ဗေဒင်ပညာရှင် Sai Avani ရဲ့ အဆိုအရ ရာသီဖွား (၃) ခုဟာ စကြဝဠာနဲ့ ဆက်သွယ်နိုင်မှု အမြင့်ဆုံး ဖြစ်နေတတ်ပါတယ်။ ဒီရာသီဖွားတွေဟာ သူတို့ရဲ့ ခန့်မှန်းရလွယ်ကူမှုနဲ့ တည်ငြိမ်အေးဆေးမှုတွေကြောင့် တစ်ခါတရံမှာ “စည်းကမ်းကြီးလွန်းသူ” သို့မဟုတ် “ခံစားချက် မဖော်ပြတတ်သူ” တွေအဖြစ် အထင်မှားခံရလေ့ရှိပြီး လူအများရဲ့ မျှော်လင့်ချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ လူအများ ယုံကြည်ထားသလို သူတို့ရဲ့ ဘဝဟာ လုပ်ရိုးလုပ်စဉ်တွေနဲ့ တာဝန်တွေချည်းပဲ မဟုတ်ပါဘူး။
မယုံနိုင်စရာ ကောင်းတာကတော့ ဒီ မြေဓာတ် (Earth Signs) ရာသီဖွား (၃) ခုဟာ စကြဝဠာနဲ့ ဆက်သွယ်ပေးမယ့် ပိုမိုမြင့်မားတဲ့ ခေါ်ယူမှု (Higher calling) တစ်ခု ရှိနေကြတာပဲ ဖြစ်ပါတယ်။ Avani က “သူတို့ရဲ့ လုပ်ဆောင်မှုတွေ (ဥပမာ – အမြဲတစေ ဂရုစိုက်ပြခြင်း၊ ရုပ်ဝတ္ထုပစ္စည်းတွေအပေါ် အဓိပ္ပာယ်ဖော်ဆောင်ခြင်း သို့မ ဟုတ် စနစ်တကျရှိခြင်းဖြင့် ဘေးကင်းမှုကို ဖန်တီးခြင်း) ဟာ ဘဝအပေါ် မြေကြီးခြေကုပ်ယူတဲ့ ချဉ်းကပ်မှုမျိုးတင် မဟုတ်ဘဲ မြင့်မြတ်တဲ့ ချဉ်းကပ်မှုမျိုး ဖြစ်နေတာပါ” လို့ ဆိုပါတယ်။ သူတို့ဟာ ဝိညာဉ်ရေးရာတွေအကြောင်း ထုတ်မပြောတတ်ကြပေမဲ့ တကယ်တော့ သူတို့ကိုယ်တိုင်က အဲဒီအနှစ်သာရတွေကို လက်တွေ့ကျင့်သုံးနေကြတာ ဖြစ်ပါတယ်။
Taurus
ပြိဿရာသီဖွားတွေရဲ့ ခိုင်မာတဲ့ မြေဓာတ်စွမ်းအင်ဟာ သူတို့ကို စကြဝဠာနဲ့ အဆက်အစပ်ဆုံး ဖြစ်စေပါတယ်။”ကောင်းမွန်တဲ့ ခံစားချက်တိုင်း၊ နက်ရှိုင်းတဲ့ ပျော်ရွှင်မှုတိုင်းဟာ ကျွန်ုပ်တို့ရဲ့ ဝိညာဉ်အတွက် တကယ်လိုအပ်ပြီး အရေးကြီးတဲ့ အရာတွေဆီကို လမ်းညွှန်ပြသနေတာ ဖြစ်တယ်” လို့ Avani က ရှင်းပြပါတယ်။ ပြိဿရာသီဖွားတွေဟာ ပျော်ရွှင်မှုကို လောကကြီးကနေ ထွက်ပြေးဖို့ လမ်းစအဖြစ် မရှုမြင်ပါဘူး။ သူတို့ ရှာဖွေတဲ့ ကျေနပ်မှုတွေဟာ တစ်ချိန်က မြင့်မြတ်ခဲ့တဲ့ အရာတွေဆီကို ပြန်သွားတာဖြစ်ပြီး ဒါဟာ သူတို့ရဲ့ မွေးရာပါ အခွင့်အရေးတစ်ခုလို့ ယူဆကြတာက သူတို့ကို စကြဝဠာနဲ့ ချိတ်ဆက်ပေးထားတာ ဖြစ်ပါတယ်။
Virgo
ကန်ရာသီဖွားတွေရဲ့ ထူးခြားချက်ကတော့ သူတို့ဟာ အရာရာကို ပိုမိုကောင်းမွန်အောင် ပြုပြင်ဖို့ အမြဲအသင့်ရှိနေတာပါပဲ။ Avani ရဲ့ အဆိုအရ “သူတို့ စနစ်တကျရှိဖို့ ကြိုးစားတာဟာ စိုးရိမ်စိတ်ကို လျှော့ချဖို့တင် မဟုတ်ဘဲ တည်ရှိနေခြင်းဆိုတဲ့ ဖြစ်စဉ်ရဲ့ မြင့်မြတ်မှုကို ဂုဏ်ပြုနေတာ ဖြစ်ပါတယ်”။ကန်ရာသီဖွားတွေက မိမိကိုယ်ကိုယ်နဲ့ ပတ်ဝန်းကျင်ကမ္ဘာကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်တာဟာ မြင့်မြတ်တဲ့ ဝန်ဆောင်မှုတစ်ရပ် ဖြစ်တယ်ဆိုတာကို ကန်ရာသီဖွားတွေက လူတိုင်းကို သတိ ပေးနေပြီး သူတို့ဟာ အဲဒီအလုပ်ကို ထပ်ခါတလဲလဲ လုပ်ဆောင်ဖို့ အမြဲတမ်း လိုလားကြပါတယ်။
Capricorn
ကံကြမ္မာဂြိုဟ် (Karma) ဖြစ်တဲ့ စနေဂြိုဟ်က အုပ်စိုးတဲ့ မကာရရာသီဖွားတွေဟာ စကြဝဠာနဲ့ သေချာပေါက် ဆက်နွှယ်နေသူတွေ ဖြစ်ပါတယ်။”မကာရရာသီဖွားတွေဟာ ကြီးမားတဲ့ တာဝန်ဝတ္တရားတွေ၊ ဖိအားတွေနဲ့ ဝန်ထုပ်ဝန်ပိုးတွေကို တိတ်တဆိတ် ထမ်းပိုးထားတတ်ကြသူတွေပါ” လို့ Avani က ဆိုပါတယ်။ ဒါပေမဲ့ သူတို့ဟာ ခေါင်းမာလို့ ဒါမှမဟုတ် သူတို့ သန်မာကြောင်း ပြချင်လို့ လုပ်နေတာ မဟုတ်ပါဘူး။ သူတို့ဟာ လောကီလောကကနေ ထွက်ပြေးဖို့ မဟုတ်ဘဲ ဝိညာဉ်ရေးရာ အနှစ်သာရတွေကို ဒီကမ္ဘာထဲသို့ ယူဆောင်လာဖို့အတွက် ကြိုးစားအားထုတ်ပြီး ခံနိုင်ရည်ရှိရှိ ရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။ မကာရရာသီရဲ့ အမှတ်အသားဖြစ်တဲ့ Sea-goat (တောင်ဆိတ်ကိုယ်ထည်၊ ငါးအမြီး) ဟာ တစ်ဝက်က တောင်တန်း (အမြင့်သို့ တက်လှမ်းခြင်း) နဲ့ တစ်ဝက်က သမုဒ္ဒရာ (နက်ရှိုင်းစွာ အခြေကပ်ခြင်း) ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ကြီးကျယ်မှုကို ရှာဖွေတက်လှမ်းရင်း တစ်ဖက်ကလည်း ခိုင်ခိုင်မာမာ အခြေကပ်ထားတာဟာ သူတို့ရဲ့ သဘာဝပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ မကာရရာသီဖွား ဖြစ်ပြီး မိမိရဲ့ ဝန်ထုပ်ဝန်ပိုးတွေက လေးလံလွန်းတယ်လို့ ခံစားရရင် ဒီကြိုးစားအားထုတ်မှုတွေဟာ အလကားမဟုတ်ဘဲ နတ်ဘုရားတွေ ပေးထားတဲ့ မြင့်မြတ်တဲ့ အဓိပ္ပာယ်ရှိတယ်ဆိုတာကို သိထားပါ။
ကျော့ကေခိုင်
zawgyi
ေဗဒင္ပညာရွင္ Sai Avani ရဲ႕ အဆိုအရ ရာသီဖြား (၃) ခုဟာ စၾကဝဠာနဲ႔ ဆက္သြယ္ႏိုင္မႈ အျမင့္ဆုံး ျဖစ္ေနတတ္ပါတယ္။ ဒီရာသီဖြားေတြဟာ သူတို႔ရဲ႕ ခန႔္မွန္းရလြယ္ကူမႈနဲ႔ တည္ၿငိမ္ေအးေဆးမႈေတြေၾကာင့္ တစ္ခါတရံမွာ “စည္းကမ္းႀကီးလြန္းသူ” သို႔မဟုတ္ “ခံစားခ်က္ မေဖာ္ျပတတ္သူ” ေတြအျဖစ္ အထင္မွားခံရေလ့ရွိၿပီး လူအမ်ားရဲ႕ ေမွ်ာ္လင့္ခ်က္နဲ႔ ဆန႔္က်င္ဘက္ ျဖစ္ေနတတ္ပါတယ္။ ဒါေပမဲ့ လူအမ်ား ယုံၾကည္ထားသလို သူတို႔ရဲ႕ ဘဝဟာ လုပ္႐ိုးလုပ္စဥ္ေတြနဲ႔ တာဝန္ေတြခ်ည္းပဲ မဟုတ္ပါဘူး။
မယုံႏိုင္စရာ ေကာင္းတာကေတာ့ ဒီ ေျမဓာတ္ (Earth Signs) ရာသီဖြား (၃) ခုဟာ စၾကဝဠာနဲ႔ ဆက္သြယ္ေပးမယ့္ ပိုမိုျမင့္မားတဲ့ ေခၚယူမႈ (Higher calling) တစ္ခု ရွိေနၾကတာပဲ ျဖစ္ပါတယ္။ Avani က “သူတို႔ရဲ႕ လုပ္ေဆာင္မႈေတြ (ဥပမာ – အၿမဲတေစ ဂ႐ုစိုက္ျပျခင္း၊ ႐ုပ္ဝတၳဳပစၥည္းေတြအေပၚ အဓိပၸာယ္ေဖာ္ေဆာင္ျခင္း သို႔မ ဟုတ္ စနစ္တက်ရွိျခင္းျဖင့္ ေဘးကင္းမႈကို ဖန္တီးျခင္း) ဟာ ဘဝအေပၚ ေျမႀကီးေျခကုပ္ယူတဲ့ ခ်ဥ္းကပ္မႈမ်ိဳးတင္ မဟုတ္ဘဲ ျမင့္ျမတ္တဲ့ ခ်ဥ္းကပ္မႈမ်ိဳး ျဖစ္ေနတာပါ” လို႔ ဆိုပါတယ္။ သူတို႔ဟာ ဝိညာဥ္ေရးရာေတြအေၾကာင္း ထုတ္မေျပာတတ္ၾကေပမဲ့ တကယ္ေတာ့ သူတို႔ကိုယ္တိုင္က အဲဒီအႏွစ္သာရေတြကို လက္ေတြ႕က်င့္သုံးေနၾကတာ ျဖစ္ပါတယ္။
Taurus
ၿပိႆရာသီဖြားေတြရဲ႕ ခိုင္မာတဲ့ ေျမဓာတ္စြမ္းအင္ဟာ သူတို႔ကို စၾကဝဠာနဲ႔ အဆက္အစပ္ဆုံး ျဖစ္ေစပါတယ္။”ေကာင္းမြန္တဲ့ ခံစားခ်က္တိုင္း၊ နက္ရႈိင္းတဲ့ ေပ်ာ္႐ႊင္မႈတိုင္းဟာ ကြၽႏ္ုပ္တို႔ရဲ႕ ဝိညာဥ္အတြက္ တကယ္လိုအပ္ၿပီး အေရးႀကီးတဲ့ အရာေတြဆီကို လမ္းၫႊန္ျပသေနတာ ျဖစ္တယ္” လို႔ Avani က ရွင္းျပပါတယ္။ ၿပိႆရာသီဖြားေတြဟာ ေပ်ာ္႐ႊင္မႈကို ေလာကႀကီးကေန ထြက္ေျပးဖို႔ လမ္းစအျဖစ္ မရႈျမင္ပါဘူး။ သူတို႔ ရွာေဖြတဲ့ ေက်နပ္မႈေတြဟာ တစ္ခ်ိန္က ျမင့္ျမတ္ခဲ့တဲ့ အရာေတြဆီကို ျပန္သြားတာျဖစ္ၿပီး ဒါဟာ သူတို႔ရဲ႕ ေမြးရာပါ အခြင့္အေရးတစ္ခုလို႔ ယူဆၾကတာက သူတို႔ကို စၾကဝဠာနဲ႔ ခ်ိတ္ဆက္ေပးထားတာ ျဖစ္ပါတယ္။
Virgo
ကန္ရာသီဖြားေတြရဲ႕ ထူးျခားခ်က္ကေတာ့ သူတို႔ဟာ အရာရာကို ပိုမိုေကာင္းမြန္ေအာင္ ျပဳျပင္ဖို႔ အၿမဲအသင့္ရွိေနတာပါပဲ။ Avani ရဲ႕ အဆိုအရ “သူတို႔ စနစ္တက်ရွိဖို႔ ႀကိဳးစားတာဟာ စိုးရိမ္စိတ္ကို ေလွ်ာ့ခ်ဖို႔တင္ မဟုတ္ဘဲ တည္ရွိေနျခင္းဆိုတဲ့ ျဖစ္စဥ္ရဲ႕ ျမင့္ျမတ္မႈကို ဂုဏ္ျပဳေနတာ ျဖစ္ပါတယ္”။ကန္ရာသီဖြားေတြက မိမိကိုယ္ကိုယ္နဲ႔ ပတ္ဝန္းက်င္ကမာၻကို ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္တာဟာ ျမင့္ျမတ္တဲ့ ဝန္ေဆာင္မႈတစ္ရပ္ ျဖစ္တယ္ဆိုတာကို ကန္ရာသီဖြားေတြက လူတိုင္းကို သတိ ေပးေနၿပီး သူတို႔ဟာ အဲဒီအလုပ္ကို ထပ္ခါတလဲလဲ လုပ္ေဆာင္ဖို႔ အၿမဲတမ္း လိုလားၾကပါတယ္။
Capricorn
ကံၾကမၼာၿဂိဳဟ္ (Karma) ျဖစ္တဲ့ စေနၿဂိဳဟ္က အုပ္စိုးတဲ့ မကာရရာသီဖြားေတြဟာ စၾကဝဠာနဲ႔ ေသခ်ာေပါက္ ဆက္ႏႊယ္ေနသူေတြ ျဖစ္ပါတယ္။”မကာရရာသီဖြားေတြဟာ ႀကီးမားတဲ့ တာဝန္ဝတၱရားေတြ၊ ဖိအားေတြနဲ႔ ဝန္ထုပ္ဝန္ပိုးေတြကို တိတ္တဆိတ္ ထမ္းပိုးထားတတ္ၾကသူေတြပါ” လို႔ Avani က ဆိုပါတယ္။ ဒါေပမဲ့ သူတို႔ဟာ ေခါင္းမာလို႔ ဒါမွမဟုတ္ သူတို႔ သန္မာေၾကာင္း ျပခ်င္လို႔ လုပ္ေနတာ မဟုတ္ပါဘူး။ သူတို႔ဟာ ေလာကီေလာကကေန ထြက္ေျပးဖို႔ မဟုတ္ဘဲ ဝိညာဥ္ေရးရာ အႏွစ္သာရေတြကို ဒီကမာၻထဲသို႔ ယူေဆာင္လာဖို႔အတြက္ ႀကိဳးစားအားထုတ္ၿပီး ခံႏိုင္ရည္ရွိရွိ ရင္ဆိုင္ေနၾကတာ ျဖစ္ပါတယ္။ မကာရရာသီရဲ႕ အမွတ္အသားျဖစ္တဲ့ Sea-goat (ေတာင္ဆိတ္ကိုယ္ထည္၊ ငါးအၿမီး) ဟာ တစ္ဝက္က ေတာင္တန္း (အျမင့္သို႔ တက္လွမ္းျခင္း) နဲ႔ တစ္ဝက္က သမုဒၵရာ (နက္ရႈိင္းစြာ အေျခကပ္ျခင္း) ကို ကိုယ္စားျပဳပါတယ္။ ဒါေၾကာင့္ ႀကီးက်ယ္မႈကို ရွာေဖြတက္လွမ္းရင္း တစ္ဖက္ကလည္း ခိုင္ခိုင္မာမာ အေျခကပ္ထားတာဟာ သူတို႔ရဲ႕ သဘာဝပဲ ျဖစ္ပါတယ္။ တကယ္လို႔ သင္ဟာ မကာရရာသီဖြား ျဖစ္ၿပီး မိမိရဲ႕ ဝန္ထုပ္ဝန္ပိုးေတြက ေလးလံလြန္းတယ္လို႔ ခံစားရရင္ ဒီႀကိဳးစားအားထုတ္မႈေတြဟာ အလကားမဟုတ္ဘဲ နတ္ဘုရားေတြ ေပးထားတဲ့ ျမင့္ျမတ္တဲ့ အဓိပၸာယ္ရွိတယ္ဆိုတာကို သိထားပါ။
ေက်ာ့ေကခိုင္
Leave a Reply