“ကျွန်တော်ကတော့ ကိုယ့်အလုပ်ကို ကိုယ်ချစ်ပါတယ်။ ဒါပေမဲ့ ရတဲ့လစာက မိသားစုအတွက် ရေရှည်မှာ မလောက်ငတော့တာကြောင့် အလုပ်သစ် ရှာဖို့ ပြင်နေပါတယ်။ လက်ရှိနေတဲ့ Bay Area မှာက မီဒီယာအလုပ်အကိုင် ရှားတာကြောင့် New York ဘက် ပြောင်းဖို့တောင် အတည်အစဉ်းစားနေပါပြီ။” ဒီစကားကိုတော့ Content Producer တစ်ဦးက ပြောခဲ့တာပါ။ ဒီ Content Producer ရဲ့ လစာက ဘယ်လောက်လဲ၊ လိုချင်တာက ဘယ်လောက်လဲဆိုတာ အတိအကျ မသိရပေမဲ့ အလုပ်တစ်ခုကို မြတ်မြတ်နိုးနိုး လုပ်ရတာဟာ စိတ်ပိုင်းဆိုင်ရာအရရော၊ လက်တွေ့ ငွေကြေးအရပါ တန်ဖိုးဖြတ်မရတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ဥပမာ ကိုယ်ပျော်တဲ့အလုပ်ကို လုပ်ရရင် စိတ်ဖိစီးမှုနည်းလို့ ကျန်းမာရေးစရိတ် သက်သာမယ်၊ အိမ်တွင်းရေး အဆင်ပြေမယ်၊ အလုပ်ပြီးရင်လည်း စိတ်ပင်ပန်းမှု နည်းတာကြောင့် အပြင်စာ ဝယ်စားမယ့်အစား အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်စားဖို့ အင်အားရှိနေပါလိမ့်မယ်။ ဒါတွေဟာ သွယ်ဝိုက်တဲ့နည်းနဲ့ ငွေစုပြီးသား ဖြစ်နေတာပါ။
ဒါကြောင့် ကိုယ်ချစ်တဲ့အလုပ်ကို လစာတစ်ခုတည်းကြောင့် မစွန့်ခွာခင် ဒီအချက် ၅ ချက်ကို အရင်လုပ်ကြည့်ပါဦး။
၁။ လစာအပြင် တခြားခံစားခွင့်တွေကို ညှိနှိုင်းကြည့်ပါ
လစာတိုးပေးဖို့ တောင်းဆိုကြည့်ပြီးပြီလား (မတောင်းရသေးရင် အရင်ပြောကြည့်ပါ)။ တကယ်လို့ အခြေခံလစာ တိုးဖို့ ခက်နေတယ်ဆိုရင် တစ်ကြိမ်တစ်ခါပေးတဲ့ Bonus ဒါမှမဟုတ် အလုပ်ကြိုးစားရင် ရမယ့် Performance Bonus တွေကို ညှိနှိုင်းကြည့်ပါ။ ဒါ့အပြင် ကိုယ်စိုက်ထုတ်နေရတဲ့ သွားလာစရိတ် ဒါမှမဟုတ် သင်တန်းစရိတ်တွေကို ကုမ္ပဏီက တာဝန်ယူပေးဖို့ ပြောကြည့်လို့ ရပါတယ်။ အပိုတာဝန်တွေ ယူရမယ်ဆိုရင်လည်း ထိုက်တန်တဲ့ အခကြေးငွေ ရမှသာ လက်ခံပါ။
၂။ အလုပ်ချိန်ကို အဆင်ပြေအောင် စီစဉ်ပါ
အလုပ်ချိန်ကို ညှိနှိုင်းနိုင်ရင် ငွေကုန်သက်သာသလို ဝင်ငွေလည်း တိုးနိုင်ပါတယ်။ ဥပမာ အိမ်ကနေ အလုပ်လုပ်ရတဲ့ရက် ပိုရရင် လမ်းစရိတ် သက်သာမယ်။ အလုပ်အတက်အဆင်း အချိန်ကို ညှိနိုင်ရင် ကလေးကြိုတာလိုမျိုး ကိစ္စတွေအတွက် လူငှားခ သက်သာသွားမယ်။ အချိန်ပိုထွက်လာရင်လည်း အပြင်မှာ အပိုဝင်ငွေရှာဖို့ အခွင့်အလမ်း ပိုရလာမှာပါ။
၃။ အလုပ်ထွက်ရင် ကုန်ကျမယ့်စရိတ်ကို အကုန်တွက်ပါ
အလုပ်သစ် ရှာနေတာ ကောင်းပေမဲ့ နေရာပြောင်းရွှေ့ဖို့ဆိုတာ ငွေတင်မကဘူး၊ အချိန်နဲ့ လူပင်ပန်းမှုကိုပါ ရင်းရတာပါ။ SF ကနေ NY ပြောင်းရင်တောင် ကုန်ဈေးနှုန်းက သက်သာမှာ မဟုတ်ပါဘူး။ နောက်ပြီး အလုပ်သစ်မှာ လူသစ်ဖြစ်သွားတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ယုံကြည်မှု ပြန်တည်ဆောက်ရမယ်၊ စီးပွားရေး မတည် ငြိမ်ချိန်မှာ အလုပ်ပြုတ်နိုင်ခြေ ပိုများနိုင်တဲ့ စွန့်စားမှုတွေ ရှိပါတယ်။ ဒါကြောင့် အလုပ်သစ်မှာ လစာဘယ်လောက်တောင်းရမလဲ သိအောင် အကုန်အကျအားလုံးကို အရင်တွက်ချက်ပါ။
၄။ အသုံးစရိတ်တွေကို အရင်စစ်ဆေးကြည့်ပါ
တချို့ကိစ္စတွေမှာ လစာနည်းတာကြောင့် မဟုတ်ဘဲ အသုံးစရိတ် များနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အလုပ်ရှာနေတုန်းမှာပဲ မလိုအပ်တဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်ကြည့်ပါ။ တကယ်လို့ အသုံးစရိတ် လျှော့လိုက်လို့ အဆင်ပြေသွားရင် ကိုယ်ချစ်တဲ့ အလုပ်ကနေ ထွက်စရာ မလိုတော့သလို၊ တကယ်လို့ ထွက်ဖြစ်ခဲ့ရင်တောင် စုမိဆောင်းမိ ပိုရှိသွားတာပေါ့။
၅။ ကိုယ်တိုင် ပါဝင်လုပ်စရာမလိုတဲ့ ဝင်ငွေလမ်းကြောင်း ရှာပါ
လစာတိုးတာ ဒါမှမဟုတ် အပြင်အလုပ် (Freelance) လုပ်တာတွေက ကိုယ်တိုင် အချိန်ပေးနေရတုန်းပါပဲ။ ဒါကြောင့် ကိုယ်တိုင် အမြဲပါဝင်စရာ မလိုတဲ့ ဝင်ငွေလမ်း ကြောင်း (Passive Income) ဥပမာ အိမ်ငှားခ၊ ရှယ်ယာအမြတ် ဒါမှမဟုတ် ကိုယ်ဖန်တီးထားတဲ့အရာကနေ ရတဲ့ မူပိုင်ခွင့်ခတွေကို ရှာဖွေပါ။ အစပိုင်းမှာတော့ အား စိုက်ရမှာမှန်ပေမဲ့ ရေရှည်မှာတော့ အလုပ်အကိုင် အခက်အခဲရှိလာရင် ဒါတွေက သင့်အတွက် အားကိုးရာ ဖြစ်လာမှာပါ။
ကျော့ကေခိုင်
zawgyi
“ကြၽန္ေတာ္ကေတာ့ ကိုယ့္အလုပ္ကို ကိုယ္ခ်စ္ပါတယ္။ ဒါေပမဲ့ ရတဲ့လစာက မိသားစုအတြက္ ေရရွည္မွာ မေလာက္ငေတာ့တာေၾကာင့္ အလုပ္သစ္ ရွာဖို႔ ျပင္ေနပါတယ္။ လက္ရွိေနတဲ့ Bay Area မွာက မီဒီယာအလုပ္အကိုင္ ရွားတာေၾကာင့္ New York ဘက္ ေျပာင္းဖို႔ေတာင္ အတည္အစဥ္းစားေနပါၿပီ။” ဒီစကားကိုေတာ့ Content Producer တစ္ဦးက ေျပာခဲ့တာပါ။ ဒီ Content Producer ရဲ႕ လစာက ဘယ္ေလာက္လဲ၊ လိုခ်င္တာက ဘယ္ေလာက္လဲဆိုတာ အတိအက် မသိရေပမဲ့ အလုပ္တစ္ခုကို ျမတ္ျမတ္ႏိုးႏိုး လုပ္ရတာဟာ စိတ္ပိုင္းဆိုင္ရာအရေရာ၊ လက္ေတြ႕ ေငြေၾကးအရပါ တန္ဖိုးျဖတ္မရတဲ့ အက်ိဳးေက်းဇူးေတြ ရွိပါတယ္။ဥပမာ ကိုယ္ေပ်ာ္တဲ့အလုပ္ကို လုပ္ရရင္ စိတ္ဖိစီးမႈနည္းလို႔ က်န္းမာေရးစရိတ္ သက္သာမယ္၊ အိမ္တြင္းေရး အဆင္ေျပမယ္၊ အလုပ္ၿပီးရင္လည္း စိတ္ပင္ပန္းမႈ နည္းတာေၾကာင့္ အျပင္စာ ဝယ္စားမယ့္အစား အိမ္မွာ ကိုယ္တိုင္ခ်က္ျပဳတ္စားဖို႔ အင္အားရွိေနပါလိမ့္မယ္။ ဒါေတြဟာ သြယ္ဝိုက္တဲ့နည္းနဲ႔ ေငြစုၿပီးသား ျဖစ္ေနတာပါ။
ဒါေၾကာင့္ ကိုယ္ခ်စ္တဲ့အလုပ္ကို လစာတစ္ခုတည္းေၾကာင့္ မစြန႔္ခြာခင္ ဒီအခ်က္ ၅ ခ်က္ကို အရင္လုပ္ၾကည့္ပါဦး။
၁။ လစာအျပင္ တျခားခံစားခြင့္ေတြကို ညႇိႏႈိင္းၾကည့္ပါ
လစာတိုးေပးဖို႔ ေတာင္းဆိုၾကည့္ၿပီးၿပီလား (မေတာင္းရေသးရင္ အရင္ေျပာၾကည့္ပါ)။ တကယ္လို႔ အေျခခံလစာ တိုးဖို႔ ခက္ေနတယ္ဆိုရင္ တစ္ႀကိမ္တစ္ခါေပးတဲ့ Bonus ဒါမွမဟုတ္ အလုပ္ႀကိဳးစားရင္ ရမယ့္ Performance Bonus ေတြကို ညႇိႏႈိင္းၾကည့္ပါ။ ဒါ့အျပင္ ကိုယ္စိုက္ထုတ္ေနရတဲ့ သြားလာစရိတ္ ဒါမွမဟုတ္ သင္တန္းစရိတ္ေတြကို ကုမၸဏီက တာဝန္ယူေပးဖို႔ ေျပာၾကည့္လို႔ ရပါတယ္။ အပိုတာဝန္ေတြ ယူရမယ္ဆိုရင္လည္း ထိုက္တန္တဲ့ အခေၾကးေငြ ရမွသာ လက္ခံပါ။
၂။ အလုပ္ခ်ိန္ကို အဆင္ေျပေအာင္ စီစဥ္ပါ
အလုပ္ခ်ိန္ကို ညႇိႏႈိင္းႏိုင္ရင္ ေငြကုန္သက္သာသလို ဝင္ေငြလည္း တိုးႏိုင္ပါတယ္။ ဥပမာ အိမ္ကေန အလုပ္လုပ္ရတဲ့ရက္ ပိုရရင္ လမ္းစရိတ္ သက္သာမယ္။ အလုပ္အတက္အဆင္း အခ်ိန္ကို ညႇိႏိုင္ရင္ ကေလးႀကိဳတာလိုမ်ိဳး ကိစၥေတြအတြက္ လူငွားခ သက္သာသြားမယ္။ အခ်ိန္ပိုထြက္လာရင္လည္း အျပင္မွာ အပိုဝင္ေငြရွာဖို႔ အခြင့္အလမ္း ပိုရလာမွာပါ။
၃။ အလုပ္ထြက္ရင္ ကုန္က်မယ့္စရိတ္ကို အကုန္တြက္ပါ
အလုပ္သစ္ ရွာေနတာ ေကာင္းေပမဲ့ ေနရာေျပာင္းေ႐ႊ႕ဖို႔ဆိုတာ ေငြတင္မကဘူး၊ အခ်ိန္နဲ႔ လူပင္ပန္းမႈကိုပါ ရင္းရတာပါ။ SF ကေန NY ေျပာင္းရင္ေတာင္ ကုန္ေဈးႏႈန္းက သက္သာမွာ မဟုတ္ပါဘူး။ ေနာက္ၿပီး အလုပ္သစ္မွာ လူသစ္ျဖစ္သြားတဲ့အတြက္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ယုံၾကည္မႈ ျပန္တည္ေဆာက္ရမယ္၊ စီးပြားေရး မတည္ ၿငိမ္ခ်ိန္မွာ အလုပ္ျပဳတ္ႏိုင္ေျခ ပိုမ်ားႏိုင္တဲ့ စြန႔္စားမႈေတြ ရွိပါတယ္။ ဒါေၾကာင့္ အလုပ္သစ္မွာ လစာဘယ္ေလာက္ေတာင္းရမလဲ သိေအာင္ အကုန္အက်အားလုံးကို အရင္တြက္ခ်က္ပါ။
၄။ အသုံးစရိတ္ေတြကို အရင္စစ္ေဆးၾကည့္ပါ
တခ်ိဳ႕ကိစၥေတြမွာ လစာနည္းတာေၾကာင့္ မဟုတ္ဘဲ အသုံးစရိတ္ မ်ားေနတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ အလုပ္ရွာေနတုန္းမွာပဲ မလိုအပ္တဲ့ အသုံးစရိတ္ေတြကို ျဖတ္ေတာက္ၾကည့္ပါ။ တကယ္လို႔ အသုံးစရိတ္ ေလွ်ာ့လိုက္လို႔ အဆင္ေျပသြားရင္ ကိုယ္ခ်စ္တဲ့ အလုပ္ကေန ထြက္စရာ မလိုေတာ့သလို၊ တကယ္လို႔ ထြက္ျဖစ္ခဲ့ရင္ေတာင္ စုမိေဆာင္းမိ ပိုရွိသြားတာေပါ့။
၅။ ကိုယ္တိုင္ ပါဝင္လုပ္စရာမလိုတဲ့ ဝင္ေငြလမ္းေၾကာင္း ရွာပါ
လစာတိုးတာ ဒါမွမဟုတ္ အျပင္အလုပ္ (Freelance) လုပ္တာေတြက ကိုယ္တိုင္ အခ်ိန္ေပးေနရတုန္းပါပဲ။ ဒါေၾကာင့္ ကိုယ္တိုင္ အၿမဲပါဝင္စရာ မလိုတဲ့ ဝင္ေငြလမ္း ေၾကာင္း (Passive Income) ဥပမာ အိမ္ငွားခ၊ ရွယ္ယာအျမတ္ ဒါမွမဟုတ္ ကိုယ္ဖန္တီးထားတဲ့အရာကေန ရတဲ့ မူပိုင္ခြင့္ခေတြကို ရွာေဖြပါ။ အစပိုင္းမွာေတာ့ အား စိုက္ရမွာမွန္ေပမဲ့ ေရရွည္မွာေတာ့ အလုပ္အကိုင္ အခက္အခဲရွိလာရင္ ဒါေတြက သင့္အတြက္ အားကိုးရာ ျဖစ္လာမွာပါ။
ေက်ာ့ေကခိုင္
Leave a Reply