နှစ်ကုန် ဘောနပ်စ် (Bonus)ကို ဘယ်လိုညှိနှိုင်းမလဲ

နှစ်ကုန်ပိုင်းမှာ ဘောနပ်စ်နဲ့ပတ်သက်ပြီး လူတော်တော်များများအတွက် စိတ်လှုပ်ရှားစရာ ကောင်းသလို အားနာစရာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို သက်သေပြပြီး ကိုယ်နဲ့ ထိုက်တန်တာကို တောင်းဆိုရမယ့် အခွင့်အရေးတစ်ခုပါ။ ဒီအချက်တွေကို ကြည့်နိုင်ပါတယ်။

၁။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို အထောက်အထားနဲ့ ပြပါ

ညှိနှိုင်းမှုတိုင်းမှာ အရေးကြီးဆုံးက “အထောက်အထား” ပါပဲ။”ကျွန်တော် အလုပ်အများကြီး လုပ်ခဲ့ပါတယ်” လို့ ပြောမယ့်အစား “ကျွန်တော် ဒီပရောဂျက်ကြောင့် ကုမ္ပဏီအတွက် ဝင်ငွေ ဘယ်လောက်တိုးလာပါတယ်” ဒါမှမဟုတ် “အလုပ်ပြီးမြောက်မှုနှုန်း ဘယ်လောက် ရာခိုင်နှုန်း မြန်လာပါတယ်” ဆိုတဲ့ ကိန်းဂဏန်းတွေ (Metrics) နဲ့ ပြသပါ။ ဒါကြောင့် အလုပ်မှာ ကိုယ်လုပ်ခဲ့တဲ့ အောင်မြင်မှုတွေကို တစ်နှစ်ပတ်လုံး မှတ်တမ်းတင်ထားတဲ့ Accomplishment Log တစ်ခု ထားရှိဖို့ အကြံပြုထားပါတယ်။ ဒါမှ ဘောနပ်စ်ညှိတဲ့အခါ ကိုယ်ဘာတွေ ထူးထူးခြားခြား လုပ်ပေးခဲ့လဲဆိုတာ အချက်အလက်နဲ့ ပြောနိုင်မှာပါ။

၂။ ကုမ္ပဏီရဲ့ ဘောနပ်စ်ပေးတဲ့ ပုံစံကို နားလည်ပါ

ကုမ္ပဏီက ဘောနပ်စ်ကို ဘယ်လိုသတ်မှတ်လဲဆိုတာ အရင်လေ့လာပါ။ တစ်ဦးချင်းစီရဲ့ ထူးချွန်မှုအပေါ် မူတည်တာလား။ ကုမ္ပဏီ တစ်ခုလုံးရဲ့ အမြတ်အစွန်းအပေါ် မူတည်တာလား။ ဒါကို သိထားမှ ကိုယ့်ဘက်က မျှော်လင့်ချက်ကို အရှိတရားနဲ့ ညှိလို့ရမှာပါ။ တကယ်လို့ ကုမ္ပဏီ အခြေအနေမကောင်းလို့ ဘောနပ်စ်နည်းတာဆိုရင် ဒါဟာ ကိုယ့်အရည်အချင်းကြောင့် မဟုတ်ဘူးဆိုတာ နားလည်နိုင်မှာ ဖြစ်သလို၊ တခြားခံစားခွင့်တွေ (ဥပမာ- ရာထူးတိုးဖို့ ဒါမှမဟုတ် လစာတိုးဖို့) ပြောင်းလဲညှိနှိုင်းလို့ ရပါတယ်။

၃။ ကိုယ်လိုချင်တာကို တိတိကျကျ ပြောပါ

အားနာပြီး ဝေ့လည်ကြောင်ပတ် မပြောပါနဲ့။ ကိုယ်မျှော်မှန်းထားတဲ့ ပမာဏရှိရင် ပွင့်ပွင့်လင်းလင်းနဲ့ ယုံကြည်မှုရှိရှိ တောင်းဆိုပါ။ ဘာကြောင့် ဒီပမာဏကို လိုချင်တာလဲဆိုတာကို အထက်မှာ ပြောခဲ့တဲ့အထောက်အထားတွေနဲ့ ချိတ်ဆက်ပြပါ။ ကိုယ့်ဘက်က ယုံကြည်မှုရှိရမှာဖြစ်သလို ယဉ်ကျေးဖို့တော့ လိုပါတယ်။

၄။ အချိန်အခါက အရေးကြီးတယ်

ဘောနပ်စ် ထုတ်ပေးမယ့်နေ့ကျမှ သွားညှိတာက နောက်ကျသွားပါပြီ။ ဘာလို့လဲဆိုတော့ ဘတ်ဂျက်တွေကို ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေလို့ပါ။ တကယ်တော့ ဘောနပ်စ်အတွက် ညှိနှိုင်းမှုက လအနည်းငယ် ကြိုတင်ပြီး စွမ်းဆောင်ရည် စစ်ဆေးတဲ့ အချိန်တွေမှာကတည်းက စတင်သင့်တာပါ။ဘောနပ်စ်က ကိုယ်ထင်သ လောက် မရခဲ့ရင် ဘာလုပ်မလဲ။ တကယ်လို့ ဘောနပ်စ်က နည်းနေတယ်ဆိုရင် စိတ်ပျက်ပြီး လက်မလျှော့လိုက်ပါနဲ့။ ဒီအချက်တွေကို ဆက်လုပ်ကြည့်ပါ။

အကြောင်းရင်းကို မေးမြန်းပါ။ ဘာကြောင့် ဒီပမာဏပဲ ရတာလဲဆိုတာကို ယဉ်ယဉ်ကျေးကျေး မေးပါ။ ဒါဟာ နောက်နှစ်မှာ ပိုရအောင် ဘာတွေပြင်ဆင်ရမလဲဆိုတာ သိနိုင်မယ့် Feedback ပါပဲ။

နောက်တချက်က တခြားအခွင့်အရေးတွေကို ညှိနှိုင်းပါ။ ငွေသားအနေနဲ့ တိုးမပေးနိုင်ဘူးဆိုရင် လစာတိုးဖို့၊ သင်တန်းတက်ဖို့ အခွင့်အရေးပေးဖို့ ဒါမှမဟုတ် အလုပ် တာဝန် ခွဲဝေမှုအသစ်တွေပေးဖို့ တောင်းဆိုကြည့်ပါ။ေနာက်ဆုံးအချက်ကတော့ ဒေတာအဖြစ် အသုံးချပါ။ တကယ်လို့ ကိုယ်က အရမ်းကြိုးစားပေမဲ့ ကုမ္ပဏီဘက်က အသိအမှတ်မပြုတာ အကြိမ်ကြိမ် ဖြစ်နေပြီဆိုရင်တော့ ဒီအလုပ်က ကိုယ့်အနာဂတ်အတွက် ဟုတ်၊ မဟုတ် ပြန်စဉ်းစားဖို့ အချက်ပြချက်တစ်ခုပါပဲ။

ကျော့ကေခိုင်

zawgyi

ႏွစ္ကုန္ပိုင္းမွာ ေဘာနပ္စ္နဲ႔ပတ္သက္ၿပီး လူေတာ္ေတာ္မ်ားမ်ားအတြက္ စိတ္လႈပ္ရွားစရာ ေကာင္းသလို အားနာစရာလည္း ျဖစ္တတ္ပါတယ္။ ဒါေပမဲ့ ဒါဟာ ကိုယ့္ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကို သက္ေသျပၿပီး ကိုယ္နဲ႔ ထိုက္တန္တာကို ေတာင္းဆိုရမယ့္ အခြင့္အေရးတစ္ခုပါ။ ဒီအခ်က္ေတြကို ၾကည့္ႏိုင္ပါတယ္။

၁။ ကိုယ့္ရဲ႕ စြမ္းေဆာင္ရည္ေတြကို အေထာက္အထားနဲ႔ ျပပါ

ညႇိႏႈိင္းမႈတိုင္းမွာ အေရးႀကီးဆုံးက “အေထာက္အထား” ပါပဲ။”ကြၽန္ေတာ္ အလုပ္အမ်ားႀကီး လုပ္ခဲ့ပါတယ္” လို႔ ေျပာမယ့္အစား “ကြၽန္ေတာ္ ဒီပေရာဂ်က္ေၾကာင့္ ကုမၸဏီအတြက္ ဝင္ေငြ ဘယ္ေလာက္တိုးလာပါတယ္” ဒါမွမဟုတ္ “အလုပ္ၿပီးေျမာက္မႈႏႈန္း ဘယ္ေလာက္ ရာခိုင္ႏႈန္း ျမန္လာပါတယ္” ဆိုတဲ့ ကိန္းဂဏန္းေတြ (Metrics) နဲ႔ ျပသပါ။ ဒါေၾကာင့္ အလုပ္မွာ ကိုယ္လုပ္ခဲ့တဲ့ ေအာင္ျမင္မႈေတြကို တစ္ႏွစ္ပတ္လုံး မွတ္တမ္းတင္ထားတဲ့ Accomplishment Log တစ္ခု ထားရွိဖို႔ အႀကံျပဳထားပါတယ္။ ဒါမွ ေဘာနပ္စ္ညႇိတဲ့အခါ ကိုယ္ဘာေတြ ထူးထူးျခားျခား လုပ္ေပးခဲ့လဲဆိုတာ အခ်က္အလက္နဲ႔ ေျပာႏိုင္မွာပါ။

၂။ ကုမၸဏီရဲ႕ ေဘာနပ္စ္ေပးတဲ့ ပုံစံကို နားလည္ပါ

ကုမၸဏီက ေဘာနပ္စ္ကို ဘယ္လိုသတ္မွတ္လဲဆိုတာ အရင္ေလ့လာပါ။ တစ္ဦးခ်င္းစီရဲ႕ ထူးခြၽန္မႈအေပၚ မူတည္တာလား။ ကုမၸဏီ တစ္ခုလုံးရဲ႕ အျမတ္အစြန္းအေပၚ မူတည္တာလား။ ဒါကို သိထားမွ ကိုယ့္ဘက္က ေမွ်ာ္လင့္ခ်က္ကို အရွိတရားနဲ႔ ညႇိလို႔ရမွာပါ။ တကယ္လို႔ ကုမၸဏီ အေျခအေနမေကာင္းလို႔ ေဘာနပ္စ္နည္းတာဆိုရင္ ဒါဟာ ကိုယ့္အရည္အခ်င္းေၾကာင့္ မဟုတ္ဘူးဆိုတာ နားလည္ႏိုင္မွာ ျဖစ္သလို၊ တျခားခံစားခြင့္ေတြ (ဥပမာ- ရာထူးတိုးဖို႔ ဒါမွမဟုတ္ လစာတိုးဖို႔) ေျပာင္းလဲညႇိႏႈိင္းလို႔ ရပါတယ္။

၃။ ကိုယ္လိုခ်င္တာကို တိတိက်က် ေျပာပါ

အားနာၿပီး ေဝ့လည္ေၾကာင္ပတ္ မေျပာပါနဲ႔။ ကိုယ္ေမွ်ာ္မွန္းထားတဲ့ ပမာဏရွိရင္ ပြင့္ပြင့္လင္းလင္းနဲ႔ ယုံၾကည္မႈရွိရွိ ေတာင္းဆိုပါ။ ဘာေၾကာင့္ ဒီပမာဏကို လိုခ်င္တာလဲဆိုတာကို အထက္မွာ ေျပာခဲ့တဲ့အေထာက္အထားေတြနဲ႔ ခ်ိတ္ဆက္ျပပါ။ ကိုယ့္ဘက္က ယုံၾကည္မႈရွိရမွာျဖစ္သလို ယဥ္ေက်းဖို႔ေတာ့ လိုပါတယ္။

၄။ အခ်ိန္အခါက အေရးႀကီးတယ္

ေဘာနပ္စ္ ထုတ္ေပးမယ့္ေန႔က်မွ သြားညႇိတာက ေနာက္က်သြားပါၿပီ။ ဘာလို႔လဲဆိုေတာ့ ဘတ္ဂ်က္ေတြကို ႀကိဳတင္သတ္မွတ္ၿပီးသား ျဖစ္ေနလို႔ပါ။ တကယ္ေတာ့ ေဘာနပ္စ္အတြက္ ညႇိႏႈိင္းမႈက လအနည္းငယ္ ႀကိဳတင္ၿပီး စြမ္းေဆာင္ရည္ စစ္ေဆးတဲ့ အခ်ိန္ေတြမွာကတည္းက စတင္သင့္တာပါ။ေဘာနပ္စ္က ကိုယ္ထင္သ ေလာက္ မရခဲ့ရင္ ဘာလုပ္မလဲ။ တကယ္လို႔ ေဘာနပ္စ္က နည္းေနတယ္ဆိုရင္ စိတ္ပ်က္ၿပီး လက္မေလွ်ာ့လိုက္ပါနဲ႔။ ဒီအခ်က္ေတြကို ဆက္လုပ္ၾကည့္ပါ။

အေၾကာင္းရင္းကို ေမးျမန္းပါ။ ဘာေၾကာင့္ ဒီပမာဏပဲ ရတာလဲဆိုတာကို ယဥ္ယဥ္ေက်းေက်း ေမးပါ။ ဒါဟာ ေနာက္ႏွစ္မွာ ပိုရေအာင္ ဘာေတြျပင္ဆင္ရမလဲဆိုတာ သိႏိုင္မယ့္ Feedback ပါပဲ။

ေနာက္တခ်က္က တျခားအခြင့္အေရးေတြကို ညႇိႏႈိင္းပါ။ ေငြသားအေနနဲ႔ တိုးမေပးႏိုင္ဘူးဆိုရင္ လစာတိုးဖို႔၊ သင္တန္းတက္ဖို႔ အခြင့္အေရးေပးဖို႔ ဒါမွမဟုတ္ အလုပ္ တာဝန္ ခြဲေဝမႈအသစ္ေတြေပးဖို႔ ေတာင္းဆိုၾကည့္ပါ။ေနာက္ဆုံးအခ်က္ကေတာ့ ေဒတာအျဖစ္ အသုံးခ်ပါ။ တကယ္လို႔ ကိုယ္က အရမ္းႀကိဳးစားေပမဲ့ ကုမၸဏီဘက္က အသိအမွတ္မျပဳတာ အႀကိမ္ႀကိမ္ ျဖစ္ေနၿပီဆိုရင္ေတာ့ ဒီအလုပ္က ကိုယ့္အနာဂတ္အတြက္ ဟုတ္၊ မဟုတ္ ျပန္စဥ္းစားဖို႔ အခ်က္ျပခ်က္တစ္ခုပါပဲ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*