ရာသီခွင်အလိုက် ကံကောင်းစေတဲ့ ကျောက်မျက်ရတနာများ

ရာသီခွင်တစ်ခုချင်းစီမှာ သူ့ရဲ့စရိုက်လက္ခဏာနဲ့ ကိုက်ညီတဲ့ သတ္တု၊ အရောင်နဲ့ ကျောက်မျက်ရတနာတွေ ရှိကြပါတယ်။ ဒီကျောက်မျက် ရတနာတွေဟာ ကံပွင့်စေတယ်၊ ကံကောင်းခြင်းတွေ ဆောင်ယူလာပေးနိုင်တယ်လို့ နက္ခတ်ဗေဒပညာရှင်တွေက ယူဆထားကြပါတယ်။

ဒီတစ်ခါမှာတော့ သင့်ရဲ့ ရာသီခွင်အလိုက် ဘယ်လိုကျောက်မျက်ရတနာတွေက ကံကောင်းစေနိုင်လဲဆိုတာ ပြောပြပေးသွားပါမယ်။

၁။ မိဿရာသီ (Aries)

မီးဓာတ်ကို ကိုယ်စားပြုတဲ့ မိဿရာသီဖွားတွေနဲ့ လိုက်ဖက်တဲ့ ကျောက်က စိန် (Diamond) ပါပဲ။ စိန်က သတ္တိနဲ့ ခွန်အားကို ကိုယ်စားပြုတဲ့အတွက် စိန်ကို ဆောင်ထားခြင်းဖြင့် မိဿရာသီဖွားတွေရဲ့ ရဲရင့်တဲ့စိတ်ဓာတ်ကို ပိုမိုတိုးတက်စေပါတယ်။

၂။ ပြိဿရာသီ (Taurus)

ပြိဿရာသီဖွားတွေအတွက်တော့ မြေကြီးဓာတ်ကို ကိုယ်စားပြုတဲ့ မြ (Emerald) ကို ဆောင်သင့်ပါတယ်။ မြက ပေါကြွယ်ဝမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုတဲ့အတွက် စိတ်ငြိမ်သက်မှုနဲ့ ငွေကြေးကံကို တိုးပွားစေပါတယ်။

၃။ မေထုန်ရာသီ (Gemini)

လေဓာတ်ကို ကိုယ်စားပြုတဲ့ မေထုန်ရာသီဖွားတွေအတွက် ပုလဲ (Pearl) ဒါမှမဟုတ် ကျောက်စိမ်း (Jade) က အသင့်တော်ဆုံးပါပဲ။ ဒီကျောက်တွေက မေထုန်ဖွားတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ပိုမိုရှင်သန်စေပြီး ဆက်ဆံရေးကိုလည်း တိုးတက်စေပါတယ်။

၄။ ကရကဋ်ရာသီ (Cancer)

ရေဓာတ်ကို ကိုယ်စားပြုတဲ့ ကရကဋ်ရာသီဖွားတွေအတွက်တော့ ပုလဲ (Pearl) က အကောင်းဆုံးပါပဲ။ ပုလဲက စိတ်ခံစားမှုတည်ငြိမ်စေပြီး အကာအကွယ်ပေးနိုင်တဲ့ စွမ်းအင်ရှိတယ်လို့ ယုံကြည်ကြပါတယ်။

၅။ သိဟ်ရာသီ (Leo)

သိဟ်ရာသီဖွားတွေအတွက် ပတ္တမြား (Ruby) ကို အဓိကထား ဆောင်သင့်ပါတယ်။ ပတ္တမြားက ခွန်အား၊ အချစ်နဲ့ တိုးတက်မှုကို ကိုယ်စားပြုပြီး သိဟ်တွေရဲ့ ခေါင်းဆောင်နိုင်တဲ့အရည်အချင်းကို ပိုမိုထင်ရှားစေပါတယ်။

၆။ ကန်ရာသီ (Virgo)

ကန်ရာသီဖွားတွေအတွက်ကတော့ နီလာ (Sapphire) ဒါမှမဟုတ် ကျောက်စိမ်း (Jade) က အသင့်တော်ဆုံးပါပဲ။ ဒီကျောက်တွေက စိတ်အေးချမ်းသာစေပြီး အတွေးအခေါ်တွေ ပိုမိုကြည်လင်ပြတ်သားစေဖို့ အထောက်အကူပြုပါတယ်။

၇။ တူရာသီ (Libra)

တူရာသီဖွားတွေအတွက် နီလာ (Sapphire) က ကံကောင်းစေပါတယ်။ နီလာက မျှတမှုနဲ့ အမှန်တရားကို ကိုယ်စားပြုတဲ့အတွက် တူရာသီဖွားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ထိန်းပေးနိုင်ပါတယ်။

၈။ ဗြိစ္ဆာရာသီ (Scorpio)

ဗြိစ္ဆာရာသီဖွားတွေအတွက်တော့ အနီရောင်ကျောက် (Garnet) ကို ဆောင်ထားသင့်ပါတယ်။ Garnet က စိတ်ခံစားမှုပိုင်းဆိုင်ရာ ခွန်အားတွေ ပေးစွမ်းနိုင်ပြီး အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးပါတယ်။

၉။ ဓနုရာသီ (Sagittarius)

ဓနုရာသီဖွားတွေအတွက် စိမ်းပြာရောင်ကျောက် (Topaz) ကို ဆောင်သင့်ပါတယ်။ Topaz က ပညာဉာဏ်၊ ကံကောင်းခြင်းနဲ့ စွန့်စားလိုစိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

၁၀။ မကာရရာသီ (Capricorn)

မကာရရာသီဖွားတွေအတွက် ဂေါ်မိတ် (Onyx) က အထူးသင့်တော်ပါတယ်။ Onyx က မကာရတွေရဲ့ ဇွဲနဲ့ စိတ်ဓာတ်ခိုင်မာမှုကို ပိုမိုအားဖြည့်ပေးပြီး ပန်းတိုင်တွေ အရောက်လှမ်းနိုင်ဖို့ ကူညီပေးပါတယ်။

၁၁။ ကုမ်ရာသီ (Aquarius)

ကုမ်ရာသီဖွားတွေအတွက် နီလာ (Sapphire) က လိုက်ဖက်ပါတယ်။ နီလာက ကုမ်တွေရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ စိတ်ကူးတွေကို ပိုမိုအားကောင်းစေပြီး ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

၁၂။ မိန်ရာသီ (Pisces)

မိန်ရာသီဖွားတွေအတွက် မြပြာ (Aquamarine) က အသင့်တော်ဆုံးပါပဲ။ Aquamarine က မိန်တွေရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အတွေးတွေကို အားပေးပြီး အတွင်းစိတ်ခံစားမှုကို ငြိမ်းချမ်းစေပါတယ်။

ရာသီခွင်အလိုက် ဘယ်ကျောက်မျက်ရတနာတွေက သင့်ကို ကံကောင်းစေနိုင်လဲဆိုတာ သိရပြီဆိုတော့ အဆောင်တစ်ခုအနေနဲ့ ဝတ်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်တွေက ယုံကြည်မှုအပေါ် မူတည်ပြီး ကွဲပြားနိုင်တယ်ဆိုတာလည်း သတိပြုရမှာဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

ရာသီခြင္တစ္ခုခ်င္းစီမွာ သူ႔ရဲ႕စ႐ိုက္လကၡဏာနဲ႔ ကိုက္ညီတဲ့ သတၱဳ၊ အေရာင္နဲ႔ ေက်ာက္မ်က္ရတနာေတြ ရွိၾကပါတယ္။ ဒီေက်ာက္မ်က္ ရတနာေတြဟာ ကံပြင့္ေစတယ္၊ ကံေကာင္းျခင္းေတြ ေဆာင္ယူလာေပးႏိုင္တယ္လို႔ နကၡတ္ေဗဒပညာရွင္ေတြက ယူဆထားၾကပါတယ္။

ဒီတစ္ခါမွာေတာ့ သင့္ရဲ႕ ရာသီခြင္အလိုက္ ဘယ္လိုေက်ာက္မ်က္ရတနာေတြက ကံေကာင္းေစႏိုင္လဲဆိုတာ ေျပာျပေပးသြားပါမယ္။

၁။ မိႆရာသီ (Aries)

မီးဓာတ္ကို ကိုယ္စားျပဳတဲ့ မိႆရာသီဖြားေတြနဲ႔ လိုက္ဖက္တဲ့ ေက်ာက္က စိန္ (Diamond) ပါပဲ။ စိန္က သတၱိနဲ႔ ခြန္အားကို ကိုယ္စားျပဳတဲ့အတြက္ စိန္ကို ေဆာင္ထားျခင္းျဖင့္ မိႆရာသီဖြားေတြရဲ႕ ရဲရင့္တဲ့စိတ္ဓာတ္ကို ပိုမိုတိုးတက္ေစပါတယ္။

၂။ ၿပိႆရာသီ (Taurus)

ၿပိႆရာသီဖြားေတြအတြက္ေတာ့ ေျမႀကီးဓာတ္ကို ကိုယ္စားျပဳတဲ့ ျမ (Emerald) ကို ေဆာင္သင့္ပါတယ္။ ျမက ေပါႂကြယ္ဝမႈနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈကို ကိုယ္စားျပဳတဲ့အတြက္ စိတ္ၿငိမ္သက္မႈနဲ႔ ေငြေၾကးကံကို တိုးပြားေစပါတယ္။

၃။ ေမထုန္ရာသီ (Gemini)

ေလဓာတ္ကို ကိုယ္စားျပဳတဲ့ ေမထုန္ရာသီဖြားေတြအတြက္ ပုလဲ (Pearl) ဒါမွမဟုတ္ ေက်ာက္စိမ္း (Jade) က အသင့္ေတာ္ဆုံးပါပဲ။ ဒီေက်ာက္ေတြက ေမထုန္ဖြားေတြရဲ႕ စိတ္ကူးစိတ္သန္းေတြကို ပိုမိုရွင္သန္ေစၿပီး ဆက္ဆံေရးကိုလည္း တိုးတက္ေစပါတယ္။

၄။ ကရကဋ္ရာသီ (Cancer)

ေရဓာတ္ကို ကိုယ္စားျပဳတဲ့ ကရကဋ္ရာသီဖြားေတြအတြက္ေတာ့ ပုလဲ (Pearl) က အေကာင္းဆုံးပါပဲ။ ပုလဲက စိတ္ခံစားမႈတည္ၿငိမ္ေစၿပီး အကာအကြယ္ေပးႏိုင္တဲ့ စြမ္းအင္ရွိတယ္လို႔ ယုံၾကည္ၾကပါတယ္။

၅။ သိဟ္ရာသီ (Leo)

သိဟ္ရာသီဖြားေတြအတြက္ ပတၱျမား (Ruby) ကို အဓိကထား ေဆာင္သင့္ပါတယ္။ ပတၱျမားက ခြန္အား၊ အခ်စ္နဲ႔ တိုးတက္မႈကို ကိုယ္စားျပဳၿပီး သိဟ္ေတြရဲ႕ ေခါင္းေဆာင္ႏိုင္တဲ့အရည္အခ်င္းကို ပိုမိုထင္ရွားေစပါတယ္။

၆။ ကန္ရာသီ (Virgo)

ကန္ရာသီဖြားေတြအတြက္ကေတာ့ နီလာ (Sapphire) ဒါမွမဟုတ္ ေက်ာက္စိမ္း (Jade) က အသင့္ေတာ္ဆုံးပါပဲ။ ဒီေက်ာက္ေတြက စိတ္ေအးခ်မ္းသာေစၿပီး အေတြးအေခၚေတြ ပိုမိုၾကည္လင္ျပတ္သားေစဖို႔ အေထာက္အကူျပဳပါတယ္။

၇။ တူရာသီ (Libra)

တူရာသီဖြားေတြအတြက္ နီလာ (Sapphire) က ကံေကာင္းေစပါတယ္။ နီလာက မွ်တမႈနဲ႔ အမွန္တရားကို ကိုယ္စားျပဳတဲ့အတြက္ တူရာသီဖြားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ တည္ၿငိမ္မႈကို ထိန္းေပးႏိုင္ပါတယ္။

၈။ ၿဗိစာၦရာသီ (Scorpio)

ၿဗိစာၦရာသီဖြားေတြအတြက္ေတာ့ အနီေရာင္ေက်ာက္ (Garnet) ကို ေဆာင္ထားသင့္ပါတယ္။ Garnet က စိတ္ခံစားမႈပိုင္းဆိုင္ရာ ခြန္အားေတြ ေပးစြမ္းႏိုင္ၿပီး အတားအဆီးေတြကို ေက်ာ္လႊားႏိုင္ဖို႔ ကူညီေပးပါတယ္။

၉။ ဓႏုရာသီ (Sagittarius)

ဓႏုရာသီဖြားေတြအတြက္ စိမ္းျပာေရာင္ေက်ာက္ (Topaz) ကို ေဆာင္သင့္ပါတယ္။ Topaz က ပညာဉာဏ္၊ ကံေကာင္းျခင္းနဲ႔ စြန႔္စားလိုစိတ္ကို ျမႇင့္တင္ေပးႏိုင္ပါတယ္။

၁၀။ မကာရရာသီ (Capricorn)

မကာရရာသီဖြားေတြအတြက္ ေဂၚမိတ္ (Onyx) က အထူးသင့္ေတာ္ပါတယ္။ Onyx က မကာရေတြရဲ႕ ဇြဲနဲ႔ စိတ္ဓာတ္ခိုင္မာမႈကို ပိုမိုအားျဖည့္ေပးၿပီး ပန္းတိုင္ေတြ အေရာက္လွမ္းႏိုင္ဖို႔ ကူညီေပးပါတယ္။

၁၁။ ကုမ္ရာသီ (Aquarius)

ကုမ္ရာသီဖြားေတြအတြက္ နီလာ (Sapphire) က လိုက္ဖက္ပါတယ္။ နီလာက ကုမ္ေတြရဲ႕ ကိုယ္ပိုင္အေတြးအေခၚနဲ႔ စိတ္ကူးေတြကို ပိုမိုအားေကာင္းေစၿပီး ဖန္တီးႏိုင္စြမ္းကို ျမႇင့္တင္ေပးပါတယ္။

၁၂။ မိန္ရာသီ (Pisces)

မိန္ရာသီဖြားေတြအတြက္ ျမျပာ (Aquamarine) က အသင့္ေတာ္ဆုံးပါပဲ။ Aquamarine က မိန္ေတြရဲ႕ စိတ္ကူးယဥ္ဆန္တဲ့ အေတြးေတြကို အားေပးၿပီး အတြင္းစိတ္ခံစားမႈကို ၿငိမ္းခ်မ္းေစပါတယ္။

ရာသီခြင္အလိုက္ ဘယ္ေက်ာက္မ်က္ရတနာေတြက သင့္ကို ကံေကာင္းေစႏိုင္လဲဆိုတာ သိရၿပီဆိုေတာ့ အေဆာင္တစ္ခုအေနနဲ႔ ဝတ္ဆင္ႏိုင္ပါတယ္။ ဒါေပမဲ့ ဒီအခ်က္ေတြက ယုံၾကည္မႈအေပၚ မူတည္ၿပီး ကြဲျပားႏိုင္တယ္ဆိုတာလည္း သတိျပဳရမွာျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*