ဂဏန်းဗေဒင်အရ သတင်းကောင်းတွေ ရှိနေတဲ့ ၂၀၂၆

၂၀၂၆ ခုနှစ်က ဂဏန်းဗေဒင်အရ အရမ်းကို အလားအလာကောင်းနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က တချို့သူတွေအတွက်တော့ အရမ်းကို ပျော်စရာကောင်းတဲ့ အချိန်တွေ ဖြစ်ခဲ့သလို၊ တချို့ကျပြန်တော့လည်း စိန်ခေါ်မှုတွေများပြီး အထီးကျန်ဆန်တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့မှာပါ။ ဘာပဲဖြစ်ဖြစ် အချိန်တွေက မြန်မြန်ကုန်ဆုံးသွားခဲ့ပြီး နှစ်သစ်ကိုရောက်ခဲ့ပါပြီ။ ဒါကြောင့် နှစ်သစ်မှာ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေကို စပြီး ပြင်ဆင်ဖို့ အချိန်မနှောင်းသေးပါဘူး။

ဗေဒင်နဲ့ ဂဏန်းဗေဒင် ပညာရှင်တွေရဲ့ အဆိုအရ ၂၀၂၆ ခုနှစ်ဟာ ၂၀၂၅ နဲ့ မတူဘဲ စွမ်းအင်အသစ်တွေ ဖြစ်လာလိမ့်မယ် လို့ ဆိုပါတယ်။ ဒီနှစ်ဟာ လူတော်တော်များများ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဖြတ်သန်းရမယ့်နှစ်မျိုး ဖြစ်ပြီး၊ အားလုံး မျှော်လင့်နေကြတဲ့ သတင်းကောင်းတွေလည်း ပါလာမှာပါ။

၂၀၂၆ ခုနှစ်ရဲ့ ဂဏန်းဗေဒင်က ဘာကြောင့် အလားအလာကောင်းတာလဲဆိုတော့ @goldendaughtertarot ဆိုတဲ့ နာမည်နဲ့ ဗေဒင်ဆရာမလေးက TikTok မှာ ရှင်းပြထားတာကတော့ ၂၀၂၅ ခုနှစ်ရဲ့ ဂဏန်းတွေကို ပေါင်းလိုက်ရင် ၉ (Nine) ရပါတယ်။ ဂဏန်းဗေဒင်မှာ “၉” ဆိုတာ “အဆုံးသတ်ခြင်း” ကို ကိုယ်စားပြုပါတယ်။ အရာရာဟာ ခရီးတစ်ခုရဲ့ အဆုံးကို ရောက်သွားတာမျိုးဖြစ်လို့ အချို့ကိစ္စတွေမှာ တော်တော်လေး ပြင်းထန်တဲ့ အဆုံးသတ်တွေ၊ စွန့်လွှတ်လိုက်ရတာတွေ ရှိခဲ့မှာပါ။

ဒါပေမဲ့ ၂၀၂၆ ခုနှစ် မှာတော့ အားလုံးက ပြောင်းပြန်ဖြစ်သွားပါပြီ။ ၂၀၂၆ ရဲ့ ဂဏန်းတွေကို ပေါင်းလိုက်ရင် (၂+၀+၂+၆) = ၁၀ ရပါတယ်။ဂဏန်းဗေဒင် နည်းအရဆိုရင် ၁၀ ကို ထပ်ပေါင်းရင် “၁” ဖြစ်သွားပါတယ်။

နံပါတ် “၁” ဆိုတာ လွတ်လပ်မှု၊ အသစ်ကနေ ပြန်စခြင်းနဲ့ စိတ်လှုပ်ရှားစရာ အချိုးအကွေ့သစ်တွေ ကို ဆိုလိုတာပါ။ “ဒါဟာ ခက်ခဲကြမ်းတမ်းခဲ့တဲ့ နှစ်ဟောင်းက အညစ်အကြေးတွေကို မြေဩဇာအဖြစ် ပြောင်းလဲပစ်လိုက်ပြီး အသစ်စက်စက်အရာတွေကို စိုက်ပျိုးဖို့ အဆင်သင့်ဖြစ်နေတဲ့ သဘောပါပဲ” လို့ သူမက ဆိုပါတယ်။

ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အချိန်ကောင်း

နောက်ထပ် ပညာရှင်တစ်ယောက်ဖြစ်တဲ့ Candice ကလည်း ၂၀၂၆ ဟာ ၉ နှစ်တာ သံသရာအသစ်တစ်ခုရဲ့ အစ လို့ ပြောပါတယ်။ ဒီနှစ်မှာတော့ သူတစ်ပါးနဲ့ ပူးပေါင်းဆောင်ရွက်တာထက် ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်း၊ ကိုယ့်ရဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ရမယ့် “Individual (တစ်ကိုယ်တော်)” စွမ်းအင်တွေ ပိုများမှာပါ။ဒီနှစ်မှာ “ငါ ဘာဖြစ်ချင်တာလဲ” ဆိုတာကို ပိုပြီး အာရုံစိုက်လာပါလိမ့်မယ်။ နံပါတ် ၁ ဟာ ခွန်အားကြီးမားပြီး ပန်းတိုင်ကို တည့်တည့်မတ်မတ် သွားတတ်တဲ့ သဘောရှိပါတယ်။

၂၀၂၆ ခုနှစ်ဟာ ၂၀၂၅ ထက်စာရင် ပိုပြီး ပေါ့ပါးလန်းဆန်းတဲ့ စွမ်းအင်တွေ ရှိနေပါတယ်။ ဒါကြောင့် အခုကတည်းက ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို စာရင်းပြုစုပြီး Manifest (စိတ်ကူးပုံဖော်) လုပ်ထားဖို့ အကောင်းဆုံး အချိန်ပါပဲ။ ဘာလို့လဲဆိုတော့ ၂၀၂၆ ရဲ့ အစမှာ ဘယ်လိုအသစ်အဆန်းတွေမဆို ဖြစ်လာနိုင်လို့ပါပဲ။

ကျော့ကေခိုင်

zawgyi

၂၀၂၆ ခုႏွစ္က ဂဏန္းေဗဒင္အရ အရမ္းကို အလားအလာေကာင္းေနပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၅ ခုႏွစ္က တခ်ိဳ႕သူေတြအတြက္ေတာ့ အရမ္းကို ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေတြ ျဖစ္ခဲ့သလို၊ တခ်ိဳ႕က်ျပန္ေတာ့လည္း စိန္ေခၚမႈေတြမ်ားၿပီး အထီးက်န္ဆန္တဲ့ ႏွစ္တစ္ႏွစ္ ျဖစ္ခဲ့မွာပါ။ ဘာပဲျဖစ္ျဖစ္ အခ်ိန္ေတြက ျမန္ျမန္ကုန္ဆုံးသြားခဲ့ၿပီး ႏွစ္သစ္ကိုေရာက္ခဲ့ပါၿပီ။ ဒါေၾကာင့္ ႏွစ္သစ္မွာ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြကို စၿပီး ျပင္ဆင္ဖို႔ အခ်ိန္မေႏွာင္းေသးပါဘူး။

ေဗဒင္နဲ႔ ဂဏန္းေဗဒင္ ပညာရွင္ေတြရဲ႕ အဆိုအရ ၂၀၂၆ ခုႏွစ္ဟာ ၂၀၂၅ နဲ႔ မတူဘဲ စြမ္းအင္အသစ္ေတြ ျဖစ္လာလိမ့္မယ္ လို႔ ဆိုပါတယ္။ ဒီႏွစ္ဟာ လူေတာ္ေတာ္မ်ားမ်ား တကယ္ကို ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႔ ျဖတ္သန္းရမယ့္ႏွစ္မ်ိဳး ျဖစ္ၿပီး၊ အားလုံး ေမွ်ာ္လင့္ေနၾကတဲ့ သတင္းေကာင္းေတြလည္း ပါလာမွာပါ။

၂၀၂၆ ခုႏွစ္ရဲ႕ ဂဏန္းေဗဒင္က ဘာေၾကာင့္ အလားအလာေကာင္းတာလဲဆိုေတာ့ @goldendaughtertarot ဆိုတဲ့ နာမည္နဲ႔ ေဗဒင္ဆရာမေလးက TikTok မွာ ရွင္းျပထားတာကေတာ့ ၂၀၂၅ ခုႏွစ္ရဲ႕ ဂဏန္းေတြကို ေပါင္းလိုက္ရင္ ၉ (Nine) ရပါတယ္။ ဂဏန္းေဗဒင္မွာ “၉” ဆိုတာ “အဆုံးသတ္ျခင္း” ကို ကိုယ္စားျပဳပါတယ္။ အရာရာဟာ ခရီးတစ္ခုရဲ႕ အဆုံးကို ေရာက္သြားတာမ်ိဳးျဖစ္လို႔ အခ်ိဳ႕ကိစၥေတြမွာ ေတာ္ေတာ္ေလး ျပင္းထန္တဲ့ အဆုံးသတ္ေတြ၊ စြန႔္လႊတ္လိုက္ရတာေတြ ရွိခဲ့မွာပါ။

ဒါေပမဲ့ ၂၀၂၆ ခုႏွစ္ မွာေတာ့ အားလုံးက ေျပာင္းျပန္ျဖစ္သြားပါၿပီ။ ၂၀၂၆ ရဲ႕ ဂဏန္းေတြကို ေပါင္းလိုက္ရင္ (၂+၀+၂+၆) = ၁၀ ရပါတယ္။ဂဏန္းေဗဒင္ နည္းအရဆိုရင္ ၁၀ ကို ထပ္ေပါင္းရင္ “၁” ျဖစ္သြားပါတယ္။

နံပါတ္ “၁” ဆိုတာ လြတ္လပ္မႈ၊ အသစ္ကေန ျပန္စျခင္းနဲ႔ စိတ္လႈပ္ရွားစရာ အခ်ိဳးအေကြ႕သစ္ေတြ ကို ဆိုလိုတာပါ။ “ဒါဟာ ခက္ခဲၾကမ္းတမ္းခဲ့တဲ့ ႏွစ္ေဟာင္းက အညစ္အေၾကးေတြကို ေျမဩဇာအျဖစ္ ေျပာင္းလဲပစ္လိုက္ၿပီး အသစ္စက္စက္အရာေတြကို စိုက္ပ်ိဳးဖို႔ အဆင္သင့္ျဖစ္ေနတဲ့ သေဘာပါပဲ” လို႔ သူမက ဆိုပါတယ္။

ကိုယ့္ရဲ႕ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ အခ်ိန္ေကာင္း

ေနာက္ထပ္ ပညာရွင္တစ္ေယာက္ျဖစ္တဲ့ Candice ကလည္း ၂၀၂၆ ဟာ ၉ ႏွစ္တာ သံသရာအသစ္တစ္ခုရဲ႕ အစ လို႔ ေျပာပါတယ္။ ဒီႏွစ္မွာေတာ့ သူတစ္ပါးနဲ႔ ပူးေပါင္းေဆာင္႐ြက္တာထက္ ကိုယ့္ရဲ႕ ကိုယ္ပိုင္အရည္အခ်င္း၊ ကိုယ့္ရဲ႕ ဆႏၵေတြကို ေရွ႕တန္းတင္ရမယ့္ “Individual (တစ္ကိုယ္ေတာ္)” စြမ္းအင္ေတြ ပိုမ်ားမွာပါ။ဒီႏွစ္မွာ “ငါ ဘာျဖစ္ခ်င္တာလဲ” ဆိုတာကို ပိုၿပီး အာ႐ုံစိုက္လာပါလိမ့္မယ္။ နံပါတ္ ၁ ဟာ ခြန္အားႀကီးမားၿပီး ပန္းတိုင္ကို တည့္တည့္မတ္မတ္ သြားတတ္တဲ့ သေဘာရွိပါတယ္။

၂၀၂၆ ခုႏွစ္ဟာ ၂၀၂၅ ထက္စာရင္ ပိုၿပီး ေပါ့ပါးလန္းဆန္းတဲ့ စြမ္းအင္ေတြ ရွိေနပါတယ္။ ဒါေၾကာင့္ အခုကတည္းက ကိုယ္ျဖစ္ခ်င္တဲ့ ဆႏၵေတြကို စာရင္းျပဳစုၿပီး Manifest (စိတ္ကူးပုံေဖာ္) လုပ္ထားဖို႔ အေကာင္းဆုံး အခ်ိန္ပါပဲ။ ဘာလို႔လဲဆိုေတာ့ ၂၀၂၆ ရဲ႕ အစမွာ ဘယ္လိုအသစ္အဆန္းေတြမဆို ျဖစ္လာႏိုင္လို႔ပါပဲ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*