာရုံစိုက်ပါ။ ကျန်းမာတဲ့ စည်းကမ်းချက်တွေ သတ်မှတ်ပြီး နေထိုင်ခြင်းက သင့်ဘဝကို ပိုပြီး တည်ငြိမ်အေးချမ်းစေပါလိမ့်မယ်။
အနှစ်ချုပ်ကတော့ ဒီဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး အတိတ်က ဒဏ်ရာတွေကို ကုစားပြီး ဘဝကို အားသစ်လောင်းရမယ့် ကာလဖြစ်မှာပါ။
ကျော့ကေခိုင်
zawgyi
ေဖေဖာ္ဝါရီ ၄ ရက္ေန႔က လနဲ႔ ယူေရးနပ္စ္ၿဂိဳဟ္ တို႔ တစ္တန္းတည္း က်ေရာက္တဲ့ေန႔ျဖစ္လို႔ အတိတ္က နာက်င္စရာေတြကို ေမ့ပစ္ၿပီး ဘဝသစ္ကို ျပန္စဖို႔ အေကာင္းဆုံး အခ်ိန္ပါပဲ။ အထူးသျဖင့္ အခ်စ္ေရးနဲ႔ စိတ္ပိုင္းဆိုင္ရာမွာ ဟန္ခ်က္ညီညီ ျပန္လည္ကုစားႏိုင္မယ့္ အခြင့္အေရးေတြ ရလာမွာပါ။ ဘဝက တကယ္ကို တိုးတက္လာေတာ့မွာမို႔ ဘယ္ရာသီဖြားေတြ ပါလဲဆိုတာ ၾကည့္လိုက္ရေအာင္ပါ။
Aries
မိႆရာသီဖြားေတြအတြက္ကေတာ့ “ကိုယ္တိုင္လုပ္မွ ကိုယ္တိုင္ရမယ့္” အခ်ိန္ပါပဲ။
အဓိကကေတာ့ ကိုယ့္ကိုယ္ကိုယ္ တာဝန္ယူပါ။ ကိုယ့္ကို စိတ္ညစ္ေအာင္လုပ္ေနတဲ့ အရာေတြကို ဖယ္ရွားပစ္ဖို႔က ကိုယ့္လက္ထဲမွာပဲ ရွိပါတယ္။ ဘာမွမလုပ္ဘဲ ထိုင္ေစာင့္ေနလို႔ေတာ့ မရဘူးေနာ္။ ေဖေဖာ္ဝါရီ ၄ ရက္မွာ စိတ္ကူးထဲရွိတာေတြကို လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ အေကာင္းဆုံးပါပဲ။ သင္တစ္ခုခု စလုပ္လိုက္တာနဲ႔ ရလဒ္ေကာင္းေတြက တျဖည္းျဖည္း ေပၚလာမွာျဖစ္လို႔ အဲ့ဒီကေနတစ္ဆင့္ အားတက္ၿပီး ပိုတိုးတက္ေအာင္ လုပ္ႏိုင္ပါလိမ့္မယ္။
Sagittarius
ဓႏုရာသီဖြားေတြအတြက္ကေတာ့ ကိုယ့္ကိုယ္ကိုယ္ ႐ိုးသားဖို႔လိုတဲ့ အခ်ိန္ပါ။ အမွန္တရားကို ရင္ဆိုင္ပါ။ ကိုယ့္ကိုယ္ကိုယ္ လိမ္ေနတာမ်ိဳးေတြ ရပ္လိုက္ၿပီး ဘဝမွာ ဘာေတြေျပာင္းလဲဖို႔ လိုေနၿပီလဲဆိုတာ ေသခ်ာစဥ္းစားၾကည့္ပါ။ ၿပီးေတာ့ တိုးတက္မႈကို ေရွးရႈပါ။ သင္က အၿမဲတမ္း အေကာင္းဆုံးကို လိုခ်င္တဲ့သူျဖစ္လို႔ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္မႈေတြ လုပ္ၿပီးတာနဲ႔ အားအင္အသစ္ေတြ ရလာပါလိမ့္မယ္။ ဒီၿဂိဳဟ္အေနအထားအရ သင္စတင္လိုက္တဲ့ အေျပာင္းအလဲက သင့္ဘဝကို အမ်ားႀကီး ပိုေကာင္းလာေစမွာပါ။
Taurus
ၿပိႆရာသီဖြားေတြအတြက္ကေတာ့ စည္းကမ္းသတ္မွတ္ခ်က္က အဓိကပါပဲ။ကိုယ္ပိုင္စည္းမ်ဥ္း ထားရွိပါ။ တျခားသူေတြဆီက ေလးစားမႈရဖို႔ဆိုရင္ အရင္ဆုံး ကိုယ့္ကိုယ္ကိုယ္ ေလးစားဖို႔ လိုပါတယ္။ သင္ေပးလိုက္ရသေလာက္ ျပန္မရဘဲ စိတ္အေႏွာင့္အယွက္ပဲ ျဖစ္ေနရတယ္ဆိုရင္ အဲ့ဒီလူေတြ၊ အဲ့ဒီအေျခအေနေတြဆီကေန ေနာက္ဆုတ္လိုက္ပါ။ကိုယ့္ကိုယ္ကိုယ္ အခ်ိန္ေပးပါ။ အခုအခ်ိန္မွာ တျခားသူေတြအေၾကာင္းထက္ ကိုယ့္ရဲ႕ တိုးတက္မႈနဲ႔ ကိုယ့္ရဲ႕ ေပ်ာ္႐ႊင္မႈအတြက္ပဲ အာ႐ုံစိုက္ပါ။ က်န္းမာတဲ့ စည္းကမ္းခ်က္ေတြ သတ္မွတ္ၿပီး ေနထိုင္ျခင္းက သင့္ဘဝကို ပိုၿပီး တည္ၿငိမ္ေအးခ်မ္းေစပါလိမ့္မယ္။
အႏွစ္ခ်ဳပ္ကေတာ့ ဒီေဖေဖာ္ဝါရီ ၄ ရက္ေန႔ကစၿပီး အတိတ္က ဒဏ္ရာေတြကို ကုစားၿပီး ဘဝကို အားသစ္ေလာင္းရမယ့္ ကာလျဖစ္မွာပါ။
ေက်ာ့ေကခိုင္
Leave a Reply