နှစ်သစ်အစမှာ နည်းနည်းရုန်းကန်ခဲ့ရပေမဲ့ ၂၀၂၆ ဖေဖော်ဝါရီလထဲ ရောက်တဲ့အခါမှာတော့ အဓိက ဂြိုဟ်အပြောင်းအလဲတွေကြောင့် အခြေအနေတွေက ပိုကောင်းတဲ့ဘက်ကို ဦးတည်လာတော့မှာပါ။ ဗေဒင်ဆရာ Trenton Wayne ကတော့ “ငါတို့အားလုံး စောင့်မျှော်နေတဲ့ အပြောင်းအလဲကြီးတွေ ဒီလမှာ စတင်တော့မယ်” လို့ ဆိုပါတယ်။ အရင်က တစ်ခုခုမှာ ပိတ်မိနေသလို ခံစားနေရရင် အခု အခွင့်အလမ်းသစ်တွေ ပေါ်လာတော့မှာပါ။ ဒီရာသီဖွားတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
Pisces
မိန်ရာသီဖွားတွေအတွက်တော့ ၂၀၂၃ ခုနှစ်ကတည်းက သင့်အပေါ်မှာ လွှမ်းမိုးထားတဲ့ စည်းကမ်းကြီးလွန်းတဲ့ “စနေဂြိုဟ်” (Saturn) က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထွက်ခွာသွားတော့မှာ ဖြစ်တဲ့အတွက် အသက်ရှူချောင်သွားပါပြီ။ အရင်နှစ်တွေမှာ တာဝန်တွေပိပြီး ဖိအားတွေများခဲ့ပေမဲ့ အခုအခါမှာတော့ Career ပိုင်းမှာ အခွင့်အ လမ်းကောင်းတွေနဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေကို ရရှိလာတော့မှာပါ။ အရင်ကထက် ခွန်အားတွေ ပိုရှိလာသလို ခံစားရပါလိမ့်မယ်။
Gemini
အလုပ်အကိုင်နဲ့ ပတ်သက်ပြီး နာမည်ကောင်းရချင်တာ၊ အောင်မြင်ချင်တာတွေကို မျှော်လင့်နေတဲ့ မေထုန်ရာသီဖွားတွေအတွက် သတင်းကောင်းပါပဲ။ စနေဂြိုဟ် ရာသီပြောင်းသွားတဲ့အတွက် အလုပ်ထဲမှာ ခံစားခဲ့ရတဲ့ ပြင်းထန်တဲ့ ဖိအားတွေက လျော့ကျသွားပါလိမ့်မယ်။ အရင်က လူသိမခံရတာ၊ အလုပ်ကို အသိအမှတ်မပြုခံရတာတွေ ရှိခဲ့ရင်တောင် ဖေဖော်ဝါရီလကစလို့ လူမှုပတ်ဝန်းကျင်နဲ့ အလုပ်နယ်ပယ်မှာ လူအများရဲ့ စိတ်ဝင်စားမှုနဲ့ အာရုံစိုက်မှုကို ရရှိလာပြီး ပခုံးပေါ်က အလေးကြီးတစ်ခု ပြုတ်ကျသွားသလို ပေါ့ပါးပျော်ရွှင်ရပါလိမ့်မယ်။
Virgo
ကန်ရာသီဖွားတွေအတွက်ကတော့ အချစ်ရေးပိုင်းမှာ ထူးထူးခြားခြား ကောင်းမွန်လာမယ့်လပါ။ ၂၀၂၃ ကတည်းက အချစ်ရေးမှာ စည်းကမ်းတွေ၊ ကန့်သတ်ချက်တွေနဲ့ စိတ်ပင်ပန်းခဲ့ရပေမဲ့ ဖေဖော်ဝါရီမှာတော့ အားလုံး ပြောင်းလဲသွားပါလိမ့်မယ်။ စိတ်ခံစားမှုပိုင်းဆိုင်ရာ ချိတ်ဆက်မှုတွေ၊ ယုံကြည်မှုတွေ ပိုခိုင်မာလာပြီး အရင်က သင့်ကို ဆွဲထားတဲ့ အနှောင်အဖွဲ့တွေကနေ လွတ်မြောက်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပြီး ပိုပြီးအင်အားရှိတဲ့ ဘဝလမ်းကို လျှောက်လှမ်းရတော့မှာပါ။
ကျော့ကေခိုင်
zawgyi
ႏွစ္သစ္အစမွာ နည္းနည္း႐ုန္းကန္ခဲ့ရေပမဲ့ ၂၀၂၆ ေဖေဖာ္ဝါရီလထဲ ေရာက္တဲ့အခါမွာေတာ့ အဓိက ၿဂိဳဟ္အေျပာင္းအလဲေတြေၾကာင့္ အေျခအေနေတြက ပိုေကာင္းတဲ့ဘက္ကို ဦးတည္လာေတာ့မွာပါ။ ေဗဒင္ဆရာ Trenton Wayne ကေတာ့ “ငါတို႔အားလုံး ေစာင့္ေမွ်ာ္ေနတဲ့ အေျပာင္းအလဲႀကီးေတြ ဒီလမွာ စတင္ေတာ့မယ္” လို႔ ဆိုပါတယ္။ အရင္က တစ္ခုခုမွာ ပိတ္မိေနသလို ခံစားေနရရင္ အခု အခြင့္အလမ္းသစ္ေတြ ေပၚလာေတာ့မွာပါ။ ဒီရာသီဖြားေတြကေတာ့ ေအာက္ပါအတိုင္းပဲျဖစ္ပါတယ္။
Pisces
မိန္ရာသီဖြားေတြအတြက္ေတာ့ ၂၀၂၃ ခုႏွစ္ကတည္းက သင့္အေပၚမွာ လႊမ္းမိုးထားတဲ့ စည္းကမ္းႀကီးလြန္းတဲ့ “စေနၿဂိဳဟ္” (Saturn) က ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔မွာ ထြက္ခြာသြားေတာ့မွာ ျဖစ္တဲ့အတြက္ အသက္ရႉေခ်ာင္သြားပါၿပီ။ အရင္ႏွစ္ေတြမွာ တာဝန္ေတြပိၿပီး ဖိအားေတြမ်ားခဲ့ေပမဲ့ အခုအခါမွာေတာ့ Career ပိုင္းမွာ အခြင့္အ လမ္းေကာင္းေတြနဲ႔ ထိုက္တန္တဲ့ အသိအမွတ္ျပဳမႈေတြကို ရရွိလာေတာ့မွာပါ။ အရင္ကထက္ ခြန္အားေတြ ပိုရွိလာသလို ခံစားရပါလိမ့္မယ္။
Gemini
အလုပ္အကိုင္နဲ႔ ပတ္သက္ၿပီး နာမည္ေကာင္းရခ်င္တာ၊ ေအာင္ျမင္ခ်င္တာေတြကို ေမွ်ာ္လင့္ေနတဲ့ ေမထုန္ရာသီဖြားေတြအတြက္ သတင္းေကာင္းပါပဲ။ စေနၿဂိဳဟ္ ရာသီေျပာင္းသြားတဲ့အတြက္ အလုပ္ထဲမွာ ခံစားခဲ့ရတဲ့ ျပင္းထန္တဲ့ ဖိအားေတြက ေလ်ာ့က်သြားပါလိမ့္မယ္။ အရင္က လူသိမခံရတာ၊ အလုပ္ကို အသိအမွတ္မျပဳခံရတာေတြ ရွိခဲ့ရင္ေတာင္ ေဖေဖာ္ဝါရီလကစလို႔ လူမႈပတ္ဝန္းက်င္နဲ႔ အလုပ္နယ္ပယ္မွာ လူအမ်ားရဲ႕ စိတ္ဝင္စားမႈနဲ႔ အာ႐ုံစိုက္မႈကို ရရွိလာၿပီး ပခုံးေပၚက အေလးႀကီးတစ္ခု ျပဳတ္က်သြားသလို ေပါ့ပါးေပ်ာ္႐ႊင္ရပါလိမ့္မယ္။
Virgo
ကန္ရာသီဖြားေတြအတြက္ကေတာ့ အခ်စ္ေရးပိုင္းမွာ ထူးထူးျခားျခား ေကာင္းမြန္လာမယ့္လပါ။ ၂၀၂၃ ကတည္းက အခ်စ္ေရးမွာ စည္းကမ္းေတြ၊ ကန႔္သတ္ခ်က္ေတြနဲ႔ စိတ္ပင္ပန္းခဲ့ရေပမဲ့ ေဖေဖာ္ဝါရီမွာေတာ့ အားလုံး ေျပာင္းလဲသြားပါလိမ့္မယ္။ စိတ္ခံစားမႈပိုင္းဆိုင္ရာ ခ်ိတ္ဆက္မႈေတြ၊ ယုံၾကည္မႈေတြ ပိုခိုင္မာလာၿပီး အရင္က သင့္ကို ဆြဲထားတဲ့ အေႏွာင္အဖြဲ႕ေတြကေန လြတ္ေျမာက္သြားပါလိမ့္မယ္။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိလာၿပီး ပိုၿပီးအင္အားရွိတဲ့ ဘဝလမ္းကို ေလွ်ာက္လွမ္းရေတာ့မွာပါ။
ေက်ာ့ေကခိုင္
Leave a Reply