သင့်ရဲ့ အွန်လိုင်းတည်ရှိမှုက သင့်ရဲ့ Resume ထက် ဘာလို့ပိုအရေးကြီးတာလဲ

ဒီနေ့ခေတ်မှာ နောက်အထပ်လုပ်အကိုင်အခွင့်အလမ်းဆိုတာက ရှာဖွေရေးဘားတစ်ခုကနေ စတင်တာပါ။ သင့်ရဲ့ Brand က ပထမဆုံးအင်တာဗျူးပါပဲ။ သင့်ကိုယ်ရေးရာဇဝင်ကို မဖတ်ခင် သင့်လျှောက်လွှာကို မစစ်ဆေးခင်မှာ သင့်ကို ကုမ္ပဏီတွေဘက်ကနေ Google မှာ ရှာဖွေနေကြပြီဆိုတာ သင်သိပါသလား။ဒါကြောင့် LinkedIn ဖြစ်ဖြစ်၊ အဖွဲ့အစည်းတွင်း Database ဖြစ်ဖြစ်၊ ဉာဏ်ရည်တု (AI) ကိရိယာတွေဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်ချမယ့်သူတွေက လူတိုင်းလုပ်တဲ့အတိုင်းပဲ သင့်ကို အွန်လိုင်းမှာ ရှာကြည့်ကြပါတယ်။

သူတို့တွေ့တာက အရေးကြီးတယ်

စကားကောင်းကောင်းပြောနိုင်ပြီး ခေါင်းဆောင်မှုအမြင်ရှိတယ်လို့ ပြောပေမယ့် အွန်လိုင်းမှာ ပရိုဖိုင်က ငြိမ်သက်နေမယ်၊ ဒါမှမဟုတ် AI နဲ့ ရေးထားတဲ့အကြောင်းအရာတွေပဲ တွေ့ရမယ်ဆိုရင် မကိုက်ညီမှုက သိသာထင်ရှားနေမှာပါ။ သင်ပြောတဲ့ဇာတ်လမ်းနဲ့ တခြားသူတွေ အတည်ပြုနိုင်တဲ့အရာကြားက ကွာဟချက်က သံသယဖြစ်စေရုံသာမကပါဘူး။ ယုံကြည်မှု မတည်ဆောက်နိုင်ခင်မှာပဲ သင့်ကိုအရည် အချင်းမပြည့်မီဘူးလို့ သတ်မှတ်လိုက်နိုင်ပါတယ်။

ဒီနေ့ခေတ်အလုပ်ရှင်တွေက သင်ဘာလုပ်ခဲ့လဲဆိုတာအတွက်ပဲ ခန့်တာမဟုတ်ပါဘူး။ သင်ဘယ်သူလဲ၊ နောက်လာမယ့်အရာတွေကို ဘယ်လိုလိုက်လျောညီထွေဖြစ်အောင် လုပ်မလဲဆိုတာအတွက် ခန့်တာပါ။ ဒါကြောင့် အလုပ်ခန့်ထားရေး မန်နေဂျာတွေက သင်တင်ပြတာကိုပဲ အားမကိုးကြတော့ဘူး။ သင့်ကိုယ်ရေးရာဇဝင်တင်မကဘဲ သင့်အလုပ်တွေကို မြင်နိုင်တဲ့ နေရာတိုင်းမှာ အချက်ပြမှုတွေကို ရှာဖွေနေကြတယ်။ LinkedIn ပရိုဖိုင်ကို ပစ်ထားရင် အနီရောင်အလံပြသလိုဖြစ်နေပါပြီ။ သင်ကျွမ်းကျင်တယ်လို့ ပြောထားတဲ့အရာနဲ့ မကိုက်ညီတဲ့ အွန်လိုင်းတည်ရှိမှုက မေးခွန်းထုတ်စရာတွေဖြစ်စေတယ်။

Forbes မှပြောကြားချက်အရ ခေါင်းဆောင်မှုအမြင်တွေက AI နဲ့ ရေးထားတယ်လို့ ထင်ရှားနေရင် ယုံကြည်မှုပျက်ပြားစေတယ်။ အွန်လိုင်းမှာ ပထမဆုံးတွေ့တဲ့အရာကို ယုံကြည်တဲ့ကမ္ဘာမှာ တသမတ်တည်းရှိမှုနဲ့ စစ်မှန်မှုက မဖြစ်မနေလိုအပ်တဲ့အရာတွေပါ။ ဒါတွေက အခြေခံအုတ်မြစ်တွေပါ။ယုံကြည်မှုကို ပြင်ပလူကို ဘာလို့အပ်လို့မရတာလဲကိုယ်ရေးရာဇဝင်ဝန်ဆောင်မှုတွေ၊ ပရိုဖိုင်ရေးသားသူတွေ၊ ဒါမှမဟုတ် PR ကုမ္ပဏီတွေဆီ သွားအပ်တာက အခြေခံအုတ်မြစ်က မမှန်ကန်ဘူးဆိုရင် ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ကိုယ်ပိုင်အမှတ်တံဆိပ် (Personal Brand) ဆိုတာ ဖန်တီးလို့မရပါဘူး။ အဲဒါက တကယ့်ဘဝမှာ နေထိုင်တာဖြစ်ရပါမယ်။

အလုပ်စျေးကွက်က သင်ပြောတဲ့အရာ၊ သင်ပြသတဲ့အရာနဲ့ တခြားသူတွေ ရှာတွေ့နိုင်တဲ့အရာတွေ ကိုက်ညီတဲ့အခါ ဆုချလေ့ရှိပါတယ်။ ဒါက မြင်နိုင်စွမ်းကိုပဲ လိုက်နေတာမဟုတ်ဘူး။ လူတွေက သင့်အကြောင်းလေ့လာဖို့ သွားတဲ့နေရာတွေမှာ သင့်ကျွမ်းကျင်မှု၊ တန်ဖိုးတွေနဲ့ ရည်မှန်းချက်တွေ မြင်နိုင်အောင်လုပ်ထားဖို့ လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။စစ်မှန်မှုက ပြီးပြည့်စုံမှုထက် ပိုအရေးကြီးတယ်။ သင်ဘယ်သူလဲဆိုတာကို တကယ်ထင်ဟပ်တဲ့ ပရိုဖိုင် (သို့) Portfolio တစ်ခုက ပြီးပြည့်စုံပေမယ့် ပုံမှန်အတိုင်းဖြစ်နေတဲ့အရာထက် ယုံကြည်မှုကို ပိုပြီးတည်ဆောက်ပေးပါလိမ့်မယ်။

ရည်ရွယ်ချက်က လူတိုင်းကို အထင်ကြီးစေဖို့မဟုတ်ဘူး။ မှန်ကန်တဲ့လူတွေက သင်ယူဆောင်လာတဲ့အရာကို အလွယ်တကူသိရှိနိုင်စေဖို့ပဲ ဖြစ်ပါတယ်။သင့်လျှောက်လွှာက ဇာတ်လမ်းတစ်ပုဒ်ပြောပြီး သင့်အွန်လိုင်းတည်ရှိမှုက တခြားတစ်ခုပြောနေရင် (ဒါမှမဟုတ် ဘာမှမရှိဘူးဆိုရင်) အလုပ်ခန့်သူတွေနဲ့ မန်နေဂျာတွေက သင့်ကို ကျော်သွားနိုင်ပါတယ်။ ဒါက အရည်အချင်းမရှိလို့မဟုတ်ဘဲ၊ သက်သေအ ထောက်အထားမရှိလို့ပါ။ အလုပ်ရှင်တွေက သင့်ပို့စ်တွေ၊ သင့်ထောက်ခံချက်တွေနဲ့ သင်ဘယ်လိုပေါ်လာလဲဆိုတဲ့နေရာတွေမှာ သက်သေအထောက်အထားကို မြင်ချင်ကြပါတယ်။

မလိုခင်ကတည်းက မြင်နိုင်စွမ်းကို တည်ဆောက်ထားပါ

အလုပ်အကိုင်ပြောင်းလဲနေတဲ့ ဒါမှမဟုတ် အလုပ်စျေးကွက်ထဲ ပြန်ဝင်ဖို့ကြိုးစားနေတဲ့ ကျွမ်းကျင်သူတွေအတွက် သတင်းစကားက ရှင်းပါတယ်။ မလိုအပ်ခင်ကတည်းက သင့်ရဲ့မြင်နိုင်စွမ်းကို တည်ဆောက်ထားပါ။ သင့်ဒစ်ဂျစ်တယ်တည်ရှိမှုက သင့်ရည်မှန်းချက်တွေကိုတင်မကဘဲ သင့်ရဲ့တကယ့်အားသာချက်တွေကိုပါ ထင်ဟပ်နေအောင် သေချာပါစေ။ ပြီးတော့ သင့်အလုပ်ကို တကယ်မသိတဲ့တစ်စုံတစ် ယောက်၊ ဒါမှမဟုတ် တစ်စုံတစ်ရာကို သင့်အသံကို အပ်နှံဖို့ မလုပ်ပါနဲ့။ ဆိုလိုတာက တခြားတယောက်ကို ကိုယ်ရေးရာဇဝင်ရေးပေးဖို့အပ်နှံတာမျိုး မလုပ်ပါနဲ့။ ဘာလို့လဲဆိုတော့ သင်စီမံသည်ဖြစ်စေ၊ မစီမံသည်ဖြစ်စေ သင့်မှာ ကိုယ်ပိုင်အမှတ်တံဆိပ်ရှိနေလို့ပါပဲ။

တကယ်သလို့ သင်ဟာ စက်မှုလုပ်ငန်းအသစ်တစ်ခုဆီ ကူးပြောင်းသွားခဲ့ရင် အဲဒီအကြောင်းကို ပြောပြပါ။ ခရီးစဉ်၊ သင်ယူခဲ့တာတွေနဲ့ အဲဒီနေရာကို ရောက်အောင်လုပ်ခဲ့တဲ့ သိလိုစိတ်တွေကို မျှဝေပါ။ ခေါင်းဆောင်တစ်ဦးအဖြစ် မြင်ချင်တယ်ဆိုရင် ပုံမှန်နဲ့ ထင်ရှားစွာ ပံ့ပိုးမှုလုပ်ပါ။ လူမှုကွန်ရက်ပေါ်မှာ လူသိများဖို့မဟုတ်ဘဲ လမ်းကြောင်းတစ်ခုတည်ဆောက်ဖို့ပါ။ လမ်းကြောင်းတွေက ယုံကြည်မှုကို တည် ဆောက်ပေးပါတယ်။

အရေးကြီးဆုံးကတော့ သင့်ကိုယ်ပိုင်အမှတ်အသားကို ပြင်ပလူကိုလုပ်ကိုခိုင်းတာကို ရပ်လိုက်ပါ။ ကိရိယာတွေက သင့်ကို ထောက်ပံ့ပေးနိုင်ပါတယ်။ PR က သင့်ကို ချဲ့ထွင်ပေးနိုင်ပါတယ်။ ဒါပေမယ့် သင့်ဇာတ်လမ်း (သင့်ရဲ့တကယ့်၊ တသမတ်တည်းရှိတဲ့၊ မြင်သာတဲ့ဇာတ် လမ်း) က သင့်ဆီကနေပဲ လာနိုင်ပါတယ်။ အလုပ်ရဲ့အနာဂတ်က မြင်နိုင်စွမ်းကို လိုအပ်တယ်။ ဒါပေမယ့် ဘယ်လိုမြင်နိုင်စွမ်းမျိုးမဆိုမဟုတ်ပါဘူး။

ဒါဟာ သင်ဘယ်သူလဲ၊ သင်ဘာကိုတကယ်သိလဲ၊ သင်ဘာကိုတကယ်လုပ်နေလဲဆိုတာကို ထင်ဟပ်တဲ့ မြင်နိုင်စွမ်းမျိုးဖြစ်ပြီး၊ တခြားတစ်ယောက်ယောက်က ရောင်းကောင်းမယ်လို့ ထင်တဲ့ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အမှန်တရားဖြစ်တဲ့ ဇာတ်လမ်းကို မျှဝေဖို့ပါပဲ။

ကျော့ကေခိုင်

zawgyi

ဒီေန႔ေခတ္မွာ ေနာက္အထပ္လုပ္အကိုင္အခြင့္အလမ္းဆိုတာက ရွာေဖြေရးဘားတစ္ခုကေန စတင္တာပါ။ သင့္ရဲ႕ Brand က ပထမဆုံးအင္တာဗ်ဴးပါပဲ။ သင့္ကိုယ္ေရးရာဇဝင္ကို မဖတ္ခင္ သင့္ေလွ်ာက္လႊာကို မစစ္ေဆးခင္မွာ သင့္ကို ကုမၸဏီေတြဘက္ကေန Google မွာ ရွာေဖြေနၾကၿပီဆိုတာ သင္သိပါသလား။ဒါေၾကာင့္ LinkedIn ျဖစ္ျဖစ္၊ အဖြဲ႕အစည္းတြင္း Database ျဖစ္ျဖစ္၊ ဉာဏ္ရည္တု (AI) ကိရိယာေတြျဖစ္ျဖစ္၊ ဆုံးျဖတ္ခ်က္ခ်မယ့္သူေတြက လူတိုင္းလုပ္တဲ့အတိုင္းပဲ သင့္ကို အြန္လိုင္းမွာ ရွာၾကည့္ၾကပါတယ္။

သူတို႔ေတြ႕တာက အေရးႀကီးတယ္

စကားေကာင္းေကာင္းေျပာႏိုင္ၿပီး ေခါင္းေဆာင္မႈအျမင္ရွိတယ္လို႔ ေျပာေပမယ့္ အြန္လိုင္းမွာ ပ႐ိုဖိုင္က ၿငိမ္သက္ေနမယ္၊ ဒါမွမဟုတ္ AI နဲ႔ ေရးထားတဲ့အေၾကာင္းအရာေတြပဲ ေတြ႕ရမယ္ဆိုရင္ မကိုက္ညီမႈက သိသာထင္ရွားေနမွာပါ။ သင္ေျပာတဲ့ဇာတ္လမ္းနဲ႔ တျခားသူေတြ အတည္ျပဳႏိုင္တဲ့အရာၾကားက ကြာဟခ်က္က သံသယျဖစ္ေစ႐ုံသာမကပါဘူး။ ယုံၾကည္မႈ မတည္ေဆာက္ႏိုင္ခင္မွာပဲ သင့္ကိုအရည္ အခ်င္းမျပည့္မီဘူးလို႔ သတ္မွတ္လိုက္ႏိုင္ပါတယ္။

ဒီေန႔ေခတ္အလုပ္ရွင္ေတြက သင္ဘာလုပ္ခဲ့လဲဆိုတာအတြက္ပဲ ခန႔္တာမဟုတ္ပါဘူး။ သင္ဘယ္သူလဲ၊ ေနာက္လာမယ့္အရာေတြကို ဘယ္လိုလိုက္ေလ်ာညီေထြျဖစ္ေအာင္ လုပ္မလဲဆိုတာအတြက္ ခန႔္တာပါ။ ဒါေၾကာင့္ အလုပ္ခန႔္ထားေရး မန္ေနဂ်ာေတြက သင္တင္ျပတာကိုပဲ အားမကိုးၾကေတာ့ဘူး။ သင့္ကိုယ္ေရးရာဇဝင္တင္မကဘဲ သင့္အလုပ္ေတြကို ျမင္ႏိုင္တဲ့ ေနရာတိုင္းမွာ အခ်က္ျပမႈေတြကို ရွာေဖြေနၾကတယ္။ LinkedIn ပ႐ိုဖိုင္ကို ပစ္ထားရင္ အနီေရာင္အလံျပသလိုျဖစ္ေနပါၿပီ။ သင္ကြၽမ္းက်င္တယ္လို႔ ေျပာထားတဲ့အရာနဲ႔ မကိုက္ညီတဲ့ အြန္လိုင္းတည္ရွိမႈက ေမးခြန္းထုတ္စရာေတြျဖစ္ေစတယ္။

Forbes မွေျပာၾကားခ်က္အရ ေခါင္းေဆာင္မႈအျမင္ေတြက AI နဲ႔ ေရးထားတယ္လို႔ ထင္ရွားေနရင္ ယုံၾကည္မႈပ်က္ျပားေစတယ္။ အြန္လိုင္းမွာ ပထမဆုံးေတြ႕တဲ့အရာကို ယုံၾကည္တဲ့ကမာၻမွာ တသမတ္တည္းရွိမႈနဲ႔ စစ္မွန္မႈက မျဖစ္မေနလိုအပ္တဲ့အရာေတြပါ။ ဒါေတြက အေျခခံအုတ္ျမစ္ေတြပါ။ယုံၾကည္မႈကို ျပင္ပလူကို ဘာလို႔အပ္လို႔မရတာလဲကိုယ္ေရးရာဇဝင္ဝန္ေဆာင္မႈေတြ၊ ပ႐ိုဖိုင္ေရးသားသူေတြ၊ ဒါမွမဟုတ္ PR ကုမၸဏီေတြဆီ သြားအပ္တာက အေျခခံအုတ္ျမစ္က မမွန္ကန္ဘူးဆိုရင္ ျပႆနာကို ေျဖရွင္းႏိုင္မွာမဟုတ္ဘူး။ ကိုယ္ပိုင္အမွတ္တံဆိပ္ (Personal Brand) ဆိုတာ ဖန္တီးလို႔မရပါဘူး။ အဲဒါက တကယ့္ဘဝမွာ ေနထိုင္တာျဖစ္ရပါမယ္။

အလုပ္ေစ်းကြက္က သင္ေျပာတဲ့အရာ၊ သင္ျပသတဲ့အရာနဲ႔ တျခားသူေတြ ရွာေတြ႕ႏိုင္တဲ့အရာေတြ ကိုက္ညီတဲ့အခါ ဆုခ်ေလ့ရွိပါတယ္။ ဒါက ျမင္ႏိုင္စြမ္းကိုပဲ လိုက္ေနတာမဟုတ္ဘူး။ လူေတြက သင့္အေၾကာင္းေလ့လာဖို႔ သြားတဲ့ေနရာေတြမွာ သင့္ကြၽမ္းက်င္မႈ၊ တန္ဖိုးေတြနဲ႔ ရည္မွန္းခ်က္ေတြ ျမင္ႏိုင္ေအာင္လုပ္ထားဖို႔ လိုတယ္ဆိုတဲ့ အဓိပၸာယ္ပါပဲ။စစ္မွန္မႈက ၿပီးျပည့္စုံမႈထက္ ပိုအေရးႀကီးတယ္။ သင္ဘယ္သူလဲဆိုတာကို တကယ္ထင္ဟပ္တဲ့ ပ႐ိုဖိုင္ (သို႔) Portfolio တစ္ခုက ၿပီးျပည့္စုံေပမယ့္ ပုံမွန္အတိုင္းျဖစ္ေနတဲ့အရာထက္ ယုံၾကည္မႈကို ပိုၿပီးတည္ေဆာက္ေပးပါလိမ့္မယ္။

ရည္႐ြယ္ခ်က္က လူတိုင္းကို အထင္ႀကီးေစဖို႔မဟုတ္ဘူး။ မွန္ကန္တဲ့လူေတြက သင္ယူေဆာင္လာတဲ့အရာကို အလြယ္တကူသိရွိႏိုင္ေစဖို႔ပဲ ျဖစ္ပါတယ္။သင့္ေလွ်ာက္လႊာက ဇာတ္လမ္းတစ္ပုဒ္ေျပာၿပီး သင့္အြန္လိုင္းတည္ရွိမႈက တျခားတစ္ခုေျပာေနရင္ (ဒါမွမဟုတ္ ဘာမွမရွိဘူးဆိုရင္) အလုပ္ခန႔္သူေတြနဲ႔ မန္ေနဂ်ာေတြက သင့္ကို ေက်ာ္သြားႏိုင္ပါတယ္။ ဒါက အရည္အခ်င္းမရွိလို႔မဟုတ္ဘဲ၊ သက္ေသအ ေထာက္အထားမရွိလို႔ပါ။ အလုပ္ရွင္ေတြက သင့္ပို႔စ္ေတြ၊ သင့္ေထာက္ခံခ်က္ေတြနဲ႔ သင္ဘယ္လိုေပၚလာလဲဆိုတဲ့ေနရာေတြမွာ သက္ေသအေထာက္အထားကို ျမင္ခ်င္ၾကပါတယ္။

မလိုခင္ကတည္းက ျမင္ႏိုင္စြမ္းကို တည္ေဆာက္ထားပါ

အလုပ္အကိုင္ေျပာင္းလဲေနတဲ့ ဒါမွမဟုတ္ အလုပ္ေစ်းကြက္ထဲ ျပန္ဝင္ဖို႔ႀကိဳးစားေနတဲ့ ကြၽမ္းက်င္သူေတြအတြက္ သတင္းစကားက ရွင္းပါတယ္။ မလိုအပ္ခင္ကတည္းက သင့္ရဲ႕ျမင္ႏိုင္စြမ္းကို တည္ေဆာက္ထားပါ။ သင့္ဒစ္ဂ်စ္တယ္တည္ရွိမႈက သင့္ရည္မွန္းခ်က္ေတြကိုတင္မကဘဲ သင့္ရဲ႕တကယ့္အားသာခ်က္ေတြကိုပါ ထင္ဟပ္ေနေအာင္ ေသခ်ာပါေစ။ ၿပီးေတာ့ သင့္အလုပ္ကို တကယ္မသိတဲ့တစ္စုံတစ္ ေယာက္၊ ဒါမွမဟုတ္ တစ္စုံတစ္ရာကို သင့္အသံကို အပ္ႏွံဖို႔ မလုပ္ပါနဲ႔။ ဆိုလိုတာက တျခားတေယာက္ကို ကိုယ္ေရးရာဇဝင္ေရးေပးဖို႔အပ္ႏွံတာမ်ိဳး မလုပ္ပါနဲ႔။ ဘာလို႔လဲဆိုေတာ့ သင္စီမံသည္ျဖစ္ေစ၊ မစီမံသည္ျဖစ္ေစ သင့္မွာ ကိုယ္ပိုင္အမွတ္တံဆိပ္ရွိေနလို႔ပါပဲ။

တကယ္သလို႔ သင္ဟာ စက္မႈလုပ္ငန္းအသစ္တစ္ခုဆီ ကူးေျပာင္းသြားခဲ့ရင္ အဲဒီအေၾကာင္းကို ေျပာျပပါ။ ခရီးစဥ္၊ သင္ယူခဲ့တာေတြနဲ႔ အဲဒီေနရာကို ေရာက္ေအာင္လုပ္ခဲ့တဲ့ သိလိုစိတ္ေတြကို မွ်ေဝပါ။ ေခါင္းေဆာင္တစ္ဦးအျဖစ္ ျမင္ခ်င္တယ္ဆိုရင္ ပုံမွန္နဲ႔ ထင္ရွားစြာ ပံ့ပိုးမႈလုပ္ပါ။ လူမႈကြန္ရက္ေပၚမွာ လူသိမ်ားဖို႔မဟုတ္ဘဲ လမ္းေၾကာင္းတစ္ခုတည္ေဆာက္ဖို႔ပါ။ လမ္းေၾကာင္းေတြက ယုံၾကည္မႈကို တည္ ေဆာက္ေပးပါတယ္။

အေရးႀကီးဆုံးကေတာ့ သင့္ကိုယ္ပိုင္အမွတ္အသားကို ျပင္ပလူကိုလုပ္ကိုခိုင္းတာကို ရပ္လိုက္ပါ။ ကိရိယာေတြက သင့္ကို ေထာက္ပံ့ေပးႏိုင္ပါတယ္။ PR က သင့္ကို ခ်ဲ႕ထြင္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ဇာတ္လမ္း (သင့္ရဲ႕တကယ့္၊ တသမတ္တည္းရွိတဲ့၊ ျမင္သာတဲ့ဇာတ္ လမ္း) က သင့္ဆီကေနပဲ လာႏိုင္ပါတယ္။ အလုပ္ရဲ႕အနာဂတ္က ျမင္ႏိုင္စြမ္းကို လိုအပ္တယ္။ ဒါေပမယ့္ ဘယ္လိုျမင္ႏိုင္စြမ္းမ်ိဳးမဆိုမဟုတ္ပါဘူး။

ဒါဟာ သင္ဘယ္သူလဲ၊ သင္ဘာကိုတကယ္သိလဲ၊ သင္ဘာကိုတကယ္လုပ္ေနလဲဆိုတာကို ထင္ဟပ္တဲ့ ျမင္ႏိုင္စြမ္းမ်ိဳးျဖစ္ၿပီး၊ တျခားတစ္ေယာက္ေယာက္က ေရာင္းေကာင္းမယ္လို႔ ထင္တဲ့ဇာတ္လမ္းမ်ိဳးမဟုတ္ဘူး။ အမွန္တရားျဖစ္တဲ့ ဇာတ္လမ္းကို မွ်ေဝဖို႔ပါပဲ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*