အလုပ်ရရှိဖို့ အတားအဆီးဖြစ်စေတဲ့ ကြောက်စိတ် (၃)မျိုး

အလုပ်အလျှောက်တဲ့အခါ သူသူငါငါက စိုးရိမ်စိတ်တွေရှိကြတာပုံမှန်ပါပဲ။ ဒီအလုပ်က ရပါ့မလား၊ ရတဲ့အခါမှာရော ကိုယ်က သူတို့လိုချင်တဲ့ ကိုက်ညီတဲ့သူဖြစ်ပါ့မလားဆိုတာတွေကို စိုးရိမ်ပူပန်ကြရပါတယ်။ နောက်ပြီး လုပ်ခန့်အပ်မှုတွေ နှေးကွေးလာတာ၊ လျှောက်လွှာတင်သူတွေ များပြားတာနဲ့ AI နည်းပညာတွေက အလုပ်ခန့်တဲ့ လုပ်ငန်းစဉ်တွေကို ပုံစံပြောင်းလဲပစ်နေတာတွေကြောင့် ဈေးကွက်က မလွယ်ဘူးဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ မထိန်းချုပ်နိုင်တဲ့ စိုးရိမ်စိတ်က သင့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေပါတယ်။

တကယ်တမ်း အလုပ်ရသွားတဲ့သူတွေဟာ အမြဲတမ်း အရည်အချင်းအရှိဆုံးသူတွေ မဟုတ်ကြပါဘူး။ သူတို့တွေဟာ ရဲရင့်စွာ လုပ်ဆောင်ရဲတဲ့သူတွေပါ။ ငြင်းပယ်ခံရပေမဲ့ ဆက်လက်လျှောက်ထားရဲခြင်း၊ အဆင်မပြေပေမဲ့ အကူအညီတောင်းရဲခြင်းနဲ့ နည်းပညာအသစ်တွေကို ကြောက်ရွံ့ရှောင်ဖယ်မနေဘဲ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရဲခြင်းတွေပဲ ဖြစ်ပါတယ်။ရဲရင့်တယ်ဆိုတာ ကြောက်စိတ်မရှိတာ မဟုတ်ပါဘူး။ ကြောက်စိတ်ရှိနေပေမဲ့ လုပ်ဆောင်ရဲတာကို ဆိုလိုတာပါ။ ဒီနေ့ခေတ် အလုပ်ဈေးကွက်မှာ ရဲစွမ်းသတ္တိဆိုတာ ရွေးချယ်စရာတစ်ခု မဟုတ်ပါဘူး။ ဒါဟာ အလုပ်ရှာဖွေမှုမှာ အကောင်းဆုံးသော ယှဉ်ပြိုင်နိုင်စွမ်းဖြစ်ပါတယ်။

အလုပ်ရဖို့အတွက် အတားအဆီးဖြစ်စေတဲ့ မမြင်နိုင်တဲ့ကြောက်စိတ် ၃ မျိုး

အမေရိကန်မှာ ပုဂ္ဂလိက ကဏ္ဍရဲ့ အလုပ်ခန့်အပ်မှုဟာ ၂၀၂၄ ခုနှစ်နှောင်းပိုင်းကနေ တစ်လကို အလုပ်နေရာ ၂၀၀,၀၀၀ ဝန်းကျင်ခန့်ကနေ ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ၁၉,၀၀၀ အထိ လျော့ကျသွားပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ အလုပ်နေရာတစ်ခုအတွက် လျှောက်လွှာရာနဲ့ချီ ရောက်ရှိလာနိုင်ပြီး ၃ ရာခိုင်နှုန်းခန့်သာ အင်တာဗျူးအဆင့်ကို ရောက်ရှိကြပါတယ်။ စာရင်းသွင်းထားတဲ့ အလုပ်နေရာ ၂၀ရာခိုင်နှုန်း လောက်ဟာ တကယ်တမ်း အလုပ်ခန့်ဖို့ ရည်ရွယ်ချက်မရှိတဲ့ ghost job တွေပဲ ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ Indeed ရဲ့ ဖော်ပြချက်အရ အလုပ်ခွင်ရဲ့ ၅၀ရာခိုင်နှုန်း အထိဟာ အလုပ်ဖြုတ်ခံရမှာကို စိုးရိမ်နေကြပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် အများကြီး ပိုများလာပါတယ်။ဒါကြောင့် အလုပ်ရှာဖွေသူအများစုဟာ အဆိုးမြင်စိတ်နဲ့ ကြောက်စိတ်ကြောင့် ဘာမှမလုပ်နိုင်ဖြစ်နေကြတာ မဆန်းပါဘူး။ ဒါပေမဲ့ လူတွေကတော့ အလုပ်ဆက်ရနေကြပါတယ်။ ကွာခြားချက်ကတော့ အရည်အချင်း ဒါမှမဟုတ် ကိုယ်ရေးအကျဉ်းတွေသက်သက် မဟုတ်ပါဘူး။ ပြင်းထန်စွာ ယှဉ်ပြိုင်ရတဲ့ အလုပ်ဈေးကွက်မှာ ကြောက်စိတ်ရှိနေပေမဲ့ လုပ်ဆောင်ရဲတဲ့ သတ္တိပဲ ဖြစ်ပါတယ်။ ငြင်းပယ်ခံရမှာကို ကြောက်တာ၊ ကွန်ရက်ချိတ်ဆက်ဖို့ ကြောက်တာနဲ့ AI ကို ကြောက်တာတွေဟာ အရည်အချင်းအရှိဆုံးသော လျှောက်ထားသူတွေကိုတောင် လမ်းချော်သွားစေနိုင်ပါတယ်။ ရဲစွမ်းသတ္တိနဲ့ တုံ့ပြန်နိုင်မှသာ ဒီအခြေအနေတွေကို ကျော်ဖြတ်နိုင်မှာပါ။

၁။ ပယ်ချခံရမှာကို ကြောက်တာ

ပယ်ချခံရတာဟာ ခြွင်းချက်တစ်ခု မဟုတ်ဘဲ ပုံမှန်လို ဖြစ်နေပါတယ်။ ပြိုင်ဆိုင်မှုက ပြင်းထန်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ပုံမှန်အားဖြင့် အ လုပ်လျှောက်ထားသူတစ်ဦးဟာ အင်တာဗျူးတစ်ခုရဖို့အတွက် လျှောက်လွှာပေါင်း ၄၂ ခုတင်ရပါတယ်။ ၃ရာခိုင်နှုန်း ခန့်သာ အင်တာ ဗျူးအဆင့်ကို ရောက်ပါတယ်။ ဒီအခြေအနေက သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို လျှင်မြန်စွာ လျော့ကျစေနိုင်ပါတယ်။ဒါပေမဲ့ ငြင်းပယ်ခံရတာဟာလည်း သင်ကြိုးစားအားထုတ်နေကြောင်း အထောက်အထားတစ်ခုပါပဲ။ တခြားသူတွေ ဘေးထွက်နေချိန်မှာ သင်ဟာ ကြိုးစားလုပ်ဆောင်နေတယ်ဆိုတာကို ပြသနေတာပါ။ ရဲစွမ်းသတ္တိဆိုတာ ငြင်းပယ်ခံရခြင်းကို အဆုံးအဖြတ်တစ်ခုအဖြစ် မမြင်ဘဲ အချက် အ လက်အဖြစ် ပုံပြောင်းသုံးသပ်တာကို ဆိုလိုပါတယ်။ ငြင်းပယ်ခံရတဲ့ လျှောက်လွှာတိုင်းဟာ သင့်ကို သဲလွန်စတွေ ပေးနေပါတယ်။ ဥပမာ- ဘယ်လိုအလုပ်နေရာတွေက တုံ့ပြန်မှုရှိလဲ၊ ဘယ်ကိုယ်ရေးအကျဉ်းတွေက အင်တာဗျူးခေါ်လဲ၊ ဘယ်အရာတွေကို ပြန်လည်ပြုပြင်မလဲ စတာတွေပဲ ဖြစ်ပါတယ်။တကယ့် ရဲစွမ်းသတ္တိဆိုတာ လုပ်ငန်းစဉ်ကြောင့် သင့်ရဲ့ အတ္တထိခိုက်နေပေမဲ့ ဆက်လက်လျှောက်ထားခြင်းပါပဲ။ ဆုတ်ခွာဖို့ စိတ်ကူးနေချိန်မှာ ပြန်လည်ကြိုးစားခြင်းပါပဲ။ တခြားသူတွေ လက်လျှော့လိုက်တဲ့အခါ ထပ်ပြီး လျှောက်ထားခြင်းက ရဲစွမ်း သတ္တိပါပဲ။ အဲဒီနောက်ထပ် လျှောက်လွှာတစ်ခုဟာ သင့်အလုပ်ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။

၂။ ကွန်ရက်ချိတ်ဆက်မှုကို ကြောက်တာ

အလုပ်ရှာဖွေသူ အများစုအတွက် ကွန်ရက်ချိတ်ဆက်ခြင်းဟာ အဆင်မပြေဘူးလို့ ခံစားရနိုင်ပါတယ်။ လူတွေကို စတင်ဆက်သွယ်ဖို့က စိတ်ထဲက ထစ်နေနိုင်သလို၊ အကူအညီတောင်းဖို့ကလည်း အားငယ်စရာလို ခံစားရနိုင်ပါတယ်။ မက်ဆေ့ချ်တွေ အကြောင်းမပြန်တဲ့အခါ စိတ်ပျက်စရာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အဆင်မပြေမှုကြောင့်ပဲ လူအများအပြားဟာ ကွန်ရက်ချိတ်ဆက်တာကို ရှောင်ကြပါတယ်။ ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဈေးကွက်မှာ ကွန်ရက်ချိတ်ဆက်ခြင်းကို ကျော်သွားတာဟာ အကြီးမားဆုံး အမှားတစ်ခုပဲ ဖြစ်ပါတယ်။အလုပ် လျှောက်လွှာပေါင်း ၁၅,၀၀၀ ကျော်ကို လေ့လာဆန်းစစ်မှုတစ်ခုအရ ၆ ရာခိုင်နှုန်းသာ ရည်ညွှန်းချက် (referral) တွေကနေ ရောက်လာခဲ့ပေမဲ့ အဲဒီ ၆ ရာခိုင်နှုန်းဟာ အလုပ်ခန့်ထားမှုအားလုံးရဲ့ ၃၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒီပုံစံဟာ လုပ်ငန်းနယ်ပယ်အသီးသီးမှာ အမြဲတမ်း မှန်ကန်နေပါတယ်။ ရည်ညွှန်းချက်တွေက လျှောက်လွှာအစိမ်းတွေ (ရည်ညွှန်းချက်မပါတာတွေ) (cold applications) ထက် အများကြီးပိုပြီး အကျိုးရှိပါတယ်။ကွန်ရက်ချိတ်ဆက်ခြင်းဟာ နောက်ဆုံးမှ ကမန်းကတမ်း လုပ်ရမယ့်အရာ မဟုတ်ဘဲ အလေ့အကျင့်တစ်ခု ဖြစ်သင့်ပါတယ်။ ဒါကတော့ ကျောင်းသားဟောင်းအဖွဲ့တွေမှာ ပါဝင်တာ၊ လုပ်ငန်းဆိုင်ရာပွဲတွေကို သွားတာ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ အဆက်အသွယ်လုပ်တာတွေကို ဆိုလိုပါတယ်။ အကောင်းဆုံးအခွင့်အရေးတွေဟာ မကြာခဏဆိုသလို သင့်အနေနဲ့ ပုံမှန်အလုပ်ရှာဖွေရေးစာမျက်နှာတွေမှာတောင် ရှာတွေ့နိုင်ခြင်းမရှိတဲ့ အလုပ်နေရာတွေအတွက် တံခါးဖွင့်ပေးနိုင်တဲ့ မခိုင်မာတဲ့ အဆက်အ သွယ်တွေ (weak ties) ကနေ လာတတ်ပါတယ်။ဒီနေရာမှာ ရဲစွမ်းသတ္တိဆိုတာ ရှောင်ရှားမယ့်အစား အဆင်မပြေမှုထဲကို ရဲရဲဝင်ရောက်ခြင်းပါပဲ။ micro-bravery လို့ခေါ်တဲ့ သတ္တိသေးသေးလေးတွေနဲ့ တွေးကြည့်ပါ။ တစ်နေ့ကို လူသုံးယောက်နဲ့ ဆက်သွယ်တာ၊ ၁၅ မိနစ် ဖုန်းပြောဖို့ တောင်းဆိုတာ ဒါမှမဟုတ် ဒီလမှာ ပွဲတစ်ခုကို တက်ရောက်တာတွေပဲ ဖြစ်ပါတယ်။ သင်ဟာ ပယ်ချခံရမှာကို ရင်ဆိုင်ရမှာဖြစ်ပြီး ဆက်သွယ်မှုအသစ်တွေလည်း ရရှိလာပါလိမ့်မယ်။ကွန်ရက်ချိတ်ဆက်ခြင်းကို ကျော်သွားရင် အလုပ်ရဖို့အတွက် သင့်ရဲ့ အကောင်းဆုံးအခွင့်အရေးကို ကျော်သွားတာနဲ့ အတူတူပါပဲ။ ဒီနေ့လုပ်လိုက်တဲ့ ရဲရင့်တဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုဟာ သင့်ရဲ့ နောက်ထပ်အလုပ်အတွက် တံခါးဖွင့်ပေးမယ့် ဆက်သွယ်မှု ဖြစ်နိုင်ပါတယ်။

၃။ AI ကို ကြောက်ခြင်း

AI (Artificial intelligence) ဟာ အလုပ်ရှာဖွေသူတွေအတွက် အသုံးဝင်တဲ့ ကိရိယာတစ်ခုဖြစ်သလို စိုးရိမ်ပူပန်မှုရဲ့ အရင်းအမြစ်တစ်ခုလည်း ဖြစ်လာပါတယ်။ လူအများစုဟာ စက်တွေနဲ့ အစားထိုးခံရမှာကို စိုးရိမ်နေကြပြီး တချို့ကတော့ နားမလည်နိုင်တဲ့ algorithm တွေနဲ့ ယှဉ်ပြိုင်ဖို့ ကြောက်လန့်ပြီး ဘာမှမလုပ်နိုင်ဖြစ်နေကြပါတယ်။ဒီစိုးရိမ်ပူပန်မှုက မှားယွင်းတာတော့ မဟုတ်ပါဘူး။ Stanford သုတေသီတွေရဲ့ အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်ကတည်းက AI ဟာ developer ရာထူးနေရာတွေကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး အစပိုင်းရာထူးတွေဟာ အလိုအလျောက်စနစ်နဲ့ အစားထိုးခံရဖို့ အထိခိုက်နိုင်ဆုံး ဖြစ်ကြောင်းကို မီးမောင်းထိုးပြခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Gartner ရဲ့ ခန့်မှန်းချက်အရ Fortune 500 ကုမ္ပဏီတွေရဲ့ ၈၀ရာခိုင်နှုန်း အထိဟာ ကိုယ်ရေးအကျဉ်းတွေကို စိစစ်ဖို့အတွက် AI-driven software တွေကို အသုံးပြုနေပါတယ်။ဒါက ပုံမှန်ကိုယ်ရေးအကျဉ်းတစ်ခု ပေးပို့ခြင်းဟာ ကိုယ့်ကိုယ်ကို အလုပ်အကိုင်နဲ့ပတ်သက်ပြီး ဆိုးရွားစွာ ထိခိုက်စေတာနဲ့ အတူတူပါပဲ။ ရဲရင့်တဲ့ လုပ်ရပ်ကတော့ AI ကို လျစ်လျူရှုတာ မဟုတ်ပါဘူး၊ AI နဲ့ ထိတွေ့ဆက်ဆံတာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ကိုယ်ရေးအကျဉ်းကို ပိုမိုကောင်းမွန်အောင် ပြုပြင်ဖို့၊ သက်ဆိုင်ရာ keyword တွေနဲ့ လိုက်ဖက်ညီအောင် ပြုလုပ်ဖို့ ဒါမှမဟုတ် အင်တာဗျူးလေ့ကျင့်ခန်းတွေအတွက် AI tool တွေကို အသုံးပြုပါ။ ဒါပေမဲ့ ရိုးသားမှုကိုတော့ အဓိကထားပါ။ အလုပ်ခန့်မယ့် မန်နေဂျာတွေဟာ AI လုံးဝဖန်တီးထားတဲ့ လျှောက်လွှာကို စက္ကန့်ပိုင်းအတွင်း သိနိုင်ပြီး အများစုကတော့ ဒါမျိုးဆိုရင် ပယ်ချမယ်လို့ ပြောကြပါတယ်။ဒီနေရာမှာ ရဲစွမ်းသတ္တိဆိုတာ သင်မလုပ်ရဲခင်မှာပဲ နည်းပညာအသစ်တွေကို စမ်းသပ်ကြည့်ပြီး သင့်ရဲ့ ပြိုင်ဘက်တွေထက် ပိုမြန်မြန် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်းပါပဲ။ လူသားရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို AI အသုံးချနိုင်မှုနဲ့ ပေါင်းစပ်တဲ့ လျှောက်ထားသူတွေဟာ ထိပ်ဆုံးကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ AI ကို ကြောက်ရွံ့တဲ့သူတွေ မဟုတ်ဘဲ AI နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့သူတွေဟာ အောင်မြင်သူတွေ ဖြစ်လာပါလိမ့်မယ်။ ပိုမိုစမတ်ကျကျ ပြင်ဆင်ဖို့အတွက် AI ကို အသုံးပြုခြင်းက သင့်ကို အလုပ်ရစေနိုင်တာပဲ ဖြစ်ပါတယ်။

ဒီအချက်သုံးချက်ကတော့ အလုပ်ရဖို့ အဟန့်အတားဖြစ်စေတဲ့ မမြင်ရတဲ့ ကြောက်စိတ်တွေပဲဖြစ်ပါတယ်။ အလုပ်လျှောက်ထားသူတွေအနေနဲ့ ကြောက်စိတ်တွေကိုကျော်လွှားနိုင်မှသာ အောင်မြင်မှုကို အရယူနိုင်မှာပဲဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

အလုပ္အေလွ်ာက္တဲ့အခါ သူသူငါငါက စိုးရိမ္စိတ္ေတြရွိၾကတာပုံမွန္ပါပဲ။ ဒီအလုပ္က ရပါ့မလား၊ ရတဲ့အခါမွာေရာ ကိုယ္က သူတို႔လိုခ်င္တဲ့ ကိုက္ညီတဲ့သူျဖစ္ပါ့မလားဆိုတာေတြကို စိုးရိမ္ပူပန္ၾကရပါတယ္။ ေနာက္ၿပီး လုပ္ခန႔္အပ္မႈေတြ ေႏွးေကြးလာတာ၊ ေလွ်ာက္လႊာတင္သူေတြ မ်ားျပားတာနဲ႔ AI နည္းပညာေတြက အလုပ္ခန႔္တဲ့ လုပ္ငန္းစဥ္ေတြကို ပုံစံေျပာင္းလဲပစ္ေနတာေတြေၾကာင့္ ေဈးကြက္က မလြယ္ဘူးဆိုတာ ျငင္းလို႔မရပါဘူး။ ဒါေပမဲ့ မထိန္းခ်ဳပ္ႏိုင္တဲ့ စိုးရိမ္စိတ္က သင့္အတြက္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးသာျဖစ္ေစပါတယ္။
တကယ္တမ္း အလုပ္ရသြားတဲ့သူေတြဟာ အၿမဲတမ္း အရည္အခ်င္းအရွိဆုံးသူေတြ မဟုတ္ၾကပါဘူး။ သူတို႔ေတြဟာ ရဲရင့္စြာ လုပ္ေဆာင္ရဲတဲ့သူေတြပါ။ ျငင္းပယ္ခံရေပမဲ့ ဆက္လက္ေလွ်ာက္ထားရဲျခင္း၊ အဆင္မေျပေပမဲ့ အကူအညီေတာင္းရဲျခင္းနဲ႔ နည္းပညာအသစ္ေတြကို ေၾကာက္႐ြံ႕ေရွာင္ဖယ္မေနဘဲ လိုက္ေလ်ာညီေထြျဖစ္ေအာင္ လုပ္ေဆာင္ရဲျခင္းေတြပဲ ျဖစ္ပါတယ္။ရဲရင့္တယ္ဆိုတာ ေၾကာက္စိတ္မရွိတာ မဟုတ္ပါဘူး။ ေၾကာက္စိတ္ရွိေနေပမဲ့ လုပ္ေဆာင္ရဲတာကို ဆိုလိုတာပါ။ ဒီေန႔ေခတ္ အလုပ္ေဈးကြက္မွာ ရဲစြမ္းသတၱိဆိုတာ ေ႐ြးခ်ယ္စရာတစ္ခု မဟုတ္ပါဘူး။ ဒါဟာ အလုပ္ရွာေဖြမႈမွာ အေကာင္းဆုံးေသာ ယွဥ္ၿပိဳင္ႏိုင္စြမ္းျဖစ္ပါတယ္။
အလုပ္ရဖို႔အတြက္ အတားအဆီးျဖစ္ေစတဲ့ မျမင္ႏိုင္တဲ့ေၾကာက္စိတ္ ၃ မ်ိဳး
အေမရိကန္မွာ ပုဂၢလိက က႑ရဲ႕ အလုပ္ခန႔္အပ္မႈဟာ ၂၀၂၄ ခုႏွစ္ေႏွာင္းပိုင္းကေန တစ္လကို အလုပ္ေနရာ ၂၀၀,၀၀၀ ဝန္းက်င္ခန႔္ကေန ၂၀၂၅ ခုႏွစ္၊ ဇြန္လမွာ ၁၉,၀၀၀ အထိ ေလ်ာ့က်သြားပါတယ္။ ကုမၸဏီတစ္ခုရဲ႕ အလုပ္ေနရာတစ္ခုအတြက္ ေလွ်ာက္လႊာရာနဲ႔ခ်ီ ေရာက္ရွိလာႏိုင္ၿပီး ၃ ရာခိုင္ႏႈန္းခန႔္သာ အင္တာဗ်ဴးအဆင့္ကို ေရာက္ရွိၾကပါတယ္။ စာရင္းသြင္းထားတဲ့ အလုပ္ေနရာ ၂၀ရာခိုင္ႏႈန္း ေလာက္ဟာ တကယ္တမ္း အလုပ္ခန႔္ဖို႔ ရည္႐ြယ္ခ်က္မရွိတဲ့ ghost job ေတြပဲ ျဖစ္ပါတယ္။တစ္ခ်ိန္တည္းမွာပဲ Indeed ရဲ႕ ေဖာ္ျပခ်က္အရ အလုပ္ခြင္ရဲ႕ ၅၀ရာခိုင္ႏႈန္း အထိဟာ အလုပ္ျဖဳတ္ခံရမွာကို စိုးရိမ္ေနၾကၿပီး ဒါဟာ ၿပီးခဲ့တဲ့ႏွစ္ကထက္ အမ်ားႀကီး ပိုမ်ားလာပါတယ္။ဒါေၾကာင့္ အလုပ္ရွာေဖြသူအမ်ားစုဟာ အဆိုးျမင္စိတ္နဲ႔ ေၾကာက္စိတ္ေၾကာင့္ ဘာမွမလုပ္ႏိုင္ျဖစ္ေနၾကတာ မဆန္းပါဘူး။ ဒါေပမဲ့ လူေတြကေတာ့ အလုပ္ဆက္ရေနၾကပါတယ္။ ကြာျခားခ်က္ကေတာ့ အရည္အခ်င္း ဒါမွမဟုတ္ ကိုယ္ေရးအက်ဥ္းေတြသက္သက္ မဟုတ္ပါဘူး။ ျပင္းထန္စြာ ယွဥ္ၿပိဳင္ရတဲ့ အလုပ္ေဈးကြက္မွာ ေၾကာက္စိတ္ရွိေနေပမဲ့ လုပ္ေဆာင္ရဲတဲ့ သတၱိပဲ ျဖစ္ပါတယ္။ ျငင္းပယ္ခံရမွာကို ေၾကာက္တာ၊ ကြန္ရက္ခ်ိတ္ဆက္ဖို႔ ေၾကာက္တာနဲ႔ AI ကို ေၾကာက္တာေတြဟာ အရည္အခ်င္းအရွိဆုံးေသာ ေလွ်ာက္ထားသူေတြကိုေတာင္ လမ္းေခ်ာ္သြားေစႏိုင္ပါတယ္။ ရဲစြမ္းသတၱိနဲ႔ တုံ႔ျပန္ႏိုင္မွသာ ဒီအေျခအေနေတြကို ေက်ာ္ျဖတ္ႏိုင္မွာပါ။
၁။ ပယ္ခ်ခံရမွာကို ေၾကာက္တာ
ပယ္ခ်ခံရတာဟာ ႁခြင္းခ်က္တစ္ခု မဟုတ္ဘဲ ပုံမွန္လို ျဖစ္ေနပါတယ္။ ၿပိဳင္ဆိုင္မႈက ျပင္းထန္ပါတယ္။ ၂၀၂၅ ခုႏွစ္မွာ ပုံမွန္အားျဖင့္ အ လုပ္ေလွ်ာက္ထားသူတစ္ဦးဟာ အင္တာဗ်ဴးတစ္ခုရဖို႔အတြက္ ေလွ်ာက္လႊာေပါင္း ၄၂ ခုတင္ရပါတယ္။ ၃ရာခိုင္ႏႈန္း ခန႔္သာ အင္တာ ဗ်ဴးအဆင့္ကို ေရာက္ပါတယ္။ ဒီအေျခအေနက သင့္ရဲ႕ ကိုယ့္ကိုယ္ကို ယုံၾကည္မႈကို လွ်င္ျမန္စြာ ေလ်ာ့က်ေစႏိုင္ပါတယ္။ဒါေပမဲ့ ျငင္းပယ္ခံရတာဟာလည္း သင္ႀကိဳးစားအားထုတ္ေနေၾကာင္း အေထာက္အထားတစ္ခုပါပဲ။ တျခားသူေတြ ေဘးထြက္ေနခ်ိန္မွာ သင္ဟာ ႀကိဳးစားလုပ္ေဆာင္ေနတယ္ဆိုတာကို ျပသေနတာပါ။ ရဲစြမ္းသတၱိဆိုတာ ျငင္းပယ္ခံရျခင္းကို အဆုံးအျဖတ္တစ္ခုအျဖစ္ မျမင္ဘဲ အခ်က္ အ လက္အျဖစ္ ပုံေျပာင္းသုံးသပ္တာကို ဆိုလိုပါတယ္။ ျငင္းပယ္ခံရတဲ့ ေလွ်ာက္လႊာတိုင္းဟာ သင့္ကို သဲလြန္စေတြ ေပးေနပါတယ္။ ဥပမာ- ဘယ္လိုအလုပ္ေနရာေတြက တုံ႔ျပန္မႈရွိလဲ၊ ဘယ္ကိုယ္ေရးအက်ဥ္းေတြက အင္တာဗ်ဴးေခၚလဲ၊ ဘယ္အရာေတြကို ျပန္လည္ျပဳျပင္မလဲ စတာေတြပဲ ျဖစ္ပါတယ္။တကယ့္ ရဲစြမ္းသတၱိဆိုတာ လုပ္ငန္းစဥ္ေၾကာင့္ သင့္ရဲ႕ အတၱထိခိုက္ေနေပမဲ့ ဆက္လက္ေလွ်ာက္ထားျခင္းပါပဲ။ ဆုတ္ခြာဖို႔ စိတ္ကူးေနခ်ိန္မွာ ျပန္လည္ႀကိဳးစားျခင္းပါပဲ။ တျခားသူေတြ လက္ေလွ်ာ့လိုက္တဲ့အခါ ထပ္ၿပီး ေလွ်ာက္ထားျခင္းက ရဲစြမ္း သတၱိပါပဲ။ အဲဒီေနာက္ထပ္ ေလွ်ာက္လႊာတစ္ခုဟာ သင့္အလုပ္ျဖစ္ခ်င္ ျဖစ္သြားႏိုင္ပါတယ္။
၂။ ကြန္ရက္ခ်ိတ္ဆက္မႈကို ေၾကာက္တာ
အလုပ္ရွာေဖြသူ အမ်ားစုအတြက္ ကြန္ရက္ခ်ိတ္ဆက္ျခင္းဟာ အဆင္မေျပဘူးလို႔ ခံစားရႏိုင္ပါတယ္။ လူေတြကို စတင္ဆက္သြယ္ဖို႔က စိတ္ထဲက ထစ္ေနႏိုင္သလို၊ အကူအညီေတာင္းဖို႔ကလည္း အားငယ္စရာလို ခံစားရႏိုင္ပါတယ္။ မက္ေဆ့ခ်္ေတြ အေၾကာင္းမျပန္တဲ့အခါ စိတ္ပ်က္စရာလည္း ျဖစ္ႏိုင္ပါတယ္။ ဒီလို အဆင္မေျပမႈေၾကာင့္ပဲ လူအမ်ားအျပားဟာ ကြန္ရက္ခ်ိတ္ဆက္တာကို ေရွာင္ၾကပါတယ္။ ဒီလိုၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ေဈးကြက္မွာ ကြန္ရက္ခ်ိတ္ဆက္ျခင္းကို ေက်ာ္သြားတာဟာ အႀကီးမားဆုံး အမွားတစ္ခုပဲ ျဖစ္ပါတယ္။အလုပ္ ေလွ်ာက္လႊာေပါင္း ၁၅,၀၀၀ ေက်ာ္ကို ေလ့လာဆန္းစစ္မႈတစ္ခုအရ ၆ ရာခိုင္ႏႈန္းသာ ရည္ၫႊန္းခ်က္ (referral) ေတြကေန ေရာက္လာခဲ့ေပမဲ့ အဲဒီ ၆ ရာခိုင္ႏႈန္းဟာ အလုပ္ခန႔္ထားမႈအားလုံးရဲ႕ ၃၇ ရာခိုင္ႏႈန္းအထိ ရွိခဲ့ပါတယ္။ ဒီပုံစံဟာ လုပ္ငန္းနယ္ပယ္အသီးသီးမွာ အၿမဲတမ္း မွန္ကန္ေနပါတယ္။ ရည္ၫႊန္းခ်က္ေတြက ေလွ်ာက္လႊာအစိမ္းေတြ (ရည္ၫႊန္းခ်က္မပါတာေတြ) (cold applications) ထက္ အမ်ားႀကီးပိုၿပီး အက်ိဳးရွိပါတယ္။ကြန္ရက္ခ်ိတ္ဆက္ျခင္းဟာ ေနာက္ဆုံးမွ ကမန္းကတမ္း လုပ္ရမယ့္အရာ မဟုတ္ဘဲ အေလ့အက်င့္တစ္ခု ျဖစ္သင့္ပါတယ္။ ဒါကေတာ့ ေက်ာင္းသားေဟာင္းအဖြဲ႕ေတြမွာ ပါဝင္တာ၊ လုပ္ငန္းဆိုင္ရာပြဲေတြကို သြားတာ ဒါမွမဟုတ္ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြနဲ႔ အဆက္အသြယ္လုပ္တာေတြကို ဆိုလိုပါတယ္။ အေကာင္းဆုံးအခြင့္အေရးေတြဟာ မၾကာခဏဆိုသလို သင့္အေနနဲ႔ ပုံမွန္အလုပ္ရွာေဖြေရးစာမ်က္ႏွာေတြမွာေတာင္ ရွာေတြ႕ႏိုင္ျခင္းမရွိတဲ့ အလုပ္ေနရာေတြအတြက္ တံခါးဖြင့္ေပးႏိုင္တဲ့ မခိုင္မာတဲ့ အဆက္အ သြယ္ေတြ (weak ties) ကေန လာတတ္ပါတယ္။ဒီေနရာမွာ ရဲစြမ္းသတၱိဆိုတာ ေရွာင္ရွားမယ့္အစား အဆင္မေျပမႈထဲကို ရဲရဲဝင္ေရာက္ျခင္းပါပဲ။ micro-bravery လို႔ေခၚတဲ့ သတၱိေသးေသးေလးေတြနဲ႔ ေတြးၾကည့္ပါ။ တစ္ေန႔ကို လူသုံးေယာက္နဲ႔ ဆက္သြယ္တာ၊ ၁၅ မိနစ္ ဖုန္းေျပာဖို႔ ေတာင္းဆိုတာ ဒါမွမဟုတ္ ဒီလမွာ ပြဲတစ္ခုကို တက္ေရာက္တာေတြပဲ ျဖစ္ပါတယ္။ သင္ဟာ ပယ္ခ်ခံရမွာကို ရင္ဆိုင္ရမွာျဖစ္ၿပီး ဆက္သြယ္မႈအသစ္ေတြလည္း ရရွိလာပါလိမ့္မယ္။ကြန္ရက္ခ်ိတ္ဆက္ျခင္းကို ေက်ာ္သြားရင္ အလုပ္ရဖို႔အတြက္ သင့္ရဲ႕ အေကာင္းဆုံးအခြင့္အေရးကို ေက်ာ္သြားတာနဲ႔ အတူတူပါပဲ။ ဒီေန႔လုပ္လိုက္တဲ့ ရဲရင့္တဲ့ ဖုန္းေခၚဆိုမႈတစ္ခုဟာ သင့္ရဲ႕ ေနာက္ထပ္အလုပ္အတြက္ တံခါးဖြင့္ေပးမယ့္ ဆက္သြယ္မႈ ျဖစ္ႏိုင္ပါတယ္။
၃။ AI ကို ေၾကာက္ျခင္း
AI (Artificial intelligence) ဟာ အလုပ္ရွာေဖြသူေတြအတြက္ အသုံးဝင္တဲ့ ကိရိယာတစ္ခုျဖစ္သလို စိုးရိမ္ပူပန္မႈရဲ႕ အရင္းအျမစ္တစ္ခုလည္း ျဖစ္လာပါတယ္။ လူအမ်ားစုဟာ စက္ေတြနဲ႔ အစားထိုးခံရမွာကို စိုးရိမ္ေနၾကၿပီး တခ်ိဳ႕ကေတာ့ နားမလည္ႏိုင္တဲ့ algorithm ေတြနဲ႔ ယွဥ္ၿပိဳင္ဖို႔ ေၾကာက္လန႔္ၿပီး ဘာမွမလုပ္ႏိုင္ျဖစ္ေနၾကပါတယ္။ဒီစိုးရိမ္ပူပန္မႈက မွားယြင္းတာေတာ့ မဟုတ္ပါဘူး။ Stanford သုေတသီေတြရဲ႕ အစီရင္ခံစာအရ ၂၀၂၂ ခုႏွစ္ကတည္းက AI ဟာ developer ရာထူးေနရာေတြကို ၂၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ခဲ့ၿပီး အစပိုင္းရာထူးေတြဟာ အလိုအေလ်ာက္စနစ္နဲ႔ အစားထိုးခံရဖို႔ အထိခိုက္ႏိုင္ဆုံး ျဖစ္ေၾကာင္းကို မီးေမာင္းထိုးျပခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ Gartner ရဲ႕ ခန႔္မွန္းခ်က္အရ Fortune 500 ကုမၸဏီေတြရဲ႕ ၈၀ရာခိုင္ႏႈန္း အထိဟာ ကိုယ္ေရးအက်ဥ္းေတြကို စိစစ္ဖို႔အတြက္ AI-driven software ေတြကို အသုံးျပဳေနပါတယ္။ဒါက ပုံမွန္ကိုယ္ေရးအက်ဥ္းတစ္ခု ေပးပို႔ျခင္းဟာ ကိုယ့္ကိုယ္ကို အလုပ္အကိုင္နဲ႔ပတ္သက္ၿပီး ဆိုး႐ြားစြာ ထိခိုက္ေစတာနဲ႔ အတူတူပါပဲ။ ရဲရင့္တဲ့ လုပ္ရပ္ကေတာ့ AI ကို လ်စ္လ်ဴရႈတာ မဟုတ္ပါဘူး၊ AI နဲ႔ ထိေတြ႕ဆက္ဆံတာပဲ ျဖစ္ပါတယ္။ သင့္ရဲ႕ ကိုယ္ေရးအက်ဥ္းကို ပိုမိုေကာင္းမြန္ေအာင္ ျပဳျပင္ဖို႔၊ သက္ဆိုင္ရာ keyword ေတြနဲ႔ လိုက္ဖက္ညီေအာင္ ျပဳလုပ္ဖို႔ ဒါမွမဟုတ္ အင္တာဗ်ဴးေလ့က်င့္ခန္းေတြအတြက္ AI tool ေတြကို အသုံးျပဳပါ။ ဒါေပမဲ့ ႐ိုးသားမႈကိုေတာ့ အဓိကထားပါ။ အလုပ္ခန႔္မယ့္ မန္ေနဂ်ာေတြဟာ AI လုံးဝဖန္တီးထားတဲ့ ေလွ်ာက္လႊာကို စကၠန႔္ပိုင္းအတြင္း သိႏိုင္ၿပီး အမ်ားစုကေတာ့ ဒါမ်ိဳးဆိုရင္ ပယ္ခ်မယ္လို႔ ေျပာၾကပါတယ္။ဒီေနရာမွာ ရဲစြမ္းသတၱိဆိုတာ သင္မလုပ္ရဲခင္မွာပဲ နည္းပညာအသစ္ေတြကို စမ္းသပ္ၾကည့္ၿပီး သင့္ရဲ႕ ၿပိဳင္ဘက္ေတြထက္ ပိုျမန္ျမန္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ လုပ္ေဆာင္ျခင္းပါပဲ။ လူသားရဲ႕ တီထြင္ဖန္တီးႏိုင္စြမ္းကို AI အသုံးခ်ႏိုင္မႈနဲ႔ ေပါင္းစပ္တဲ့ ေလွ်ာက္ထားသူေတြဟာ ထိပ္ဆုံးကို ေရာက္ရွိလာမွာ ျဖစ္ပါတယ္။ AI ကို ေၾကာက္႐ြံ႕တဲ့သူေတြ မဟုတ္ဘဲ AI နဲ႔ ပူးေပါင္းလုပ္ေဆာင္တဲ့သူေတြဟာ ေအာင္ျမင္သူေတြ ျဖစ္လာပါလိမ့္မယ္။ ပိုမိုစမတ္က်က် ျပင္ဆင္ဖို႔အတြက္ AI ကို အသုံးျပဳျခင္းက သင့္ကို အလုပ္ရေစႏိုင္တာပဲ ျဖစ္ပါတယ္။
ဒီအခ်က္သုံးခ်က္ကေတာ့ အလုပ္ရဖို႔ အဟန္႔အတားျဖစ္ေစတဲ့ မျမင္ရတဲ့ ေၾကာက္စိတ္ေတြပဲျဖစ္ပါတယ္။ အလုပ္ေလွ်ာက္ထားသူေတြအေနနဲ႔ ေၾကာက္စိတ္ေတြကိုေက်ာ္လႊားႏိုင္မွသာ ေအာင္ျမင္မႈကို အရယူႏိုင္မွာပဲျဖစ္ပါတယ္။
ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*