ကြွယ်ဝချမ်းသာမှုတွေဆီ စတင်ဝင်ရောက်တော့မယ့် ရာသီခွင် (၃)ခု

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ကစပြီး ရာသီဖွား ၃ ခုဟာ အားကောင်းမောင်းသန် ခေတ်သစ်တစ်ခုထဲကို စတင်ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ ပလူတိုဂြိုဟ် ပုံမှန်လည်ပတ်သွားတဲ့အချိန် မတ်လ ၁၉ ရက်၊ ကြာသပတေးနေ့ကစပြီး အဓိကကျတဲ့ အဆင့်မြှင့်တင်မှုအချို့ကို ရရှိဖို့အတွက် “နေရာမှန်၊ အချိန်မှန်” အခြေအနေတစ်ခုကို ရောက်ရှိနေတာပါ။ ကိုယ့်ရဲ့စွမ်းအားကို ကိုယ်တိုင်ယုံကြည်ချက်ရှိရှိ ထုတ်ဖော်လိုက်တဲ့အခါမှာ စကြဝဠာကြီးက ကောင်းမွန်စွာ တုံ့ပြန်လေ့ရှိပါတယ်။ ဒီနေ့ရဲ့ စွမ်းအင်တွေက အချို့သော ရာသီဖွားတွေကို ကြွယ်ဝချမ်းသာမှုတွေဆီ လမ်းပြခေါ်ဆောင်သွားမှာဖြစ်ပြီး ကိုယ်တိုင်ကလည်း ဒီအခိုက်အတန့်ကို အမိအရ အသုံးချသွားဖို့ ပြင်ဆင်ထားကြဖို့ပါပဲ။

Scorpio

ဗြိစ္ဆာရာသီဖွားတို့ရေ… သင့်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် စွမ်းအားရှင် (Superhero) တစ်ယောက်လို တကယ်ကြီး ခံစားရမယ့် အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ သင်ဟာ ထူးဆန်းတဲ့ အစွမ်းအစတွေ ထုတ်သုံးနေတာမျိုး မဟုတ်ပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ် အင်အားကြီးမားနေတယ်လို့ မခံစားရဘဲ မနေနိုင်အောင် ဖြစ်နေပါလိမ့်မယ်။ တကယ်လို့ သင်သာ စိတ်ပိုင်းဖြတ်လိုက်မယ်ဆိုရင် ခဏချင်းအတွင်းမှာပဲ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို အကောင်အထည်ဖော်နိုင်တော့မယ်လို့ ခံစားရပါလိမ့်မယ်။ မတ်လ ၁၉ ရက်နေ့ဟာ သင့်အတွက် အဲ့ဒီလို အစွမ်းထက်တဲ့ နေ့တစ်နေ့ပါပဲ။သင်ဟာ စကြဝဠာရဲ့ ကောင်းချီးကို ခံစားရမှာဖြစ်ပြီး အဆိုးမြင်ဝါဒတွေကို စွန့်လွှတ်ကာ အကောင်းမြင်စိတ်ကိုပဲ ဆုပ်ကိုင်ထားနိုင်တဲ့ သင့်ရဲ့ အရည်အချင်းကြောင့် မျက်နှာသာပေးခြင်း ခံရပါလိမ့်မယ်။ အဲ့ဒါဟာ ဒီဂြိုဟ်အသွားအလာကာလအတွင်းမှာ သင့်ရဲ့ ထူးခြားတဲ့စွမ်းအားဖြစ်နေမှာဖြစ်ပြီး သင်ကိုယ်တိုင်လည်း ဒါကို သဘောကျနေပါလိမ့်မယ်။ ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေတဲ့ အဆိုးမြင်စွမ်းအင်တွေထဲကို နစ်မွန်းမသွားဘဲ ရုန်းထွက်နိုင်သူဖြစ်ရတာကို သင် ဂုဏ်ယူနေပါလိမ့်မယ်။ သင်ဟာ သင့်ဘဝကို တန်ဖိုးထားတဲ့အတွက် ကျန်းမာခြင်းနဲ့ ပျော်ရွှင်ခြင်းတွေ ပြည့်နှက်နေတဲ့ အားကောင်းတဲ့ ခေတ်သစ်တစ်ခုဆီကို ကိုယ်တိုင် ဦးတည်လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။

Aquarius

ကုမ်ရာသီဖွားတို့ရေ… ကိုယ့်ရဲ့ ပင်ကိုယ်ဟန်အတိုင်း နေထိုင်ရတာထက် ကောင်းတာ ဘာမှမရှိပါဘူး။ အထူးသဖြင့် “ငါ သူတို့ရှေ့မှာတော့ ဒီလိုပုံစံမျိုး ဟန်ဆောင်နေရမယ်” လို့ သင်အရင်က ထင်မှတ်ခဲ့ရသူတွေကြားမှာတောင် အခုတော့ ကိုယ့်ပုံစံအတိုင်း လွတ်လပ်စွာ နေနိုင်ပါပြီ။ ဒီနေ့ဟာ ဘယ်သူတွေပဲ ကြည့်နေကြည့်နေ၊ သင်ဟာ သင့်အတိုင်းပဲ ဖြစ်ခွင့်ရမယ့် လွတ်လပ်ပေါ့ပါးတဲ့ ခံစားချက်ကို ပေးပါလိမ့်မယ်။သင်ဟာ ပင်ကိုယ်ကတည်းက ထူးခြားတဲ့ စရိုက်ရှိသူတစ်ယောက်ဖြစ်နေတာပဲ၊ ဘာလို့ အဲ့ဒါကို အပိုင်မဆုပ်ကိုင်ထားနိုင်ရမှာလဲ။ ဒါဟာ သင့်အတွက် ကောင်းချီးတစ်ခုပါပဲ။ စကြဝဠာက သင့်ကို ဒီလိုနည်းနဲ့ မျက်နှာသာပေးတာပါ။ ကြာသပတေးနေ့မှာ သင်ဟာ သင့်ရဲ့ ထူးခြားဆန်းသစ်မှုတွေကို လက်ခံယုံကြည်လာပါလိမ့်မယ်။ သင်ဟာ ကြံ့ကြံ့ခံနိုင်ပြီး မူလဟန်မပျက် ရှိနေနိုင်ခြင်းဟာ သင့်ရဲ့ စွမ်းအားကို သက်သေပြနေတာပါပဲ။မတ်လ ၁၉ ရက်နေ့မှာ သင်ဟာ အကောင်းဆုံးသော ပုံစံသစ်တစ်ခုနဲ့ ခေတ်သစ်ထဲကို ဝင်ရောက်မှာပါ။ သင်ဟာ ပိုမိုတိုးတက်ကောင်းမွန်လာမှာ မှန်ပေမဲ့လည်း ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်အဖြစ် ပြောင်းလဲဖို့ကိုတော့ ငြင်းဆန်ပါလိမ့်မယ်။ အစစ်အမှန်အတိုင်း နေထိုင်ခြင်း (Authenticity) ဟာ စွမ်းအားတစ်ခုဖြစ်ပြီး သင်ကတော့ အဲ့ဒီစွမ်းအားကို ကောင်းကောင်းကြီး အသုံးချနေသူ ဖြစ်ပါတယ်။

Taurus

ပြိဿရာသီဖွားတို့ရေ… သင်ဟာ လောကကြီးမှာ ရှင်သန်လာတဲ့တစ်လျှောက် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် နောက်ဆုံးမှာ အားလုံးက အဆင်ပြေပြေနဲ့ ပြီးဆုံးသွားတတ်တာကို အတွေ့အကြုံအရ သိထားပြီးသားပါ။ ဒါကြောင့် အရင်ကလောက် သိပ်ပြီး မစိုးရိမ်တော့ပါဘူး။ စကြဝဠာကြီးက သင့်ကို ကောင်းမွန်တဲ့ ဘဝတစ်ခု ပေးသနားဖို့အတွက် အမြဲမျက်နှာသာပေးနေတယ်ဆိုတာကို သင် အပြည့်အဝ ယုံကြည်သွားပါပြီ။ဒါဟာ သင့်ဆီမှာရှိတဲ့ ကြီးမားတဲ့ ယုံကြည်မှုဖြစ်ပြီး အဲ့ဒါကပဲ သင့်အတွက် အလုပ်ဖြစ်နေတာပါ။ အဲ့ဒီယုံကြည်မှုက သင့်ဘဝကို တည်ငြိမ်စေပါတယ်။ အရာအားလုံးဟာ နောက်ဆုံးမှာ အဆင်ပြေသွားမှာပဲလို့ သင် သိထားတဲ့အတွက် လက်ရှိပစ္စုပ္ပန်မှာပဲ ပျော်အောင်နေတတ်လာပါတယ်။ တခြားဘက်ကနေ ကြည့်ဖို့ကို ငြင်းဆန်ထားတဲ့အတွက် သင်ဟာ ကိုယ့်ကိုယ်ကိုယ် ကံကောင်းသူ၊ ကောင်းချီးခံစားရသူလို့ ခံစားနေရမှာပါ။စကြဝဠာရဲ့ စွမ်းအားတွေက မတ်လ ၁၉ ရက်နေ့မှာ သင့်ကမ္ဘာလေးထဲကို အကောင်းမြင်စိတ်နဲ့ အလင်းရောင်တွေ သယ်ဆောင်လာပေးဖို့ စုစည်းနေကြပါပြီ။ သင်ဟာအင်အားကြီးမားတဲ့ ခေတ်သစ်တစ်ခုထဲကို ဝင်ရောက်တော့မှာဖြစ်ပြီး အဲ့ဒီအတွက်လည်း အပြည့်အဝ အသင့်ဖြစ်နေပါပြီ။

ကျော့ကေခိုင်

zawgyi

၂၀၂၆ ခုႏွစ္၊ မတ္လ ၁၉ ရက္ေန႔ကစၿပီး ရာသီဖြား ၃ ခုဟာ အားေကာင္းေမာင္းသန္ ေခတ္သစ္တစ္ခုထဲကို စတင္ဝင္ေရာက္ေတာ့မွာ ျဖစ္ပါတယ္။ ပလူတိုၿဂိဳဟ္ ပုံမွန္လည္ပတ္သြားတဲ့အခ်ိန္ မတ္လ ၁၉ ရက္၊ ၾကာသပေတးေန႔ကစၿပီး အဓိကက်တဲ့ အဆင့္ျမႇင့္တင္မႈအခ်ိဳ႕ကို ရရွိဖို႔အတြက္ “ေနရာမွန္၊ အခ်ိန္မွန္” အေျခအေနတစ္ခုကို ေရာက္ရွိေနတာပါ။ ကိုယ့္ရဲ႕စြမ္းအားကို ကိုယ္တိုင္ယုံၾကည္ခ်က္ရွိရွိ ထုတ္ေဖာ္လိုက္တဲ့အခါမွာ စၾကဝဠာႀကီးက ေကာင္းမြန္စြာ တုံ႔ျပန္ေလ့ရွိပါတယ္။ ဒီေန႔ရဲ႕ စြမ္းအင္ေတြက အခ်ိဳ႕ေသာ ရာသီဖြားေတြကို ႂကြယ္ဝခ်မ္းသာမႈေတြဆီ လမ္းျပေခၚေဆာင္သြားမွာျဖစ္ၿပီး ကိုယ္တိုင္ကလည္း ဒီအခိုက္အတန႔္ကို အမိအရ အသုံးခ်သြားဖို႔ ျပင္ဆင္ထားၾကဖို႔ပါပဲ။

Scorpio

ၿဗိစာၦရာသီဖြားတို႔ေရ… သင့္ဘဝမွာ ကိုယ့္ကိုယ္ကိုယ္ စြမ္းအားရွင္ (Superhero) တစ္ေယာက္လို တကယ္ႀကီး ခံစားရမယ့္ အခိုက္အတန႔္ေတြ ရွိတတ္ပါတယ္။ သင္ဟာ ထူးဆန္းတဲ့ အစြမ္းအစေတြ ထုတ္သုံးေနတာမ်ိဳး မဟုတ္ေပမဲ့လည္း ကိုယ့္ကိုယ္ကိုယ္ အင္အားႀကီးမားေနတယ္လို႔ မခံစားရဘဲ မေနႏိုင္ေအာင္ ျဖစ္ေနပါလိမ့္မယ္။ တကယ္လို႔ သင္သာ စိတ္ပိုင္းျဖတ္လိုက္မယ္ဆိုရင္ ခဏခ်င္းအတြင္းမွာပဲ ႀကီးက်ယ္တဲ့ ေအာင္ျမင္မႈေတြကို အေကာင္အထည္ေဖာ္ႏိုင္ေတာ့မယ္လို႔ ခံစားရပါလိမ့္မယ္။ မတ္လ ၁၉ ရက္ေန႔ဟာ သင့္အတြက္ အဲ့ဒီလို အစြမ္းထက္တဲ့ ေန႔တစ္ေန႔ပါပဲ။သင္ဟာ စၾကဝဠာရဲ႕ ေကာင္းခ်ီးကို ခံစားရမွာျဖစ္ၿပီး အဆိုးျမင္ဝါဒေတြကို စြန႔္လႊတ္ကာ အေကာင္းျမင္စိတ္ကိုပဲ ဆုပ္ကိုင္ထားႏိုင္တဲ့ သင့္ရဲ႕ အရည္အခ်င္းေၾကာင့္ မ်က္ႏွာသာေပးျခင္း ခံရပါလိမ့္မယ္။ အဲ့ဒါဟာ ဒီၿဂိဳဟ္အသြားအလာကာလအတြင္းမွာ သင့္ရဲ႕ ထူးျခားတဲ့စြမ္းအားျဖစ္ေနမွာျဖစ္ၿပီး သင္ကိုယ္တိုင္လည္း ဒါကို သေဘာက်ေနပါလိမ့္မယ္။ ပတ္ဝန္းက်င္မွာ ပ်ံ႕ႏွံ႔ေနတဲ့ အဆိုးျမင္စြမ္းအင္ေတြထဲကို နစ္မြန္းမသြားဘဲ ႐ုန္းထြက္ႏိုင္သူျဖစ္ရတာကို သင္ ဂုဏ္ယူေနပါလိမ့္မယ္။ သင္ဟာ သင့္ဘဝကို တန္ဖိုးထားတဲ့အတြက္ က်န္းမာျခင္းနဲ႔ ေပ်ာ္႐ႊင္ျခင္းေတြ ျပည့္ႏွက္ေနတဲ့ အားေကာင္းတဲ့ ေခတ္သစ္တစ္ခုဆီကို ကိုယ္တိုင္ ဦးတည္ေလွ်ာက္လွမ္းသြားမွာ ျဖစ္ပါတယ္။

Aquarius

ကုမ္ရာသီဖြားတို႔ေရ… ကိုယ့္ရဲ႕ ပင္ကိုယ္ဟန္အတိုင္း ေနထိုင္ရတာထက္ ေကာင္းတာ ဘာမွမရွိပါဘူး။ အထူးသျဖင့္ “ငါ သူတို႔ေရွ႕မွာေတာ့ ဒီလိုပုံစံမ်ိဳး ဟန္ေဆာင္ေနရမယ္” လို႔ သင္အရင္က ထင္မွတ္ခဲ့ရသူေတြၾကားမွာေတာင္ အခုေတာ့ ကိုယ့္ပုံစံအတိုင္း လြတ္လပ္စြာ ေနႏိုင္ပါၿပီ။ ဒီေန႔ဟာ ဘယ္သူေတြပဲ ၾကည့္ေနၾကည့္ေန၊ သင္ဟာ သင့္အတိုင္းပဲ ျဖစ္ခြင့္ရမယ့္ လြတ္လပ္ေပါ့ပါးတဲ့ ခံစားခ်က္ကို ေပးပါလိမ့္မယ္။သင္ဟာ ပင္ကိုယ္ကတည္းက ထူးျခားတဲ့ စ႐ိုက္ရွိသူတစ္ေယာက္ျဖစ္ေနတာပဲ၊ ဘာလို႔ အဲ့ဒါကို အပိုင္မဆုပ္ကိုင္ထားႏိုင္ရမွာလဲ။ ဒါဟာ သင့္အတြက္ ေကာင္းခ်ီးတစ္ခုပါပဲ။ စၾကဝဠာက သင့္ကို ဒီလိုနည္းနဲ႔ မ်က္ႏွာသာေပးတာပါ။ ၾကာသပေတးေန႔မွာ သင္ဟာ သင့္ရဲ႕ ထူးျခားဆန္းသစ္မႈေတြကို လက္ခံယုံၾကည္လာပါလိမ့္မယ္။ သင္ဟာ ႀကံ့ႀကံ့ခံႏိုင္ၿပီး မူလဟန္မပ်က္ ရွိေနႏိုင္ျခင္းဟာ သင့္ရဲ႕ စြမ္းအားကို သက္ေသျပေနတာပါပဲ။မတ္လ ၁၉ ရက္ေန႔မွာ သင္ဟာ အေကာင္းဆုံးေသာ ပုံစံသစ္တစ္ခုနဲ႔ ေခတ္သစ္ထဲကို ဝင္ေရာက္မွာပါ။ သင္ဟာ ပိုမိုတိုးတက္ေကာင္းမြန္လာမွာ မွန္ေပမဲ့လည္း ကိုယ္မဟုတ္တဲ့ တျခားတစ္ေယာက္အျဖစ္ ေျပာင္းလဲဖို႔ကိုေတာ့ ျငင္းဆန္ပါလိမ့္မယ္။ အစစ္အမွန္အတိုင္း ေနထိုင္ျခင္း (Authenticity) ဟာ စြမ္းအားတစ္ခုျဖစ္ၿပီး သင္ကေတာ့ အဲ့ဒီစြမ္းအားကို ေကာင္းေကာင္းႀကီး အသုံးခ်ေနသူ ျဖစ္ပါတယ္။

Taurus

ၿပိႆရာသီဖြားတို႔ေရ… သင္ဟာ ေလာကႀကီးမွာ ရွင္သန္လာတဲ့တစ္ေလွ်ာက္ ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ ေနာက္ဆုံးမွာ အားလုံးက အဆင္ေျပေျပနဲ႔ ၿပီးဆုံးသြားတတ္တာကို အေတြ႕အႀကဳံအရ သိထားၿပီးသားပါ။ ဒါေၾကာင့္ အရင္ကေလာက္ သိပ္ၿပီး မစိုးရိမ္ေတာ့ပါဘူး။ စၾကဝဠာႀကီးက သင့္ကို ေကာင္းမြန္တဲ့ ဘဝတစ္ခု ေပးသနားဖို႔အတြက္ အၿမဲမ်က္ႏွာသာေပးေနတယ္ဆိုတာကို သင္ အျပည့္အဝ ယုံၾကည္သြားပါၿပီ။ဒါဟာ သင့္ဆီမွာရွိတဲ့ ႀကီးမားတဲ့ ယုံၾကည္မႈျဖစ္ၿပီး အဲ့ဒါကပဲ သင့္အတြက္ အလုပ္ျဖစ္ေနတာပါ။ အဲ့ဒီယုံၾကည္မႈက သင့္ဘဝကို တည္ၿငိမ္ေစပါတယ္။ အရာအားလုံးဟာ ေနာက္ဆုံးမွာ အဆင္ေျပသြားမွာပဲလို႔ သင္ သိထားတဲ့အတြက္ လက္ရွိပစၥဳပၸန္မွာပဲ ေပ်ာ္ေအာင္ေနတတ္လာပါတယ္။ တျခားဘက္ကေန ၾကည့္ဖို႔ကို ျငင္းဆန္ထားတဲ့အတြက္ သင္ဟာ ကိုယ့္ကိုယ္ကိုယ္ ကံေကာင္းသူ၊ ေကာင္းခ်ီးခံစားရသူလို႔ ခံစားေနရမွာပါ။စၾကဝဠာရဲ႕ စြမ္းအားေတြက မတ္လ ၁၉ ရက္ေန႔မွာ သင့္ကမာၻေလးထဲကို အေကာင္းျမင္စိတ္နဲ႔ အလင္းေရာင္ေတြ သယ္ေဆာင္လာေပးဖို႔ စုစည္းေနၾကပါၿပီ။ သင္ဟာအင္အားႀကီးမားတဲ့ ေခတ္သစ္တစ္ခုထဲကို ဝင္ေရာက္ေတာ့မွာျဖစ္ၿပီး အဲ့ဒီအတြက္လည္း အျပည့္အဝ အသင့္ျဖစ္ေနပါၿပီ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*