ဒီဆောင်းပါးဟာ ရေချယ် ဝဲလ်စ်ဆိုတဲ့ အလုပ်လျှောက်ထားသူတစ်ဦးက “စိတ်မကောင်းစွာနဲ့ပဲ သင့်ကို နောက်တစ်ဆင့်အတွက် ရွေးချယ်ခြင်း မပြုနိုင်ပါဘူး” ဆိုတဲ့ အီးမေးလ်တွေကို လက်ခံရရှိရာကနေ စတင်ထားတာပါ။ ပုံမှန်အားဖြင့်တော့ ဒီလိုစာမျိုးရရင် စိတ်ပျက်အားငယ်ရမှာ ဖြစ်ပေမဲ့၊ ဒီတစ်ခါမှာတော့ စာရေးသူက အဲဒီအတွေ့အကြုံကို အကောင်းမြင်စိတ်နဲ့ တန်ဖိုးထားမိခဲ့ပြီး Forbes မဂ္ဂဇင်းမှာ မျှဝေထားတာပါ။
ယနေ့ခေတ် အလုပ်အကိုင်ဈေးကွက်ဟာ အလွန်အမင်း ပြိုင်ဆိုင်မှု ပြင်းထန်နေပါတယ်။ အထူးသဖြင့် အဝေးရောက်အလုပ် (Remote) နဲ့ ရုံးတက်/အိမ်မှာ ပေါင်းစပ်အလုပ် (Hybrid) တွေအတွက်ဆိုရင် အရည်အချင်းရှိသူတွေ အများကြီး လျှောက်ထားကြတာပါ။ အလုပ်လျှောက်တဲ့သူတစ်ယောက်အနေနဲ့ “ငြင်းပယ်ခံရခြင်း” ကို ခံနိုင်ရည်ရှိဖို့နဲ့ စိတ်ဓာတ်ကြံ့ခိုင်ဖို့ အရမ်းလိုအပ်ပါတယ်။
ပုံမှန်အေးစက်စက် ငြင်းပယ်စာများ
အလုပ်လျှောက်သူအများစု ရရှိလေ့ရှိတဲ့ အီးမေးလ်တွေဟာ စက်ရုပ်ဆန်နေတတ်ပါတယ်။ ကုမ္ပဏီနာမည်နဲ့ “The Hiring Team” ဆိုပြီး စက်နဲ့ရိုက်ထားသလို အေး စက်စက်စာမျိုး ဖြစ်တတ်ပါတယ်။ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုဘဲ လူတစ်ယောက်ကို အလွယ်တကူ အစားထိုးလို့ရတဲ့ ပစ္စည်းတစ်ခုလို ဆက်ဆံခံရသလို ခံစားရစေပါတယ်။ အဆိုးဆုံးကတော့ ဘာအကြောင်းမှ ပြန်မလာဘဲ ပစ်ထားခြင်း ခံရတာမျိုးပါ။
ခြားနားတဲ့ အလုပ်ငြင်းပယ်စာ (၂) စောင်
စာရေးသူဟာ Senior Leadership ရာထူးအတွက် အလုပ်လျှောက်ရင်း ကုမ္ပဏီနှစ်ခုဆီက ငြင်းပယ်စာ ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာတွေက သူ့ကို အံ့သြသွားစေခဲ့တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ဖတ်လိုက်တာနဲ့ တစ်ဖက်လူရဲ့ ခံစားချက်ကို နားလည်ပေးတယ်ဆိုတာ သိသာပါတယ်။ လျှောက်ထားသူ ပေးဆပ်ခဲ့တဲ့ အချိန်နဲ့ ကြိုးစားမှုကို အသိအမှတ်ပြုကြောင်း ဖော်ပြထားပါတယ်။ စက်နဲ့ပို့တဲ့စာ (Auto-reply) ဖြစ်နေရင်တောင်မှ လူတစ်ယောက်က ကိုယ်တိုင် လက်နဲ့ရေပေးလိုက်သလို နွေးထွေးမှုကို ခံစားရစေပါတယ်။အဲဒီစာတွေက စာရေးသူကို “အလုပ်မရတာဟာ မင်းရဲ့အပြစ် မဟုတ်ဘူး” ဆိုတာကို သတိပေးလိုက်သလိုဖြစ်ပြီး ပိုလို့တောင် စိတ်အားတက်ကြွစေခဲ့ပါတယ်လို့ ဆိုပါတယ်။
အလုပ်ရှင်များအတွက် သင်ခန်းစာ
အလုပ်ရှင်တွေအနေနဲ့ ငြင်းပယ်စာတွေကို သေချာရေးသားခြင်းအားဖြင့် ဒီလိုအကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။အလုပ်မရသူကတောင် ဒီကုမ္ပဏီဟာ လူကိုလူလို ဆက်ဆံတတ်တယ်ဆိုပြီး တခြားသူတွေကို ပြန်ညွှန်းပေးတဲ့ ကုမ္ပဏီပုံရိပ်ကို ရရှိနိုင်ပါတယ်။ အခုလက်ရှိ ရာထူးနဲ့ မကိုက်ညီပေမဲ့ နောင်တစ်ချိန်မှာ တကယ်တော်တဲ့သူတွေကို ကုမ္ပဏီနဲ့ ဆက်သွယ်မှုရှိနေအောင် ထိန်းထားနိုင်ပါတယ်။ စာတစ်စောင်ကနေတစ်ဆင့် အဲဒီကုမ္ပဏီရဲ့ ခေါင်းဆောင်မှုနဲ့ ယဉ်ကျေးမှုဟာ ဘယ်လောက်အထိ မြင့်မားသလဲဆိုတာကို ပြောပြနေပါတယ်။
အလုပ်လျှောက်သူတိုင်းဟာ အလုပ်ရချင်မှ ရပါလိမ့်မယ်။ ဒါပေမဲ့ လူတိုင်းကတော့ အလုပ်လျှောက်စဉ်အတွင်း သူတို့ကို ဘယ်လိုဆက်ဆံခဲ့သလဲ ဆိုတာကို အမြဲတမ်း မှတ်မိနေမှာပါ။ အလုပ်ရှင်တွေအနေနဲ့ မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး လူသားဆန်တဲ့ ငြင်းပယ်စာလေးတစ်စောင် ရေးပေးခြင်းဟာ ယုံကြည်မှု ကင်းမဲ့နေတဲ့ အလုပ်အကိုင်ဈေးကွက်ထဲမှာ “လူသားချင်း တန်ဖိုးထားမှု” ကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
ဒီေဆာင္းပါးဟာ ေရခ်ယ္ ဝဲလ္စ္ဆိုတဲ့ အလုပ္ေလွ်ာက္ထားသူတစ္ဦးက “စိတ္မေကာင္းစြာနဲ႔ပဲ သင့္ကို ေနာက္တစ္ဆင့္အတြက္ ေ႐ြးခ်ယ္ျခင္း မျပဳႏိုင္ပါဘူး” ဆိုတဲ့ အီးေမးလ္ေတြကို လက္ခံရရွိရာကေန စတင္ထားတာပါ။ ပုံမွန္အားျဖင့္ေတာ့ ဒီလိုစာမ်ိဳးရရင္ စိတ္ပ်က္အားငယ္ရမွာ ျဖစ္ေပမဲ့၊ ဒီတစ္ခါမွာေတာ့ စာေရးသူက အဲဒီအေတြ႕အႀကဳံကို အေကာင္းျမင္စိတ္နဲ႔ တန္ဖိုးထားမိခဲ့ၿပီး Forbes မဂၢဇင္းမွာ မွ်ေဝထားတာပါ။
ယေန႔ေခတ္ အလုပ္အကိုင္ေဈးကြက္ဟာ အလြန္အမင္း ၿပိဳင္ဆိုင္မႈ ျပင္းထန္ေနပါတယ္။ အထူးသျဖင့္ အေဝးေရာက္အလုပ္ (Remote) နဲ႔ ႐ုံးတက္/အိမ္မွာ ေပါင္းစပ္အလုပ္ (Hybrid) ေတြအတြက္ဆိုရင္ အရည္အခ်င္းရွိသူေတြ အမ်ားႀကီး ေလွ်ာက္ထားၾကတာပါ။ အလုပ္ေလွ်ာက္တဲ့သူတစ္ေယာက္အေနနဲ႔ “ျငင္းပယ္ခံရျခင္း” ကို ခံႏိုင္ရည္ရွိဖို႔နဲ႔ စိတ္ဓာတ္ႀကံ့ခိုင္ဖို႔ အရမ္းလိုအပ္ပါတယ္။
ပုံမွန္ေအးစက္စက္ ျငင္းပယ္စာမ်ား
အလုပ္ေလွ်ာက္သူအမ်ားစု ရရွိေလ့ရွိတဲ့ အီးေမးလ္ေတြဟာ စက္႐ုပ္ဆန္ေနတတ္ပါတယ္။ ကုမၸဏီနာမည္နဲ႔ “The Hiring Team” ဆိုၿပီး စက္နဲ႔႐ိုက္ထားသလို ေအး စက္စက္စာမ်ိဳး ျဖစ္တတ္ပါတယ္။ကိုယ့္ရဲ႕ ႀကိဳးစားအားထုတ္မႈကို အသိအမွတ္မျပဳဘဲ လူတစ္ေယာက္ကို အလြယ္တကူ အစားထိုးလို႔ရတဲ့ ပစၥည္းတစ္ခုလို ဆက္ဆံခံရသလို ခံစားရေစပါတယ္။ အဆိုးဆုံးကေတာ့ ဘာအေၾကာင္းမွ ျပန္မလာဘဲ ပစ္ထားျခင္း ခံရတာမ်ိဳးပါ။
ျခားနားတဲ့ အလုပ္ျငင္းပယ္စာ (၂) ေစာင္
စာေရးသူဟာ Senior Leadership ရာထူးအတြက္ အလုပ္ေလွ်ာက္ရင္း ကုမၸဏီႏွစ္ခုဆီက ျငင္းပယ္စာ ရခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီစာေတြက သူ႔ကို အံ့ၾသသြားေစခဲ့တယ္လို႔ ဆိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ဖတ္လိုက္တာနဲ႔ တစ္ဖက္လူရဲ႕ ခံစားခ်က္ကို နားလည္ေပးတယ္ဆိုတာ သိသာပါတယ္။ ေလွ်ာက္ထားသူ ေပးဆပ္ခဲ့တဲ့ အခ်ိန္နဲ႔ ႀကိဳးစားမႈကို အသိအမွတ္ျပဳေၾကာင္း ေဖာ္ျပထားပါတယ္။ စက္နဲ႔ပို႔တဲ့စာ (Auto-reply) ျဖစ္ေနရင္ေတာင္မွ လူတစ္ေယာက္က ကိုယ္တိုင္ လက္နဲ႔ေရေပးလိုက္သလို ေႏြးေထြးမႈကို ခံစားရေစပါတယ္။အဲဒီစာေတြက စာေရးသူကို “အလုပ္မရတာဟာ မင္းရဲ႕အျပစ္ မဟုတ္ဘူး” ဆိုတာကို သတိေပးလိုက္သလိုျဖစ္ၿပီး ပိုလို႔ေတာင္ စိတ္အားတက္ႂကြေစခဲ့ပါတယ္လို႔ ဆိုပါတယ္။
အလုပ္ရွင္မ်ားအတြက္ သင္ခန္းစာ
အလုပ္ရွင္ေတြအေနနဲ႔ ျငင္းပယ္စာေတြကို ေသခ်ာေရးသားျခင္းအားျဖင့္ ဒီလိုအက်ိဳးေက်းဇူးေတြ ရႏိုင္ပါတယ္။အလုပ္မရသူကေတာင္ ဒီကုမၸဏီဟာ လူကိုလူလို ဆက္ဆံတတ္တယ္ဆိုၿပီး တျခားသူေတြကို ျပန္ၫႊန္းေပးတဲ့ ကုမၸဏီပုံရိပ္ကို ရရွိႏိုင္ပါတယ္။ အခုလက္ရွိ ရာထူးနဲ႔ မကိုက္ညီေပမဲ့ ေနာင္တစ္ခ်ိန္မွာ တကယ္ေတာ္တဲ့သူေတြကို ကုမၸဏီနဲ႔ ဆက္သြယ္မႈရွိေနေအာင္ ထိန္းထားႏိုင္ပါတယ္။ စာတစ္ေစာင္ကေနတစ္ဆင့္ အဲဒီကုမၸဏီရဲ႕ ေခါင္းေဆာင္မႈနဲ႔ ယဥ္ေက်းမႈဟာ ဘယ္ေလာက္အထိ ျမင့္မားသလဲဆိုတာကို ေျပာျပေနပါတယ္။
အလုပ္ေလွ်ာက္သူတိုင္းဟာ အလုပ္ရခ်င္မွ ရပါလိမ့္မယ္။ ဒါေပမဲ့ လူတိုင္းကေတာ့ အလုပ္ေလွ်ာက္စဥ္အတြင္း သူတို႔ကို ဘယ္လိုဆက္ဆံခဲ့သလဲ ဆိုတာကို အၿမဲတမ္း မွတ္မိေနမွာပါ။ အလုပ္ရွင္ေတြအေနနဲ႔ မိနစ္အနည္းငယ္ေလာက္ အခ်ိန္ေပးၿပီး လူသားဆန္တဲ့ ျငင္းပယ္စာေလးတစ္ေစာင္ ေရးေပးျခင္းဟာ ယုံၾကည္မႈ ကင္းမဲ့ေနတဲ့ အလုပ္အကိုင္ေဈးကြက္ထဲမွာ “လူသားခ်င္း တန္ဖိုးထားမႈ” ကို သက္ေသျပလိုက္တာပဲ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply