ဒီဆောင်းပါးရဲ့ ခေါင်းစဉ်က နည်းနည်းတော့ ထူးဆန်းနေပါလိမ့်မယ်။ နောက်ဆုံးတော့ အားလုံးရဲ့ နှစ်သစ်ကူး ရည်မှန်းချက်တွေထဲမှာ ရာထူးတက်ဖို့ဆိုတာ ပါတာပဲ မဟုတ်လား။ဒီဘက်ခေတ်မှာ ဝန်ထမ်းတိုင်းလိုလိုက ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်ကြတာပါပဲ။နယ်ပယ်တစ်ခုမှာ လူသိများတဲ့ ခေါင်းဆောင်ဖြစ်ချင်တာ။ မန်နေဂျာ ဖြစ်ချင်တာ။အောက်လက်ငယ်သားတွေကို အုပ်ချုပ်ချင်တာ။ အကြီးတန်း စီမံခန့်ခွဲမှုနဲ့ အမှုဆောင် အရာရှိပိုင်းအထိ တက်လှမ်းချင်တာ စတာတွေပေါ့။များသောအားဖြင့် Career Coach (အသက်မွေးဝမ်းကျောင်း လမ်းညွှန်သူ) အများစုကတော့ သင့်ရဲ့ ရည်မှန်းချက်နောက်ကို လိုက်ဖို့ပဲ အားပေးကြပါလိမ့်မယ်။ ဒါပေမဲ့ သင်က ခေါင်းဆောင်ဖြစ်ချင်ရုံသက်သက်၊ ဒါမှမဟုတ် သင့်အလုပ်ရှင်က သင်လုပ်နိုင်တယ်လို့ ယူဆရုံသက်သက်နဲ့ ခေါင်းဆောင်ဖြစ်လာသင့်တယ်လို့ မဆိုလိုပါဘူး။ စီမံခန့်ခွဲမှု တာဝန်တွေကို ရယူတာဟာ အမြဲတမ်း ကောင်းကျိုးပေးလေ့ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ထွက်လာတဲ့ Gallup ရဲ့ လေ့လာမှုအသစ်တစ်ခုအရ အထူးသဖြင့် ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်ကုန်နဲ့ လက်လီအရောင်းလုပ်ငန်းတွေက ရှေ့တန်းက မန်နေဂျာအများစုဟာ တကယ်တော့ ခေါင်းဆောင် မဖြစ်သင့်ဘဲ သူတို့ဘာသာ အလုပ်ကိုပဲ အာရုံစိုက်လုပ်ရတဲ့ Individual Contributor နေရာမှာပဲ ရှိနေရင် အကောင်းဆုံး စွမ်းဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာက ရာထူးတိုးခြင်းဟာ သင့်ရဲ့အသက်မွေးဝမ်းကျောင်း၊ သင်စီမံရမယ့် အဖွဲ့နဲ့ လုပ်ငန်းတစ်ခုလုံးအပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်နိုင်ပါတယ်။ Gallup က “စေတနာနဲ့ ပေးလိုက်တဲ့ ရာထူးတိုးမှုတွေဟာ ရှေ့တန်းက မန်နေဂျာတွေကို အလုပ်အပေါ် စိတ်ကုန်စေပြီး ပြင်ဆင်မှုမရှိတဲ့ အခြေအနေကို တွန်းပို့နေတယ်” လို့ သတိပေးထားပါတယ်။ဒါကြောင့် ဒီနှစ်ထဲမှာ ရာထူးတက်ဖို့ မျှော် မှန်းနေတယ်ဆိုရင် ခဏလောက် ရပ်ပြီး ဒီဆောင်းပါးကို အဆုံးထိ ဖတ်ကြည့်ပေးစေချင်ပါတယ်။
အလုပ်အရမ်းတော်တဲ့သူတွေဟာ ခေါင်းဆောင်ညံ့တွေ ဖြစ်သွားနိုင်ပါတယ်
Gallup က စစ်တမ်းကောက်ခဲ့တဲ့ မန်နေဂျာတွေရဲ့ ၆၅ရာခိုင်နှုန်းဟာ သူတို့ရဲ့ လုပ်ဆောင်ချက် ကောင်းမွန်မှု ဒါမှမဟုတ် ကုမ္ပဏီမှာ လုပ်သက်ကြာမှုကြောင့် ရာထူးတိုးလာသူတွေ ဖြစ်ပါတယ်။လုပ်သက်နဲ့ စွမ်းဆောင်ရည်ဟာ ချီးကျူးစရာဖြစ်ပြီး ရာထူးတိုးပေးဖို့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ဖြစ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ အလုပ်ရှင်တွေက ဒါတွေကိုပဲ ကြည့်ပြီး ရာထူးတိုးပေးလိုက်တာဟာ ပြဿနာပေါင်းစုံကို ဖြစ်စေပြီး အသစ်ခန့်လိုက်တဲ့ မန်နေဂျာကိုပါ ထိခိုက်စေပါတယ်။တကယ်တော့ ခေါင်းဆောင်မှုနေရာ ရောက်လာသူတွေထဲက ၃၀ရာခိုင်နှုန်းကသာ အောက်ပါအချက်တွေကြောင့် ခန့်အပ်ခံရတာ ဖြစ်ပါတယ်။
– ခေါင်းဆောင်မှု အရည်အချင်းနဲ့ စွမ်းရည်တွေကို စမ်းသပ်/ပြသနိုင်လို့
– အရင်က ခေါင်းဆောင်မှု အတွေ့အကြုံ ရှိခဲ့လို့
အလုပ်အရမ်းတော်တဲ့သူတွေက ဘာကြောင့် ညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေဖြစ်သွားရတာလဲ။ ဒီအချက်တွေကြောင့်ပါပဲ။ ဒါကြောင့် ရာထူးတိုးဖို့ပဲ မကြိုးစားသင့်တဲ့ အချက် ၃ ချက်ကို မျှဝေချင်ပါတယ်။
၁။ အလုပ်အပေါ် စိတ်ကျေနပ်မှု လျော့နည်းလာခြင်း
သုတေသနတွေအရ အလုပ်တော်ရုံသက်သက်နဲ့ ရာထူးတိုးလာတဲ့ မန်နေဂျာတွေဟာ ခေါင်းဆောင်မှု ပါရမီ၊ သင်တန်း ဒါမှမဟုတ် အတွေ့အကြုံကြောင့် တက်လာသူတွေထက် အလုပ်အပေါ် စိတ်ပါဝင်စားမှု ပိုနည်းကြပါတယ်။တိတိကျကျပြောရရင် ခေါင်းဆောင်မှု သင်တန်း ဒါမှမဟုတ် နောက်ခံအတွေ့အကြုံရှိတဲ့ မန်နေဂျာ ၄၂ရာခိုင်နှုန်းက အလုပ်မှာ ပျော်မွေ့ကြပေမဲ့၊ အလုပ်တော်လို့ ရာထူးတက်လာတဲ့ မန်နေဂျာတွေမှာတော့ ၃၁ရာခိုင်နှုန်း ပဲ စိတ်အားထက်သန်မှု ရှိကြပါတယ်။ဝန်ထမ်းတစ်ယောက် အလုပ်မှာ စိတ်ပါဝင်စားတယ် ဆိုတာဟာ မိမိကိုယ်ကိုယ် တန်ဖိုးရှိတယ်လို့ ခံစားရတာ၊ အဖွဲ့အစည်းနဲ့ ချိတ်ဆက်မှုရှိတာ၊ အားပေးကူညီမှု ရတာနဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ရတာကို ဆိုလိုတာပါ။ဒါကြောင့် သင်ဟာ လုံလောက်တဲ့ ခေါင်းဆောင်မှုသင်တန်း၊ အတွေ့အကြုံရှိသူတွေရဲ့ လမ်းညွှန်မှု ဒါမှမဟုတ် လက်တွေ့အတွေ့အကြုံတွေ မရှိဘဲ ရာထူးတက်လာမယ်ဆိုရင် အနှေးနဲ့အမြန် အလုပ်မှာ စိတ်ပန်းလူပန်းဖြစ် (Burnout) လာပါလိမ့်မယ်။ အဲဒီအခါ ခေါင်းဆောင်ဖြစ်သူက စိတ်ကုန်နေရင် အဖွဲ့သားတွေအပေါ်မှာလည်း သက်ရောက်မှုရှိလာပြီး လုပ်ငန်းခွင် ပတ်ဝန်းကျင်ဟာလည်း အဆိပ်အတောက် (Toxic) ဖြစ်လာပါတော့တယ်။
၂။ အဖွဲ့သားတွေရဲ့ စိတ်အားထက်သန်မှု ကျဆင်းခြင်း
မန်နေဂျာတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုနဲ့ ထိရောက်မှုဟာ အဖွဲ့သားတွေအပေါ်မှာ တိုက်ရိုက် ထင်ဟပ်နေတယ်လို့ Gallup က ဆိုပါတယ်။ မန်နေဂျာက စွမ်းဆောင်ရည်ညံ့နေရင် အောက်က အဖွဲ့သားတွေလည်း လိုက်ညံ့သွားတတ်ပါတယ်။ဒါဟာ သင်မသိလိုက်ဘဲ ဒီအခြေအနေတွေကို ဖန်တီးမိသလို ဖြစ်သွားနိုင်ပါတယ်။ ဝန်ထမ်းတွေ ခဏခဏ အလုပ်ထွက်တာ၊ ခွင့်ယူသူတွေ များလာတာ၊ စွမ်းဆောင်ရည်တွေ ကျဆင်းလာတာ၊ သတ်မှတ်ထားတဲ့ ပန်းတိုင် (KPI) တွေကို မပြည့်မီတော့တာ၊ လုပ်ငန်းရဲ့ ဝင်ငွေနဲ့ ဘဏ္ဍာရေးကို ထိခိုက်လာတာတွေပဲ ဖြစ်ပါတယ်။
၃။ သင်တန်းပေးမှု အားနည်းခြင်း
သင့်မှာ ခေါင်းဆောင်မှု အတွေ့အကြုံ မရှိရင်တောင် ရာထူးတက်ဖို့ ကြိုးစားလို့ ရပါတယ်။ ဒါပေမဲ့ အဓိက အရေးကြီးတာက လူတွေကို စီမံခန့်ခွဲရတဲ့ တာဝန်မယူခင်မှာ သင့်ရဲ့ စွမ်းရည်တွေကို စမ်းသပ်စစ်ဆေးဖို့နဲ့ လုံလောက်တဲ့ သင်တန်းတွေ ရထားဖို့ လိုအပ်ပါတယ်။ ပြင်ဆင်မှု မရှိတဲ့ မန်နေဂျာသစ်တွေဟာ များသောအားဖြင့် ဘာဖြစ်မလဲဆိုတာ မှန်းဆပြီး (စမ်းတဝါးဝါး) လုပ်တတ်ကြပါတယ်။ အရင်က သူတို့တွေ့ခဲ့ဖူးတဲ့ ခေါင်းဆောင်ဆိုးတွေရဲ့ ပုံစံကို လိုက်လုပ်တတ်ကြပါတယ်။ခေါင်းဆောင် မှု ပညာရပ်တွေက ပြောင်းလဲတိုးတက်နေပြီဆိုတာ သူတို့ သတိမထားမိကြပါဘူး။ ခေတ်နောက်ကျနေတဲ့ မူဝါဒတွေကို သုံးနေမိတတ်ပါတယ်။ သူတို့ရဲ့ ရာထူးအသစ်ကို “လူတွေကို ပြုစုပျိုးထောင်ပေးရတဲ့ အဆင့်သစ်” လို့ မမြင်ဘဲ ပုံမှန် အလုပ်တစ်ခုလိုပဲ သဘောထားတတ်ကြပါတယ်။
အလုပ်ရှင်တွေက ဘာလို့ လူမှားပြီး ရာထူးတိုးပေးတတ်ကြသလဲ
အလုပ်ရှင်တွေက “ဒီလူက အရောင်းမှာ တားမရဆီးမရ တော်နေတာပဲ၊ ဒါဆို သူဟာ အရောင်းကိုယ်စားလှယ် ၈ ယောက်ကိုလည်း ကောင်းကောင်း ဦးဆောင်နိုင်မှာပဲ” လို့ မှားယွင်းစွာ တွေးတတ်ကြပါတယ်။ ဒါပေမဲ့ အလုပ်တော်တာနဲ့ ခေါင်းဆောင်နိုင်တာဟာ လုံးဝ မတူပါဘူး။
ဝန်ထမ်းတစ်ယောက်အနေနဲ့ သင်သိထားသင့်တာ
စီမံခန့်ခွဲမှု တာဝန်ယူဖို့ ဖိအားပေးခံနေရပေမဲ့ သင်ကိုယ်တိုင် အဆင်သင့် မဖြစ်သေးဘူးလို့ ခံစားရရင်၊ သင်တန်းတွေ သေချာမရခင် ဒါမှမဟုတ် လက်တွေ့အတွေ့အ ကြုံတွေ မရခင်အထိ ရာထူးတိုးတာကို ခဏ ဆိုင်းငံ့ထားတာက ပိုကောင်းပါတယ်။တကယ်လို့ သင်က ရာထူးတက်ချင်တယ်ဆိုရင် လက်ရှိနေရာကနေ ခေါင်းဆောင်မှု အရည်အချင်းတွေကို အရင်ပြသပါ။ ပရောဂျက်အသစ်တွေကို ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ကြည့်ပါ။ အခြားဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကြည့်ပါ။ ဝန်ထမ်းသစ်တွေကို သင်ပြပေးတာ၊ လမ်းညွှန်ပေးတာမျိုး လုပ်ပါ။ AI သုံးပြီး အလုပ်တွေ ပိုမြန်အောင် လုပ်ငန်းစဉ်အသစ်တွေ ဖန်တီးပါ။ အပြင်က ခေါင်းဆောင်မှု သင်တန်းတွေ တက်ထားပါ။
အလုပ်ရှင်တွေအနေနဲ့ သိထားသင့်တာက ဝန်ထမ်းတွေကို ခေါင်းဆောင်မှုနေရာထဲ အတင်း မတွန်းပို့ပါနဲ့။ လူတိုင်းက ခေါင်းဆောင်လုပ်ဖို့ မသင့်တော်ပါဘူး၊ အဲဒါဟာ ပြဿနာမဟုတ်ပါဘူး။အဲဒီအစား ဒီအချက်တွေကို အာရုံစိုက်သင့်ပါတယါ။ကောင်းမွန်တဲ့ မန်နေဂျာသင်တန်းနဲ့ လမ်းညွှန်မှု (Mentorship) အစီအစဉ်တွေ ဖန်တီးပါ။ ဝန်ထမ်းတွေကို သူတို့ရဲ့ အားသာချက်အတိုင်း အလုပ်လုပ်ခွင့်ပေးပါ။ အလုပ်အရမ်းတော်ပေမဲ့ လူမအုပ်ချုပ်ချင်တဲ့သူတွေအတွက် ရာထူးမတက်ဘဲ လစာပိုရမယ့် Specialist (ကျွမ်းကျင်သူ) လမ်းကြောင်းတွေကို ဖန်တီးပေးပါ။
အခု သင် ရာထူးတက်ဖို့ အဆင်သင့် ဖြစ်ပြီလား
ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မေးလို့ မသေချာသေးရင်တော့ ခေါင်းဆောင်မှု အရည်အချင်းတွေကို အရင်လေ့ကျင့်ပါ၊ လက်ရှိနေရာကနေ ခေါင်းဆောင်မှုပုံစံလေးတွေ ကျင့်သုံးကြည့်ပါ၊ လိုအပ်ရင် အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့။
ကျော့ကေခိုင်
zawgyi
ဒီေဆာင္းပါးရဲ႕ ေခါင္းစဥ္က နည္းနည္းေတာ့ ထူးဆန္းေနပါလိမ့္မယ္။ ေနာက္ဆုံးေတာ့ အားလုံးရဲ႕ ႏွစ္သစ္ကူး ရည္မွန္းခ်က္ေတြထဲမွာ ရာထူးတက္ဖို႔ဆိုတာ ပါတာပဲ မဟုတ္လား။ဒီဘက္ေခတ္မွာ ဝန္ထမ္းတိုင္းလိုလိုက ေခါင္းေဆာင္တစ္ေယာက္ ျဖစ္ခ်င္ၾကတာပါပဲ။နယ္ပယ္တစ္ခုမွာ လူသိမ်ားတဲ့ ေခါင္းေဆာင္ျဖစ္ခ်င္တာ။ မန္ေနဂ်ာ ျဖစ္ခ်င္တာ။ေအာက္လက္ငယ္သားေတြကို အုပ္ခ်ဳပ္ခ်င္တာ။ အႀကီးတန္း စီမံခန႔္ခြဲမႈနဲ႔ အမႈေဆာင္ အရာရွိပိုင္းအထိ တက္လွမ္းခ်င္တာ စတာေတြေပါ့။မ်ားေသာအားျဖင့္ Career Coach (အသက္ေမြးဝမ္းေက်ာင္း လမ္းၫႊန္သူ) အမ်ားစုကေတာ့ သင့္ရဲ႕ ရည္မွန္းခ်က္ေနာက္ကို လိုက္ဖို႔ပဲ အားေပးၾကပါလိမ့္မယ္။ ဒါေပမဲ့ သင္က ေခါင္းေဆာင္ျဖစ္ခ်င္႐ုံသက္သက္၊ ဒါမွမဟုတ္ သင့္အလုပ္ရွင္က သင္လုပ္ႏိုင္တယ္လို႔ ယူဆ႐ုံသက္သက္နဲ႔ ေခါင္းေဆာင္ျဖစ္လာသင့္တယ္လို႔ မဆိုလိုပါဘူး။ စီမံခန႔္ခြဲမႈ တာဝန္ေတြကို ရယူတာဟာ အၿမဲတမ္း ေကာင္းက်ိဳးေပးေလ့ မရွိပါဘူး။
ၿပီးခဲ့တဲ့ ဇန္နဝါရီလက ထြက္လာတဲ့ Gallup ရဲ႕ ေလ့လာမႈအသစ္တစ္ခုအရ အထူးသျဖင့္ ကုန္ထုတ္လုပ္မႈ၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ စားေသာက္ကုန္နဲ႔ လက္လီအေရာင္းလုပ္ငန္းေတြက ေရွ႕တန္းက မန္ေနဂ်ာအမ်ားစုဟာ တကယ္ေတာ့ ေခါင္းေဆာင္ မျဖစ္သင့္ဘဲ သူတို႔ဘာသာ အလုပ္ကိုပဲ အာ႐ုံစိုက္လုပ္ရတဲ့ Individual Contributor ေနရာမွာပဲ ရွိေနရင္ အေကာင္းဆုံး စြမ္းေဆာင္ႏိုင္ၾကမွာ ျဖစ္ပါတယ္။စိတ္ဝင္စားစရာေကာင္းတာက ရာထူးတိုးျခင္းဟာ သင့္ရဲ႕အသက္ေမြးဝမ္းေက်ာင္း၊ သင္စီမံရမယ့္ အဖြဲ႕နဲ႔ လုပ္ငန္းတစ္ခုလုံးအေပၚမွာ ဆိုးက်ိဳးေတြ သက္ေရာက္ႏိုင္ပါတယ္။ Gallup က “ေစတနာနဲ႔ ေပးလိုက္တဲ့ ရာထူးတိုးမႈေတြဟာ ေရွ႕တန္းက မန္ေနဂ်ာေတြကို အလုပ္အေပၚ စိတ္ကုန္ေစၿပီး ျပင္ဆင္မႈမရွိတဲ့ အေျခအေနကို တြန္းပို႔ေနတယ္” လို႔ သတိေပးထားပါတယ္။ဒါေၾကာင့္ ဒီႏွစ္ထဲမွာ ရာထူးတက္ဖို႔ ေမွ်ာ္ မွန္းေနတယ္ဆိုရင္ ခဏေလာက္ ရပ္ၿပီး ဒီေဆာင္းပါးကို အဆုံးထိ ဖတ္ၾကည့္ေပးေစခ်င္ပါတယ္။
အလုပ္အရမ္းေတာ္တဲ့သူေတြဟာ ေခါင္းေဆာင္ညံ့ေတြ ျဖစ္သြားႏိုင္ပါတယ္
Gallup က စစ္တမ္းေကာက္ခဲ့တဲ့ မန္ေနဂ်ာေတြရဲ႕ ၆၅ရာခိုင္ႏႈန္းဟာ သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္ ေကာင္းမြန္မႈ ဒါမွမဟုတ္ ကုမၸဏီမွာ လုပ္သက္ၾကာမႈေၾကာင့္ ရာထူးတိုးလာသူေတြ ျဖစ္ပါတယ္။လုပ္သက္နဲ႔ စြမ္းေဆာင္ရည္ဟာ ခ်ီးက်ဴးစရာျဖစ္ၿပီး ရာထူးတိုးေပးဖို႔ ထည့္သြင္းစဥ္းစားရမယ့္ အခ်က္ေတြ ျဖစ္တာေတာ့ မွန္ပါတယ္။ ဒါေပမဲ့ အလုပ္ရွင္ေတြက ဒါေတြကိုပဲ ၾကည့္ၿပီး ရာထူးတိုးေပးလိုက္တာဟာ ျပႆနာေပါင္းစုံကို ျဖစ္ေစၿပီး အသစ္ခန႔္လိုက္တဲ့ မန္ေနဂ်ာကိုပါ ထိခိုက္ေစပါတယ္။တကယ္ေတာ့ ေခါင္းေဆာင္မႈေနရာ ေရာက္လာသူေတြထဲက ၃၀ရာခိုင္ႏႈန္းကသာ ေအာက္ပါအခ်က္ေတြေၾကာင့္ ခန႔္အပ္ခံရတာ ျဖစ္ပါတယ္။
– ေခါင္းေဆာင္မႈ အရည္အခ်င္းနဲ႔ စြမ္းရည္ေတြကို စမ္းသပ္/ျပသႏိုင္လို႔
– အရင္က ေခါင္းေဆာင္မႈ အေတြ႕အႀကဳံ ရွိခဲ့လို႔
အလုပ္အရမ္းေတာ္တဲ့သူေတြက ဘာေၾကာင့္ ညံ့ဖ်င္းတဲ့ ေခါင္းေဆာင္ေတြျဖစ္သြားရတာလဲ။ ဒီအခ်က္ေတြေၾကာင့္ပါပဲ။ ဒါေၾကာင့္ ရာထူးတိုးဖို႔ပဲ မႀကိဳးစားသင့္တဲ့ အခ်က္ ၃ ခ်က္ကို မွ်ေဝခ်င္ပါတယ္။
၁။ အလုပ္အေပၚ စိတ္ေက်နပ္မႈ ေလ်ာ့နည္းလာျခင္း
သုေတသနေတြအရ အလုပ္ေတာ္႐ုံသက္သက္နဲ႔ ရာထူးတိုးလာတဲ့ မန္ေနဂ်ာေတြဟာ ေခါင္းေဆာင္မႈ ပါရမီ၊ သင္တန္း ဒါမွမဟုတ္ အေတြ႕အႀကဳံေၾကာင့္ တက္လာသူေတြထက္ အလုပ္အေပၚ စိတ္ပါဝင္စားမႈ ပိုနည္းၾကပါတယ္။တိတိက်က်ေျပာရရင္ ေခါင္းေဆာင္မႈ သင္တန္း ဒါမွမဟုတ္ ေနာက္ခံအေတြ႕အႀကဳံရွိတဲ့ မန္ေနဂ်ာ ၄၂ရာခိုင္ႏႈန္းက အလုပ္မွာ ေပ်ာ္ေမြ႕ၾကေပမဲ့၊ အလုပ္ေတာ္လို႔ ရာထူးတက္လာတဲ့ မန္ေနဂ်ာေတြမွာေတာ့ ၃၁ရာခိုင္ႏႈန္း ပဲ စိတ္အားထက္သန္မႈ ရွိၾကပါတယ္။ဝန္ထမ္းတစ္ေယာက္ အလုပ္မွာ စိတ္ပါဝင္စားတယ္ ဆိုတာဟာ မိမိကိုယ္ကိုယ္ တန္ဖိုးရွိတယ္လို႔ ခံစားရတာ၊ အဖြဲ႕အစည္းနဲ႔ ခ်ိတ္ဆက္မႈရွိတာ၊ အားေပးကူညီမႈ ရတာနဲ႔ လုပ္ငန္းစဥ္ေတြမွာ ပါဝင္ခြင့္ရတာကို ဆိုလိုတာပါ။ဒါေၾကာင့္ သင္ဟာ လုံေလာက္တဲ့ ေခါင္းေဆာင္မႈသင္တန္း၊ အေတြ႕အႀကဳံရွိသူေတြရဲ႕ လမ္းၫႊန္မႈ ဒါမွမဟုတ္ လက္ေတြ႕အေတြ႕အႀကဳံေတြ မရွိဘဲ ရာထူးတက္လာမယ္ဆိုရင္ အေႏွးနဲ႔အျမန္ အလုပ္မွာ စိတ္ပန္းလူပန္းျဖစ္ (Burnout) လာပါလိမ့္မယ္။ အဲဒီအခါ ေခါင္းေဆာင္ျဖစ္သူက စိတ္ကုန္ေနရင္ အဖြဲ႕သားေတြအေပၚမွာလည္း သက္ေရာက္မႈရွိလာၿပီး လုပ္ငန္းခြင္ ပတ္ဝန္းက်င္ဟာလည္း အဆိပ္အေတာက္ (Toxic) ျဖစ္လာပါေတာ့တယ္။
၂။ အဖြဲ႕သားေတြရဲ႕ စိတ္အားထက္သန္မႈ က်ဆင္းျခင္း
မန္ေနဂ်ာတစ္ေယာက္ရဲ႕ စိတ္အားထက္သန္မႈနဲ႔ ထိေရာက္မႈဟာ အဖြဲ႕သားေတြအေပၚမွာ တိုက္႐ိုက္ ထင္ဟပ္ေနတယ္လို႔ Gallup က ဆိုပါတယ္။ မန္ေနဂ်ာက စြမ္းေဆာင္ရည္ညံ့ေနရင္ ေအာက္က အဖြဲ႕သားေတြလည္း လိုက္ညံ့သြားတတ္ပါတယ္။ဒါဟာ သင္မသိလိုက္ဘဲ ဒီအေျခအေနေတြကို ဖန္တီးမိသလို ျဖစ္သြားႏိုင္ပါတယ္။ ဝန္ထမ္းေတြ ခဏခဏ အလုပ္ထြက္တာ၊ ခြင့္ယူသူေတြ မ်ားလာတာ၊ စြမ္းေဆာင္ရည္ေတြ က်ဆင္းလာတာ၊ သတ္မွတ္ထားတဲ့ ပန္းတိုင္ (KPI) ေတြကို မျပည့္မီေတာ့တာ၊ လုပ္ငန္းရဲ႕ ဝင္ေငြနဲ႔ ဘ႑ာေရးကို ထိခိုက္လာတာေတြပဲ ျဖစ္ပါတယ္။
၃။ သင္တန္းေပးမႈ အားနည္းျခင္း
သင့္မွာ ေခါင္းေဆာင္မႈ အေတြ႕အႀကဳံ မရွိရင္ေတာင္ ရာထူးတက္ဖို႔ ႀကိဳးစားလို႔ ရပါတယ္။ ဒါေပမဲ့ အဓိက အေရးႀကီးတာက လူေတြကို စီမံခန႔္ခြဲရတဲ့ တာဝန္မယူခင္မွာ သင့္ရဲ႕ စြမ္းရည္ေတြကို စမ္းသပ္စစ္ေဆးဖို႔နဲ႔ လုံေလာက္တဲ့ သင္တန္းေတြ ရထားဖို႔ လိုအပ္ပါတယ္။ ျပင္ဆင္မႈ မရွိတဲ့ မန္ေနဂ်ာသစ္ေတြဟာ မ်ားေသာအားျဖင့္ ဘာျဖစ္မလဲဆိုတာ မွန္းဆၿပီး (စမ္းတဝါးဝါး) လုပ္တတ္ၾကပါတယ္။ အရင္က သူတို႔ေတြ႕ခဲ့ဖူးတဲ့ ေခါင္းေဆာင္ဆိုးေတြရဲ႕ ပုံစံကို လိုက္လုပ္တတ္ၾကပါတယ္။ေခါင္းေဆာင္ မႈ ပညာရပ္ေတြက ေျပာင္းလဲတိုးတက္ေနၿပီဆိုတာ သူတို႔ သတိမထားမိၾကပါဘူး။ ေခတ္ေနာက္က်ေနတဲ့ မူဝါဒေတြကို သုံးေနမိတတ္ပါတယ္။ သူတို႔ရဲ႕ ရာထူးအသစ္ကို “လူေတြကို ျပဳစုပ်ိဳးေထာင္ေပးရတဲ့ အဆင့္သစ္” လို႔ မျမင္ဘဲ ပုံမွန္ အလုပ္တစ္ခုလိုပဲ သေဘာထားတတ္ၾကပါတယ္။
အလုပ္ရွင္ေတြက ဘာလို႔ လူမွားၿပီး ရာထူးတိုးေပးတတ္ၾကသလဲ
အလုပ္ရွင္ေတြက “ဒီလူက အေရာင္းမွာ တားမရဆီးမရ ေတာ္ေနတာပဲ၊ ဒါဆို သူဟာ အေရာင္းကိုယ္စားလွယ္ ၈ ေယာက္ကိုလည္း ေကာင္းေကာင္း ဦးေဆာင္ႏိုင္မွာပဲ” လို႔ မွားယြင္းစြာ ေတြးတတ္ၾကပါတယ္။ ဒါေပမဲ့ အလုပ္ေတာ္တာနဲ႔ ေခါင္းေဆာင္ႏိုင္တာဟာ လုံးဝ မတူပါဘူး။
ဝန္ထမ္းတစ္ေယာက္အေနနဲ႔ သင္သိထားသင့္တာ
စီမံခန႔္ခြဲမႈ တာဝန္ယူဖို႔ ဖိအားေပးခံေနရေပမဲ့ သင္ကိုယ္တိုင္ အဆင္သင့္ မျဖစ္ေသးဘူးလို႔ ခံစားရရင္၊ သင္တန္းေတြ ေသခ်ာမရခင္ ဒါမွမဟုတ္ လက္ေတြ႕အေတြ႕အ ႀကဳံေတြ မရခင္အထိ ရာထူးတိုးတာကို ခဏ ဆိုင္းငံ့ထားတာက ပိုေကာင္းပါတယ္။တကယ္လို႔ သင္က ရာထူးတက္ခ်င္တယ္ဆိုရင္ လက္ရွိေနရာကေန ေခါင္းေဆာင္မႈ အရည္အခ်င္းေတြကို အရင္ျပသပါ။ ပေရာဂ်က္အသစ္ေတြကို ကိုယ္တိုင္ဦးေဆာင္ၿပီး လုပ္ၾကည့္ပါ။ အျခားဌာနေတြနဲ႔ ပူးေပါင္း ေဆာင္႐ြက္ၾကည့္ပါ။ ဝန္ထမ္းသစ္ေတြကို သင္ျပေပးတာ၊ လမ္းၫႊန္ေပးတာမ်ိဳး လုပ္ပါ။ AI သုံးၿပီး အလုပ္ေတြ ပိုျမန္ေအာင္ လုပ္ငန္းစဥ္အသစ္ေတြ ဖန္တီးပါ။ အျပင္က ေခါင္းေဆာင္မႈ သင္တန္းေတြ တက္ထားပါ။
အလုပ္ရွင္ေတြအေနနဲ႔ သိထားသင့္တာက ဝန္ထမ္းေတြကို ေခါင္းေဆာင္မႈေနရာထဲ အတင္း မတြန္းပို႔ပါနဲ႔။ လူတိုင္းက ေခါင္းေဆာင္လုပ္ဖို႔ မသင့္ေတာ္ပါဘူး၊ အဲဒါဟာ ျပႆနာမဟုတ္ပါဘူး။အဲဒီအစား ဒီအခ်က္ေတြကို အာ႐ုံစိုက္သင့္ပါတယါ။ေကာင္းမြန္တဲ့ မန္ေနဂ်ာသင္တန္းနဲ႔ လမ္းၫႊန္မႈ (Mentorship) အစီအစဥ္ေတြ ဖန္တီးပါ။ ဝန္ထမ္းေတြကို သူတို႔ရဲ႕ အားသာခ်က္အတိုင္း အလုပ္လုပ္ခြင့္ေပးပါ။ အလုပ္အရမ္းေတာ္ေပမဲ့ လူမအုပ္ခ်ဳပ္ခ်င္တဲ့သူေတြအတြက္ ရာထူးမတက္ဘဲ လစာပိုရမယ့္ Specialist (ကြၽမ္းက်င္သူ) လမ္းေၾကာင္းေတြကို ဖန္တီးေပးပါ။
အခု သင္ ရာထူးတက္ဖို႔ အဆင္သင့္ ျဖစ္ၿပီလား
ဒီေမးခြန္းကို ကိုယ့္ကိုယ္ကိုယ္ ေမးလို႔ မေသခ်ာေသးရင္ေတာ့ ေခါင္းေဆာင္မႈ အရည္အခ်င္းေတြကို အရင္ေလ့က်င့္ပါ၊ လက္ရွိေနရာကေန ေခါင္းေဆာင္မႈပုံစံေလးေတြ က်င့္သုံးၾကည့္ပါ၊ လိုအပ္ရင္ အကူအညီေတာင္းဖို႔ ဝန္မေလးပါနဲ႔။
ေက်ာ့ေကခိုင္
Leave a Reply