အလုပ်အင်တာဗျူးအတွက် Portfolio ကို စနစ်တကျ ဘယ်လိုပြင်ဆင်မလဲ

ကိုယ့်ရဲ့ Portfolio ကို စနစ်တကျဖြစ်အောင် ပြင်ဆင်ဖို့ နည်းလမ်းတွေကို ရှာနေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်စေလိုပါတယ်။ စနစ်တကျမရှိဘဲ ရှုပ်ပွနေတဲ့ Portfolio တစ်ခုထက် ဆိုးတာ ဘာမှမရှိပါဘူး။ ဒီအချက်တစ်ခုတည်းနဲ့တင် အလုပ်ငြင်းပယ်ခံရတာမျိုး ဖြစ်နိုင်ပါတယ်။

Portfolio ဆိုတာ ဘာလဲ

ကိုယ့်ရဲ့ Career တစ်လျှောက် အကောင်းဆုံး အစိတ်အပိုင်းတွေကို စုစည်းထားတဲ့ အကောင်းဆုံးပြကွက်များလို့ မြင်ကြည့်လိုက်ပါ။ ကိုယ့်ရဲ့ ဂုဏ်အယူရဆုံး အောင် မြင်မှုတွေကို တစ်ကမ္ဘာလုံး မြင်အောင် ချပြထားတာမျိုးပေါ့။ ကိုယ့်မှာရှိတဲ့ ကျွမ်းကျင်မှု၊ ပညာအရည်အချင်း၊ အတွေ့အကြုံ၊ သင်တန်းများနဲ့ အောင်မြင်မှုတွေကို လက်တွေ့သာဓကတွေနဲ့တကွ စနစ်တကျ စုစည်းထားတာကို Portfolio လို့ ခေါ်ပါတယ်။ဒါဟာ အင်တာဗျူးမှာ ကိုယ့်ကို အမှတ်သာစေပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဘာတွေလုပ်နိုင်တယ်ဆိုတာကို ပါးစပ်နဲ့တင် ပြောနေတာမဟုတ်ဘဲ အထောက်အထားတွေနဲ့ သေသေသပ်သပ် ပြသနိုင်လို့ ဖြစ်ပါတယ်။

Portfolio ပုံစံ နှစ်မျိုး

Portfolio ကို ပုံစံ (၂) မျိုးနဲ့ ပြင်ဆင်နိုင်ပါတယ်။ Electronic (Digital)၊ Website သို့မဟုတ် Tablet ထဲမှာ ပြသနိုင်ပါတယ်။ ဒုတိယတမျိုးက Hardcopyပါ။ စာအုပ်အဖြစ် ရိုက်နှိပ်ထားတာပါ။ဘယ်ပုံစံကို သုံးမလဲဆိုတာကတော့ ကိုယ်လျှောက်မယ့် အလုပ်အကိုင်၊ ကုမ္ပဏီနဲ့ ကိုယ့်ရဲ့ စိတ်ကြိုက်အပေါ်မှာ မူတည်ပါတယ်။ ဥပမာ- ဓာတ်ပုံဆရာတစ်ယောက်ဆိုရင် သူရိုက်ထားတဲ့ပုံတွေ Print ထုတ်လိုက်ရင် ဘယ်လောက်လှလဲဆိုတာ ပြဖို့အတွက် Hardcopy က ပိုသင့်တော်ပါလိမ့်မယ်။
Graphic Designer တစ်ယောက်ဆိုရင်တော့ Website ပုံစံမျိုး Electronic portfolio က ပိုကောင်းပါတယ်။ ဒါကို အင်တာဗျူးသွားတဲ့အခါ Tablet ထဲထည့်သွားပြီး ပြလို့ရပါတယ်။ ဘယ်ပုံစံပဲဖြစ်ဖြစ် ကိုယ့်အလုပ်နဲ့ ကိုက်ညီဖို့တော့ လိုပါတယ်။

Portfolio ကို စနစ်တကျ ဒီအချက်တွေနဲ့ ပြင်ဆင်နိုင်ပါတယ်။

ပါဝင်မယ့် အကြောင်းအရာများကို ဆုံးဖြတ်ပါ

အရင်ဆုံး ဘာတွေထည့်မလဲဆိုတာ အကြမ်းဖျင်း ချရေးကြည့်ပါ။ အကောင်းဆုံး လက်ရာများ (Work samples)၊ လက်ရှိ လုပ်ဆောင်နေဆဲ ပရောဂျက်များ၊ သင် တန်းဆင်းလက်မှတ်များ၊ ရရှိထားသော ဆုတံဆိပ်များ၊ ထောက်ခံပေးမယ့်သူများ (References)၊ အစီရင်ခံစာများ (Reports)၊ အတွေ့အကြုံ၊ လျှောက်ထားတဲ့ ကုမ္ပဏီနဲ့ သက်ဆိုင်သည့် အရာများကို အလုပ်အကိုင် အမျိုးအစားပေါ် မူတည်ပြီး အားလုံးထည့်စရာ မလိုပါဘူး။ ဥပမာ- ဘဏ်လုပ်ငန်းဆိုရင် အောင်မြင်မှု အစီရင်ခံ စာတွေ ပါသင့်ပေမယ့်Transcriptက သိပ်အရေးမကြီးလှပါဘူး။ သတိပြုဖို့က အရင်ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ ငွေကြေးအစီရင်ခံစာတွေကို ထည့်ချင်တယ်ဆိုရင် ခွင့်ပြုချက် အရင်တောင်းဖို့ မမေ့ပါနဲ့။

မိတ်ဆက် (Introduction) ပါပါစေ

ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို အနှစ်ချုပ် ဖော်ပြထားတဲ့ မိတ်ဆက်စာ တိုတိုလေး ထည့်ပါ။ Hardcopy အတွက်က Cover Letter ပုံစံမျိုး သုံးနိုင်ပြီး ကိုယ့်ရဲ့ ဆက်သွယ်ရန် လိပ်စာကို သေသေချာချာ ထည့်ပါ။ Electronic အတွက်က ပိုပြီး တီထွင်ဖန်တီးနိုင်ပါတယ်။ ဥပမာ Google မှာ အလုပ်လျှောက်မယ်ဆိုရင် Google Landing Page ပုံစံမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တာမျိုး စသဖြင့် စိတ်ကူးရှိသလို လုပ်နိုင်ပါတယ်။

အချက်အလက်များကို ရွေးချယ်စုစည်းပါ

ကိုယ့်မှာရှိသမျှ အကုန်မထည့်ပါနဲ့။ လျှောက်ထားတဲ့ ကုမ္ပဏီနဲ့ တိုက်ရိုက်သက်ဆိုင်မယ့် အရာတွေကိုပဲ ရွေးထည့်ပါ။ အင်တာဗျူးသူကို အချက်အလက်တွေနဲ့ ဗျာများမသွားစေဖို့ စာမျက်နှာ (၁၅) မျက်နှာ ထက် မပိုအောင် ဂရုစိုက်ပါ။ ကိုယ့်ရဲ့ “Top 100” တွေအကုန် ပြနေဖို့ မလိုပါဘူး၊ ကိုယ့်ကို ဘာကြောင့် ခန့်သင့်လဲဆိုတာကိုပဲ ပြဖို့ လိုပါတယ်။

ကြည့်ရလွယ်အောင် ပြင်ဆင်ပါ

Portfolio က ကြည့်ရတာ ရှုပ်နေရင် အင်တာဗျူးသူက ကြည့်တော့မှာ မဟုတ်ပါဘူး။ မာတိကာထည့်ပါ။ စာမျက်နှာ နံပါတ်တွေ တပ်ပါ။ Electronic ဆိုရင် Link တွေကို မာတိကာကနေ တိုက်ရိုက်နှိပ်လို့ရအောင် လုပ်ထားပါ။

ပုံစံ တစ်သမတ်တည်းဖြစ်ပါစေ

ဒါက အလွန်အရေးကြီးပါတယ်။ စာမျက်နှာတိုင်းဟာ Format တူနေရပါမယ်။ အရင်အလုပ်တွေက အချက်အလက်တွေဟာ ပုံစံအမျိုးမျိုး ဖြစ်နေရင်တောင် Portfolio ထဲမှာတော့ Fonts၊ Margins၊ Headers၊ Footers တွေကို တစ်သမတ်တည်းဖြစ်အောင် ပြန်ညှိပါ။ ဒါက ကိုယ့်ရဲ့ စေ့စပ်သေချာမှု နဲ့ စီမံခန့်ခွဲနိုင်စွမ်း ကို ပြသရာရောက်ပါတယ်။

တင်ပြပုံကို အလေးထားပါ

မတင်ပြခင်မှာ ကိုယ်တိုင် အရင်လေ့ကျင့်ထားပါ။ အင်တာဗျူးမှာ Portfolio ကို ထုတ်မပြခင် သူတို့ကြည့်ချင်သလားဆိုတာ အရင်မေးပါ။ Hardcopy ဆိုရင် စာမျက် နှာ တစ်ခုချင်းစီကို လှန်ပြရင်း ဒီအချက်ကို ဘာလို့ ရွေးထည့်ထားတယ်ဆိုတာ ရှင်းပြပါ။ ဖတ်ဖို့ အချိန်ပေးရမယ့် အပိုင်းဆိုရင် အနှစ်ချုပ်ကို ပြောပြပြီး နောက်မှအ သေးစိတ် ပြန်ဖတ်ဖို့ အကြံပြုပါ။ Electronic ဆိုရင် ကိုယ့်ရဲ့ Tablet ကိုယ်တိုင် ယူသွားပါ။ သူတို့ဆီက စက်ကို အားမကိုးပါနဲ့။ ယုံကြည်မှုရှိရှိနဲ့ တစ်မျက်နှာချင်းစီ ရှင်းပြပါ။

ဒီလမ်းညွှန်ချက်တွေကို လိုက်နာမယ်ဆိုရင် ကိုယ့်ရဲ့ Portfolio ဟာ တခြားသူတွေထက် ထင်ထင်ရှားရှား သာလွန်နေမှာ သေချာပါတယ်။

ကျော့ကေခိုင်

zawgyi

ကိုယ့္ရဲ႕ Portfolio ကို စနစ္တက်ျဖစ္ေအာင္ ျပင္ဆင္ဖို႔ နည္းလမ္းေတြကို ရွာေနပါသလား။ ဒါဆိုရင္ေတာ့ ဒီေဆာင္းပါးေလး ဖတ္ၾကည့္ေစလိုပါတယ္။ စနစ္တက်မရွိဘဲ ရႈပ္ပြေနတဲ့ Portfolio တစ္ခုထက္ ဆိုးတာ ဘာမွမရွိပါဘူး။ ဒီအခ်က္တစ္ခုတည္းနဲ႔တင္ အလုပ္ျငင္းပယ္ခံရတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

Portfolio ဆိုတာ ဘာလဲ

ကိုယ့္ရဲ႕ Career တစ္ေလွ်ာက္ အေကာင္းဆုံး အစိတ္အပိုင္းေတြကို စုစည္းထားတဲ့ အေကာင္းဆုံးျပကြက္မ်ားလို႔ ျမင္ၾကည့္လိုက္ပါ။ ကိုယ့္ရဲ႕ ဂုဏ္အယူရဆုံး ေအာင္ ျမင္မႈေတြကို တစ္ကမာၻလုံး ျမင္ေအာင္ ခ်ျပထားတာမ်ိဳးေပါ့။ ကိုယ့္မွာရွိတဲ့ ကြၽမ္းက်င္မႈ၊ ပညာအရည္အခ်င္း၊ အေတြ႕အႀကဳံ၊ သင္တန္းမ်ားနဲ႔ ေအာင္ျမင္မႈေတြကို လက္ေတြ႕သာဓကေတြနဲ႔တကြ စနစ္တက် စုစည္းထားတာကို Portfolio လို႔ ေခၚပါတယ္။ဒါဟာ အင္တာဗ်ဴးမွာ ကိုယ့္ကို အမွတ္သာေစပါတယ္။ ဘာလို႔လဲဆိုေတာ့ ကိုယ္ဘာေတြလုပ္ႏိုင္တယ္ဆိုတာကို ပါးစပ္နဲ႔တင္ ေျပာေနတာမဟုတ္ဘဲ အေထာက္အထားေတြနဲ႔ ေသေသသပ္သပ္ ျပသႏိုင္လို႔ ျဖစ္ပါတယ္။

Portfolio ပုံစံ ႏွစ္မ်ိဳး

Portfolio ကို ပုံစံ (၂) မ်ိဳးနဲ႔ ျပင္ဆင္ႏိုင္ပါတယ္။ Electronic (Digital)၊ Website သို႔မဟုတ္ Tablet ထဲမွာ ျပသႏိုင္ပါတယ္။ ဒုတိယတမ်ိဳးက Hardcopyပါ။ စာအုပ္အျဖစ္ ႐ိုက္ႏွိပ္ထားတာပါ။ဘယ္ပုံစံကို သုံးမလဲဆိုတာကေတာ့ ကိုယ္ေလွ်ာက္မယ့္ အလုပ္အကိုင္၊ ကုမၸဏီနဲ႔ ကိုယ့္ရဲ႕ စိတ္ႀကိဳက္အေပၚမွာ မူတည္ပါတယ္။ ဥပမာ- ဓာတ္ပုံဆရာတစ္ေယာက္ဆိုရင္ သူ႐ိုက္ထားတဲ့ပုံေတြ Print ထုတ္လိုက္ရင္ ဘယ္ေလာက္လွလဲဆိုတာ ျပဖို႔အတြက္ Hardcopy က ပိုသင့္ေတာ္ပါလိမ့္မယ္။
Graphic Designer တစ္ေယာက္ဆိုရင္ေတာ့ Website ပုံစံမ်ိဳး Electronic portfolio က ပိုေကာင္းပါတယ္။ ဒါကို အင္တာဗ်ဴးသြားတဲ့အခါ Tablet ထဲထည့္သြားၿပီး ျပလို႔ရပါတယ္။ ဘယ္ပုံစံပဲျဖစ္ျဖစ္ ကိုယ့္အလုပ္နဲ႔ ကိုက္ညီဖို႔ေတာ့ လိုပါတယ္။

Portfolio ကို စနစ္တက် ဒီအခ်က္ေတြနဲ႔ ျပင္ဆင္ႏိုင္ပါတယ္။

ပါဝင္မယ့္ အေၾကာင္းအရာမ်ားကို ဆုံးျဖတ္ပါ

အရင္ဆုံး ဘာေတြထည့္မလဲဆိုတာ အၾကမ္းဖ်င္း ခ်ေရးၾကည့္ပါ။ အေကာင္းဆုံး လက္ရာမ်ား (Work samples)၊ လက္ရွိ လုပ္ေဆာင္ေနဆဲ ပေရာဂ်က္မ်ား၊ သင္ တန္းဆင္းလက္မွတ္မ်ား၊ ရရွိထားေသာ ဆုတံဆိပ္မ်ား၊ ေထာက္ခံေပးမယ့္သူမ်ား (References)၊ အစီရင္ခံစာမ်ား (Reports)၊ အေတြ႕အႀကဳံ၊ ေလွ်ာက္ထားတဲ့ ကုမၸဏီနဲ႔ သက္ဆိုင္သည့္ အရာမ်ားကို အလုပ္အကိုင္ အမ်ိဳးအစားေပၚ မူတည္ၿပီး အားလုံးထည့္စရာ မလိုပါဘူး။ ဥပမာ- ဘဏ္လုပ္ငန္းဆိုရင္ ေအာင္ျမင္မႈ အစီရင္ခံ စာေတြ ပါသင့္ေပမယ့္Transcriptက သိပ္အေရးမႀကီးလွပါဘူး။ သတိျပဳဖို႔က အရင္ကုမၸဏီရဲ႕ လွ်ိဳ႕ဝွက္ခ်က္ျဖစ္တဲ့ ေငြေၾကးအစီရင္ခံစာေတြကို ထည့္ခ်င္တယ္ဆိုရင္ ခြင့္ျပဳခ်က္ အရင္ေတာင္းဖို႔ မေမ့ပါနဲ႔။

မိတ္ဆက္ (Introduction) ပါပါေစ

ကိုယ့္ရဲ႕ ကြၽမ္းက်င္မႈနဲ႔ အေတြ႕အႀကဳံေတြကို အႏွစ္ခ်ဳပ္ ေဖာ္ျပထားတဲ့ မိတ္ဆက္စာ တိုတိုေလး ထည့္ပါ။ Hardcopy အတြက္က Cover Letter ပုံစံမ်ိဳး သုံးႏိုင္ၿပီး ကိုယ့္ရဲ႕ ဆက္သြယ္ရန္ လိပ္စာကို ေသေသခ်ာခ်ာ ထည့္ပါ။ Electronic အတြက္က ပိုၿပီး တီထြင္ဖန္တီးႏိုင္ပါတယ္။ ဥပမာ Google မွာ အလုပ္ေလွ်ာက္မယ္ဆိုရင္ Google Landing Page ပုံစံမ်ိဳးနဲ႔ ကိုယ့္ကိုယ္ကိုယ္ မိတ္ဆက္တာမ်ိဳး စသျဖင့္ စိတ္ကူးရွိသလို လုပ္ႏိုင္ပါတယ္။

အခ်က္အလက္မ်ားကို ေ႐ြးခ်ယ္စုစည္းပါ

ကိုယ့္မွာရွိသမွ် အကုန္မထည့္ပါနဲ႔။ ေလွ်ာက္ထားတဲ့ ကုမၸဏီနဲ႔ တိုက္႐ိုက္သက္ဆိုင္မယ့္ အရာေတြကိုပဲ ေ႐ြးထည့္ပါ။ အင္တာဗ်ဴးသူကို အခ်က္အလက္ေတြနဲ႔ ဗ်ာမ်ားမသြားေစဖို႔ စာမ်က္ႏွာ (၁၅) မ်က္ႏွာ ထက္ မပိုေအာင္ ဂ႐ုစိုက္ပါ။ ကိုယ့္ရဲ႕ “Top 100” ေတြအကုန္ ျပေနဖို႔ မလိုပါဘူး၊ ကိုယ့္ကို ဘာေၾကာင့္ ခန႔္သင့္လဲဆိုတာကိုပဲ ျပဖို႔ လိုပါတယ္။

ၾကည့္ရလြယ္ေအာင္ ျပင္ဆင္ပါ

Portfolio က ၾကည့္ရတာ ရႈပ္ေနရင္ အင္တာဗ်ဴးသူက ၾကည့္ေတာ့မွာ မဟုတ္ပါဘူး။ မာတိကာထည့္ပါ။ စာမ်က္ႏွာ နံပါတ္ေတြ တပ္ပါ။ Electronic ဆိုရင္ Link ေတြကို မာတိကာကေန တိုက္႐ိုက္ႏွိပ္လို႔ရေအာင္ လုပ္ထားပါ။

ပုံစံ တစ္သမတ္တည္းျဖစ္ပါေစ

ဒါက အလြန္အေရးႀကီးပါတယ္။ စာမ်က္ႏွာတိုင္းဟာ Format တူေနရပါမယ္။ အရင္အလုပ္ေတြက အခ်က္အလက္ေတြဟာ ပုံစံအမ်ိဳးမ်ိဳး ျဖစ္ေနရင္ေတာင္ Portfolio ထဲမွာေတာ့ Fonts၊ Margins၊ Headers၊ Footers ေတြကို တစ္သမတ္တည္းျဖစ္ေအာင္ ျပန္ညႇိပါ။ ဒါက ကိုယ့္ရဲ႕ ေစ့စပ္ေသခ်ာမႈ နဲ႔ စီမံခန႔္ခြဲႏိုင္စြမ္း ကို ျပသရာေရာက္ပါတယ္။

တင္ျပပုံကို အေလးထားပါ

မတင္ျပခင္မွာ ကိုယ္တိုင္ အရင္ေလ့က်င့္ထားပါ။ အင္တာဗ်ဴးမွာ Portfolio ကို ထုတ္မျပခင္ သူတို႔ၾကည့္ခ်င္သလားဆိုတာ အရင္ေမးပါ။ Hardcopy ဆိုရင္ စာမ်က္ ႏွာ တစ္ခုခ်င္းစီကို လွန္ျပရင္း ဒီအခ်က္ကို ဘာလို႔ ေ႐ြးထည့္ထားတယ္ဆိုတာ ရွင္းျပပါ။ ဖတ္ဖို႔ အခ်ိန္ေပးရမယ့္ အပိုင္းဆိုရင္ အႏွစ္ခ်ဳပ္ကို ေျပာျပၿပီး ေနာက္မွအ ေသးစိတ္ ျပန္ဖတ္ဖို႔ အႀကံျပဳပါ။ Electronic ဆိုရင္ ကိုယ့္ရဲ႕ Tablet ကိုယ္တိုင္ ယူသြားပါ။ သူတို႔ဆီက စက္ကို အားမကိုးပါနဲ႔။ ယုံၾကည္မႈရွိရွိနဲ႔ တစ္မ်က္ႏွာခ်င္းစီ ရွင္းျပပါ။

ဒီလမ္းၫႊန္ခ်က္ေတြကို လိုက္နာမယ္ဆိုရင္ ကိုယ့္ရဲ႕ Portfolio ဟာ တျခားသူေတြထက္ ထင္ထင္ရွားရွား သာလြန္ေနမွာ ေသခ်ာပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*