ကျေးဇူးတင်ခြင်းက ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်စေနိုင်တဲ့ နည်းလမ်း (၃) သွယ်

ဒီနေ့မှာတော့ ခေါင်းဆောင်မှုပုံစံမှာလည်း ကျေးဇူးတင်ခြင်းကို တစ်နှစ်ပတ်လုံး ဘယ်လို ထည့်သွင်းသင့်တယ်ဆိုတဲ့ အကြောင်း ဆွေးနွေးချင်ပါတယ်။ အမှန်တော့ ကျေးဇူးတင်ခြင်းဆိုတာ ခေါင်းဆောင်တစ်ယောက်အတွက် အလွန်အရေးကြီးပြီး၊ တစ်ခါတလေကျရင် တန်ဖိုးထားဖို့ မေ့နေတတ်တဲ့ စွမ်းရည်တစ်ခု ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူက နည်းလမ်း (၃) သွယ်နဲ့ ပိုကောင်းတဲ့ ခေါင်းဆောင် ဖြစ်စေလို့ပါ။

၁။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်အောင် ကူညီပေးတယ်

ခေါင်းဆောင်မှုဆိုတာ အပြင်ပန်းက အဖွဲ့ကို စီမံခန့်ခွဲတာအပြင်၊ ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ စိတ်ခံစားချက်တွေကိုပါ ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ကျေးဇူးတင်တတ်တဲ့ စိတ်ထားက စိတ်ဖိစီးမှုတွေနဲ့ ဖိအားတွေ ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မြေပြင်ပေါ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ကူညီပေးပါတယ်။ ဒါမှ ကိုယ့်အဖွဲ့အတွက် စိတ်တည်ငြိမ်ပြီး အားကိုးရတဲ့သူတစ်ယောက်အနေနဲ့ ရပ်တည်နိုင်မှာပါ။ နောက်ပြီး အမြဲတမ်း ပြီးပြည့်စုံချင်တဲ့ စိတ်ကနေ ရုန်းထွက်ပြီး၊ နေ့စဉ် ကြိုးပမ်းမှုတွေ၊ သေးငယ်တဲ့ အောင်မြင်မှုတွေနဲ့ တိုးတက်မှုတွေကို ကျေနပ်ဂုဏ်ယူတတ်လာပါလိမ့်မယ်။ ဒီတော့ ကျေးဇူးတင်ခြင်းက ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေခံကို ခိုင်မာစေပါတယ်။

၂။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု တည်ဆောက်ပေးတယ်

လုပ်ငန်းခွင်မှာ “စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု” ရှိတယ်ဆိုတာ အမှားလုပ်မိရင်ပဲ ဖြစ်ဖြစ်၊ စိတ်ကူးသစ်တွေ ပြောရင်ပဲဖြစ်ဖြစ်၊ ဘာအန္တရာယ်မှ မရှိဘဲ ပြောဆိုတင်ပြနိုင်တဲ့ အခြေအနေကို ဆိုလိုတာပါ။ ဒါဟာ အဖွဲ့ရဲ့ စွမ်းဆောင်ရည်အတွက် အရေးကြီးဆုံးအရာလို့ သတ်မှတ်ကြပါတယ်။ ဒီ လုံခြုံမှုကို တည်ဆောက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဝန်ထမ်းတွေကို တန်ဖိုးထားကြောင်း ပြသခြင်းပါပဲ။ ဝန်ထမ်းတွေကို သူတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အတွက် သာမကဘဲ၊ တစ်ဦးချင်းစီရဲ့ ဖွံ့ဖြိုးမှု ပန်းတိုင်တွေနဲ့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အတွက်ပါ ကျေးဇူးတင်ကြောင်း ရိုးသားစွာ ဖော်ပြပါ။ ခေါင်းဆောင်က တကယ်ဂရုစိုက်တယ်ဆိုတာ သိရတဲ့အခါ ဝန်ထမ်းတွေဟာ ပိုပြီး ပွင့်လင်းလာပြီး၊ ပိုပြီး တက်တက်ကြွကြွ ပါဝင်လာပါလိမ့်မယ်။ ဒါကြောင့် ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို တိုးစေတဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။

၃။ ခက်ခဲတဲ့အချိန်တွေကို အောင်မြင်စွာ ကျော်လွှားစေတယ်

လက်ရှိစီးပွားရေး အခြေအနေတွေ၊ နည်းပညာရဲ့ ပြောင်းလဲမှုတွေကြားမှာ ကျွန်ုပ်တို့ အားလုံးဟာ ပိုပြီး ခက်ခဲတဲ့ အလုပ်တွေကို ရင်ဆိုင်နေရပါတယ်။ ဒီလိုအချိန်မျိုးမှာ လူသားတွေရဲ့ သဘောသဘာဝအရ အဆိုးမြင်စိတ် (Negativity Bias) က ပိုပြီး အားကောင်းတတ်ပါတယ်။ ကျေးဇူးတင်ခြင်းက ဒီအဆိုးမြင်စိတ်ကို တန်ပြန်ပေးနိုင်ပါတယ်။ဟားဗတ် ပါမောက္ခ Arthur Brooks ရဲ့ အဆိုအရ ကျေးဇူးတင်ခြင်းကို ကိုယ်လက်လေ့ကျင့်ခန်းလိုပဲအလေ့အကျင့် လုပ်ရမယ်လို့ ဆိုပါတယ်။ ပင်ပန်းတဲ့အခါ ပထမဆုံး မေ့သွားတတ်တာက ကျေးဇူးတင်ဖို့ပါပဲတဲ့။

အဆင်မပြေမှုတွေကြားမှာ မိသားစု၊ မိတ်ဆွေ၊ ကောင်းမွန်တဲ့ အစားအစာ၊ ဒါမှမဟုတ် နွေးထွေးတဲ့ အိပ်ရာလိုမျိုး ရိုးရှင်းတဲ့ ပျော်ရွှင်စရာတွေအတွက် ကျေးဇူးတင်တတ်ဖို့ ကြိုးစားရပါမယ်။ ခေါင်းဆောင်တ စ်ဦးအနေနဲ့ ခက်ခဲတဲ့ကာလမှာတောင် အပြုသဘောဆောင်တဲ့ အရာတွေကို မြင်အောင်ကြည့်နိုင်ရင်၊ သင့်အဖွဲ့ဟာ စိတ် ဓာတ်မကျဘဲ စည်းလုံးညီညွတ်စွာ ဆက်ပြီး အလုပ်လုပ်နိုင်ပါလိမ့်မယ်။

ကျေးဇူးတင်ခြင်းကို ပွဲလမ်းသဘင်ကာလတစ်ခုအတွက်ပဲ မဟုတ်ဘဲ၊ ကျွန်ုပ်တို့ရဲ့ နေ့စဉ် ခေါင်းဆောင်မှုရဲ့ အဓိက ကိရိယာတစ်ခုအဖြစ် အသုံးပြုမယ်ဆိုရင် သင်ရော၊ သင့်အဖွဲ့ပါ တစ်နှစ်ပတ်လုံး ပိုပြီး ပျော်ရွှင်၊ ပိုပြီး ထုတ်လုပ်မှုရှိတဲ့သူတွေ ဖြစ်လာပါလိမ့်မယ်။

ကျော့ကေခိုင်

zawgyi

ဒီေန႔မွာေတာ့ ေခါင္းေဆာင္မႈပုံစံမွာလည္း ေက်းဇူးတင္ျခင္းကို တစ္ႏွစ္ပတ္လုံး ဘယ္လို ထည့္သြင္းသင့္တယ္ဆိုတဲ့ အေၾကာင္း ေဆြးေႏြးခ်င္ပါတယ္။ အမွန္ေတာ့ ေက်းဇူးတင္ျခင္းဆိုတာ ေခါင္းေဆာင္တစ္ေယာက္အတြက္ အလြန္အေရးႀကီးၿပီး၊ တစ္ခါတေလက်ရင္ တန္ဖိုးထားဖို႔ ေမ့ေနတတ္တဲ့ စြမ္းရည္တစ္ခု ပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ သူက နည္းလမ္း (၃) သြယ္နဲ႔ ပိုေကာင္းတဲ့ ေခါင္းေဆာင္ ျဖစ္ေစလို႔ပါ။

၁။ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္ေအာင္ ကူညီေပးတယ္

ေခါင္းေဆာင္မႈဆိုတာ အျပင္ပန္းက အဖြဲ႕ကို စီမံခန႔္ခြဲတာအျပင္၊ ကိုယ့္ရဲ႕ အတြင္းစိတ္နဲ႔ စိတ္ခံစားခ်က္ေတြကိုပါ ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုအပ္ပါတယ္။ ေက်းဇူးတင္တတ္တဲ့ စိတ္ထားက စိတ္ဖိစီးမႈေတြနဲ႔ ဖိအားေတြ ႀကဳံလာတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ ေျမျပင္ေပၚ ခိုင္ခိုင္မာမာ ရပ္တည္ႏိုင္ေအာင္ ကူညီေပးပါတယ္။ ဒါမွ ကိုယ့္အဖြဲ႕အတြက္ စိတ္တည္ၿငိမ္ၿပီး အားကိုးရတဲ့သူတစ္ေယာက္အေနနဲ႔ ရပ္တည္ႏိုင္မွာပါ။ ေနာက္ၿပီး အၿမဲတမ္း ၿပီးျပည့္စုံခ်င္တဲ့ စိတ္ကေန ႐ုန္းထြက္ၿပီး၊ ေန႔စဥ္ ႀကိဳးပမ္းမႈေတြ၊ ေသးငယ္တဲ့ ေအာင္ျမင္မႈေတြနဲ႔ တိုးတက္မႈေတြကို ေက်နပ္ဂုဏ္ယူတတ္လာပါလိမ့္မယ္။ ဒီေတာ့ ေက်းဇူးတင္ျခင္းက ကြၽႏ္ုပ္တို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ အေျခခံကို ခိုင္မာေစပါတယ္။

၂။ စိတ္ပိုင္းဆိုင္ရာ လုံၿခဳံမႈ တည္ေဆာက္ေပးတယ္

လုပ္ငန္းခြင္မွာ “စိတ္ပိုင္းဆိုင္ရာ လုံၿခဳံမႈ” ရွိတယ္ဆိုတာ အမွားလုပ္မိရင္ပဲ ျဖစ္ျဖစ္၊ စိတ္ကူးသစ္ေတြ ေျပာရင္ပဲျဖစ္ျဖစ္၊ ဘာအႏၲရာယ္မွ မရွိဘဲ ေျပာဆိုတင္ျပႏိုင္တဲ့ အေျခအေနကို ဆိုလိုတာပါ။ ဒါဟာ အဖြဲ႕ရဲ႕ စြမ္းေဆာင္ရည္အတြက္ အေရးႀကီးဆုံးအရာလို႔ သတ္မွတ္ၾကပါတယ္။ ဒီ လုံၿခဳံမႈကို တည္ေဆာက္ဖို႔ အေကာင္းဆုံးနည္းလမ္းကေတာ့ ဝန္ထမ္းေတြကို တန္ဖိုးထားေၾကာင္း ျပသျခင္းပါပဲ။ ဝန္ထမ္းေတြကို သူတို႔ရဲ႕ လုပ္ငန္းစြမ္းေဆာင္ရည္အတြက္ သာမကဘဲ၊ တစ္ဦးခ်င္းစီရဲ႕ ဖြံ႕ၿဖိဳးမႈ ပန္းတိုင္ေတြနဲ႔ သူတို႔ရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြ အတြက္ပါ ေက်းဇူးတင္ေၾကာင္း ႐ိုးသားစြာ ေဖာ္ျပပါ။ ေခါင္းေဆာင္က တကယ္ဂ႐ုစိုက္တယ္ဆိုတာ သိရတဲ့အခါ ဝန္ထမ္းေတြဟာ ပိုၿပီး ပြင့္လင္းလာၿပီး၊ ပိုၿပီး တက္တက္ႂကြႂကြ ပါဝင္လာပါလိမ့္မယ္။ ဒါေၾကာင့္ ေက်းဇူးတင္ေၾကာင္း ေဖာ္ျပျခင္းဟာ စိတ္ပိုင္းဆိုင္ရာ လုံၿခဳံမႈကို တိုးေစတဲ့ အေကာင္းဆုံးနည္းလမ္းပါပဲ။

၃။ ခက္ခဲတဲ့အခ်ိန္ေတြကို ေအာင္ျမင္စြာ ေက်ာ္လႊားေစတယ္

လက္ရွိစီးပြားေရး အေျခအေနေတြ၊ နည္းပညာရဲ႕ ေျပာင္းလဲမႈေတြၾကားမွာ ကြၽႏ္ုပ္တို႔ အားလုံးဟာ ပိုၿပီး ခက္ခဲတဲ့ အလုပ္ေတြကို ရင္ဆိုင္ေနရပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ လူသားေတြရဲ႕ သေဘာသဘာဝအရ အဆိုးျမင္စိတ္ (Negativity Bias) က ပိုၿပီး အားေကာင္းတတ္ပါတယ္။ ေက်းဇူးတင္ျခင္းက ဒီအဆိုးျမင္စိတ္ကို တန္ျပန္ေပးႏိုင္ပါတယ္။ဟားဗတ္ ပါေမာကၡ Arthur Brooks ရဲ႕ အဆိုအရ ေက်းဇူးတင္ျခင္းကို ကိုယ္လက္ေလ့က်င့္ခန္းလိုပဲအေလ့အက်င့္ လုပ္ရမယ္လို႔ ဆိုပါတယ္။ ပင္ပန္းတဲ့အခါ ပထမဆုံး ေမ့သြားတတ္တာက ေက်းဇူးတင္ဖို႔ပါပဲတဲ့။

အဆင္မေျပမႈေတြၾကားမွာ မိသားစု၊ မိတ္ေဆြ၊ ေကာင္းမြန္တဲ့ အစားအစာ၊ ဒါမွမဟုတ္ ေႏြးေထြးတဲ့ အိပ္ရာလိုမ်ိဳး ႐ိုးရွင္းတဲ့ ေပ်ာ္႐ႊင္စရာေတြအတြက္ ေက်းဇူးတင္တတ္ဖို႔ ႀကိဳးစားရပါမယ္။ ေခါင္းေဆာင္တ စ္ဦးအေနနဲ႔ ခက္ခဲတဲ့ကာလမွာေတာင္ အျပဳသေဘာေဆာင္တဲ့ အရာေတြကို ျမင္ေအာင္ၾကည့္ႏိုင္ရင္၊ သင့္အဖြဲ႕ဟာ စိတ္ ဓာတ္မက်ဘဲ စည္းလုံးညီၫြတ္စြာ ဆက္ၿပီး အလုပ္လုပ္ႏိုင္ပါလိမ့္မယ္။

ေက်းဇူးတင္ျခင္းကို ပြဲလမ္းသဘင္ကာလတစ္ခုအတြက္ပဲ မဟုတ္ဘဲ၊ ကြၽႏ္ုပ္တို႔ရဲ႕ ေန႔စဥ္ ေခါင္းေဆာင္မႈရဲ႕ အဓိက ကိရိယာတစ္ခုအျဖစ္ အသုံးျပဳမယ္ဆိုရင္ သင္ေရာ၊ သင့္အဖြဲ႕ပါ တစ္ႏွစ္ပတ္လုံး ပိုၿပီး ေပ်ာ္႐ႊင္၊ ပိုၿပီး ထုတ္လုပ္မႈရွိတဲ့သူေတြ ျဖစ္လာပါလိမ့္မယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*