၂၀၂၆ ခုနှစ်၊ ဒီလရဲ့ အစောပိုင်းမှာ Capricorn (မကာရရာသီ) ရဲ့ အရှိန်အဝါကြောင့် စည်းစနစ်ကျတာ၊ တာဝန်ယူမှုရှိတာတွေကနေတစ်ဆင့် ငွေဝင်လမ်းတွေ ပွင့်လာမှာပါ။ အဲဒီနောက်ပိုင်းမှာတော့ Aquarius (ကုမ်ရာသီ) ရဲ့ အင်အားကြောင့် နည်းလမ်းသစ်တွေနဲ့ ချမ်းသာကြွယ်ဝလာမယ့် အခွင့်အရေးတွေ ရလာပါလိမ့်မယ်။ ဘယ်ရာသီဖွားတွေလဲဆိုတာ ဖတ်ကြည့်ရအောင်။
၁။ Sagittarius
ဓနုရာသီဖွားတွေအတွက်တော့ ဒီဇန်နဝါရီလဟာ “တကယ့်ရလဒ်တွေ စပြီးခံစားရမယ့်လ” ပါ။ လွန်ခဲ့တဲ့ ၂၀၀၈ ကနေ ၂၀၂၄ အထိ စီးပွားရေးနဲ့ ပတ်သက်ပြီး ရုန်းကန်ခဲ့ရသမျှတွေက အခုဆိုရင် အသီးအပွင့်တွေ စထွက်လာပါပြီ။ ဇန်နဝါရီ ၄ ရက်ကနေ ၁၇ ရက်အတွင်းမှာ ငွေကြေးနဲ့ပတ်သက်တဲ့ အင်အားတွေ အကောင်းဆုံးဖြစ်နေမှာပါ။ အထူးသဖြင့် ဇန်နဝါရီ ၁၈ ရက် (တနင်္ဂနွေနေ့) ဝန်းကျင်မှာ ရလာမယ့် အခွင့်အရေးကို လက်မလွှတ်ပါနဲ့။ အဲဒီအခွင့်အရေးက သင့်ရဲ့ ဝင်ငွေအဆင့်အတန်းကို တစ် ဆင့်မြင့်သွားစေနိုင်ပါတယ်။
၂။ Capricorn
မကာရရာသီဖွားတွေကတော့ ၂၀၂၆ နှစ်သစ်ကို “အင်တိုက်အားတိုက်” နဲ့ စတင်နိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ဆုံးဖြတ်ချက်ချဖို့ အချိန်ကောင်းပါပဲ။ ဇန်နဝါရီ ၁၇ ရက်နောက်ပိုင်းမှာ ငွေကြေးကံ ပိုကောင်းလာပြီး၊ ဇန်နဝါရီ ၂၃ ရက်မှာတော့ ပိုပြီးတက်ကြွတဲ့ အရှိန်အဝါတွေ ရလာပါလိမ့်မယ်။ ဖေဖော်ဝါရီ ၁၀ ရက်အထိ ဒီကောင်းတဲ့အရှိန်က ရှိနေမှာမို့လို့ အလုပ်အသစ်စတာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေး ထောင်တာပဲဖြစ်ဖြစ် ရဲရဲဝံ့ဝံ့သာ လုပ်လိုက်ပါ။
၃။ Aquarius
ကုမ်ရာသီဖွားတွေအတွက်ကတော့ “အတွေးအခေါ်အသစ်တွေနဲ့ ချမ်းသာမယ့်လ” ပါ။ အရင်လို နည်းလမ်းဟောင်းတွေနဲ့ မဟုတ်ဘဲ ကိုယ်ဝါသနာပါတဲ့အရာ၊ တီထွင်ဖန်တီးမှုရှိတဲ့ အရာတွေကနေ ငွေရှာနိုင်မှာပါ။ ဇန်နဝါရီ ၂၅ ရက်ကနေ စပြီး ဧပြီလကုန်အထိ ငွေဝင်ကံ အားကောင်းနေပါလိမ့်မယ်။ ဒီအချိန်မှာ ပိုက်ဆံဘယ်လောက်ရမလဲဆိုတဲ့ ကိန်းဂဏန်းတွေထက် ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်အတွက်ရော တခြားသူတွေအတွက်ရော ဘယ်လိုအကျိုးရှိမလဲဆိုတာကို ကြည့်ပါ။ အနုပညာဆန်တဲ့အလုပ် သို့မဟုတ် ဝါသနာပါရာကို လုပ်ခြင်းကနေတစ်ဆင့် ကြွယ်ဝလာပါလိမ့်မယ်။
အနှစ်ချုပ်ရရင်တော့ ဒီဇန်နဝါရီလမှာ ဓနု၊ မကာရ နဲ့ ကုမ် ရာသီဖွားတွေဟာ အလုပ်အကိုင်နဲ့ ငွေကြေးကံမှာ တခြားသူတွေထက် ထူးထူးခြားခြား ကံကောင်းနေမှာ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
၂၀၂၆ ခုႏွစ္၊ ဒီလရဲ႕ အေစာပိုင္းမွာ Capricorn (မကာရရာသီ) ရဲ႕ အရွိန္အဝါေၾကာင့္ စည္းစနစ္က်တာ၊ တာဝန္ယူမႈရွိတာေတြကေနတစ္ဆင့္ ေငြဝင္လမ္းေတြ ပြင့္လာမွာပါ။ အဲဒီေနာက္ပိုင္းမွာေတာ့ Aquarius (ကုမ္ရာသီ) ရဲ႕ အင္အားေၾကာင့္ နည္းလမ္းသစ္ေတြနဲ႔ ခ်မ္းသာႂကြယ္ဝလာမယ့္ အခြင့္အေရးေတြ ရလာပါလိမ့္မယ္။ ဘယ္ရာသီဖြားေတြလဲဆိုတာ ဖတ္ၾကည့္ရေအာင္။
၁။ Sagittarius
ဓႏုရာသီဖြားေတြအတြက္ေတာ့ ဒီဇန္နဝါရီလဟာ “တကယ့္ရလဒ္ေတြ စၿပီးခံစားရမယ့္လ” ပါ။ လြန္ခဲ့တဲ့ ၂၀၀၈ ကေန ၂၀၂၄ အထိ စီးပြားေရးနဲ႔ ပတ္သက္ၿပီး ႐ုန္းကန္ခဲ့ရသမွ်ေတြက အခုဆိုရင္ အသီးအပြင့္ေတြ စထြက္လာပါၿပီ။ ဇန္နဝါရီ ၄ ရက္ကေန ၁၇ ရက္အတြင္းမွာ ေငြေၾကးနဲ႔ပတ္သက္တဲ့ အင္အားေတြ အေကာင္းဆုံးျဖစ္ေနမွာပါ။ အထူးသျဖင့္ ဇန္နဝါရီ ၁၈ ရက္ (တနဂၤေႏြေန႔) ဝန္းက်င္မွာ ရလာမယ့္ အခြင့္အေရးကို လက္မလႊတ္ပါနဲ႔။ အဲဒီအခြင့္အေရးက သင့္ရဲ႕ ဝင္ေငြအဆင့္အတန္းကို တစ္ ဆင့္ျမင့္သြားေစႏိုင္ပါတယ္။
၂။ Capricorn
မကာရရာသီဖြားေတြကေတာ့ ၂၀၂၆ ႏွစ္သစ္ကို “အင္တိုက္အားတိုက္” နဲ႔ စတင္ႏိုင္မွာပါ။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိရွိနဲ႔ ဆုံးျဖတ္ခ်က္ခ်ဖို႔ အခ်ိန္ေကာင္းပါပဲ။ ဇန္နဝါရီ ၁၇ ရက္ေနာက္ပိုင္းမွာ ေငြေၾကးကံ ပိုေကာင္းလာၿပီး၊ ဇန္နဝါရီ ၂၃ ရက္မွာေတာ့ ပိုၿပီးတက္ႂကြတဲ့ အရွိန္အဝါေတြ ရလာပါလိမ့္မယ္။ ေဖေဖာ္ဝါရီ ၁၀ ရက္အထိ ဒီေကာင္းတဲ့အရွိန္က ရွိေနမွာမို႔လို႔ အလုပ္အသစ္စတာပဲျဖစ္ျဖစ္၊ ကိုယ္ပိုင္စီးပြားေရး ေထာင္တာပဲျဖစ္ျဖစ္ ရဲရဲဝံ့ဝံ့သာ လုပ္လိုက္ပါ။
၃။ Aquarius
ကုမ္ရာသီဖြားေတြအတြက္ကေတာ့ “အေတြးအေခၚအသစ္ေတြနဲ႔ ခ်မ္းသာမယ့္လ” ပါ။ အရင္လို နည္းလမ္းေဟာင္းေတြနဲ႔ မဟုတ္ဘဲ ကိုယ္ဝါသနာပါတဲ့အရာ၊ တီထြင္ဖန္တီးမႈရွိတဲ့ အရာေတြကေန ေငြရွာႏိုင္မွာပါ။ ဇန္နဝါရီ ၂၅ ရက္ကေန စၿပီး ဧၿပီလကုန္အထိ ေငြဝင္ကံ အားေကာင္းေနပါလိမ့္မယ္။ ဒီအခ်ိန္မွာ ပိုက္ဆံဘယ္ေလာက္ရမလဲဆိုတဲ့ ကိန္းဂဏန္းေတြထက္ ကိုယ္လုပ္ေနတဲ့အလုပ္က ကိုယ့္အတြက္ေရာ တျခားသူေတြအတြက္ေရာ ဘယ္လိုအက်ိဳးရွိမလဲဆိုတာကို ၾကည့္ပါ။ အႏုပညာဆန္တဲ့အလုပ္ သို႔မဟုတ္ ဝါသနာပါရာကို လုပ္ျခင္းကေနတစ္ဆင့္ ႂကြယ္ဝလာပါလိမ့္မယ္။
အႏွစ္ခ်ဳပ္ရရင္ေတာ့ ဒီဇန္နဝါရီလမွာ ဓႏု၊ မကာရ နဲ႔ ကုမ္ ရာသီဖြားေတြဟာ အလုပ္အကိုင္နဲ႔ ေငြေၾကးကံမွာ တျခားသူေတြထက္ ထူးထူးျခားျခား ကံေကာင္းေနမွာ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply