စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာဖို့ အလားအလာအကောင်းဆုံး ရာသီဖွား (၆) ခု

ရှေးယခင်ကတည်းက လူတွေဟာ ကြယ်တာရာတွေနဲ့ လူတို့ရဲ့ စရိုက်လက္ခဏာ ဆက်စပ်မှုကို စိတ်ဝင်တစား လေ့လာခဲ့ကြတာပါ။ အခု ဒီဆောင်းပါးမှာတော့စီးပွားရေးနယ်ပယ်မှာ အောင်မြင်မယ့် အရည်အချင်းတွေ အပြည့်ရှိနေတဲ့ ရာသီဖွား (၆) ခုအကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

၁။ Aries

စာရင်းထဲမှာ ပထမဆုံးကတော့ ရဲရင့်ပြီး ရည်မှန်းချက်ကြီးတဲ့ Aries တွေပါ။ သူတို့က မွေးရာပါ ခေါင်းဆောင်တွေဖြစ်သလို လမ်းသစ်ထွင်ရတာနဲ့ စွန့်စားရတာတွေကို သဘောကျကြတယ်။ ဘယ်လိုအခက်အခဲမျိုးကိုမဆို ထိပ်တိုက်ရင်ဆိုင်ဖို့ မကြောက်တတ်သလို၊ သူတို့ရဲ့ ပြတ်သားမှုနဲ့ တက်ကြွမှုတွေက လုပ်ငန်းခွင်မှာ တကယ့်ကို အားကိုးရတဲ့ အရည်အချင်းတွေပါပဲ။

၂။ Taurus

ဒုတိယကတော့ ဇွဲကောင်းပြီး တည်ငြိမ်တဲ့ Taurus တွေပါ။ သူတို့က အလုပ်ကို တစိုက်မတ်မတ် လုပ်တတ်ပြီး အခြေခံခိုင်မာတဲ့ စီးပွားရေးမျိုးကို တည်ဆောက်နိုင်စွမ်း ရှိကြတယ်။ အသေးစိတ်ကို ဂရုစိုက်တတ်သလို လက်တွေ့ကျကျ တွေးခေါ်တတ်တဲ့အတွက် သူတို့လုပ်တဲ့ လုပ်ငန်းတွေက ပုံမှန်လေးနဲ့ အောင်မြင်အောင် ရှေ့ ဆက်နိုင်လေ့ ရှိပါတယ်။

၃။ Gemini

Gemini တွေကတော့ အခြေအနေနဲ့ အချိန်အခါအလိုက် လိုက်လျောညီထွေ နေတတ်သူတွေပါ။ သူတို့ရဲ့ အားသာချက်ကတော့ ဆက်သွယ်ပြောဆိုမှု ကောင်းမွန်တာပါပဲ။ လူပေါင်းစုံနဲ့ အလွယ်တကူ မိတ်ဆွေဖွဲ့နိုင်တဲ့အတွက် စီးပွားရေးမှာ အရေးကြီးတဲ့ Network ချိတ်ဆက်မှုပိုင်းမှာ သူတို့ကို ဘယ်သူမှ မမီပါဘူး။ ခေတ်ရေစီး ကြောင်းကိုလည်း အမြဲမျက်ခြေမပြတ် စောင့်ကြည့်တတ်ကြပါတယ်။

၄။ Leo

ညှို့ဓာတ်ပြင်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ Leo တွေကတော့ နံပါတ် လေး နေရာမှာ ရှိပါတယ်။ သူတို့က လူအများကို ဆွဲဆောင်နိုင်တဲ့ ခေါင်းဆောင်မှု အစွမ်းရှိသလို လုပ်ငန်းတစ်ခုကို လူသိများအောင် (Branding & Marketing) လုပ်တဲ့နေရာမှာလည်း ဆရာကျသူတွေပါ။ သူတို့ရဲ့ စိတ်အားထက်သန်မှုက အဖွဲ့သားတွေကိုပါ တက်ကြွလာအောင် စွမ်းဆောင်နိုင်ပါတယ်။

၅။ Virgo

အရာရာကို အသေးစိတ်ကစပြီး စနစ်တကျ ရှိလှတဲ့ Virgo တွေကတော့ စီမံခန့်ခွဲမှုအပိုင်းမှာ ထိပ်တန်းပါပဲ။ ဘယ်အလုပ်ကိုမဆို အစီအစဉ်တကျနဲ့ အမှားအယွင်းမရှိအောင် လုပ်ဆောင်တတ်သလို၊ ပြဿနာတွေကို ကျိုးကြောင်းဆီလျော်စွာ ဖြေရှင်းနိုင်စွမ်း ရှိကြပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ လုပ်ဆောင်ချက်တွေကို အထိရောက်ဆုံးဖြစ်အောင် သူတို့က အမြဲကြိုးစားနေတတ်သူတွေပါ။

၆။ Capricorn

နောက်ဆုံး တစ်ခုကတော့ စည်းကမ်းကြီးပြီး ဇွဲနပဲကြီးတဲ့ Capricorn တွေပါ။ သူတို့က ရည်မှန်းချက်တစ်ခု ထားပြီးပြီဆိုရင် မရရအောင် ကြိုးစားတတ်တဲ့သူမျိုးတွေ ဖြစ်ပါတယ်။ အချိန်ကို စနစ်တကျ သုံးတတ်သလို ရေရှည်စီမံကိန်းတွေကိုလည်း ကောင်းကောင်းကြီး ချနိုင်သူတွေပါ။ ဘယ်လို အခက်အခဲမျိုးနဲ့ ကြုံရပါစေ၊ ကြံ့ကြံ့ခံပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်း ရှိကြပါတယ်။

အနှစ်ချုပ်ရရင်တော့ အထက်မှာ ပြောခဲ့တဲ့ ရာသီဖွားတွေဟာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းကိုယ်စီ ရှိကြတာပါ။ ဒါပေမဲ့ အောင် မြင်မှုဆိုတာကတော့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာလည်း အများကြီး မူတည်နေပါသေးတယ်။

ကျော့ကေခိုင်

zawgyi

ေရွးယခင္ကတည္းက လူေတြဟာ ၾကယ္တာရာေတြနဲ႔ လူတို႔ရဲ႕ စ႐ိုက္လကၡဏာ ဆက္စပ္မႈကို စိတ္ဝင္တစား ေလ့လာခဲ့ၾကတာပါ။ အခု ဒီေဆာင္းပါးမွာေတာ့စီးပြားေရးနယ္ပယ္မွာ ေအာင္ျမင္မယ့္ အရည္အခ်င္းေတြ အျပည့္ရွိေနတဲ့ ရာသီဖြား (၆) ခုအေၾကာင္းကို ေျပာျပေပးသြားမွာပဲ ျဖစ္ပါတယ္။

၁။ Aries

စာရင္းထဲမွာ ပထမဆုံးကေတာ့ ရဲရင့္ၿပီး ရည္မွန္းခ်က္ႀကီးတဲ့ Aries ေတြပါ။ သူတို႔က ေမြးရာပါ ေခါင္းေဆာင္ေတြျဖစ္သလို လမ္းသစ္ထြင္ရတာနဲ႔ စြန႔္စားရတာေတြကို သေဘာက်ၾကတယ္။ ဘယ္လိုအခက္အခဲမ်ိဳးကိုမဆို ထိပ္တိုက္ရင္ဆိုင္ဖို႔ မေၾကာက္တတ္သလို၊ သူတို႔ရဲ႕ ျပတ္သားမႈနဲ႔ တက္ႂကြမႈေတြက လုပ္ငန္းခြင္မွာ တကယ့္ကို အားကိုးရတဲ့ အရည္အခ်င္းေတြပါပဲ။

၂။ Taurus

ဒုတိယကေတာ့ ဇြဲေကာင္းၿပီး တည္ၿငိမ္တဲ့ Taurus ေတြပါ။ သူတို႔က အလုပ္ကို တစိုက္မတ္မတ္ လုပ္တတ္ၿပီး အေျခခံခိုင္မာတဲ့ စီးပြားေရးမ်ိဳးကို တည္ေဆာက္ႏိုင္စြမ္း ရွိၾကတယ္။ အေသးစိတ္ကို ဂ႐ုစိုက္တတ္သလို လက္ေတြ႕က်က် ေတြးေခၚတတ္တဲ့အတြက္ သူတို႔လုပ္တဲ့ လုပ္ငန္းေတြက ပုံမွန္ေလးနဲ႔ ေအာင္ျမင္ေအာင္ ေရွ႕ ဆက္ႏိုင္ေလ့ ရွိပါတယ္။

၃။ Gemini

Gemini ေတြကေတာ့ အေျခအေနနဲ႔ အခ်ိန္အခါအလိုက္ လိုက္ေလ်ာညီေထြ ေနတတ္သူေတြပါ။ သူတို႔ရဲ႕ အားသာခ်က္ကေတာ့ ဆက္သြယ္ေျပာဆိုမႈ ေကာင္းမြန္တာပါပဲ။ လူေပါင္းစုံနဲ႔ အလြယ္တကူ မိတ္ေဆြဖြဲ႕ႏိုင္တဲ့အတြက္ စီးပြားေရးမွာ အေရးႀကီးတဲ့ Network ခ်ိတ္ဆက္မႈပိုင္းမွာ သူတို႔ကို ဘယ္သူမွ မမီပါဘူး။ ေခတ္ေရစီး ေၾကာင္းကိုလည္း အၿမဲမ်က္ေျခမျပတ္ ေစာင့္ၾကည့္တတ္ၾကပါတယ္။

၄။ Leo

ညႇိဳ႕ဓာတ္ျပင္းၿပီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္ရွိတဲ့ Leo ေတြကေတာ့ နံပါတ္ ေလး ေနရာမွာ ရွိပါတယ္။ သူတို႔က လူအမ်ားကို ဆြဲေဆာင္ႏိုင္တဲ့ ေခါင္းေဆာင္မႈ အစြမ္းရွိသလို လုပ္ငန္းတစ္ခုကို လူသိမ်ားေအာင္ (Branding & Marketing) လုပ္တဲ့ေနရာမွာလည္း ဆရာက်သူေတြပါ။ သူတို႔ရဲ႕ စိတ္အားထက္သန္မႈက အဖြဲ႕သားေတြကိုပါ တက္ႂကြလာေအာင္ စြမ္းေဆာင္ႏိုင္ပါတယ္။

၅။ Virgo

အရာရာကို အေသးစိတ္ကစၿပီး စနစ္တက် ရွိလွတဲ့ Virgo ေတြကေတာ့ စီမံခန႔္ခြဲမႈအပိုင္းမွာ ထိပ္တန္းပါပဲ။ ဘယ္အလုပ္ကိုမဆို အစီအစဥ္တက်နဲ႔ အမွားအယြင္းမရွိေအာင္ လုပ္ေဆာင္တတ္သလို၊ ျပႆနာေတြကို က်ိဳးေၾကာင္းဆီေလ်ာ္စြာ ေျဖရွင္းႏိုင္စြမ္း ရွိၾကပါတယ္။ စီးပြားေရးလုပ္ငန္းတစ္ခုရဲ႕ လုပ္ေဆာင္ခ်က္ေတြကို အထိေရာက္ဆုံးျဖစ္ေအာင္ သူတို႔က အၿမဲႀကိဳးစားေနတတ္သူေတြပါ။

၆။ Capricorn

ေနာက္ဆုံး တစ္ခုကေတာ့ စည္းကမ္းႀကီးၿပီး ဇြဲနပဲႀကီးတဲ့ Capricorn ေတြပါ။ သူတို႔က ရည္မွန္းခ်က္တစ္ခု ထားၿပီးၿပီဆိုရင္ မရရေအာင္ ႀကိဳးစားတတ္တဲ့သူမ်ိဳးေတြ ျဖစ္ပါတယ္။ အခ်ိန္ကို စနစ္တက် သုံးတတ္သလို ေရရွည္စီမံကိန္းေတြကိုလည္း ေကာင္းေကာင္းႀကီး ခ်ႏိုင္သူေတြပါ။ ဘယ္လို အခက္အခဲမ်ိဳးနဲ႔ ႀကဳံရပါေစ၊ ႀကံ့ႀကံ့ခံၿပီး ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္စြမ္း ရွိၾကပါတယ္။

အႏွစ္ခ်ဳပ္ရရင္ေတာ့ အထက္မွာ ေျပာခဲ့တဲ့ ရာသီဖြားေတြဟာ စြန႔္ဦးတီထြင္ လုပ္ငန္းရွင္တစ္ေယာက္မွာ ရွိသင့္တဲ့ အရည္အခ်င္းကိုယ္စီ ရွိၾကတာပါ။ ဒါေပမဲ့ ေအာင္ ျမင္မႈဆိုတာကေတာ့ ကိုယ့္ရဲ႕ ႀကိဳးစားအားထုတ္မႈေပၚမွာလည္း အမ်ားႀကီး မူတည္ေနပါေသးတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*