Servant Leadership ပုံစံဆိုတာ ဘာလဲ

ခေါင်းဆောင်တစ်ယောက်ကို စဉ်းစားတဲ့အခါ အဆင့်ဆင့်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရဲ့ထိပ်မှာအမိန့်ပေးပြီး အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်နေတဲ့သူတစ်ယောက်ဆိုတာကိုသင်ပုံဖော်မိနိုင်ပါတယ်။ ဒါပေမဲ့ Servant Leadership ပုံစံက အဲဒီအယူအဆကိုပြောင်းပြန် လှန်လိုက်ပါတယ်။ မြန်မာလိုဆိုရင်တော့ အလုပ်အကျွေးပြုခေါင်းဆောင်မှုလို့ပြောလို့ရပါတယ်။ အာဏာနဲ့ ထိန်းချုပ်မှုကို အာရုံမစိုက်ဘဲ
အလုပ်အကျွေးပြုခေါင်းဆောင်တွေက သူတို့အဖွဲ့ရဲ့ လိုအပ်ချက်တွေကို ဦးစားပေးပြီးတခြားသူတွေကို ကြီးထွားအောင်မြင်စေဖို့ စွမ်းဆောင်းပေးတာပဲဖြစ်ပါတယ်။ဒီခေါင်းဆောင်မှုပုံစံက ခေါင်းဆောင်မှုဆိုတာ အလုပ်အကျွေးပြုတာဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်အပေါ်မှာ တည်ဆောက်ထားပါတယ်။ စစ်မှန်တဲ့ခေါင်းဆောင်တွေဟာအရင်ဆုံးအလုပ်အကျွေးပြုပြီးမှ ဒုတိယအနေနဲ့ ခေါင်းဆောင်မှုပြုတာပဲဖြစ်ပါတယ်။ဒါပေမဲ့ လက်တွေ့မှာ ဘယ်လိုအလုပ်လုပ်လဲ။ အလုပ်အကျွေးပြုခေါင်းဆောင်မှုရဲ့ အဓိပ္ပါယ်၊အဓိက လက္ခဏာရပ်များ၊ အားသာချက်၊ အားနည်းချက်တွေနဲ့သင့်ရဲ့အသက်မွေးဝမ်းကျောင်းမှာ အလုပ်အကျွေးပြုခေါင်းဆောင်မှုရဲ့ ချဉ်းကပ်ပုံကိုဘယ်လိုတည်ဆောက်နိုင်လဲဆိုတာကို လေ့လာကြည့်ကြမှာပဲဖြစ်ပါတယ်။

အလုပ်အကျွေးပြုခေါင်းဆောင်မှုဆိုတာ ဘာလဲ

အလုပ်အကျွေးပြုခေါင်းဆောင်မှုဆိုတာ ဝန်ထမ်းတွေ၊ ဖောက်သည်တွေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့လိုအပ်ချက်တွေကို အလုပ်အကျွေးပြုဖို့ အာရုံစိုက်တဲ့ ခေါင်းဆောင်မှု အတွေးအခေါ်တစ်ခုပါ။ကိုယ်ရေးကိုယ်တာ ရည်မှန်းချက် ဒါမှမဟုတ် အာဏာကို ဦးစားပေးမယ့်အစားအ လုပ်အကျွေးပြုခေါင်းဆောင်တွေက သူတို့အဖွဲ့ဝင်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့သာယာဝပြောရေးကို ဦးစားပေးတာပဲဖြစ်ပါတယ်။အလုပ်အ ကျွေးပြုခေါင်းဆောင်မှု သီအိုရီကို ၁၉၇၀ ပြည့်နှစ်တွေမှာ ရောဘတ် ကေဂရင်းလိဖ်က တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ သူကအလုပ်အ ကျွေးပြုခေါင်းဆောင်တွေကိုအာဏာကို ရိုးရိုးရှင်းရှင်း ရှာဖွေမယ့်အစား လူတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ ကြီးထွားမှုနဲ့သာယာဝပြောရေးကို အာရုံစိုက်သူတွေအဖြစ် ဖော်ပြခဲ့ပါတယ်။ ဒီချဉ်းကပ်ပုံကခေါင်းဆောင်မှုဆိုတာ အစေခံခြင်းဖြစ်တယ်ဆိုတဲ့ အယူအဆနဲ့ ကိုက်ညီပါတယ်။ ဆိုလိုတာကခေါင်းဆောင်တွေဟာ သူတို့ခေါင်းဆောင်တဲ့သူတွေကို အလုပ်အကျွေးပြုဖို့နဲ့ မြှင့်တင်ဖို့တည်ရှိနေကြတာပဲဖြစ်ပါတယ်။အလုပ်အကျွေးပြုခေါင်းဆောင်မှုကို ပူးပေါင်းဆောင်ရွက်မှု၊ ကျင့်ဝတ်ဆိုင်ရာဆုံးဖြတ်ချက်ချမှတ်မှုတွေပါ ဝန်ထမ်းတွေပါဝင်ဆောင်ရွက်မှုကို အလေးပေးတဲ့အဖွဲ့အစည်းတွေမှာ မကြာခဏတွေ့နိုင်ပါတယ်။ အလုပ်အကျွေးပြုခေါင်းဆောင်မှုပုံစံကိုလက်ခံကျင့်သုံးတဲ့ ခေါင်းဆောင်တွေက သူတို့ရဲ့အဖွဲ့မှာ ရင်းနှီးမြှုပ်နှံတာက နောက်ဆုံးမှာအဖွဲ့အစည်းတစ်ခုလုံးအတွက် ပိုမိုကြီးမားတဲ့ အောင်မြင်မှုကို မောင်းနှင်တယ်လို့ယုံကြည်ကြပါတယ်။

အလုပ်အကျွေးပြုခေါင်းဆောင်တွေရဲ့ လက္ခဏာရပ်များ

စာနာမှု: သူတို့က သူတို့ရဲ့အဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လုပ်ငန်းဆိုင်ရာလိုအပ်ချက်တွေကို နားလည်ဖို့နဲ့ ဂရုစိုက်ဖို့ အချိန်ယူပါတယ်။

တက်ကြွစွာ နားထောင်ခြင်း: သူတို့က ဝန်ထမ်းတွေရဲ့ အကြံဉာဏ်တွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့တုံ့ပြန်ချက်တွေကို အမှန်တကယ် နားထောင်ပြီး ထည့်သွင်းစဉ်းစားပါတယ်။

နှိမ့်ချမှု: သူတို့က သူတို့ကိုယ်သူတို့ သာလွန်တယ်လို့ မမြင်ဘဲ အဖွဲ့ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်မြင်ပါတယ်။

ဖွံ့ဖြိုးမှုအတွက် ကတိကဝတ်: သူတို့က ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုတွေကိုဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးပြီး သူတို့ရဲ့အသက်မွေးဝမ်း ကျောင်းမှာ တိုးတက်အောင်ဦးစားပေးပါတယ်။

ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှု: သူတို့က ရိုးသားမှုနဲ့ လုပ်ဆောင်ပြီးကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ထက် အဖွဲ့ရဲ့လိုအပ်ချက်တွေကို ဦးစားပေးပါတယ်။

စီမံခန့်ခွဲမှု: သူတို့က သူတို့ရဲ့အဖွဲ့အစည်းနဲ့ အဲဒီအတွင်းမှာရှိတဲ့သူတွေရဲ့သာယာဝပြောရေးအတွက် တာဝန်ယူပါတယ်။

လူမှုအသိုင်းအဝိုင်း တည်ဆောက်ခြင်း: သူတို့က ဝန်ထမ်းတွေကြားမှာ ပိုင်ဆိုင်မှုနဲ့အဖွဲ့လိုက်လုပ်ဆောင်မှု ခံစားချက်ကို မြှင့်တင်ပေးပါတယ်။

ဒီလက္ခဏာရပ်တွေက အလုပ်အကျွေးပြုခေါင်းဆောင်တွေအတွက် သီးသန့်မဟုတ်ပါဘူး။ဒါပေမဲ့ ဒီခေါင်းဆောင်မှုမှာ ဒီအချက်တွေကို ဦးစားပေးပါတယ်။ လုပ်ငန်းခွင်တွေမှာအလုပ်အကျွေးပြုတဲ့ ခေါင်းဆောင်တွေ များများပေါ်ပေါက်လာမယ်ဆိုရင် အဲဒီအလုပ်ကလည်း
သာယာဝပြောပြီး ဖွံ့ဖြိုးတိုးမှာ အသေအချာပါပဲ။

ကျော့ကေခိုင်

zawgyi

ေခါင္းေဆာင္တစ္ေယာက္ကို စဥ္းစားတဲ့အခါ အဆင့္ဆင့္ဖြဲ႕စည္းထားတဲ့ အဖြဲ႕အစည္းရဲ႕ထိပ္မွာအမိန႔္ေပးၿပီး အေရးႀကီးဆုံး ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ေနတဲ့သူတစ္ေယာက္ဆိုတာကိုသင္ပုံေဖာ္မိႏိုင္ပါတယ္။ ဒါေပမဲ့ Servant Leadership ပုံစံက အဲဒီအယူအဆကိုေျပာင္းျပန္ လွန္လိုက္ပါတယ္။ ျမန္မာလိုဆိုရင္ေတာ့ အလုပ္အေကြၽးျပဳေခါင္းေဆာင္မႈလို႔ေျပာလို႔ရပါတယ္။ အာဏာနဲ႔ ထိန္းခ်ဳပ္မႈကို အာ႐ုံမစိုက္ဘဲ
အလုပ္အေကြၽးျပဳေခါင္းေဆာင္ေတြက သူတို႔အဖြဲ႕ရဲ႕ လိုအပ္ခ်က္ေတြကို ဦးစားေပးၿပီးတျခားသူေတြကို ႀကီးထြားေအာင္ျမင္ေစဖို႔ စြမ္းေဆာင္းေပးတာပဲျဖစ္ပါတယ္။ဒီေခါင္းေဆာင္မႈပုံစံက ေခါင္းေဆာင္မႈဆိုတာ အလုပ္အေကြၽးျပဳတာျဖစ္တယ္ဆိုတဲ့ယုံၾကည္ခ်က္အေပၚမွာ တည္ေဆာက္ထားပါတယ္။ စစ္မွန္တဲ့ေခါင္းေဆာင္ေတြဟာအရင္ဆုံးအလုပ္အေကြၽးျပဳၿပီးမွ ဒုတိယအေနနဲ႔ ေခါင္းေဆာင္မႈျပဳတာပဲျဖစ္ပါတယ္။ဒါေပမဲ့ လက္ေတြ႕မွာ ဘယ္လိုအလုပ္လုပ္လဲ။ အလုပ္အေကြၽးျပဳေခါင္းေဆာင္မႈရဲ႕ အဓိပၸါယ္၊အဓိက လကၡဏာရပ္မ်ား၊ အားသာခ်က္၊ အားနည္းခ်က္ေတြနဲ႔သင့္ရဲ႕အသက္ေမြးဝမ္းေက်ာင္းမွာ အလုပ္အေကြၽးျပဳေခါင္းေဆာင္မႈရဲ႕ ခ်ဥ္းကပ္ပုံကိုဘယ္လိုတည္ေဆာက္ႏိုင္လဲဆိုတာကို ေလ့လာၾကည့္ၾကမွာပဲျဖစ္ပါတယ္။

အလုပ္အေကြၽးျပဳေခါင္းေဆာင္မႈဆိုတာ ဘာလဲ

အလုပ္အေကြၽးျပဳေခါင္းေဆာင္မႈဆိုတာ ဝန္ထမ္းေတြ၊ ေဖာက္သည္ေတြနဲ႔ လူမႈအသိုင္းအဝိုင္းရဲ႕လိုအပ္ခ်က္ေတြကို အလုပ္အေကြၽးျပဳဖို႔ အာ႐ုံစိုက္တဲ့ ေခါင္းေဆာင္မႈ အေတြးအေခၚတစ္ခုပါ။ကိုယ္ေရးကိုယ္တာ ရည္မွန္းခ်က္ ဒါမွမဟုတ္ အာဏာကို ဦးစားေပးမယ့္အစားအ လုပ္အေကြၽးျပဳေခါင္းေဆာင္ေတြက သူတို႔အဖြဲ႕ဝင္ေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔သာယာဝေျပာေရးကို ဦးစားေပးတာပဲျဖစ္ပါတယ္။အလုပ္အ ေကြၽးျပဳေခါင္းေဆာင္မႈ သီအိုရီကို ၁၉၇၀ ျပည့္ႏွစ္ေတြမွာ ေရာဘတ္ ေကဂရင္းလိဖ္က တရားဝင္ မိတ္ဆက္ခဲ့ပါတယ္။ သူကအလုပ္အ ေကြၽးျပဳေခါင္းေဆာင္ေတြကိုအာဏာကို ႐ိုး႐ိုးရွင္းရွင္း ရွာေဖြမယ့္အစား လူေတြနဲ႔ လူမႈအသိုင္းအဝိုင္းေတြရဲ႕ ႀကီးထြားမႈနဲ႔သာယာဝေျပာေရးကို အာ႐ုံစိုက္သူေတြအျဖစ္ ေဖာ္ျပခဲ့ပါတယ္။ ဒီခ်ဥ္းကပ္ပုံကေခါင္းေဆာင္မႈဆိုတာ အေစခံျခင္းျဖစ္တယ္ဆိုတဲ့ အယူအဆနဲ႔ ကိုက္ညီပါတယ္။ ဆိုလိုတာကေခါင္းေဆာင္ေတြဟာ သူတို႔ေခါင္းေဆာင္တဲ့သူေတြကို အလုပ္အေကြၽးျပဳဖို႔နဲ႔ ျမႇင့္တင္ဖို႔တည္ရွိေနၾကတာပဲျဖစ္ပါတယ္။အလုပ္အေကြၽးျပဳေခါင္းေဆာင္မႈကို ပူးေပါင္းေဆာင္႐ြက္မႈ၊ က်င့္ဝတ္ဆိုင္ရာဆုံးျဖတ္ခ်က္ခ်မွတ္မႈေတြပါ ဝန္ထမ္းေတြပါဝင္ေဆာင္႐ြက္မႈကို အေလးေပးတဲ့အဖြဲ႕အစည္းေတြမွာ မၾကာခဏေတြ႕ႏိုင္ပါတယ္။ အလုပ္အေကြၽးျပဳေခါင္းေဆာင္မႈပုံစံကိုလက္ခံက်င့္သုံးတဲ့ ေခါင္းေဆာင္ေတြက သူတို႔ရဲ႕အဖြဲ႕မွာ ရင္းႏွီးျမႇဳပ္ႏွံတာက ေနာက္ဆုံးမွာအဖြဲ႕အစည္းတစ္ခုလုံးအတြက္ ပိုမိုႀကီးမားတဲ့ ေအာင္ျမင္မႈကို ေမာင္းႏွင္တယ္လို႔ယုံၾကည္ၾကပါတယ္။

အလုပ္အေကြၽးျပဳေခါင္းေဆာင္ေတြရဲ႕ လကၡဏာရပ္မ်ား

စာနာမႈ: သူတို႔က သူတို႔ရဲ႕အဖြဲ႕ဝင္ေတြရဲ႕ ကိုယ္ေရးကိုယ္တာနဲ႔ လုပ္ငန္းဆိုင္ရာလိုအပ္ခ်က္ေတြကို နားလည္ဖို႔နဲ႔ ဂ႐ုစိုက္ဖို႔ အခ်ိန္ယူပါတယ္။

တက္ႂကြစြာ နားေထာင္ျခင္း: သူတို႔က ဝန္ထမ္းေတြရဲ႕ အႀကံဉာဏ္ေတြ၊ စိုးရိမ္ပူပန္မႈေတြနဲ႔တုံ႔ျပန္ခ်က္ေတြကို အမွန္တကယ္ နားေထာင္ၿပီး ထည့္သြင္းစဥ္းစားပါတယ္။

ႏွိမ့္ခ်မႈ: သူတို႔က သူတို႔ကိုယ္သူတို႔ သာလြန္တယ္လို႔ မျမင္ဘဲ အဖြဲ႕ရဲ႕အစိတ္အပိုင္းတစ္ခုအျဖစ္ျမင္ပါတယ္။

ဖြံ႕ၿဖိဳးမႈအတြက္ ကတိကဝတ္: သူတို႔က ဝန္ထမ္းေတြရဲ႕ ကြၽမ္းက်င္မႈေတြကိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ ကူညီေပးၿပီး သူတို႔ရဲ႕အသက္ေမြးဝမ္း ေက်ာင္းမွာ တိုးတက္ေအာင္ဦးစားေပးပါတယ္။

က်င့္ဝတ္ဆိုင္ရာ ဆုံးျဖတ္ခ်က္ခ်မွတ္မႈ: သူတို႔က ႐ိုးသားမႈနဲ႔ လုပ္ေဆာင္ၿပီးကိုယ္ေရးကိုယ္တာ အက်ိဳးအျမတ္ထက္ အဖြဲ႕ရဲ႕လိုအပ္ခ်က္ေတြကို ဦးစားေပးပါတယ္။

စီမံခန႔္ခြဲမႈ: သူတို႔က သူတို႔ရဲ႕အဖြဲ႕အစည္းနဲ႔ အဲဒီအတြင္းမွာရွိတဲ့သူေတြရဲ႕သာယာဝေျပာေရးအတြက္ တာဝန္ယူပါတယ္။

လူမႈအသိုင္းအဝိုင္း တည္ေဆာက္ျခင္း: သူတို႔က ဝန္ထမ္းေတြၾကားမွာ ပိုင္ဆိုင္မႈနဲ႔အဖြဲ႕လိုက္လုပ္ေဆာင္မႈ ခံစားခ်က္ကို ျမႇင့္တင္ေပးပါတယ္။

ဒီလကၡဏာရပ္ေတြက အလုပ္အေကြၽးျပဳေခါင္းေဆာင္ေတြအတြက္ သီးသန႔္မဟုတ္ပါဘူး။ဒါေပမဲ့ ဒီေခါင္းေဆာင္မႈမွာ ဒီအခ်က္ေတြကို ဦးစားေပးပါတယ္။ လုပ္ငန္းခြင္ေတြမွာအလုပ္အေကြၽးျပဳတဲ့ ေခါင္းေဆာင္ေတြ မ်ားမ်ားေပၚေပါက္လာမယ္ဆိုရင္ အဲဒီအလုပ္ကလည္း
သာယာဝေျပာၿပီး ဖြံ႕ၿဖိဳးတိုးမွာ အေသအခ်ာပါပဲ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*