အသက် ၄၀ နောက်ပိုင်း အလုပ်ပြောင်းခြင်းရဲ့ အဓိက အားသာချက် (၃) ချက်

သင့်မှာ နှစ်ပေါင်းများစွာ လုပ်ကိုင်လာတဲ့ အတွေ့အကြုံတွေရှိပါတယ်။ ဒါတွေဟာ သင့်ရဲ့ ပန်းတိုင်အသစ်ကို ရောက်ဖို့ အကောင်းဆုံး အထောက်အကူပြုမှာပါ။ ဒီအချက်တွေကတော့ တခြားငယ်ရွယ်သူတွေထက် သင့်ရဲ့အသက်အရွယ်အရ အားသာချက်တွေပဲဖြစ်ပါတယ်။

မတူညီတဲ့ ဈေးကွက်တွေရဲ့ အတွေ့အကြုံ

ငယ်ရွယ်သူတွေဟာ လက်ရှိမတည်ငြိမ်တဲ့ အခြေအနေကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်ပေမယ့် သင်ဟာ စီးပွားရေးကျဆင်းမှု (Recession) တွေကို ဖြတ်ကျော်ဖူးပြီးသားပါ။ ဒါကြောင့်ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေရှိနေနိုင်ပါတယ်။သင်ဟာ အီးမေးလ်၊ ဆိုရှယ်မီဒီယာ၊ Excel ကိုသုံးတာ စတဲ့ နည်းပညာအသစ်တွေကို ကိုယ့်ဘာသာ သင်ယူခဲ့ဖူးတဲ့အတွက် AI လို နည်းပညာအသစ်တွေ ကိုလည်း အလွယ်တကူ တတ်မြောက်နိုင်ကြောင်း သက်သေပြနေပါတယ်။

ပိုမိုခိုင်မာတဲ့ ပရော်ဖက်ရှင်နယ် ဆက်ဆံရေးများ

သင့်ရဲ့ လုပ်ငန်းခွင်နဲ့ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေဟာ နှစ်ပေါင်းများစွာ တည်ဆောက်ထားတာဖြစ်လို့ ပိုပြီး ခိုင်မာတဲ့ ယုံကြည်မှု ကို ပိုင်ဆိုင်ထားပါတယ်။ သင့်ရဲ့ အဆက်အသွယ်တွေဟာ သင့်ကို စိတ်ကူးစိတ်သန်းတွေ၊ အချက်အလက်တွေနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်ပယ်ထဲက လူတွေနဲ့ ကွန်ရက်ချဲ့ထွင်ဖို့ကို ဦးစားပေး ပါ။ ဒီနယ်ပယ်က လူတွေက သင့်အတွက် ထောက်ခံပေးနိုင်ရင် အလုပ်အကိုင်ရရှိဖို့ လမ်းကြောင်း ပိုမြန်စေပါတယ်။

များပြားလှတဲ့ လုပ်ငန်းအတွေ့အကြုံမှတ်တမ်း

အလုပ်ခန့်ဖို့ တွန့်ဆုတ်နေတဲ့ အလုပ်ရှင်တွေအတွက် သင့်ရဲ့ လုပ်ငန်း မှတ်တမ်းရှည်က ရေရှည် တည်မြဲမှု၊ အချိန်ကြာကြာ လုပ်ကိုင်နိုင်စွမ်းနဲ့ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ကို သက်သေပြနိုင်ပါတယ်။ လုပ်ငန်း ပြောင်းနေတာ ဖြစ်ပေမယ့် သင့်မှာ လုပ်ငန်းစဉ်တွေ တိုးတက်အောင် လုပ်ခဲ့တာ၊ ပြဿနာဖြေရှင်းခဲ့တာ၊ ငွေချွေတာခဲ့တာ စတဲ့ တခြားလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ဇာတ်လမ်းကောင်းတွေ အများကြီး ရှိနေမှာပါ။ ဒီအချက်တွေကို အသားပေးပြီး ပြောပြပါ။

ပရော်ဖက်ရှင်နယ် အတွေ့အကြုံကို ဘယ်လို အသုံးပြုမလဲ

ဖိအားအောက်က စွမ်းဆောင်ရည် (Resilience)က စီးပွားရေး အတက်အကျ အခြေအနေတွေမှာ သင် ရုန်းကန်ခဲ့ရတဲ့ အတွေ့အကြုံတွေဟာ ဖိအားကို ခံနိုင်စွမ်းရှိတယ် ဆိုတာ ပြသနေပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလို ထောက်ခံသူရော ဆန့်ကျင်သူပါ ရှိတဲ့ နယ်ပယ်မှာဆိုရင် ဒီလို စိတ်ဓာတ်ကြံ့ခိုင်မှုက အရေးကြီးပါတယ်။နောက်ပြီး သင့်ရဲ့ ပိုမိုနက်ရှိုင်းတဲ့ ကွန်ရက်ကြောင့် သင်ဟာ အဆင့်မြင့် အကြီးအကဲတွေ၊ အငယ်တန်း ဝန်ထမ်းတွေနဲ့ အဆင့်တူလုပ်ဖော်ကိုင်ဖက်တွေ နဲ့ပါ ပူးပေါင်းဆောင်ရွက်ဖူးပါတယ်။နောက်တချက်ကတော့ ကွဲပြားတဲ့ ပုံစံနဲ့ ဆက်သွယ်နိုင်မှုပါ။ သင်ဟာ စကားနည်းသူ၊ စကားများသူ၊ စိတ်ရှည်သူ၊ စိတ်မရှည်သူ စတဲ့ မတူညီတဲ့ စရိုက်သဘာဝရှိသူတွေ နဲ့ ဆက်ဆံဖူးပါတယ်။ အီးမေးလ်၊ စာတမ်း၊ အစီရင်ခံစာတွေ ရေးဖူးသလို၊ Zoom၊ Slack တို့အပြင် ဖုန်းခေါ်ဆိုမှု တွေကိုလည်း ကျွမ်း ကျင်ပြီးသားပါ။

ကိုယ်ပိုင်ဘဝကနေ ရရှိတဲ့ အားသာချက်များ

အလုပ်ခွင်အပြင်ဘက်က အချိန်တွေကိုလည်း အလုပ်ပြောင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။သင်သိထားတာတွေကို ဆိုရှယ်မီဒီယာမှာ ဝေမျှပြီး ဒီနယ်ပယ်မှာ သင် တက်ကြွနေကြောင်း အချက်ပြပါ။သင့်နယ်ပယ်နဲ့ သက်ဆိုင်တဲ့ အစည်းအဝေးပွဲတွေနဲ့ ကွန်ဖရင့်တွေ ကို တက်ရောက်ပါ။သင့်ရဲ့ အသက်အရွယ်ဟာ အားနည်းချက်မဟုတ်ဘဲ အဖိုးမဖြတ်နိုင်တဲ့ အားသာချက်များ (အတွေ့အကြုံ၊ ကွန်ရက်နဲ့ မှတ်တမ်းရှည်) ကို ပိုင်ဆိုင်စေတဲ့ အရာဖြစ်ပါတယ်။ ဒီအချက်တွေကို သင် ရောင်းချမယ့် CV နဲ့Resume မှာ ထင်ရှားအောင် ဖော်ပြဖို့ပါပဲ။

ကျော့ကေခိုင်

zawgyi

သင့္မွာ ႏွစ္ေပါင္းမ်ားစြာ လုပ္ကိုင္လာတဲ့ အေတြ႕အႀကဳံေတြရွိပါတယ္။ ဒါေတြဟာ သင့္ရဲ႕ ပန္းတိုင္အသစ္ကို ေရာက္ဖို႔ အေကာင္းဆုံး အေထာက္အကူျပဳမွာပါ။ ဒီအခ်က္ေတြကေတာ့ တျခားငယ္႐ြယ္သူေတြထက္ သင့္ရဲ႕အသက္အ႐ြယ္အရ အားသာခ်က္ေတြပဲျဖစ္ပါတယ္။

မတူညီတဲ့ ေဈးကြက္ေတြရဲ႕ အေတြ႕အႀကဳံ

ငယ္႐ြယ္သူေတြဟာ လက္ရွိမတည္ၿငိမ္တဲ့ အေျခအေနကို ေၾကာက္႐ြံ႕ေကာင္း ေၾကာက္႐ြံ႕ႏိုင္ေပမယ့္ သင္ဟာ စီးပြားေရးက်ဆင္းမႈ (Recession) ေတြကို ျဖတ္ေက်ာ္ဖူးၿပီးသားပါ။ ဒါေၾကာင့္ေျပာင္းလဲမႈနဲ႔ လိုက္ေလ်ာညီေထြရွိေနႏိုင္ပါတယ္။သင္ဟာ အီးေမးလ္၊ ဆိုရွယ္မီဒီယာ၊ Excel ကိုသုံးတာ စတဲ့ နည္းပညာအသစ္ေတြကို ကိုယ့္ဘာသာ သင္ယူခဲ့ဖူးတဲ့အတြက္ AI လို နည္းပညာအသစ္ေတြ ကိုလည္း အလြယ္တကူ တတ္ေျမာက္ႏိုင္ေၾကာင္း သက္ေသျပေနပါတယ္။

ပိုမိုခိုင္မာတဲ့ ပေရာ္ဖက္ရွင္နယ္ ဆက္ဆံေရးမ်ား

သင့္ရဲ႕ လုပ္ငန္းခြင္နဲ႔ ကိုယ္ေရးကိုယ္တာ ဆက္ဆံေရးေတြဟာ ႏွစ္ေပါင္းမ်ားစြာ တည္ေဆာက္ထားတာျဖစ္လို႔ ပိုၿပီး ခိုင္မာတဲ့ ယုံၾကည္မႈ ကို ပိုင္ဆိုင္ထားပါတယ္။ သင့္ရဲ႕ အဆက္အသြယ္ေတြဟာ သင့္ကို စိတ္ကူးစိတ္သန္းေတြ၊ အခ်က္အလက္ေတြနဲ႔ မိတ္ဆက္ေပးႏိုင္ပါတယ္။ ပတ္ဝန္းက်င္ထိန္းသိမ္းေရး နယ္ပယ္ထဲက လူေတြနဲ႔ ကြန္ရက္ခ်ဲ႕ထြင္ဖို႔ကို ဦးစားေပး ပါ။ ဒီနယ္ပယ္က လူေတြက သင့္အတြက္ ေထာက္ခံေပးႏိုင္ရင္ အလုပ္အကိုင္ရရွိဖို႔ လမ္းေၾကာင္း ပိုျမန္ေစပါတယ္။

မ်ားျပားလွတဲ့ လုပ္ငန္းအေတြ႕အႀကဳံမွတ္တမ္း

အလုပ္ခန႔္ဖို႔ တြန႔္ဆုတ္ေနတဲ့ အလုပ္ရွင္ေတြအတြက္ သင့္ရဲ႕ လုပ္ငန္း မွတ္တမ္းရွည္က ေရရွည္ တည္ၿမဲမႈ၊ အခ်ိန္ၾကာၾကာ လုပ္ကိုင္ႏိုင္စြမ္းနဲ႔ အျပဳသေဘာေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈ ကို သက္ေသျပႏိုင္ပါတယ္။ လုပ္ငန္း ေျပာင္းေနတာ ျဖစ္ေပမယ့္ သင့္မွာ လုပ္ငန္းစဥ္ေတြ တိုးတက္ေအာင္ လုပ္ခဲ့တာ၊ ျပႆနာေျဖရွင္းခဲ့တာ၊ ေငြေခြၽတာခဲ့တာ စတဲ့ တျခားလုပ္ငန္းေတြနဲ႔ ဆက္စပ္တဲ့ ဇာတ္လမ္းေကာင္းေတြ အမ်ားႀကီး ရွိေနမွာပါ။ ဒီအခ်က္ေတြကို အသားေပးၿပီး ေျပာျပပါ။

ပေရာ္ဖက္ရွင္နယ္ အေတြ႕အႀကဳံကို ဘယ္လို အသုံးျပဳမလဲ

ဖိအားေအာက္က စြမ္းေဆာင္ရည္ (Resilience)က စီးပြားေရး အတက္အက် အေျခအေနေတြမွာ သင္ ႐ုန္းကန္ခဲ့ရတဲ့ အေတြ႕အႀကဳံေတြဟာ ဖိအားကို ခံႏိုင္စြမ္းရွိတယ္ ဆိုတာ ျပသေနပါတယ္။ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးလို ေထာက္ခံသူေရာ ဆန႔္က်င္သူပါ ရွိတဲ့ နယ္ပယ္မွာဆိုရင္ ဒီလို စိတ္ဓာတ္ႀကံ့ခိုင္မႈက အေရးႀကီးပါတယ္။ေနာက္ၿပီး သင့္ရဲ႕ ပိုမိုနက္ရႈိင္းတဲ့ ကြန္ရက္ေၾကာင့္ သင္ဟာ အဆင့္ျမင့္ အႀကီးအကဲေတြ၊ အငယ္တန္း ဝန္ထမ္းေတြနဲ႔ အဆင့္တူလုပ္ေဖာ္ကိုင္ဖက္ေတြ နဲ႔ပါ ပူးေပါင္းေဆာင္႐ြက္ဖူးပါတယ္။ေနာက္တခ်က္ကေတာ့ ကြဲျပားတဲ့ ပုံစံနဲ႔ ဆက္သြယ္ႏိုင္မႈပါ။ သင္ဟာ စကားနည္းသူ၊ စကားမ်ားသူ၊ စိတ္ရွည္သူ၊ စိတ္မရွည္သူ စတဲ့ မတူညီတဲ့ စ႐ိုက္သဘာဝရွိသူေတြ နဲ႔ ဆက္ဆံဖူးပါတယ္။ အီးေမးလ္၊ စာတမ္း၊ အစီရင္ခံစာေတြ ေရးဖူးသလို၊ Zoom၊ Slack တို႔အျပင္ ဖုန္းေခၚဆိုမႈ ေတြကိုလည္း ကြၽမ္း က်င္ၿပီးသားပါ။

ကိုယ္ပိုင္ဘဝကေန ရရွိတဲ့ အားသာခ်က္မ်ား

အလုပ္ခြင္အျပင္ဘက္က အခ်ိန္ေတြကိုလည္း အလုပ္ေျပာင္းဖို႔အတြက္ အသုံးျပဳႏိုင္ပါတယ္။သင္သိထားတာေတြကို ဆိုရွယ္မီဒီယာမွာ ေဝမွ်ၿပီး ဒီနယ္ပယ္မွာ သင္ တက္ႂကြေနေၾကာင္း အခ်က္ျပပါ။သင့္နယ္ပယ္နဲ႔ သက္ဆိုင္တဲ့ အစည္းအေဝးပြဲေတြနဲ႔ ကြန္ဖရင့္ေတြ ကို တက္ေရာက္ပါ။သင့္ရဲ႕ အသက္အ႐ြယ္ဟာ အားနည္းခ်က္မဟုတ္ဘဲ အဖိုးမျဖတ္ႏိုင္တဲ့ အားသာခ်က္မ်ား (အေတြ႕အႀကဳံ၊ ကြန္ရက္နဲ႔ မွတ္တမ္းရွည္) ကို ပိုင္ဆိုင္ေစတဲ့ အရာျဖစ္ပါတယ္။ ဒီအခ်က္ေတြကို သင္ ေရာင္းခ်မယ့္ CV နဲ႔Resume မွာ ထင္ရွားေအာင္ ေဖာ္ျပဖို႔ပါပဲ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*