
လုပ်ငန်းခွင်မှာ ခေါင်းဆောင်မပီသတဲ့ အကြီးအကဲတွေရှိနေတာကလည်း အလုပ်လုပ်ရတာကိုအခက်အခဲပိုဖြစ်စေပါတယ်။ ဘယ်လိုအ ချက်တွေက toxic ဖြစ်စေသလဲ။ဘယ်လိုပြောစကားတွေကြောင့် toxic အကြီးအကဲနဲ့ အလုပ်လုပ်နေရတယ်ဆိုတာသိနိုင်မလဲဆိုတာ ဖော်ပြပေးသွားချင်ပါတယ်။ Toxic အကြီးအကဲတွေကအလုပ်ပတ်ဝန်းကျင်ကို ကြောက်စိတ်တွေ၊ ကြိုးကိုင်ခြယ်လှယ်တာတွေနဲ့ မဖြစ်နိုင်တဲ့မျှော်မှန်းချက်တွေကို ဖြစ်စေပါတယ်။ ဒီစကားလုံးတွေကတော့ toxic အကြီးအကဲ၊ခေါင်းဆောင်တယောက်ဖြစ်စေတယ်ဆိုတာ သိနိုင်တဲ့ အချက်တွေပါပဲ။
ဒီအလုပ်ရထားတာ ကျေးဇူးတင်သင့်တယ်
ဒီစကားကတော့ မင်းရဲ့လုပ်ဆောင်မှုတွေ၊ ပံ့ပိုးမှုတွေကို တန်ဖိုးမထားတာကြောင့်ပြောဆိုတာဖြစ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ဆက်ဆံမှုတွေကို သည်းခံဖို့မျှော်လင့်နေတာလည်းဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတွေက ဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး တန်ဖိုးထားကြပါတယ်။မင်းမကြိုက်ရင် မင်းနေရာမှာ ဝင်လုပ်မယ့်လူတွေ အများကြီးရှိတယ်ဒီစကားလုံးက ဝန်ထမ်းတွေရဲ့ ကြောက်စိတ်နဲ့ စိတ်မလုံခြုံမှုကိုဖြစ်စေပါတယ်။ Toxic ခေါင်းဆောင်တွေက ဒီစကားလုံးတွေနဲ့ ဝန်ထမ်းတွေကို ကြိုးကိုင်ခြယ်လှယ်ကြပါတယ်။
ဒါအတွက် ငါ့မှာအချိန်မရှိဘူး
Toxic ခေါင်းဆောင်တွေက ဝန်ထမ်းတွေကို အခုလိုစကားမျိုး မကြာခဏပြောပါတယ်။ဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုကို လျစ်လျူရှုတာက အဆိပ်အတောက်ဖြစ်စေတဲ့အာဏာသက်ရောက်မှုအခြေအနေကို ဖန်တီးစေပါတယ်။ ပြီးတော့ ပွင့်လင်းတဲ့ဆက်သွယ်ပြောဆိုမှုကို အားလျော့စေပါတယ်။
မင်းက အရမ်းခံစားလွယ်တယ်
ဒီစကားလုံးအသုံးအနှုန်းက ကိုယ့်ကို gaslighting ပုံစံမျိုးဖြစ်စေပါတယ်။ ကိုယ့်ရဲ့အမြင်၊အတွေးတွေ၊ လက်ခံယုံကြည်မှုကို သံသယဝင်အောင်လုပ်တဲ့စိတ်ပိုင်းဆိုင်ရာကိစ္စတမျိုးဖြစ်ပါတယ်။ ဒီအချက်က ကိုယ့်ရဲ့အတွေးအမြင်တွေကိုအားနည်းသွားစေပါတယ်။ ဒီလိုလုပ်တာက ကိုယ့်ကိုယ်ကိုယုံကြည်မှု အားနည်းစေလာတာ၊စိတ်ရှုပ်ထွေးလာတာ၊ စိတ်ပူပန်လာတာ၊ စိတ်ဓာတ်ကျလာတာ၊ အထီးကျန်လာတာ၊
ထိန်းချုပ်သူကို ပိုပြီးမှီခိုလာတာစတာတွေဖြစ်စေပါတယ်။
ဒီမှာက မိသားစုလိုပဲ
လူတိုင်းကတော့ ကောင်းမွန်တဲ့အဖွဲ့လိုက်ဆက်ဆံရေး ယဉ်ကျေးမှုတခုကို ရှာဖွေကြပါတယ်။ဒါပေမဲ့ ဒီစကားလုံးကတော့ အလုပ်ချိန်များပြားလာတာ၊ မမျှတတဲ့ဆက်ဆံရေးတွေဖြစ်စေတာ၊ပရော်ဖက်ရှင်နယ်စည်းဘောင်တွေကို ဝေဝါးသွားစေတာမျိုးဖြစ်စေနိုင်ပါတယ်။
ငါက မင်းကို စဉ်းစားဖို့အတွက် ပိုက်ဆံပေးထားတာမဟုတ်ဘူး Toxic ခေါင်းဆောင်တယောက်က “ငါမင်းကို စဉ်းစားဖို့အတွက် ပိုက်ဆံပေးထားတာမဟုတ်ဘူး” ဆိုတဲ့ စကားနဲ့ ဝန်ထမ်းတွေရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ ဦးဆောင်နိုင်စွမ်းကိုအားလျော့စေပြီး တိုးတက်မှုနဲ့ တီထွင်ဆန်းသစ်မှုကို တားဆီးပိတ်ပင်ပါတယ်။ ဝန်ထမ်းတွေရဲ့အကြံဉာဏ်တွေကို ပါဝင်ဖို့ အားပေးတာမဟုတ်ဘဲ အသံတိတ်သွားအောင် လုပ်ကြပါတယ်။
ကျော့ကေခိုင်
zawgyi
လုပ္ငန္းခြင္မွာ ေခါင္းေဆာင္မပီသတဲ့ အႀကီးအကဲေတြရွိေနတာကလည္း အလုပ္လုပ္ရတာကိုအခက္အခဲပိုျဖစ္ေစပါတယ္။ ဘယ္လိုအ ခ်က္ေတြက toxic ျဖစ္ေစသလဲ။ဘယ္လိုေျပာစကားေတြေၾကာင့္ toxic အႀကီးအကဲနဲ႔ အလုပ္လုပ္ေနရတယ္ဆိုတာသိႏိုင္မလဲဆိုတာ ေဖာ္ျပေပးသြားခ်င္ပါတယ္။ Toxic အႀကီးအကဲေတြကအလုပ္ပတ္ဝန္းက်င္ကို ေၾကာက္စိတ္ေတြ၊ ႀကိဳးကိုင္ျခယ္လွယ္တာေတြနဲ႔ မျဖစ္ႏိုင္တဲ့ေမွ်ာ္မွန္းခ်က္ေတြကို ျဖစ္ေစပါတယ္။ ဒီစကားလုံးေတြကေတာ့ toxic အႀကီးအကဲ၊ေခါင္းေဆာင္တေယာက္ျဖစ္ေစတယ္ဆိုတာ သိႏိုင္တဲ့ အခ်က္ေတြပါပဲ။
ဒီအလုပ္ရထားတာ ေက်းဇူးတင္သင့္တယ္
ဒီစကားကေတာ့ မင္းရဲ႕လုပ္ေဆာင္မႈေတြ၊ ပံ့ပိုးမႈေတြကို တန္ဖိုးမထားတာေၾကာင့္ေျပာဆိုတာျဖစ္ပါတယ္။ ဒီလိုဆိုး႐ြားတဲ့ဆက္ဆံမႈေတြကို သည္းခံဖို႔ေမွ်ာ္လင့္ေနတာလည္းျဖစ္ပါတယ္။ ေခါင္းေဆာင္ေကာင္းေတြက ဝန္ထမ္းေတြရဲ႕ႀကိဳးစားအားထုတ္မႈကို အသိအမွတ္ျပဳၿပီး တန္ဖိုးထားၾကပါတယ္။မင္းမႀကိဳက္ရင္ မင္းေနရာမွာ ဝင္လုပ္မယ့္လူေတြ အမ်ားႀကီးရွိတယ္ဒီစကားလုံးက ဝန္ထမ္းေတြရဲ႕ ေၾကာက္စိတ္နဲ႔ စိတ္မလုံၿခဳံမႈကိုျဖစ္ေစပါတယ္။ Toxic ေခါင္းေဆာင္ေတြက ဒီစကားလုံးေတြနဲ႔ ဝန္ထမ္းေတြကို ႀကိဳးကိုင္ျခယ္လွယ္ၾကပါတယ္။
ဒါအတြက္ ငါ့မွာအခ်ိန္မရွိဘူး
Toxic ေခါင္းေဆာင္ေတြက ဝန္ထမ္းေတြကို အခုလိုစကားမ်ိဳး မၾကာခဏေျပာပါတယ္။ဝန္ထမ္းေတြရဲ႕ စိုးရိမ္ပူပန္မႈကို လ်စ္လ်ဴရႈတာက အဆိပ္အေတာက္ျဖစ္ေစတဲ့အာဏာသက္ေရာက္မႈအေျခအေနကို ဖန္တီးေစပါတယ္။ ၿပီးေတာ့ ပြင့္လင္းတဲ့ဆက္သြယ္ေျပာဆိုမႈကို အားေလ်ာ့ေစပါတယ္။
မင္းက အရမ္းခံစားလြယ္တယ္
ဒီစကားလုံးအသုံးအႏႈန္းက ကိုယ့္ကို gaslighting ပုံစံမ်ိဳးျဖစ္ေစပါတယ္။ ကိုယ့္ရဲ႕အျမင္၊အေတြးေတြ၊ လက္ခံယုံၾကည္မႈကို သံသယဝင္ေအာင္လုပ္တဲ့စိတ္ပိုင္းဆိုင္ရာကိစၥတမ်ိဳးျဖစ္ပါတယ္။ ဒီအခ်က္က ကိုယ့္ရဲ႕အေတြးအျမင္ေတြကိုအားနည္းသြားေစပါတယ္။ ဒီလိုလုပ္တာက ကိုယ့္ကိုယ္ကိုယုံၾကည္မႈ အားနည္းေစလာတာ၊စိတ္ရႈပ္ေထြးလာတာ၊ စိတ္ပူပန္လာတာ၊ စိတ္ဓာတ္က်လာတာ၊ အထီးက်န္လာတာ၊
ထိန္းခ်ဳပ္သူကို ပိုၿပီးမွီခိုလာတာစတာေတြျဖစ္ေစပါတယ္။
ဒီမွာက မိသားစုလိုပဲ
လူတိုင္းကေတာ့ ေကာင္းမြန္တဲ့အဖြဲ႕လိုက္ဆက္ဆံေရး ယဥ္ေက်းမႈတခုကို ရွာေဖြၾကပါတယ္။ဒါေပမဲ့ ဒီစကားလုံးကေတာ့ အလုပ္ခ်ိန္မ်ားျပားလာတာ၊ မမွ်တတဲ့ဆက္ဆံေရးေတြျဖစ္ေစတာ၊ပေရာ္ဖက္ရွင္နယ္စည္းေဘာင္ေတြကို ေဝဝါးသြားေစတာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။
ငါက မင္းကို စဥ္းစားဖို႔အတြက္ ပိုက္ဆံေပးထားတာမဟုတ္ဘူး Toxic ေခါင္းေဆာင္တေယာက္က “ငါမင္းကို စဥ္းစားဖို႔အတြက္ ပိုက္ဆံေပးထားတာမဟုတ္ဘူး” ဆိုတဲ့ စကားနဲ႔ ဝန္ထမ္းေတြရဲ႕ ေဝဖန္ပိုင္းျခားႏိုင္စြမ္းနဲ႔ ဦးေဆာင္ႏိုင္စြမ္းကိုအားေလ်ာ့ေစၿပီး တိုးတက္မႈနဲ႔ တီထြင္ဆန္းသစ္မႈကို တားဆီးပိတ္ပင္ပါတယ္။ ဝန္ထမ္းေတြရဲ႕အႀကံဉာဏ္ေတြကို ပါဝင္ဖို႔ အားေပးတာမဟုတ္ဘဲ အသံတိတ္သြားေအာင္ လုပ္ၾကပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply