
သင့်ဘဝခရီးလမ်းမှာ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ ရှုပ်ထွေးမှု ဒါမှမဟုတ် ငြီးငွေ့မှုတွေ ခံစားနေရပြီဆိုရင် ဝိညာဉ်ရေးရာ ကျင့်စဉ်အသစ်တစ်ခုကို လေ့ကျင့်လိုက်ခြင်းက သင့်ရဲ့ရှေ့ခရီးကို အားအင်တွေ ပြန်လည်ဖြည့်တင်းပေးပြီး ပိုမိုတောက်ပလာစေနိုင်ပါတယ်။
ဝိညာဉ်ရေးရာ ကျင့်စဉ်ဆိုတာ ဘာလဲ
ဝိညာဉ်ရေးရာ ကျင့်စဉ်ဆိုတာ သင့်ရဲ့ နက်ရှိုင်းတဲ့ အတွင်းစိတ်နဲ့ ပိုကြီးမားတဲ့အရာတစ်ခုခုနဲ့ ဆက်သွယ်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဘဝမှာ မလိုအပ်တဲ့အရာတွေ (စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ ဒေါသ၊ ရှက်ရွံ့မှု၊ အပြစ်ရှိတယ်လို့ ခံစားရမှု၊ တန်ဖိုးမရှိဘူးလို့ ခံစားရမှု စတဲ့) ကို လွှတ်ချပြီး အတွင်းစိတ်နဲ့ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်က ဝိညာဉ်နဲ့ ဆက်သွယ်တဲ့ အပိုင်းနှစ်ပိုင်းပါတဲ့ လေ့ကျင့်မှုတစ်ခု ဖြစ်ပါတယ်။
ဝိညာဉ်ရေးရာ ကျင့်စဉ်တွေဟာ ထာဝရ (လူသားတွေ စတင်ရှိနေသလောက် ကြာပြီ) ရှိနေခဲ့ပါတယ်။
ဒီကျင့်စဉ်တွေ အချိန်ကာလကို ကျော်ဖြတ်နိုင်ခဲ့တဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ဝိညာဉ်ရေးရာ နည်းလမ်းတွေကို လေ့ကျင့်ရာမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ၊ စည်းကမ်းတွေ မရှိလို့ပါပဲ။ သင့်အတွက် ဘယ်အရာက အဆင်ပြေလဲဆိုတာကို ဆုံးဖြတ်ဖို့က သင့်အပေါ်မှာ မူတည်ပါတယ်၊ အဲဒါတွေထဲမှာ တရားထိုင်ခြင်း၊ ယောဂ၊ အသက်ရှုလေ့ကျင့်ခန်း၊ Tarot ကတ်ဖတ်ခြင်း၊ စာရေးခြင်း (journaling)၊ အသံ ကုထုံး (sound bathing)၊ အပြင်မှာ လေ့ကျင့်ခန်းလုပ်ခြင်း ဒါမှမဟုတ် သင့်ရဲ့ အတွင်းစိတ်ထဲကို ရောက်ရှိစေမယ့် အခြားဘယ်လိုအရာမျိုးမဆို ပါဝင်နိုင်ပါတယ်။
ဘဝမှာ “ပိတ်မိနေသလို” ခံစားရပြီး အရာရာကို အလွန်အကျွံ လုပ်ဆောင်နေရသလို၊ ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရသလို ခံစားနေရတာဟာ လူသားတိုင်း ကြုံတွေ့ရတဲ့ သာမန်အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ ဝိညာဉ်ရေးရာ ကျင့်စဉ်တွေဟာ သင့်ရဲ့နက်ရှိုင်းတဲ့ အတွင်းစိတ်နဲ့ ပိုမိုကြီးမားတဲ့အရာတစ်ခုခုနဲ့ ဆက်သွယ်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းတွေ ဖြစ်ပြီး၊ ဒီကျင့်စဉ်တွေက ဘဝကို ပိုမိုအေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
ဒီကျင့်စဉ်တွေကို စဉ်ဆက်မပြတ် လေ့ကျင့်ခြင်းက သင့်ရဲ့ဘဝကို ဘယ်လိုမျိုး အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
၁။ ထိန်းချုပ်လိုစိတ်ကို လွှတ်ချတတ်လာစေခြင်း
ဘဝကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါ ကြောက်ရွံ့မှုနဲ့ စိတ်ပူပန်မှုတွေကနေ လုပ်ဆောင်နေတတ်ပါတယ်။ ဝိညာဉ်ရေးရာ ကျင့်စဉ်တွေကို စွဲမြဲစွာ လုပ်ဆောင်ခြင်းအားဖြင့် “အရာအားလုံးဟာ ဖြစ်သင့်သလို ဖြစ်နေတယ်” ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကို တည်ဆောက်နိုင်ပါတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ်နဲ့ စကြဝဠာကို ပိုမိုယုံကြည်လာစေပြီး စုံလင်မှု ဒါမှမဟုတ် လွန်လွန်ကျူးကျူး တွေးတောခြင်းလို အကျင့် ဆိုးတွေကို လွှတ်ချနိုင်ဖို့ ကူညီပေးပါတယ်။
၂။ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုနှင့် ကိုယ်ပိုင်တိုးတက်မှုကို အရှိန်မြှင့်ပေးခြင်း
စာရေးခြင်း၊ တရားထိုင်ခြင်း၊ ဒါမှမဟုတ် အသက်ရှုလေ့ကျင့်ခန်း လုပ်ဆောင်ခြင်းတွေဟာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်တဲ့ အခွင့် အရေးကို ဖန်တီးပေးပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင့်ရဲ့အတွေးတွေနဲ့ ခံစားချက်တွေကို “ကောင်းတယ်” ဒါမှမဟုတ် “ဆိုးတယ်” လို့ မဆုံးဖြတ်ဘဲ လေ့လာနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သင့်ရဲ့မသိစိတ်က အကျင့်တွေနဲ့ ယုံကြည်ချက်တွေကို သတိရှိတဲ့စိတ်ထဲကို ရောက်လာစေပြီး အဲဒီအကန့်အသတ်ရှိတဲ့ အမူအကျင့်တွေကို ပြောင်းလဲပစ်နိုင်ပါတယ်။
၃။ ဉာဏ်ပညာနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ခိုင်မာစေခြင်း
ကနေ့ခေတ် အလုပ်များတဲ့ ကမ္ဘာမှာ ဝိညာဉ်ရေးရာ ကျင့်စဉ်တွေက သင့်ကို နှေးကွေးစေပြီး အတွင်းစိတ်ထဲကို ဝင်ရောက်စေပါတယ်။ တရားထိုင်ခြင်း၊ ယောဂ၊ ဒါမှမဟုတ် စွမ်းအင်ကုထုံးတွေဟာ သင့်ရဲ့အတွင်းစိတ်အသံကို ပိုမိုရှင်းလင်းစွာ ကြားနိုင်ဖို့ နေရာတစ်ခု ဖန်တီးပေးပါတယ်။ ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် သင်ဟာ ပြင်ပအတည်ပြုချက်ထက် သင့်ရဲ့ ဗီဇကို ပိုပြီး အားကိုးလာမှာဖြစ်ပြီး သင့်ရဲ့ စစ်မှန်တဲ့ဆန္ဒတွေနဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာပါလိမ့်မယ်။
၄။ ခက်ခဲချိန်တွင် စိတ်ကိုတည်ငြိမ်စေခြင်း
ဝိညာဉ်ရေးရာ လုပ်ရိုးလုပ်စဉ်တွေက ခက်ခဲတဲ့အချိန်တွေမှာ စိတ်ကို တည်ငြိမ်စေပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လွယ်လွယ်ကူကူ စိတ်ဓာတ်မကျအောင် ကူညီပေးနိုင်ပါတယ်။ ယောဂနဲ့ အသက်ရှုလေ့ကျင့်ခန်းတွေဟာ စိတ်ခံစားမှုတွေကို ထုတ်လွှတ်ဖို့နဲ့ ဟန်ချက်ညီအောင် ပြန်လည်ထိန်းသိမ်းဖို့ အထောက်အကူပြုပါတယ်။ ဒါက ဘဝမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကနေ ပိုပြီး သက်တောင့်သက်သာ ပြန်ထနိုင်ဖို့ ကူညီပေးပါတယ်။
၅။ ဘဝရဲ့ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိစေခြင်း
ဝိညာဉ်ရေးရာ ကျင့်စဉ်တွေက သင့်ရဲ့တန်ဖိုးတွေနဲ့ ဘဝရဲ့နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို ပြန်လည်ချိတ်ဆက်ဖို့ တိုက်တွန်းပါတယ်။ ရုပ်ရည်၊ အဆင့်အတန်း၊ ဒါမှမဟုတ် ပိုင်ဆိုင်မှုတွေလို အပေါ်ယံအရာတွေကနေ သင့်ရဲ့အာရုံကို လွှဲပြောင်းပေးပြီး သင်အမှန်တကယ် ဘယ်သူလဲဆိုတာနဲ့ ပြန်လည်ချိတ်ဆက်ပေးပါတယ်။ ဒါက သင့်ကို ဘဝမှာ ပိုပြီး ပြည့်စုံမှုနဲ့ ကျေနပ်မှုကို ခံစားရစေနိုင်ပါတယ်။
၆။ စိတ်ခံစားမှု ထိန်းချုပ်နိုင်စွမ်းကို တိုးတက်စေခြင်း
ဝိညာဉ်ရေးရာ ကျင့်စဉ်တွေက ပိတ်မိနေတဲ့ စိတ်ခံစားမှုတွေကို ထုတ်ပစ်ဖို့နဲ့ စီမံခန့်ခွဲဖို့ ကူညီပေးပါတယ်။ အသက်ရှုလေ့ကျင့်ခန်း၊ ယောဂ စတာတွေက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုအပေါ် ပိုမိုတည်ငြိမ်တဲ့ တုံ့ပြန်မှုကို ဖြစ်ပေါ်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပြင်ပက ရှုပ် ထွေးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတောင် စိတ်ငြိမ်သက်ပြီး အာရုံစိုက်နိုင်တဲ့ စွမ်းရည် ပိုမိုတိုးတက်လာတာကို သတိထားမိမှာပါ။
၇။ ကျေးဇူးသိတတ်မှု၊ ပျော်ရွှင်မှုနှင့် ကြွယ်ဝမှုကို ပိုမိုရရှိစေခြင်း
သင့်ရဲ့ဘဝမှာရှိတဲ့ အရာတွေအားလုံးအတွက် ကျေးဇူးတင်ဖို့ အချိန်ယူတဲ့အခါ ပိုပြီး အပြုသဘောဆောင်တဲ့ စိတ်ထားကို အသက်ဝင်လာစေပါတယ်။ ဒီလို စဉ်ဆက်မပြတ် လေ့ကျင့်ခြင်းက ပိုပြီး ပျော်ရွှင်မှု၊ ကျေနပ်မှုနဲ့ လက်ရှိအချိန်ကို ပိုပြီး တန်ဖိုးထားတတ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် သင်ကြိုက်နှစ်သက်တဲ့အရာတွေကို ပိုမိုရရှိဖို့အတွက် စကြဝဠာဆီကို မှန်ကန်တဲ့ တုန်ခါမှုကိုလည်း ထုတ်လွှတ်ပေးပါတယ်။
ဒီကျင့်စဉ်တွေကို စတင်ဖို့ စည်းမျဉ်းသတ်မှတ်ထားတာ မရှိပါဘူး။ သင့်အတွက် ဘယ်အရာက အဆင်ပြေလဲဆိုတာကို သင့်ရဲ့ အတွင်းစိတ်က လမ်းပြပါစေ။ ပုံမှန်လေ့ကျင့်မှုတွေက သင့်ရဲ့ဘဝကို ပိုပြီး အေးချမ်းပြီး အဓိပ္ပာယ်ရှိတဲ့ ခရီးတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်မှာပါ။
ကျော့ကေခိုင်
zawgyi
သင့္ဘဝခရီးလမ္းမွာ စိုးရိမ္ပူပန္မႈ၊ စိတ္ဖိစီးမႈ၊ ရႈပ္ေထြးမႈ ဒါမွမဟုတ္ ၿငီးေငြ႕မႈေတြ ခံစားေနရၿပီဆိုရင္ ဝိညာဥ္ေရးရာ က်င့္စဥ္အသစ္တစ္ခုကို ေလ့က်င့္လိုက္ျခင္းက သင့္ရဲ႕ေရွ႕ခရီးကို အားအင္ေတြ ျပန္လည္ျဖည့္တင္းေပးၿပီး ပိုမိုေတာက္ပလာေစႏိုင္ပါတယ္။
ဝိညာဥ္ေရးရာ က်င့္စဥ္ဆိုတာ ဘာလဲ
ဝိညာဥ္ေရးရာ က်င့္စဥ္ဆိုတာ သင့္ရဲ႕ နက္ရႈိင္းတဲ့ အတြင္းစိတ္နဲ႔ ပိုႀကီးမားတဲ့အရာတစ္ခုခုနဲ႔ ဆက္သြယ္ဖို႔ ႐ိုးရွင္းတဲ့ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ ဘဝမွာ မလိုအပ္တဲ့အရာေတြ (စိုးရိမ္ပူပန္မႈ၊ စိတ္ဖိစီးမႈ၊ ေဒါသ၊ ရွက္႐ြံ႕မႈ၊ အျပစ္ရွိတယ္လို႔ ခံစားရမႈ၊ တန္ဖိုးမရွိဘူးလို႔ ခံစားရမႈ စတဲ့) ကို လႊတ္ခ်ၿပီး အတြင္းစိတ္နဲ႔ ကြၽႏ္ုပ္တို႔ရဲ႕ ပတ္ဝန္းက်င္က ဝိညာဥ္နဲ႔ ဆက္သြယ္တဲ့ အပိုင္းႏွစ္ပိုင္းပါတဲ့ ေလ့က်င့္မႈတစ္ခု ျဖစ္ပါတယ္။
ဝိညာဥ္ေရးရာ က်င့္စဥ္ေတြဟာ ထာဝရ (လူသားေတြ စတင္ရွိေနသေလာက္ ၾကာၿပီ) ရွိေနခဲ့ပါတယ္။
ဒီက်င့္စဥ္ေတြ အခ်ိန္ကာလကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ ေနာက္ထပ္အေၾကာင္းရင္းတစ္ခုကေတာ့ ဝိညာဥ္ေရးရာ နည္းလမ္းေတြကို ေလ့က်င့္ရာမွာ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းေတြ၊ စည္းကမ္းေတြ မရွိလို႔ပါပဲ။ သင့္အတြက္ ဘယ္အရာက အဆင္ေျပလဲဆိုတာကို ဆုံးျဖတ္ဖို႔က သင့္အေပၚမွာ မူတည္ပါတယ္၊ အဲဒါေတြထဲမွာ တရားထိုင္ျခင္း၊ ေယာဂ၊ အသက္ရႈေလ့က်င့္ခန္း၊ Tarot ကတ္ဖတ္ျခင္း၊ စာေရးျခင္း (journaling)၊ အသံ ကုထုံး (sound bathing)၊ အျပင္မွာ ေလ့က်င့္ခန္းလုပ္ျခင္း ဒါမွမဟုတ္ သင့္ရဲ႕ အတြင္းစိတ္ထဲကို ေရာက္ရွိေစမယ့္ အျခားဘယ္လိုအရာမ်ိဳးမဆို ပါဝင္ႏိုင္ပါတယ္။
ဘဝမွာ “ပိတ္မိေနသလို” ခံစားရၿပီး အရာရာကို အလြန္အကြၽံ လုပ္ေဆာင္ေနရသလို၊ ဖိစီးမႈေတြနဲ႔ ရင္ဆိုင္ေနရသလို ခံစားေနရတာဟာ လူသားတိုင္း ႀကဳံေတြ႕ရတဲ့ သာမန္အေတြ႕အႀကဳံတစ္ခု ျဖစ္ပါတယ္။ ဝိညာဥ္ေရးရာ က်င့္စဥ္ေတြဟာ သင့္ရဲ႕နက္ရႈိင္းတဲ့ အတြင္းစိတ္နဲ႔ ပိုမိုႀကီးမားတဲ့အရာတစ္ခုခုနဲ႔ ဆက္သြယ္ဖို႔ ႐ိုးရွင္းတဲ့ နည္းလမ္းေတြ ျဖစ္ၿပီး၊ ဒီက်င့္စဥ္ေတြက ဘဝကို ပိုမိုေအးခ်မ္းေပ်ာ္႐ႊင္စြာ ျဖတ္သန္းႏိုင္ဖို႔ ကူညီေပးႏိုင္ပါတယ္။
ဒီက်င့္စဥ္ေတြကို စဥ္ဆက္မျပတ္ ေလ့က်င့္ျခင္းက သင့္ရဲ႕ဘဝကို ဘယ္လိုမ်ိဳး အျပဳသေဘာေဆာင္တဲ့ ေျပာင္းလဲမႈေတြ ျဖစ္ေပၚေစႏိုင္လဲဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။
၁။ ထိန္းခ်ဳပ္လိုစိတ္ကို လႊတ္ခ်တတ္လာေစျခင္း
ဘဝကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားတဲ့အခါ ေၾကာက္႐ြံ႕မႈနဲ႔ စိတ္ပူပန္မႈေတြကေန လုပ္ေဆာင္ေနတတ္ပါတယ္။ ဝိညာဥ္ေရးရာ က်င့္စဥ္ေတြကို စြဲၿမဲစြာ လုပ္ေဆာင္ျခင္းအားျဖင့္ “အရာအားလုံးဟာ ျဖစ္သင့္သလို ျဖစ္ေနတယ္” ဆိုတဲ့ ခိုင္မာတဲ့ ယုံၾကည္ခ်က္ကို တည္ေဆာက္ႏိုင္ပါတယ္။ ဒါက ကိုယ့္ကိုယ္ကိုယ္နဲ႔ စၾကဝဠာကို ပိုမိုယုံၾကည္လာေစၿပီး စုံလင္မႈ ဒါမွမဟုတ္ လြန္လြန္က်ဴးက်ဴး ေတြးေတာျခင္းလို အက်င့္ ဆိုးေတြကို လႊတ္ခ်ႏိုင္ဖို႔ ကူညီေပးပါတယ္။
၂။ ကိုယ့္ကိုယ္ကိုယ္ သိျမင္မႈႏွင့္ ကိုယ္ပိုင္တိုးတက္မႈကို အရွိန္ျမႇင့္ေပးျခင္း
စာေရးျခင္း၊ တရားထိုင္ျခင္း၊ ဒါမွမဟုတ္ အသက္ရႈေလ့က်င့္ခန္း လုပ္ေဆာင္ျခင္းေတြဟာ ကိုယ့္ကိုယ္ကိုယ္ ဆင္ျခင္သုံးသပ္ႏိုင္တဲ့ အခြင့္ အေရးကို ဖန္တီးေပးပါတယ္။ ဒီလိုလုပ္ေဆာင္ျခင္းအားျဖင့္ သင့္ရဲ႕အေတြးေတြနဲ႔ ခံစားခ်က္ေတြကို “ေကာင္းတယ္” ဒါမွမဟုတ္ “ဆိုးတယ္” လို႔ မဆုံးျဖတ္ဘဲ ေလ့လာႏိုင္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် သင့္ရဲ႕မသိစိတ္က အက်င့္ေတြနဲ႔ ယုံၾကည္ခ်က္ေတြကို သတိရွိတဲ့စိတ္ထဲကို ေရာက္လာေစၿပီး အဲဒီအကန႔္အသတ္ရွိတဲ့ အမူအက်င့္ေတြကို ေျပာင္းလဲပစ္ႏိုင္ပါတယ္။
၃။ ဉာဏ္ပညာႏွင့္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈကို ခိုင္မာေစျခင္း
ကေန႔ေခတ္ အလုပ္မ်ားတဲ့ ကမာၻမွာ ဝိညာဥ္ေရးရာ က်င့္စဥ္ေတြက သင့္ကို ေႏွးေကြးေစၿပီး အတြင္းစိတ္ထဲကို ဝင္ေရာက္ေစပါတယ္။ တရားထိုင္ျခင္း၊ ေယာဂ၊ ဒါမွမဟုတ္ စြမ္းအင္ကုထုံးေတြဟာ သင့္ရဲ႕အတြင္းစိတ္အသံကို ပိုမိုရွင္းလင္းစြာ ၾကားႏိုင္ဖို႔ ေနရာတစ္ခု ဖန္တီးေပးပါတယ္။ ပုံမွန္ေလ့က်င့္ျခင္းအားျဖင့္ သင္ဟာ ျပင္ပအတည္ျပဳခ်က္ထက္ သင့္ရဲ႕ ဗီဇကို ပိုၿပီး အားကိုးလာမွာျဖစ္ၿပီး သင့္ရဲ႕ စစ္မွန္တဲ့ဆႏၵေတြနဲ႔ ကိုက္ညီတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်ႏိုင္လာပါလိမ့္မယ္။
၄။ ခက္ခဲခ်ိန္တြင္ စိတ္ကိုတည္ၿငိမ္ေစျခင္း
ဝိညာဥ္ေရးရာ လုပ္႐ိုးလုပ္စဥ္ေတြက ခက္ခဲတဲ့အခ်ိန္ေတြမွာ စိတ္ကို တည္ၿငိမ္ေစၿပီး အခက္အခဲေတြနဲ႔ ရင္ဆိုင္ရတဲ့အခါ လြယ္လြယ္ကူကူ စိတ္ဓာတ္မက်ေအာင္ ကူညီေပးႏိုင္ပါတယ္။ ေယာဂနဲ႔ အသက္ရႈေလ့က်င့္ခန္းေတြဟာ စိတ္ခံစားမႈေတြကို ထုတ္လႊတ္ဖို႔နဲ႔ ဟန္ခ်က္ညီေအာင္ ျပန္လည္ထိန္းသိမ္းဖို႔ အေထာက္အကူျပဳပါတယ္။ ဒါက ဘဝမွာ ႀကဳံေတြ႕ရတဲ့ စိန္ေခၚမႈေတြကေန ပိုၿပီး သက္ေတာင့္သက္သာ ျပန္ထႏိုင္ဖို႔ ကူညီေပးပါတယ္။
၅။ ဘဝရဲ႕ ရည္႐ြယ္ခ်က္ႏွင့္ အဓိပၸာယ္ကို ရွာေဖြေတြ႕ရွိေစျခင္း
ဝိညာဥ္ေရးရာ က်င့္စဥ္ေတြက သင့္ရဲ႕တန္ဖိုးေတြနဲ႔ ဘဝရဲ႕နက္ရႈိင္းတဲ့ အဓိပၸာယ္ကို ျပန္လည္ခ်ိတ္ဆက္ဖို႔ တိုက္တြန္းပါတယ္။ ႐ုပ္ရည္၊ အဆင့္အတန္း၊ ဒါမွမဟုတ္ ပိုင္ဆိုင္မႈေတြလို အေပၚယံအရာေတြကေန သင့္ရဲ႕အာ႐ုံကို လႊဲေျပာင္းေပးၿပီး သင္အမွန္တကယ္ ဘယ္သူလဲဆိုတာနဲ႔ ျပန္လည္ခ်ိတ္ဆက္ေပးပါတယ္။ ဒါက သင့္ကို ဘဝမွာ ပိုၿပီး ျပည့္စုံမႈနဲ႔ ေက်နပ္မႈကို ခံစားရေစႏိုင္ပါတယ္။
၆။ စိတ္ခံစားမႈ ထိန္းခ်ဳပ္ႏိုင္စြမ္းကို တိုးတက္ေစျခင္း
ဝိညာဥ္ေရးရာ က်င့္စဥ္ေတြက ပိတ္မိေနတဲ့ စိတ္ခံစားမႈေတြကို ထုတ္ပစ္ဖို႔နဲ႔ စီမံခန႔္ခြဲဖို႔ ကူညီေပးပါတယ္။ အသက္ရႈေလ့က်င့္ခန္း၊ ေယာဂ စတာေတြက စိတ္ဖိစီးမႈနဲ႔ စိုးရိမ္ပူပန္မႈအေပၚ ပိုမိုတည္ၿငိမ္တဲ့ တုံ႔ျပန္မႈကို ျဖစ္ေပၚေစပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် ျပင္ပက ရႈပ္ ေထြးမႈေတြနဲ႔ ရင္ဆိုင္ရတဲ့အခါမွာေတာင္ စိတ္ၿငိမ္သက္ၿပီး အာ႐ုံစိုက္ႏိုင္တဲ့ စြမ္းရည္ ပိုမိုတိုးတက္လာတာကို သတိထားမိမွာပါ။
၇။ ေက်းဇူးသိတတ္မႈ၊ ေပ်ာ္႐ႊင္မႈႏွင့္ ႂကြယ္ဝမႈကို ပိုမိုရရွိေစျခင္း
သင့္ရဲ႕ဘဝမွာရွိတဲ့ အရာေတြအားလုံးအတြက္ ေက်းဇူးတင္ဖို႔ အခ်ိန္ယူတဲ့အခါ ပိုၿပီး အျပဳသေဘာေဆာင္တဲ့ စိတ္ထားကို အသက္ဝင္လာေစပါတယ္။ ဒီလို စဥ္ဆက္မျပတ္ ေလ့က်င့္ျခင္းက ပိုၿပီး ေပ်ာ္႐ႊင္မႈ၊ ေက်နပ္မႈနဲ႔ လက္ရွိအခ်ိန္ကို ပိုၿပီး တန္ဖိုးထားတတ္မႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါ့အျပင္ သင္ႀကိဳက္ႏွစ္သက္တဲ့အရာေတြကို ပိုမိုရရွိဖို႔အတြက္ စၾကဝဠာဆီကို မွန္ကန္တဲ့ တုန္ခါမႈကိုလည္း ထုတ္လႊတ္ေပးပါတယ္။
ဒီက်င့္စဥ္ေတြကို စတင္ဖို႔ စည္းမ်ဥ္းသတ္မွတ္ထားတာ မရွိပါဘူး။ သင့္အတြက္ ဘယ္အရာက အဆင္ေျပလဲဆိုတာကို သင့္ရဲ႕ အတြင္းစိတ္က လမ္းျပပါေစ။ ပုံမွန္ေလ့က်င့္မႈေတြက သင့္ရဲ႕ဘဝကို ပိုၿပီး ေအးခ်မ္းၿပီး အဓိပၸာယ္ရွိတဲ့ ခရီးတစ္ခုအျဖစ္ ေျပာင္းလဲေပးႏိုင္မွာပါ။
ေက်ာ့ေကခိုင္
Leave a Reply