အသည်းခွဲတယ်လို့ နာမည်ကြီးတဲ့ ရာသီခွင် (၆)ခု

ရာသီခွင်တိုင်းဟာ အသည်းကွဲအောင် လုပ်နိုင်တဲ့ စွမ်းရည် ရှိကြပြီး ဖြစ်နိုင်ခြေကလည်း ဒီလိုလုပ်ခဲ့ကြဖူးတာပါပဲ။ သို့ပေမဲ့ အဓိကမေးခွန်းကတော့ သူတို့ လုပ်ခဲ့ဖူးသလားဆိုတာထက် သူတို့ ဘယ်လိုနည်းနဲ့ လုပ်ခဲ့သလဲ ဆိုတာပဲ ဖြစ်ပါတယ်။ နက္ခတ်ဗေဒင်ပညာရှင်တွေရဲ့ အဆိုအရ ရာသီခွင်တိုင်း ဘယ်လိုနည်းနဲ့ နှလုံးသားတွေကို ကွဲကြေအောင် လုပ်တတ်ကြတယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

Aries

မိဿရာသီဖွားတွေဟာ Honeymoon Stageကို နှစ်သက်ကြပါတယ်။ စိတ်လှုပ်ရှားစရာ၊ ဆန်းသစ်မှုနဲ့ စိတ်အားထက်သန်မှုတွေက သူတို့ရဲ့အာရုံကို ဖမ်းစားထားပါတယ်။ အစပိုင်းမှာဆိုရင် သင့်ကို ချစ်ခြင်းမေတ္တာတွေနဲ့ ရေချိုးပေးသလို ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ စိတ်ဝင်စားမှု လျော့သွားတဲ့အခါ မီးခလုတ်ကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်သလိုမျိုး ချက်ချင်း ပျောက်ကွယ်သွားတတ် ပါတယ်။ ဘာတွေပြောင်းလဲသွားလဲ၊ သူတို့ ဘယ်လိုခံစားနေရလဲဆိုတာကို သင့်ကို အမှောင်ထဲမှာ တစ် ယောက်တည်း ထားခဲ့ပြီး သူတို့ရဲ့ နောက်ထပ် စိတ်စေစားရာကို အလျင်အမြန် ထွက်ခွါသွားတတ်ပါတယ်။

Gemini

မေထုန်ရာသီဖွားတွေကို အမြွှာပူး တွေက အုပ်စိုးထားတာကြောင့် သူတို့မှာ နှစ်ထပ်ကွမ်း သဘာဝ ရှိပါတယ်။ သူတို့ရဲ့ နှလုံးသားကို ရဖို့အတွက် သူတို့ရဲ့ ဆန့်ကျင်ဘက် စရိုက်လက္ခဏာတွေကို ကျွမ်းကျင်စွာ ဖြတ်သန်းနိုင်ရပါမယ်။ စိတ်ဝင်စားသူရဲ့ ကွဲပြားခြားနားတဲ့ အသွင်အပြင်တွေကို ရှာဖွေတွေ့ရှိရတာကို သူတို့ နှစ်သက်ပါတယ်။ ဉာဏ်ပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေက ဆက်ဆံရေးကို ခိုင်မာစေပါတယ်။ သို့သော်လည်း သူတို့ စုဆောင်းထားတဲ့ အချက်အလက်အားလုံးကို လျင်မြန်စွာ ဆုပ်ကိုင်မိပြီးတာနဲ့ စိတ်ဝင်စားမှုကလည်း မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွား နိုင်ပါတယ်။ သူတို့ရဲ့ စိတ်ကို ဆက်လက်ထိန်းထားဖို့ သင့်မှာ ဖျော်ဖြေနိုင်စွမ်း ဒါမှမဟုတ် သင် ကြားပေးနိုင်စွမ်း ရှိဖို့လိုပါတယ်။

Leo

သိဟ်ရာသီဖွားတွေဟာ ပွဲရဲ့ အဓိက ကြယ်ပွင့် ပါပဲ။ သူတို့ဟာ အာရုံစိုက်မှုကို အများကြီး ဆွဲဆောင်နိုင်ပါတယ်။ တစ်ခါတလေမှာ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အတ္တကို မြှင့်တင်ပေးတာမျိုး ဒါမှမဟုတ် အချီးမွမ်းခံရတာမျိုး ကို သဘောကျတတ်ပါတယ်။ သင်ဟာ သူတို့ရဲ့ စိတ်ဝင်စားသူဖြစ်တဲ့အခါ၊ သင့်ကို ချီးမွမ်းခြင်း အချစ်တွေ ပုံအောပေးခြင်းတွေနဲ့ အမြင့်ဆုံး နေရာမှာ တင်ထားပါလိမ့်မယ်။ သူတို့ဟာ ချစ်ရတာကိုရော၊ အချစ်ခံရတာကိုရော နှစ်သက်ကြပါတယ်။ သို့သော်လည်း တခြားတစ် ယောက်ယောက်က သူတို့ကို ဆန်းသစ်ပြီး ထူးခြားတဲ့ ခံစားချက် ကို ပေးလိုက်တဲ့အခါ သူတို့ရဲ့ အာရုံစူးစိုက်မှုတွေ ယိမ်းယိုင်သွားတာကို သင် သတိထားမိနိုင်ပါတယ်။

Virgo

ကန်ရာသီဖွားတွေဟာ အမြဲတမ်း ပြီးပြည့်စုံမှုကို ရှာဖွေနေသူ တွေဖြစ်ပြီး ဒါဟာ သူတို့ရဲ့ အချစ်ရေးအထိပါ သက်ရောက်ပါတယ်။ အချစ်ရေးအတွက် သူတို့ရဲ့ မျှော် လင့်ချက်တွေဟာ မြန်မြန်ဆန်ဆန် စုပုံလာတတ်ပါတယ်။ အပြင်လူတွေအတွက်ကတော့ သူတို့ကို နှစ်သက်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်လို့ ခံစားရနိုင်ပါတယ်။ သူတို့ရဲ့ ပုံဖော်ထားတဲ့ ပြီးပြည့်စုံတဲ့ ချစ်သူပုံစံနဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်လိုက်တာနဲ့ သူတို့ရဲ့ စွမ်းအင်ကို လျင်မြန်စွာ ပြောင်းလဲပစ်နိုင်ပါတယ်။

Libra

တူရာသီဖွားတွေဟာ ဆွဲဆောင်မှု၊ ချိုမြိန်မှုနဲ့ ကြင်နာမှု တွေနဲ့ ပြည့်နေတဲ့ စိတ်ဝင်စားဖွယ်ကောင်းသူ တွေပါ။ စနောက်တဲ့ စကားပြောဆိုမှုတွေနဲ့ စဉ်းစားဟန်ရှိတဲ့ ချီး မွမ်းစကားတွေနဲ့ သူတို့ရဲ့ စိတ်ဝင်စားသူကို ဖမ်းစားထားပါတယ်။ သို့သော်လည်း တချို့သူတွေက ဒါဟာ တူရာသီဖွားတွေရဲ့ မူလသဘောသဘာဝ သာဖြစ်ပြီး သင့်အ ပေါ်ကို အထူးဂရုစိုက်တာ မဟုတ်ဘူးဆိုတာကို သတိမထားမိနိုင်ပါဘူး။ သူတို့ဟာ သူတို့နဲ့ တွေ့ဆုံဖူးတဲ့ လူတိုင်းနီးပါးကို ဒီလိုပဲ ဂရုတစိုက်ရှိတယ်ဆိုတာ သိလိုက်ရတဲ့အခါ ခံရခက်နိုင်ပါတယ်။ ဒါ့အပြင် အချစ်တတ်ဆုံး ရာသီခွင်တွေထဲက တစ်ခုဖြစ်တဲ့အတွက် သင့်ကို အချစ်နဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ကို အမြန်ဆုံး ပြောင်းသွားမှာပါ၊ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အဓိပ္ပာယ်ရှိတဲ့ အချစ်ရေးကို လိုချင်တဲ့ ဆန္ဒ ပြင်းပြလို့ပါပဲ။

Sagittarius

ဓနုရာသီဖွားတွေဟာ ကတိကဝတ် ပြဿနာရှိသူ များအဖြစ် ပုံသေမှတ်ယူခံရလေ့ရှိပါတယ်။ ဒီစွန့်စားတတ်ပြီး လွတ်လပ်တဲ့ မီးဓာတ်ရာသီခွင်တွေက စိတ်လှုပ်ရှားမှု၊ စိတ်ကူးယဉ်ဆန်မှုနဲ့ အစွန်းရောက်တဲ့ နေရာတစ်ခုကို လိုချင်တောင့်တကြပါတယ်။ အချစ်ရေးက သူတို့ရဲ့ ဆန္ဒတွေကို စူးစမ်းဖို့ အခွင့်အရေးပေးပါတယ်။ သူတို့ဟာ ချစ်သူရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဒဿနိကဆန်တတ် ကြပါတယ်။ ဒါက စိတ်ဝင်စားစရာကောင်းပေမယ့် နှလုံးသားကနေမဟုတ်ဘဲ ဦးနှောက်ကနေ လာတာ ဖြစ်ပါတယ်။ သူတို့ “တစ်ဦးတည်းသောသူ” ကို မတွေ့ဘူးလို့ မခံစားရသရွေ့ သူတို့ရဲ့ ချိန်းတွေ့မှုတွေကို အတွေ့အကြုံတွေ ဒါမှမဟုတ် စမ်းသပ်မှုတွေအဖြစ်သာ သဘော ထားတတ်ပါတယ်။

ကျော့ကေခိုင်

zawgyi

ရာသီခြင္တိုင္းဟာ အသည္းကြဲေအာင္ လုပ္ႏိုင္တဲ့ စြမ္းရည္ ရွိၾကၿပီး ျဖစ္ႏိုင္ေျခကလည္း ဒီလိုလုပ္ခဲ့ၾကဖူးတာပါပဲ။ သို႔ေပမဲ့ အဓိကေမးခြန္းကေတာ့ သူတို႔ လုပ္ခဲ့ဖူးသလားဆိုတာထက္ သူတို႔ ဘယ္လိုနည္းနဲ႔ လုပ္ခဲ့သလဲ ဆိုတာပဲ ျဖစ္ပါတယ္။ နကၡတ္ေဗဒင္ပညာရွင္ေတြရဲ႕ အဆိုအရ ရာသီခြင္တိုင္း ဘယ္လိုနည္းနဲ႔ ႏွလုံးသားေတြကို ကြဲေၾကေအာင္ လုပ္တတ္ၾကတယ္ဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။

Aries

မိႆရာသီဖြားေတြဟာ Honeymoon Stageကို ႏွစ္သက္ၾကပါတယ္။ စိတ္လႈပ္ရွားစရာ၊ ဆန္းသစ္မႈနဲ႔ စိတ္အားထက္သန္မႈေတြက သူတို႔ရဲ႕အာ႐ုံကို ဖမ္းစားထားပါတယ္။ အစပိုင္းမွာဆိုရင္ သင့္ကို ခ်စ္ျခင္းေမတၱာေတြနဲ႔ ေရခ်ိဳးေပးသလို ျဖစ္ေနပါလိမ့္မယ္။ ဒါေပမဲ့ သူတို႔ စိတ္ဝင္စားမႈ ေလ်ာ့သြားတဲ့အခါ မီးခလုတ္ကို ဖြင့္လိုက္၊ ပိတ္လိုက္ လုပ္သလိုမ်ိဳး ခ်က္ခ်င္း ေပ်ာက္ကြယ္သြားတတ္ ပါတယ္။ ဘာေတြေျပာင္းလဲသြားလဲ၊ သူတို႔ ဘယ္လိုခံစားေနရလဲဆိုတာကို သင့္ကို အေမွာင္ထဲမွာ တစ္ ေယာက္တည္း ထားခဲ့ၿပီး သူတို႔ရဲ႕ ေနာက္ထပ္ စိတ္ေစစားရာကို အလ်င္အျမန္ ထြက္ခြါသြားတတ္ပါတယ္။

Gemini

ေမထုန္ရာသီဖြားေတြကို အႁမႊာပူး ေတြက အုပ္စိုးထားတာေၾကာင့္ သူတို႔မွာ ႏွစ္ထပ္ကြမ္း သဘာဝ ရွိပါတယ္။ သူတို႔ရဲ႕ ႏွလုံးသားကို ရဖို႔အတြက္ သူတို႔ရဲ႕ ဆန႔္က်င္ဘက္ စ႐ိုက္လကၡဏာေတြကို ကြၽမ္းက်င္စြာ ျဖတ္သန္းႏိုင္ရပါမယ္။ စိတ္ဝင္စားသူရဲ႕ ကြဲျပားျခားနားတဲ့ အသြင္အျပင္ေတြကို ရွာေဖြေတြ႕ရွိရတာကို သူတို႔ ႏွစ္သက္ပါတယ္။ ဉာဏ္ပညာပိုင္းဆိုင္ရာ ေဆြးေႏြးမႈေတြက ဆက္ဆံေရးကို ခိုင္မာေစပါတယ္။ သို႔ေသာ္လည္း သူတို႔ စုေဆာင္းထားတဲ့ အခ်က္အလက္အားလုံးကို လ်င္ျမန္စြာ ဆုပ္ကိုင္မိၿပီးတာနဲ႔ စိတ္ဝင္စားမႈကလည္း ျမန္ျမန္ဆန္ဆန္ ေပ်ာက္ကြယ္သြား ႏိုင္ပါတယ္။ သူတို႔ရဲ႕ စိတ္ကို ဆက္လက္ထိန္းထားဖို႔ သင့္မွာ ေဖ်ာ္ေျဖႏိုင္စြမ္း ဒါမွမဟုတ္ သင္ ၾကားေပးႏိုင္စြမ္း ရွိဖို႔လိုပါတယ္။

Leo

သိဟ္ရာသီဖြားေတြဟာ ပြဲရဲ႕ အဓိက ၾကယ္ပြင့္ ပါပဲ။ သူတို႔ဟာ အာ႐ုံစိုက္မႈကို အမ်ားႀကီး ဆြဲေဆာင္ႏိုင္ပါတယ္။ တစ္ခါတေလမွာ ခ်စ္ျခင္းေမတၱာနဲ႔ ပတ္သက္တဲ့ အတၱကို ျမႇင့္တင္ေပးတာမ်ိဳး ဒါမွမဟုတ္ အခ်ီးမြမ္းခံရတာမ်ိဳး ကို သေဘာက်တတ္ပါတယ္။ သင္ဟာ သူတို႔ရဲ႕ စိတ္ဝင္စားသူျဖစ္တဲ့အခါ၊ သင့္ကို ခ်ီးမြမ္းျခင္း အခ်စ္ေတြ ပုံေအာေပးျခင္းေတြနဲ႔ အျမင့္ဆုံး ေနရာမွာ တင္ထားပါလိမ့္မယ္။ သူတို႔ဟာ ခ်စ္ရတာကိုေရာ၊ အခ်စ္ခံရတာကိုေရာ ႏွစ္သက္ၾကပါတယ္။ သို႔ေသာ္လည္း တျခားတစ္ ေယာက္ေယာက္က သူတို႔ကို ဆန္းသစ္ၿပီး ထူးျခားတဲ့ ခံစားခ်က္ ကို ေပးလိုက္တဲ့အခါ သူတို႔ရဲ႕ အာ႐ုံစူးစိုက္မႈေတြ ယိမ္းယိုင္သြားတာကို သင္ သတိထားမိႏိုင္ပါတယ္။

Virgo

ကန္ရာသီဖြားေတြဟာ အၿမဲတမ္း ၿပီးျပည့္စုံမႈကို ရွာေဖြေနသူ ေတြျဖစ္ၿပီး ဒါဟာ သူတို႔ရဲ႕ အခ်စ္ေရးအထိပါ သက္ေရာက္ပါတယ္။ အခ်စ္ေရးအတြက္ သူတို႔ရဲ႕ ေမွ်ာ္ လင့္ခ်က္ေတြဟာ ျမန္ျမန္ဆန္ဆန္ စုပုံလာတတ္ပါတယ္။ အျပင္လူေတြအတြက္ကေတာ့ သူတို႔ကို ႏွစ္သက္ေအာင္လုပ္ဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္လို႔ ခံစားရႏိုင္ပါတယ္။ သူတို႔ရဲ႕ ပုံေဖာ္ထားတဲ့ ၿပီးျပည့္စုံတဲ့ ခ်စ္သူပုံစံနဲ႔ မကိုက္ညီဘူးလို႔ ဆုံးျဖတ္လိုက္တာနဲ႔ သူတို႔ရဲ႕ စြမ္းအင္ကို လ်င္ျမန္စြာ ေျပာင္းလဲပစ္ႏိုင္ပါတယ္။

Libra

တူရာသီဖြားေတြဟာ ဆြဲေဆာင္မႈ၊ ခ်ိဳၿမိန္မႈနဲ႔ ၾကင္နာမႈ ေတြနဲ႔ ျပည့္ေနတဲ့ စိတ္ဝင္စားဖြယ္ေကာင္းသူ ေတြပါ။ စေနာက္တဲ့ စကားေျပာဆိုမႈေတြနဲ႔ စဥ္းစားဟန္ရွိတဲ့ ခ်ီး မြမ္းစကားေတြနဲ႔ သူတို႔ရဲ႕ စိတ္ဝင္စားသူကို ဖမ္းစားထားပါတယ္။ သို႔ေသာ္လည္း တခ်ိဳ႕သူေတြက ဒါဟာ တူရာသီဖြားေတြရဲ႕ မူလသေဘာသဘာဝ သာျဖစ္ၿပီး သင့္အ ေပၚကို အထူးဂ႐ုစိုက္တာ မဟုတ္ဘူးဆိုတာကို သတိမထားမိႏိုင္ပါဘူး။ သူတို႔ဟာ သူတို႔နဲ႔ ေတြ႕ဆုံဖူးတဲ့ လူတိုင္းနီးပါးကို ဒီလိုပဲ ဂ႐ုတစိုက္ရွိတယ္ဆိုတာ သိလိုက္ရတဲ့အခါ ခံရခက္ႏိုင္ပါတယ္။ ဒါ့အျပင္ အခ်စ္တတ္ဆုံး ရာသီခြင္ေတြထဲက တစ္ခုျဖစ္တဲ့အတြက္ သင့္ကို အခ်စ္နဲ႔ မကိုက္ညီဘူးလို႔ ဆုံးျဖတ္လိုက္တာနဲ႔ ေနာက္တစ္ေယာက္ကို အျမန္ဆုံး ေျပာင္းသြားမွာပါ၊ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ အဓိပၸာယ္ရွိတဲ့ အခ်စ္ေရးကို လိုခ်င္တဲ့ ဆႏၵ ျပင္းျပလို႔ပါပဲ။

Sagittarius

ဓႏုရာသီဖြားေတြဟာ ကတိကဝတ္ ျပႆနာရွိသူ မ်ားအျဖစ္ ပုံေသမွတ္ယူခံရေလ့ရွိပါတယ္။ ဒီစြန႔္စားတတ္ၿပီး လြတ္လပ္တဲ့ မီးဓာတ္ရာသီခြင္ေတြက စိတ္လႈပ္ရွားမႈ၊ စိတ္ကူးယဥ္ဆန္မႈနဲ႔ အစြန္းေရာက္တဲ့ ေနရာတစ္ခုကို လိုခ်င္ေတာင့္တၾကပါတယ္။ အခ်စ္ေရးက သူတို႔ရဲ႕ ဆႏၵေတြကို စူးစမ္းဖို႔ အခြင့္အေရးေပးပါတယ္။ သူတို႔ဟာ ခ်စ္သူေ႐ြးခ်ယ္မႈနဲ႔ ပတ္သက္ၿပီး ဒႆနိကဆန္တတ္ ၾကပါတယ္။ ဒါက စိတ္ဝင္စားစရာေကာင္းေပမယ့္ ႏွလုံးသားကေနမဟုတ္ဘဲ ဦးေႏွာက္ကေန လာတာ ျဖစ္ပါတယ္။ သူတို႔ “တစ္ဦးတည္းေသာသူ” ကို မေတြ႕ဘူးလို႔ မခံစားရသေ႐ြ႕ သူတို႔ရဲ႕ ခ်ိန္းေတြ႕မႈေတြကို အေတြ႕အႀကဳံေတြ ဒါမွမဟုတ္ စမ္းသပ္မႈေတြအျဖစ္သာ သေဘာ ထားတတ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*