“ကျွန်မဟာ အမျိုးသမီးတစ်ယောက်၊ ကျွန်မရဲ့ ဟစ်ကြွေးသံကို နားထောင်လိုက်ပါ”
၁၉၇၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Helen Reddy ရဲ့ ဒီသီချင်းဟာ အမျိုးသမီးထုကြားမှာ တုန်ခါသွားစေခဲ့ပါတယ်။ ကျွန်မတို့အားလုံး ငါဟေ့လို့ ဟစ်ကြွေးချင်ကြပါတယ်။ တချို့ရက်တွေမှာတော့ ကျွန်မတို့ တကယ်ပဲ လုပ်နိုင်ကြပါတယ်။ဒါပေမဲ့ တချို့ရက်တွေမှာတော့… မဟုတ်ပြန်ဘူး။ အကြိမ်ပေါင်းများစွာမှာ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သံသယဝင်နေတတ်ကြတယ်၊ ကိုယ့်ရဲ့ အားသာချက်တွေကို လျှော့တွက်ပြီး ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေကိုပဲ ပုံကြီးချဲ့ပြောနေမိတတ်ကြပါတယ်။ဒါကို ကျွန်မသိတာကတော့ ကျွန်မကိုယ်တိုင်လည်း ဒီမနက်မှာတင် အဲဒီလိုမျိုး ခံစားခဲ့ရလို့ပါပဲ။ တခြား ထက်မြက်ပြီး အောင်မြင်နေတဲ့ အမျိုးသမီးများစွာဆီကလည်း ဒီစကားမျိုးတွေကို ကျွန်မ ကြားနေရပါတယ်။
အောင်မြင်မှုတွေရှိပေမဲ့ မလုံလောက်သေးဘူးလို့ ခံစားနေရခြင်း
ကျွန်မတို့ဟာ ဘယ်လောက်ပဲ အောင်မြင်မှုတွေ ရရှိထားပါစေ၊ “ငါ မလုံလောက်သေးဘူး” ဆိုတဲ့ ခံစားချက်က အမြဲကပ်ပါနေတတ်ပါတယ်။ အောင်မြင်မှု မပြည့်စုံသေးဘူး၊ ကျွမ်းကျင်မှု မရှိသေးဘူး၊ ယုံကြည်မှု မရှိသေးဘူး၊ ထိုက်တန်မှု မရှိသေးဘူး စသဖြင့်ပေါ့။သုတေသနတွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် ကိုယ့်ကိုယ်ကိုယ် “ထိပ်တန်းစွမ်းဆောင်ရည်ရှိသူ” လို့ သတ်မှတ်ဖို့ ဝန်လေးတတ်ကြပါတယ်။ Imposter Syndrome (ကိုယ့်ကိုယ်ကိုယ် လူလိမ်တစ်ယောက်လို ခံစားရပြီး တစ်နေ့နေ့မှာ ငါ့အရည်အချင်းမရှိတာကို လူတွေ သိသွားတော့မှာပဲလို့ စိုးရိမ်စိတ်) ကိုလည်း ပိုခံစားရလေ့ရှိပါတယ်။ ၂၀၂၃ ခုနှစ် PEW ရဲ့ လေ့လာမှုအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် လစာတိုးတောင်းဖို့ ပိုပြီး ဝန်လေးကြတာ မဆန်းပါဘူး။ဒါဟာ ပြဿနာတစ်ခုပါ။ ကိုယ့်ရဲ့ တိုးတက်မှုကို နှောင့်နှေးစေရုံတင်မကဘဲ၊ ကျွန်မတို့ဆီက ရရှိနိုင်မယ့် တန်ဖိုးရှိတဲ့ စွမ်းဆောင်ရည်တွေကိုလည်း ကမ္ဘာကြီးက ဆုံးရှုံးသွားရပါတယ်။
အတွင်းစိတ်က ဆူညံသံများကို အံတုပါ
အကယ်၍ သင့်စိတ်ထဲမှာ “ဒီနေရာကို ရောက်ဖို့ နင်က ဘာမို့လို့လဲ”၊ “အခုချိန်က အချိန်ကောင်းမဟုတ်ဘူး”၊ “နင်က အရည်အချင်းမရှိပါဘူး” ဆိုတဲ့ အသံတွေ ကြားနေရတယ်ဆိုရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ဒါပေမဲ့ အဲဒီသံသယတွေရဲ့ အောက်ခြေမှာရှိတဲ့ အမှန်တရားကို သင်ယုံကြည်ဖို့ လိုအပ်ပါတယ်။ အဲဒါကတော့ “သင့်မှာ သီးခြားထူးခြားတဲ့ အရည်အချင်း၊ အမြင်နဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ ရှိနေတယ်” ဆိုတာပါပဲ။ဒါဟာ အမျိုးသားတွေကို ဆန့်ကျင်တာ မဟုတ်သလို၊ “အနာဂတ်ဟာ အမျိုးသမီးတွေအတွက်ပဲ” လို့ ပြောနေတာလည်း မဟုတ်ပါဘူး။ ကျွန်မတို့ဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး တက်လှမ်းကြရမှာပါ။ အခု ကျွန်မ တိုက်တွန်းချင်တာကတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ တန်ဖိုးကို နှစ်ဆမြှင့်တင်ပြီး၊ ကိုယ့်ရဲ့ အားသာချက်တွေပေါ်မှာ မားမား မတ်မတ်ရပ်တည်ဖို့ပဲ ဖြစ်ပါတယ်။ရဲရင့်ခြင်းဆိုတာ ခံစားချက်မဟုတ်ပါဘူး။ ဖြတ်ချက်တစ်ခုပါ။ အောက်ပါ စွန့်စားမှု ၄ ချက်ကို ပြုလုပ်ခြင်းဖြင့် သင့်ရဲ့ စွမ်းအားတွေကို ပြန်လည်ရယူလိုက်ကြပါစို့။
၁။ မအောင်မြင်မှာကို စွန့်စားပါ
ယုံကြည်မှုဆိုတာ တစ်နေ့မှာ ရုတ်တရက် “ဝုန်း” ဆိုပြီး ရောက်လာတာမျိုး မဟုတ်ပါဘူး။ ယုံကြည်မှု တည်ဆောက်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ သံသယတွေကို အံတုပြီး ယုံကြည်မှုရှိတဲ့လူတစ်ယောက် လုပ်မယ့်အလုပ်ကို အခုချက်ချင်း လုပ်လိုက်ဖို့ ပါပဲ။အရည်အချင်းအားလုံးနဲ့ မကိုက်ညီသေးရင်တောင် အလုပ်လျှောက်လိုက်ပါ။ ခက်ခဲတဲ့ မေးခွန်းတွေကို မေးပါ။ ရဲရင့်တဲ့ အိုင်ဒီယာတွေကို တင်ပြပါ။ တစ်ခါတလေမှာ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ် မယုံကြည်သေးခင်မှာတောင် ယုံကြည်သယောင် ပြုမူနေထိုင်ရင်းနဲ့ ယုံကြည်မှုကို တည်ဆောက်ယူရပါတယ်။ “ရဲရင့်မှုက ယုံကြည်မှုရဲ့ ရှေ့ကသွားတာပါ”။
၂။ တစ်စုံတစ်ယောက်ကို စိတ်ပျက်စေဖို့ စွန့်စားပါ
ကျွန်မတို့ရဲ့ ကိုယ်ချင်းစာတရားဟာ အားသာချက်တစ်ခု ဖြစ်ပေမဲ့ အကန့်အသတ် (Boundary) ရှိဖို့ လိုပါတယ်။ တခြားသူတွေကို စိတ်မပျက်စေချင်တဲ့စိတ်နဲ့ “မဟုတ်ဘူး” လို့ ပြောရမယ့်နေရာမှာ “ဟုတ်ကဲ့” လို့ အမြဲပြောနေမယ်ဆိုရင် သင်ဟာ နွမ်းလျပင်ပန်းလာပြီး ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်ရာ ရောက်ပါလိမ့်မယ်။ “No” လို့ ပြောတာဟာ အတ္တကြီးတာမဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် လေးစားတာပါ။ တကယ်လို့ သင်ဟာ တစ်စုံတစ်ယောက်ကိုမှ စိတ်မပျက်စေခဲ့တာ ကြာပြီဆိုရင် သင်ဟာ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို လျစ်လျူရှုထားမိနေပြီလားဆိုတာ ပြန်စဉ်းစားပါ။
၃။ ငြင်းပယ်ခံရမှာကို စွန့်စားပါ
တစ်ခုခုကို ပိုပြီး တောင်းဆိုလိုက်လို့ ငြင်းပယ်ခံရမှာကို မကြောက်ပါနဲ့။ အလုပ်တွေ အရမ်းများနေရင် တခြားသူတွေကို ခွဲဝေပေးဖို့ တောင်းဆိုပါ။ လစာတိုးဖို့ ပြောပါ။ တောင်းဆိုလိုက်လို့ ရချင်မှရပါလိမ့်မယ်၊ ဒါပေမဲ့ မတောင်းဆိုရင်တော့ လုံးဝရမှာ မဟုတ်ဘူး ဆိုတာ သေချာပါတယ်။ သင့်ရဲ့ မကျေနပ်မှုတွေနဲ့ ပင်ပန်းနွမ်းလျမှုတွေဟာ သင်မတောင်းဆိုရသေးတဲ့ အရာတွေကြောင့် ဖြစ်နေတတ်ပါတယ်။
၄။ ကိုယ့်ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုဖို့ စွန့်စားပါ
တစ်စုံတစ်ယောက်က ချီးကျူးတဲ့အခါ “အော်… ဒါက ဘာမှမဟုတ်ပါဘူး”၊ “ကံကောင်းလို့ပါ” ဆိုပြီး နှိမ့်ချပြောဆိုတတ်တဲ့ အလေ့အထ ရှိပါသလား။ နှိမ့်ချမှုက ကောင်းမွန်တဲ့ အရည်အချင်းဖြစ်ပေမဲ့၊ ကိုယ့်ရဲ့ တန်ဖိုးကို ဖုံးကွယ်ထားတာကတော့ ဘယ်သူ့ကိုမှ အကျိုးမပြုပါဘူး။ နောက်တစ်ခါ တစ်ယောက်ယောက်က သင့်ကို ချီးကျူးရင် “ကျေးဇူးတင်ပါတယ်” လို့ပဲ ပြောလိုက်ပါ။ အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ ထပ်မပေးပါနဲ့။ အဲဒီချီးကျူးစကားကို သင့်နှလုံးသားထဲအထိ ခံယူလိုက် ပါ။ သံသယတွေ ကြီးစိုးလာတဲ့အခါ ဒီလို အထောက်အထားတွေကို ပြန်ပြီး ထုတ်သုံးဖို့ လိုအပ်ပါတယ်။
ဒီကမ္ဘာကြီးဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေပါတယ်။ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် သေးသိမ်အောင် လုပ်နေမယ့် အမျိုးသမီးတွေထက်၊ ကိုယ့်ရဲ့ တန်ဖိုးကို ယုံကြည်ပြီး မတ်မတ်ရပ်တည်မယ့် အမျိုးသမီးတွေကို ပိုပြီး လိုအပ်နေပါတယ်။ အမှားအယွင်းတွေ ရှိလာရင်လည်း ကိုယ်ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို အားပေးသလိုမျိုး ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ။ လဲကျတဲ့အခါ ဖုန်ခါပြီး ပြန်ထပါ။ သင်ယူပါ။ သံသယတွေကြောင့် သင့်ရဲ့ တောက်ပမှုကို မမှေးမှိန်ပါစေနဲ့။ ဒါဟာ ကျွန်မတို့ အမျိုးသမီးတွေရဲ့ “ဟစ်ကြွေးသံ” ပါပဲ။
ကျော့ကေခိုင်
zawgyi
“ကြၽန္မဟာ အမ်ိဳးသမီးတစ္ေယာက္၊ ကြၽန္မရဲ႕ ဟစ္ေႂကြးသံကို နားေထာင္လိုက္ပါ”
၁၉၇၂ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Helen Reddy ရဲ႕ ဒီသီခ်င္းဟာ အမ်ိဳးသမီးထုၾကားမွာ တုန္ခါသြားေစခဲ့ပါတယ္။ ကြၽန္မတို႔အားလုံး ငါေဟ့လို႔ ဟစ္ေႂကြးခ်င္ၾကပါတယ္။ တခ်ိဳ႕ရက္ေတြမွာေတာ့ ကြၽန္မတို႔ တကယ္ပဲ လုပ္ႏိုင္ၾကပါတယ္။ဒါေပမဲ့ တခ်ိဳ႕ရက္ေတြမွာေတာ့… မဟုတ္ျပန္ဘူး။ အႀကိမ္ေပါင္းမ်ားစြာမွာ ကြၽန္မတို႔ဟာ ကိုယ့္ကိုယ္ကိုယ္ ျပန္လည္သံသယဝင္ေနတတ္ၾကတယ္၊ ကိုယ့္ရဲ႕ အားသာခ်က္ေတြကို ေလွ်ာ့တြက္ၿပီး ကိုယ့္ရဲ႕ စိုးရိမ္ပူပန္မႈေတြကိုပဲ ပုံႀကီးခ်ဲ႕ေျပာေနမိတတ္ၾကပါတယ္။ဒါကို ကြၽန္မသိတာကေတာ့ ကြၽန္မကိုယ္တိုင္လည္း ဒီမနက္မွာတင္ အဲဒီလိုမ်ိဳး ခံစားခဲ့ရလို႔ပါပဲ။ တျခား ထက္ျမက္ၿပီး ေအာင္ျမင္ေနတဲ့ အမ်ိဳးသမီးမ်ားစြာဆီကလည္း ဒီစကားမ်ိဳးေတြကို ကြၽန္မ ၾကားေနရပါတယ္။
ေအာင္ျမင္မႈေတြရွိေပမဲ့ မလုံေလာက္ေသးဘူးလို႔ ခံစားေနရျခင္း
ကြၽန္မတို႔ဟာ ဘယ္ေလာက္ပဲ ေအာင္ျမင္မႈေတြ ရရွိထားပါေစ၊ “ငါ မလုံေလာက္ေသးဘူး” ဆိုတဲ့ ခံစားခ်က္က အၿမဲကပ္ပါေနတတ္ပါတယ္။ ေအာင္ျမင္မႈ မျပည့္စုံေသးဘူး၊ ကြၽမ္းက်င္မႈ မရွိေသးဘူး၊ ယုံၾကည္မႈ မရွိေသးဘူး၊ ထိုက္တန္မႈ မရွိေသးဘူး စသျဖင့္ေပါ့။သုေတသနေတြအရ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္စာရင္ ကိုယ့္ကိုယ္ကိုယ္ “ထိပ္တန္းစြမ္းေဆာင္ရည္ရွိသူ” လို႔ သတ္မွတ္ဖို႔ ဝန္ေလးတတ္ၾကပါတယ္။ Imposter Syndrome (ကိုယ့္ကိုယ္ကိုယ္ လူလိမ္တစ္ေယာက္လို ခံစားရၿပီး တစ္ေန႔ေန႔မွာ ငါ့အရည္အခ်င္းမရွိတာကို လူေတြ သိသြားေတာ့မွာပဲလို႔ စိုးရိမ္စိတ္) ကိုလည္း ပိုခံစားရေလ့ရွိပါတယ္။ ၂၀၂၃ ခုႏွစ္ PEW ရဲ႕ ေလ့လာမႈအရ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္စာရင္ လစာတိုးေတာင္းဖို႔ ပိုၿပီး ဝန္ေလးၾကတာ မဆန္းပါဘူး။ဒါဟာ ျပႆနာတစ္ခုပါ။ ကိုယ့္ရဲ႕ တိုးတက္မႈကို ေႏွာင့္ေႏွးေစ႐ုံတင္မကဘဲ၊ ကြၽန္မတို႔ဆီက ရရွိႏိုင္မယ့္ တန္ဖိုးရွိတဲ့ စြမ္းေဆာင္ရည္ေတြကိုလည္း ကမာၻႀကီးက ဆုံးရႈံးသြားရပါတယ္။
အတြင္းစိတ္က ဆူညံသံမ်ားကို အံတုပါ
အကယ္၍ သင့္စိတ္ထဲမွာ “ဒီေနရာကို ေရာက္ဖို႔ နင္က ဘာမို႔လို႔လဲ”၊ “အခုခ်ိန္က အခ်ိန္ေကာင္းမဟုတ္ဘူး”၊ “နင္က အရည္အခ်င္းမရွိပါဘူး” ဆိုတဲ့ အသံေတြ ၾကားေနရတယ္ဆိုရင္ သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။ဒါေပမဲ့ အဲဒီသံသယေတြရဲ႕ ေအာက္ေျခမွာရွိတဲ့ အမွန္တရားကို သင္ယုံၾကည္ဖို႔ လိုအပ္ပါတယ္။ အဲဒါကေတာ့ “သင့္မွာ သီးျခားထူးျခားတဲ့ အရည္အခ်င္း၊ အျမင္နဲ႔ ပညာရပ္ဆိုင္ရာ ကြၽမ္းက်င္မႈေတြ ရွိေနတယ္” ဆိုတာပါပဲ။ဒါဟာ အမ်ိဳးသားေတြကို ဆန႔္က်င္တာ မဟုတ္သလို၊ “အနာဂတ္ဟာ အမ်ိဳးသမီးေတြအတြက္ပဲ” လို႔ ေျပာေနတာလည္း မဟုတ္ပါဘူး။ ကြၽန္မတို႔ဟာ အတူတကြ ပူးေပါင္းေဆာင္႐ြက္ၿပီး တက္လွမ္းၾကရမွာပါ။ အခု ကြၽန္မ တိုက္တြန္းခ်င္တာကေတာ့ အမ်ိဳးသမီးေတြအေနနဲ႔ ကိုယ့္ရဲ႕ တန္ဖိုးကို ႏွစ္ဆျမႇင့္တင္ၿပီး၊ ကိုယ့္ရဲ႕ အားသာခ်က္ေတြေပၚမွာ မားမား မတ္မတ္ရပ္တည္ဖို႔ပဲ ျဖစ္ပါတယ္။ရဲရင့္ျခင္းဆိုတာ ခံစားခ်က္မဟုတ္ပါဘူး။ ျဖတ္ခ်က္တစ္ခုပါ။ ေအာက္ပါ စြန႔္စားမႈ ၄ ခ်က္ကို ျပဳလုပ္ျခင္းျဖင့္ သင့္ရဲ႕ စြမ္းအားေတြကို ျပန္လည္ရယူလိုက္ၾကပါစို႔။
၁။ မေအာင္ျမင္မွာကို စြန႔္စားပါ
ယုံၾကည္မႈဆိုတာ တစ္ေန႔မွာ ႐ုတ္တရက္ “ဝုန္း” ဆိုၿပီး ေရာက္လာတာမ်ိဳး မဟုတ္ပါဘူး။ ယုံၾကည္မႈ တည္ေဆာက္ႏိုင္မယ့္ တစ္ခုတည္းေသာနည္းလမ္းကေတာ့ သံသယေတြကို အံတုၿပီး ယုံၾကည္မႈရွိတဲ့လူတစ္ေယာက္ လုပ္မယ့္အလုပ္ကို အခုခ်က္ခ်င္း လုပ္လိုက္ဖို႔ ပါပဲ။အရည္အခ်င္းအားလုံးနဲ႔ မကိုက္ညီေသးရင္ေတာင္ အလုပ္ေလွ်ာက္လိုက္ပါ။ ခက္ခဲတဲ့ ေမးခြန္းေတြကို ေမးပါ။ ရဲရင့္တဲ့ အိုင္ဒီယာေတြကို တင္ျပပါ။ တစ္ခါတေလမွာ ကြၽန္မတို႔ဟာ ကိုယ့္ကိုယ္ကိုယ္ မယုံၾကည္ေသးခင္မွာေတာင္ ယုံၾကည္သေယာင္ ျပဳမူေနထိုင္ရင္းနဲ႔ ယုံၾကည္မႈကို တည္ေဆာက္ယူရပါတယ္။ “ရဲရင့္မႈက ယုံၾကည္မႈရဲ႕ ေရွ႕ကသြားတာပါ”။
၂။ တစ္စုံတစ္ေယာက္ကို စိတ္ပ်က္ေစဖို႔ စြန႔္စားပါ
ကြၽန္မတို႔ရဲ႕ ကိုယ္ခ်င္းစာတရားဟာ အားသာခ်က္တစ္ခု ျဖစ္ေပမဲ့ အကန႔္အသတ္ (Boundary) ရွိဖို႔ လိုပါတယ္။ တျခားသူေတြကို စိတ္မပ်က္ေစခ်င္တဲ့စိတ္နဲ႔ “မဟုတ္ဘူး” လို႔ ေျပာရမယ့္ေနရာမွာ “ဟုတ္ကဲ့” လို႔ အၿမဲေျပာေနမယ္ဆိုရင္ သင္ဟာ ႏြမ္းလ်ပင္ပန္းလာၿပီး ကိုယ့္ကိုယ္ကိုယ္ သစၥာေဖာက္ရာ ေရာက္ပါလိမ့္မယ္။ “No” လို႔ ေျပာတာဟာ အတၱႀကီးတာမဟုတ္ပါဘူး၊ ကိုယ့္ကိုယ္ကိုယ္ ေလးစားတာပါ။ တကယ္လို႔ သင္ဟာ တစ္စုံတစ္ေယာက္ကိုမွ စိတ္မပ်က္ေစခဲ့တာ ၾကာၿပီဆိုရင္ သင္ဟာ ကိုယ့္ရဲ႕ လိုအပ္ခ်က္ေတြကို လ်စ္လ်ဴရႈထားမိေနၿပီလားဆိုတာ ျပန္စဥ္းစားပါ။
၃။ ျငင္းပယ္ခံရမွာကို စြန႔္စားပါ
တစ္ခုခုကို ပိုၿပီး ေတာင္းဆိုလိုက္လို႔ ျငင္းပယ္ခံရမွာကို မေၾကာက္ပါနဲ႔။ အလုပ္ေတြ အရမ္းမ်ားေနရင္ တျခားသူေတြကို ခြဲေဝေပးဖို႔ ေတာင္းဆိုပါ။ လစာတိုးဖို႔ ေျပာပါ။ ေတာင္းဆိုလိုက္လို႔ ရခ်င္မွရပါလိမ့္မယ္၊ ဒါေပမဲ့ မေတာင္းဆိုရင္ေတာ့ လုံးဝရမွာ မဟုတ္ဘူး ဆိုတာ ေသခ်ာပါတယ္။ သင့္ရဲ႕ မေက်နပ္မႈေတြနဲ႔ ပင္ပန္းႏြမ္းလ်မႈေတြဟာ သင္မေတာင္းဆိုရေသးတဲ့ အရာေတြေၾကာင့္ ျဖစ္ေနတတ္ပါတယ္။
၄။ ကိုယ့္ရဲ႕ ေအာင္ျမင္မႈကို အသိအမွတ္ျပဳဖို႔ စြန႔္စားပါ
တစ္စုံတစ္ေယာက္က ခ်ီးက်ဴးတဲ့အခါ “ေအာ္… ဒါက ဘာမွမဟုတ္ပါဘူး”၊ “ကံေကာင္းလို႔ပါ” ဆိုၿပီး ႏွိမ့္ခ်ေျပာဆိုတတ္တဲ့ အေလ့အထ ရွိပါသလား။ ႏွိမ့္ခ်မႈက ေကာင္းမြန္တဲ့ အရည္အခ်င္းျဖစ္ေပမဲ့၊ ကိုယ့္ရဲ႕ တန္ဖိုးကို ဖုံးကြယ္ထားတာကေတာ့ ဘယ္သူ႔ကိုမွ အက်ိဳးမျပဳပါဘူး။ ေနာက္တစ္ခါ တစ္ေယာက္ေယာက္က သင့္ကို ခ်ီးက်ဴးရင္ “ေက်းဇူးတင္ပါတယ္” လို႔ပဲ ေျပာလိုက္ပါ။ အေၾကာင္းျပခ်က္ေတြ၊ ဆင္ေျခေတြ ထပ္မေပးပါနဲ႔။ အဲဒီခ်ီးက်ဴးစကားကို သင့္ႏွလုံးသားထဲအထိ ခံယူလိုက္ ပါ။ သံသယေတြ ႀကီးစိုးလာတဲ့အခါ ဒီလို အေထာက္အထားေတြကို ျပန္ၿပီး ထုတ္သုံးဖို႔ လိုအပ္ပါတယ္။
ဒီကမာၻႀကီးဟာ စိန္ေခၚမႈေတြနဲ႔ ျပည့္ေနပါတယ္။ အခုအခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ ေသးသိမ္ေအာင္ လုပ္ေနမယ့္ အမ်ိဳးသမီးေတြထက္၊ ကိုယ့္ရဲ႕ တန္ဖိုးကို ယုံၾကည္ၿပီး မတ္မတ္ရပ္တည္မယ့္ အမ်ိဳးသမီးေတြကို ပိုၿပီး လိုအပ္ေနပါတယ္။ အမွားအယြင္းေတြ ရွိလာရင္လည္း ကိုယ္ခ်စ္တဲ့ သူငယ္ခ်င္းတစ္ေယာက္ကို အားေပးသလိုမ်ိဳး ကိုယ့္ကိုယ္ကိုယ္ ၾကင္နာပါ။ လဲက်တဲ့အခါ ဖုန္ခါၿပီး ျပန္ထပါ။ သင္ယူပါ။ သံသယေတြေၾကာင့္ သင့္ရဲ႕ ေတာက္ပမႈကို မေမွးမွိန္ပါေစနဲ႔။ ဒါဟာ ကြၽန္မတို႔ အမ်ိဳးသမီးေတြရဲ႕ “ဟစ္ေႂကြးသံ” ပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply